(၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံ (9th Moscow Conference on International Security)၌ “The Asia-Pacific Region in the Context of Global Politics” ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေးနွေးမှု(ကောက်နုတ်ချက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံ ရေးညီလာခံ (9th Moscow Conference on International Security)၌ “The Asia-Pacific Region in the Context of Global Politics” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုကောက်နုတ်ချက်မှာ-

• (၉)ကြိမ်မြောက်မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံသို့ တက်ရောက်လာကြသူများအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်။

• အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင်လွန်စွာအရေးပါသော ဒေသ တစ်ခုဖြစ်၊ အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင် ထားပြီး အရေးပါတဲ့ အဓိကပင်လယ်ရေလမ်းကြောင်းများ တည်ရှိရာဒေသတစ်ခုလည်းဖြစ်။

• အိန္ဒိယသမုဒ္ဒရာအတွင်း၌ နှစ်စဉ်ရေယာဉ်အစီးပေါင်း ၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာလျက်ရှိပြီး မလက္ကာရေလက်ကြားတွင် နှစ်စဉ်ရေယာဉ်ပေါင်း ၇၀၀၀၀ ကျော်ဖြတ်သန်းသွားလာလျက်ရှိကာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးကုန်စည်စီးဆင်းမှုရှိနေသောကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွင် များစွာအရေးပါလျက်ရှိကြောင်း တွေ့ရှိရ။

• ကမ္ဘာ့ရေနံထွက်ကုန် ၈၀ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်သည်လည်း မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာလျက်ရှိ။

• သို့ဖြစ်၍ အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးနှင့်ပထဝီစီးပွားရေးအရများစွာ အရေးပါလာပြီး ကမ္ဘာ့ စီးပွားရေးဗဟိုချက်(World’s Economic Centre of Gravity)တစ်ခုဖြစ်လာသည့်အပြင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ်(New World Political Order)တွင်လည်း မဟာဗျူဟာမြောက်အရေးပါတဲ့ ဒေသ တစ်ခုအဖြစ် သတ်မှတ်လာကြ။

• အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများအတွက် အဓိကအချက် အချာဒေသတစ်ခုဖြစ်သော်လည်း မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုများကြောင့် ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးကို များစွာသက်ရောက်မှုရှိလာကြောင်း တွေ့ရှိရ။

• အာရှ-ပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက်ဖြစ်ပေါ်ပြောင်းလဲလာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ များဟာလည်း ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေများနှင့် များစွာဆက်စပ်မှုရှိနေတာကိုတွေ့ရှိရ။

• COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးနှင့်လူသားကျန်းမာရေး (Human Health) အပေါ် သက်ရောက် မှု၊ဆိုက်ဘာနယ်ပယ်နှင့်အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု အန္တရာယ်များဟာလည်း နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ကိစ္စရပ်များပဲဖြစ်။

• ဒေသတွင်းအုပ်စုဖွဲ့မှုများနှင့် အဆိုပါအုပ်စုများအကြား ပြိုင်ဆိုင်မှုမြင့်တက်လာခြင်းဟာ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများအဖြစ် ဖြစ်ပေါ်လျက်ရှိသည့်အပြင် အဆိုပါ ကိစ္စရပ်များမှာ အာရှ-ပစိဖိတ်ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှုများအဖြစ်လည်း ဖြစ်ပေါ် လျက်ရှိ။

• ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက်အားပြိုင်မှုများတွင် စီးပွားရေးအရ ပေါင်းစည်းမှု ရှိရေး ကြိုးပမ်းအားထုတ်မှုဟာလည်း အာရှ-ပစိဖိတ်ဒေသ၏ ကောင်းမွန်သည့် အနာဂတ်ကိုပုံဖော်ပေး မည့်အချက်တစ်ချက်ဖြစ်။

• အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံများ အကြား မတူကွဲပြားမှုများကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် (Globalization Process)အား ပြန်လည်ပုံဖော်နိုင်မှာဖြစ်တဲ့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UN Sustainable Development Goal)အတွက်လည်း များစွာအထောက်အကူရရှိ နိုင်မှာဖြစ်။

