သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်း သို့သွား ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ပေးအပ် လှူဒါန်းသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှု ကြည်ညိုကြရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဘာဘူလေးက လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် “သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းသို့ ထပ်မံ ရောက်ရှိကြည်ညိုခွင့်ရသဖြင့် များစွာဝမ်းမြောက် ရပါကြောင်း၊ ဘာသာချင်းချစ်ကြည်ရင်းနှီး နားလည်မှုမှသည် မိမိတို့လူသားအားလုံး ချစ်ကြည် ရင်းနှီးမှုခိုင်မြဲပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာပါစေ” ဟုရေးသား၍ လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ လှူဒါန်းမှုပြုလုပ်ရခြင်း နှင့် ဘာသာရေးဆိုင်ရာများနှင့်ပတ်သက်၍ ပြောကြားရာ၌ ယခုကဲ့သို့ထပ်မံ ရောက်ရှိပြီး ဟိန္ဒူအမျိုးသားများနှင့် တွေ့ဆုံခွင့်ရရှိသဖြင့် ဝမ်းမြောက်ကြောင်းပြောဆို လိုပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကန့်သတ်ချက်များ စွာရှိနေသည့်ကြားမှ ၂၀၂၀ ပြည့်နှစ်ကုန် ၂၀၂၁ နှစ်သစ်သို့ မရောက်ရှိမှီကာလအတွင်း နှစ်သစ်အတွက် ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ယုံကြည်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အကျိုးများရရှိ စေနိုင်ရန်ရည်ရွယ်၍ ဘာသာရေးအဖွဲ့အစည်းများသို့ သွားရောက်တွေ့ဆုံဆွေးနွေးခြင်းနှင့် လှူဒါန်းမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် ယခုအခြေအနေများထက်များစွာ သာလွန် သည့် လူမှုအသိုင်းအဝိုင်းနှင့် လူမှုစီးပွားရေးတို့ကိုတည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း။

ဟိန္ဒူဘာသာနှင့် ပတ်သက်၍ ဟိန္ဒူဘာသာသည် ကမ္ဘာ၌သက်တမ်းအရှည်ကြာဆုံး ဘာသာတရားတစ်ခုဖြစ်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀၀ ကျော်ခန့်ကပင် စတင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံရှိလူအများစုနှင့် ကမ္ဘာ့လူဦးရေ သန်း ၉၀၀ ကျော် ခန့်သည် ဟိန္ဒူဘာသာကိုးကွယ်ကြပြီး ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာပြီးလျင် ဟိန္ဒူ ဘာသာသည် ကမ္ဘာ့တတိယအများဆုံးကိုးကွယ်သည့် ဘာသာတရားဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ ဘာသာတို့၏ စတင်ပေါ်ပေါက်ရာနေရာမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဆက်နွယ်မှုများလည်းရှိပါ ကြောင်း၊ မိမိတို့နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှာလည်း နှစ်နိုင်ငံနယ်နိမိတ်ခြင်း ထိစပ်နေသကဲ့သို့ ကူးသန်းသွားလာမှုများလည်း ဆက်စပ်လျက်ရှိကာ ယဉ်ကျေးမှုအရ လည်း ဆက်စပ်လျက်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါကြောင်း၊ ဟိန္ဒူဘာသာ၏ အခြေခံသဘောတရားသည် လောက၏ဖြစ်ခြင်း၊ ရပ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်း ၃ ပါးသည် ကျယ်ပြန့်နက်နဲလှသည့် သဘောတရားအယူအဆရှိသည်ဟု နားလည်ထားပါကြောင်း။