• လက်ရှိကာလ၌ အာဆီယံဒေသကြီးအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားဟာ နိုင်ငံ့စီးပွားရေး များကျဆင်း၍ အကျပ်အတည်းများနဲ့ရင်ဆိုင်နေကြရလျက်ရှိ။

• သက်ဆိုင်ရာနိုင်ငံများအလိုက် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့အတွက် ပြည်သူများရဲ့စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို ကူညီထောက်ပံ့မှုများကိုဦးစားပေးဆောင်ရွက်ပေးသင့်တဲ့ အချိန်အခါလည်းဖြစ်။

• ပြည်သူများ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နဲ့ ၀၀လင်လင်စားသုံးနိုင်ကြစေရန်အတွက် စိုက်ပျိုးရေး ကဏ္ဍတွင် အများပြည်သူတို့ အဓိကစားသုံးသည့်ဆန်နှင့်ဂျုံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဦးစားပေး ဆောင်ရွက် သင့်သည့်အပြင် လူသားများရဲ့အခြားသောဖြည့်စွက်စာများကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သင့်။

• စွမ်းအင်အရင်းအမြစ်များကိုသုံးစွဲရာတွင် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်၊ လေအား လျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်များကိုလည်း အစားထိုးမျှဝေသုံးစွဲနိုင်ရန် လိုအပ်လျက်ရှိနေ။

• ဒေသတွင်းအုပ်စုဖွဲ့လာမှုများ၊ စစ်ရေးချဲ့ထွင်မှုများ၊ အင်အားကြီးနိုင်ငံများ၏မဟာဗျူဟာနှင့် စီးပွားရေး ဆိုင်ရာပြိုင်ဆိုင်မှုများအပြင် အမျိုးသားအကျိုးစီးပွားအပြိုင်အဆိုင်ဖော်ဆောင်မှုများ၊ လက်နက်အပြိုင် တပ်ဆင်မှုများသည် အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများကြီးထွားလာမည့်အခြေအနေများကို တွေ့မြင်နေရ။

• လွတ်လပ်တဲ့နိုင်ငံတိုင်းဟာ အချုပ်အခြာအာဏာကိုယ်စီရှိကြပါတယ်။ နိုင်ငံငယ်တာ၊ ကြီးတာ၊ အင်အား ကြီးတာ၊ အင်အားနည်းတာနဲ့မဆိုင်ပါဘူး။ တူညီတဲ့အခွင့်အရေးရှိကြ။

• ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေဖြင့် မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် လိုအပ်သလိုကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများ ရရှိပိုင်ဆိုင်ထား ကြသော်လည်း အဆိုပါအခွင့်အရေးများကို တလွဲယူဆပြီး အင်အားပြခြိမ်းခြောက်မှုများနဲ့ အခြားနိုင်ငံ များရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသည့် အပြုအမူများကိုရှောင်ရှားသင့်။

• နိုင်ငံများအနေဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဒေသနဲ့တစ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်။

• တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းကိုဖော်ဆောင်ကာ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိ။

• အာဆီယံဒေသဟာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုကိုပေါင်းကူး ပေးသည့်နေရာ တွင်ရှိပြီး အင်ဒိုပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိ။

• ဒေသတွင်းနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာ၀ပြောရေးတို့ကို အခြေခံ ရန်လိုအပ်။

• ထို့အပြင် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည် ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့အား လေးစားလိုက်နာ ဆောင်ရွက်သွားရန်လိုအပ်။

• အာရှ-ပစိဖိတ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ညီမျှမှုရှိရေး၊ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်မှုများအားဆောင်ရွက်ရာတွင် ပဋိပက္ခ သို့မဟုတ်၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကိုရှောင်ရှား၍ ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင် ရွက်ခြင်း၊

• COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကာကွယ်ဆေး ထိုးပေးခြင်းကိစ္စရပ်များ အပါအဝင် စစ်ရေးမဟုတ်သောပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာမြှင့်တင် ဆောင်ရွက်သွား ရမှာဖြစ်။

• နိုင်ငံအချို့အနေဖြင့် တစ်ဖက်သတ်ဝါဒစွဲဖြင့် မတူညီသောနိုင်ငံရေး စနစ်နှင့်အတွေးအခေါ်များအပေါ် လွှမ်းမိုးရန်နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

• ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအကြောင်းပြပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်လိုမှုများကိုလည်း တွင်ကျယ်စွာတွေ့ရှိရမှာဖြစ်။

• နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် ညီညွတ်မျှတသော နိုင်ငံတကာဥပဒေများကိုအခြေခံ၍ကမ္ဘာကြီး၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုး တက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်။

• လက်ရှိကာလမှာ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။

• လက်ရှိ မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ဖြစ်ပေါ်စေရန် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။

• မိမိတို့မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ၏ သဘောထား ရပ်တည်ချက်များအတိုင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အပြည့် အဝပါဝင်ဆောင်ရွက်လျက်ရှိ။

Zawgyi Version

(၉)ႀကိမ္ေျမာက္ ေမာ္စကိုႏိုင္ငံတကာလုံၿခဳံေရးညီလာခံ (9th Moscow Conference on International Security)၌ “The Asia-Pacific Region in the Context of Global Politics” ေခါင္းစဥ္ျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ေဆြးေႏြးမႈ(ေကာက္ႏုတ္ခ်က္)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပသည့္ (၉)ႀကိမ္ေျမာက္ ေမာ္စကို ႏိုင္ငံတကာလုံၿခဳံ ေရးညီလာခံ (9th Moscow Conference on International Security)၌ “The Asia-Pacific Region in the Context of Global Politics” ေခါင္းစဥ္ျဖင့္ ေဆြးေႏြးခဲ့သည္။ အဆိုပါေဆြးေႏြးမႈေကာက္ႏုတ္ခ်က္မွာ-

• (၉)ႀကိမ္ေျမာက္ေမာ္စကိုႏိုင္ငံတကာလုံၿခဳံေရးညီလာခံသို႔ တက္ေရာက္လာၾကသူမ်ားအားလုံး မဂၤလာ အေပါင္းႏွင့္ျပည့္စုံၾကပါေစေၾကာင္း ႏႈတ္ခြန္းဆက္သအပ္။

• အာရွ-ပစိဖိတ္ေဒသဟာ ပထဝီႏိုင္ငံေရးအေနအထားအရ ကမာၻေပၚတြင္လြန္စြာအေရးပါေသာ ေဒသ တစ္ခုျဖစ္၊ အာရွ-ပစိဖိတ္ေဒသဟာ ကမာၻ႔စီးပြားေရးေဈးကြက္၏ သုံးပုံတစ္ပုံခန႔္ကိုလည္း ပိုင္ဆိုင္ ထားၿပီး အေရးပါတဲ့ အဓိကပင္လယ္ေရလမ္းေၾကာင္းမ်ား တည္ရွိရာေဒသတစ္ခုလည္းျဖစ္။

• အိႏၵိယသမုဒၵရာအတြင္း၌ ႏွစ္စဥ္ေရယာဥ္အစီးေပါင္း ၁၀၀၀၀၀ ေက်ာ္ ျဖတ္သန္းသြားလာလ်က္ရွိၿပီး မလကၠာေရလက္ၾကားတြင္ ႏွစ္စဥ္ေရယာဥ္ေပါင္း ၇၀၀၀၀ ေက်ာ္ျဖတ္သန္းသြားလာလ်က္ရွိကာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၁ ထရီလီယံတန္ဖိုးကုန္စည္စီးဆင္းမႈရွိေနေသာေၾကာင့္ ပို႔ေဆာင္ဆက္သြယ္ေရးတြင္ မ်ားစြာအေရးပါလ်က္ရွိေၾကာင္း ေတြ႕ရွိရ။

• ကမာၻ႔ေရနံထြက္ကုန္ ၈၀ ရာခိုင္ႏႈန္းခန႔္မွာ အိႏၵိယသမုဒၵရာမွတစ္ဆင့္ သယ္ယူပို႔ေဆာင္လ်က္ရွိၿပီး ကမာၻ႔ကုန္သြယ္မႈ၏ ၄၀ ရာခိုင္ႏႈန္းခန႔္သည္လည္း မလကၠာေရလက္ၾကားကို ျဖတ္သန္းသြားလာလ်က္ရွိ။

• သို႔ျဖစ္၍ အာရွ-ပစိဖိတ္ေဒသဟာ ပထဝီႏိုင္ငံေရးႏွင့္ပထဝီစီးပြားေရးအရမ်ားစြာ အေရးပါလာၿပီး ကမာၻ႔ စီးပြားေရးဗဟိုခ်က္(World’s Economic Centre of Gravity)တစ္ခုျဖစ္လာသည့္အျပင္ ကမာၻ႔ႏိုင္ငံေရး အခင္းအက်င္းသစ္(New World Political Order)တြင္လည္း မဟာဗ်ဴဟာေျမာက္အေရးပါတဲ့ ေဒသ တစ္ခုအျဖစ္ သတ္မွတ္လာၾက။

• အာရွ-ပစိဖိတ္ေဒသဟာ ကမာၻလုံးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အခြင့္အလမ္းမ်ားအတြက္ အဓိကအခ်က္ အခ်ာေဒသတစ္ခုျဖစ္ေသာ္လည္း မဟာဗ်ဴဟာေျမာက္ၿပိဳင္ဆိုင္မႈမ်ားေၾကာင့္ ေဒသတြင္းႏိုင္ငံေရးႏွင့္ လုံၿခဳံေရးကို မ်ားစြာသက္ေရာက္မႈရွိလာေၾကာင္း ေတြ႕ရွိရ။

• အာရွ-ပစိဖိတ္ေဒသအတြင္း မဟာဗ်ဴဟာေျမာက္ျဖစ္ေပၚေျပာင္းလဲလာသည့္ လုံၿခဳံေရးဆိုင္ရာ အေျခအေန မ်ားဟာလည္း ေဒသတြင္းႏိုင္ငံမ်ား၏ ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ မ်ားစြာဆက္စပ္မႈရွိေနတာကိုေတြ႕ရွိရ။

• COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးႏွင့္လူသားက်န္းမာေရး (Human Health) အေပၚ သက္ေရာက္ မႈ၊ဆိုက္ဘာနယ္ပယ္ႏွင့္အဆင့္ျမင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈ အႏၲရာယ္မ်ားဟာလည္း ႏိုင္ငံတိုင္း ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ကိစၥရပ္မ်ားပဲျဖစ္။

• ေဒသတြင္းအုပ္စုဖြဲ႕မႈမ်ားႏွင့္ အဆိုပါအုပ္စုမ်ားအၾကား ၿပိဳင္ဆိုင္မႈျမင့္တက္လာျခင္းဟာ သမား႐ိုးက်ႏွင့္ သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားအျဖစ္ ျဖစ္ေပၚလ်က္ရွိသည့္အျပင္ အဆိုပါ ကိစၥရပ္မ်ားမွာ အာရွ-ပစိဖိတ္ေဒသရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ စိန္ေခၚမႈမ်ားအျဖစ္လည္း ျဖစ္ေပၚ လ်က္ရွိ။

• ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားအၾကား မဟာဗ်ဴဟာေျမာက္အားၿပိဳင္မႈမ်ားတြင္ စီးပြားေရးအရ ေပါင္းစည္းမႈ ရွိေရး ႀကိဳးပမ္းအားထုတ္မႈဟာလည္း အာရွ-ပစိဖိတ္ေဒသ၏ ေကာင္းမြန္သည့္ အနာဂတ္ကိုပုံေဖာ္ေပး မည့္အခ်က္တစ္ခ်က္ျဖစ္။

• အာရွ-ပစိဖိတ္ေဒသအတြင္း စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကိုျမႇင့္တင္ျခင္းအားျဖင့္ ႏိုင္ငံမ်ား အၾကား မတူကြဲျပားမႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ၿပီး ကမာၻလုံးဆိုင္ရာျဖစ္စဥ္ (Globalization Process)အား ျပန္လည္ပုံေဖာ္ႏိုင္မွာျဖစ္တဲ့အျပင္ ကုလသမဂၢ၏ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္မႈ အစီအစဥ္ (UN Sustainable Development Goal)အတြက္လည္း မ်ားစြာအေထာက္အကူရရွိ ႏိုင္မွာျဖစ္။

• လက္ရွိကာလ၌ အာဆီယံေဒသႀကီးအပါအဝင္ ကမာၻတစ္ဝန္းရွိ ႏိုင္ငံအမ်ားအျပားဟာ ႏိုင္ငံ့စီးပြားေရး မ်ားက်ဆင္း၍ အက်ပ္အတည္းမ်ားနဲ႔ရင္ဆိုင္ေနၾကရလ်က္ရွိ။

• သက္ဆိုင္ရာႏိုင္ငံမ်ားအလိုက္ ျပည္သူလူထုအေနျဖင့္ စားဝတ္ေနေရးအခက္အခဲမ်ားနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ ေနၾကရတဲ့အတြက္ ျပည္သူမ်ားရဲ႕စားဝတ္ေနေရး အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ လိုအပ္သလို ကူညီေထာက္ပံ့မႈမ်ားကိုဦးစားေပးေဆာင္႐ြက္ေပးသင့္တဲ့ အခ်ိန္အခါလည္းျဖစ္။

• ျပည္သူမ်ား စားနပ္ရိကၡာဖူလုံမႈရွိေစရန္နဲ႔ ၀၀လင္လင္စားသုံးႏိုင္ၾကေစရန္အတြက္ စိုက္ပ်ိဳးေရး က႑တြင္ အမ်ားျပည္သူတို႔ အဓိကစားသုံးသည့္ဆန္ႏွင့္ဂ်ဳံမ်ား ပိုမိုစိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး ဦးစားေပး ေဆာင္႐ြက္ သင့္သည့္အျပင္ လူသားမ်ားရဲ႕အျခားေသာျဖည့္စြက္စာမ်ားကိုလည္း တစ္ဖက္တစ္လမ္းမွ တိုးခ်ဲ႕စိုက္ပ်ိဳး ထုတ္လုပ္ႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္သင့္။

• စြမ္းအင္အရင္းအျမစ္မ်ားကိုသုံးစြဲရာတြင္ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားျဖစ္သည့္ ေရအားလွ်ပ္စစ္၊ ေလအား လွ်ပ္စစ္နဲ႔ ေနေရာင္ျခည္စြမ္းအင္မ်ားကိုလည္း အစားထိုးမွ်ေဝသုံးစြဲႏိုင္ရန္ လိုအပ္လ်က္ရွိေန။

• ေဒသတြင္းအုပ္စုဖြဲ႕လာမႈမ်ား၊ စစ္ေရးခ်ဲ႕ထြင္မႈမ်ား၊ အင္အားႀကီးႏိုင္ငံမ်ား၏မဟာဗ်ဴဟာႏွင့္ စီးပြားေရး ဆိုင္ရာၿပိဳင္ဆိုင္မႈမ်ားအျပင္ အမ်ိဳးသားအက်ိဳးစီးပြားအၿပိဳင္အဆိုင္ေဖာ္ေဆာင္မႈမ်ား၊ လက္နက္အၿပိဳင္ တပ္ဆင္မႈမ်ားသည္ အာရွ-ပစိဖိတ္ေဒသအတြင္း ပဋိပကၡမ်ားႀကီးထြားလာမည့္အေျခအေနမ်ားကို ေတြ႕ျမင္ေနရ။

• လြတ္လပ္တဲ့ႏိုင္ငံတိုင္းဟာ အခ်ဳပ္အျခာအာဏာကိုယ္စီရွိၾကပါတယ္။ ႏိုင္ငံငယ္တာ၊ ႀကီးတာ၊ အင္အား ႀကီးတာ၊ အင္အားနည္းတာနဲ႔မဆိုင္ပါဘူး။ တူညီတဲ့အခြင့္အေရးရွိၾက။

• ကမာၻေပၚရွိ ႏိုင္ငံအားလုံးအေနျဖင့္ မိမိတို႔ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ထိန္းသိမ္းေစာင့္ ေရွာက္ႏိုင္ေရးအတြက္ လိုအပ္သလိုႀကိဳးပမ္းေဆာင္႐ြက္ႏိုင္တဲ့ အခြင့္အေရးမ်ား ရရွိပိုင္ဆိုင္ထား ၾကေသာ္လည္း အဆိုပါအခြင့္အေရးမ်ားကို တလြဲယူဆၿပီး အင္အားျပၿခိမ္းေျခာက္မႈမ်ားနဲ႔ အျခားႏိုင္ငံ မ်ားရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ထိပါးသည့္ အျပဳအမူမ်ားကိုေရွာင္ရွားသင့္။

• ႏိုင္ငံမ်ားအေနျဖင့္ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ၊ တစ္ေဒသနဲ႔တစ္ေဒသ ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္ ၾကရန္လိုအပ္။

• တ႐ုတ္ႏိုင္ငံအေနျဖင့္ ရပ္ဝန္းႏွင့္လမ္းေၾကာင္းစီမံကိန္းကိုေဖာ္ေဆာင္ကာ အာရွ-ပစိဖိတ္ ေဒသတြင္းႏိုင္ငံ မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိ။

• အာဆီယံေဒသဟာ အိႏၵိယသမုဒၵရာႏွင့္ ပစိဖိတ္သမုဒၵရာ ၂ ခုကိုေပါင္းကူး ေပးသည့္ေနရာ တြင္ရွိၿပီး အင္ဒိုပစိဖိတ္ေဒသ၏ ဗဟိုခ်က္အျဖစ္ တည္ရွိလ်က္ရွိ။

• ေဒသတြင္းႏိုင္ငံမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ လုံၿခဳံေရးႏွင့္ သာယာ၀ေျပာေရးတို႔ကို အေျခခံ ရန္လိုအပ္။

• ထို႔အျပင္ ႏိုင္ငံမ်ားအေနျဖင့္ အခ်ဳပ္အျခာအာဏာကို အျပန္အလွန္ေလးစားမႈ၊ နားလည္ ယုံၾကည္မႈႏွင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ ျပည္တြင္းေရးကိစၥမ်ားတြင္ ဝင္ေရာက္မစြက္ဖက္ေရးတို႔အား ေလးစားလိုက္နာ ေဆာင္႐ြက္သြားရန္လိုအပ္။

• အာရွ-ပစိဖိတ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ ညီမွ်မႈရွိေရး၊ တစ္ေျပးညီဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳးပမ္း အားထုတ္မႈမ်ားအားေဆာင္႐ြက္ရာတြင္ ပဋိပကၡ သို႔မဟုတ္၊ ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ေပၚႏိုင္သည့္ အေျခအေနမ်ားကိုေရွာင္ရွား၍ ယုံၾကည္မႈ တည္ေဆာက္ေရး ဆိုင္ရာလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္ ႐ြက္ျခင္း၊

• COVID-19 ကပ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ ကာကြယ္ေဆး ထိုးေပးျခင္းကိစၥရပ္မ်ား အပါအဝင္ စစ္ေရးမဟုတ္ေသာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အခိုင္အမာျမႇင့္တင္ ေဆာင္႐ြက္သြား ရမွာျဖစ္။

• ႏိုင္ငံအခ်ိဳ႕အေနျဖင့္ တစ္ဖက္သတ္ဝါဒစြဲျဖင့္ မတူညီေသာႏိုင္ငံေရး စနစ္ႏွင့္အေတြးအေခၚမ်ားအေပၚ လႊမ္းမိုးရန္နည္းလမ္းမ်ိဳးစုံျဖင့္ အစဥ္တစိုက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိ။

• ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးကိုအေၾကာင္းျပၿပီး အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံမ်ား၏ျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္ျခယ္လွယ္လိုမႈမ်ားကိုလည္း တြင္က်ယ္စြာေတြ႕ရွိရမွာျဖစ္။

• ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ တရားမွ်တျခင္း၊ တန္းတူတန္ဖိုးထားျခင္းႏွင့္ ညီၫြတ္မွ်တေသာ ႏိုင္ငံတကာဥပေဒမ်ားကိုအေျခခံ၍ကမာၻႀကီး၏ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးႏွင့္စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳး တိုး တက္ေရးအတြက္ အတူတကြ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္။

• လက္ရွိကာလမွာ မိမိတို႔ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရရွိေစရန္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိ။

• လက္ရွိ မိမိတို႔အစိုးရအေနျဖင့္ ဒီမိုကေရစီစနစ္အေပၚ ႐ိုးသားမႈမ်ားျပန္လည္ျဖစ္ေပၚေစရန္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ခဲ့ျခင္းသာျဖစ္။

• မိမိတို႔ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္အားေလ်ာ္စြာ အာဆီယံ၏ သေဘာထား ရပ္တည္ခ်က္မ်ားအတိုင္း ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး တို႔အတြက္ အျပည့္ အဝပါဝင္ေဆာင္႐ြက္လ်က္ရွိ။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။