ကမ္ဘာ၌ လူတို့ကိုးကွယ်ရာ ဘာသာတရားများသည် ယုံကြည်လေးစားရခြင်း၊ တန်ဖိုးထားရခြင်းစသည့် အခြေခံအချက်များတူညီသည့်အပြင် ဆောင်ထားရမည့်၊ ကျင့်ကြံ ရမည့်၊ ကြိုးစားအားထုတ်ရမည့် တရားများကိုယ်စီရှိကြကြောင်းနှင့် လောကီ လူသားတို့၏ လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှုနှင့် မေတ္တာ တရားများကို ဦးတည် ဆောင်ရွက်ကြရမည်သာဖြစ်ကြောင်း၊ မကြာသေးမီကာလကပင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankarနှင့် Online မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ ပါကြောင်း၊ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးခြင်းဖြင့်လည်း ဘာသာတရားမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမများကို တစ်ဦးချင်းလိုက်နာ ကျင့်သုံးပါက မိမိတို့နေထိုင်ရာ ကမ္ဘာကြီးသည် မေတ္တာ၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်း တရားတို့ဖြင့် ထုံလွှမ်းနေ မည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမများကို လက်တွေ့ လိုက်နာစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုထားပါကြောင်း၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် နတ်ကိုးကွယ်သောဘာသာတို့ကိုလည်း ကိုးကွယ်သောဘာသာများဟူ၍ အသိအမှတ် ပြုထားပါကြောင်း၊ ဥပဒေအရလည်း အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု ပြဌာန်းထားပါကြောင်း၊ မိမိ တို့အနေဖြင့် လွတ်လပ်ရေးမရမီကာလကတည်းကပင် စိတ်တူကိုယ်တူဖြင့်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခု COVID-19 ရောဂါကြောင့် ဖြစ်ပေါ်နေမှုများကိုလည်း တူညီ သည့်စိတ်ထား၊ ညီညွတ်သည့် စိတ်ထားတို့ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက ၂၀၂၁ ခုနှစ် နှစ်သစ်တွင် ရင်ဆိုင်နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား ညီအစ်ကိုများအားလုံး ချစ်ခင်စွာနေထိုင်နိုင်ကြပါစေကြောင်း၊ လူမှုစီးပွားဘ၀ ကောင်းမွန်ကြပါစေကြောင်းနှင့် ကပ်ရောဂါကိုအားလုံးကျော်လွှားနိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၀၀၀ ခု၊ KN- 95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Examination Gloves ၁၀၀၀ ခု၊ Hand Gel ၅၀၀ ml ၅၀ ဘူး၊ Hand Sanitizer ၅၀၀ ml ၁၀၀ ဘူး၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေ ကျပ်သိန်း ၂၀၀ တို့ကိုပေးအပ် လှူဒါန်းရာ ဒုတိယဥက္ကဌ ဦးတင်မြင့်နှင့် သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်း၏ ဒုတိယဥက္ကဌ ဦးတီကေပေါလ် တို့က အသီးသီး လက်ခံရယူကြသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်သွင် နှင့် အတွင်းရေးမှူး ဦးထွန်းငြိမ်း တို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။

ယင်းနောက် သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းကိုယ်စား ဟိန္ဒူ ဘာသာရေးအကျိုးဆောင် ဦးဇော်ဇော်နိုင်က ကျေးဇူးတင်စကားနှင့် ဆုတောင်း စကားပြန်လည်ပြောကြားခဲ့သည်။

လှူဒါန်းပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi Version)

သွ်ရီသွ်ရီစႏၵီမယ္ေတာ္ဘုရားေက်ာင္းသို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔ မြန္းလြဲ ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔ လိုက္ပါလ်က္

ရန္ကုန္တိုင္း ေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္း သို႔သြား ေရာက္၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းသည့္ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြမ်ားကို ေပးအပ္ လႉဒါန္းသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးတင္ျမင့္ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ ၾကသည္။ ယင္းေနာက္ သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္းအတြင္း လွည့္လည္ၾကည့္ရႈ ၾကည္ညိဳၾကရာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရး ဗဟိုအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးဘာဘူေလးက လိုက္လံရွင္းလင္းျပသသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္း ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ “သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္းသို႔ ထပ္မံ ေရာက္ရွိၾကည္ညိဳခြင့္ရသျဖင့္ မ်ားစြာဝမ္းေျမာက္ ရပါေၾကာင္း၊ ဘာသာခ်င္းခ်စ္ၾကည္ရင္းႏွီး နားလည္မႈမွသည္ မိမိတို႔လူသားအားလုံး ခ်စ္ၾကည္ ရင္းႏွီးမႈခိုင္ၿမဲပါေစ၊ ကမာၻႀကီး ၿငိမ္းခ်မ္းသာယာပါေစ” ဟုေရးသား၍ လက္မွတ္ေရးထိုးသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ လႉဒါန္းမႈျပဳလုပ္ရျခင္း ႏွင့္ ဘာသာေရးဆိုင္ရာမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာ၌ ယခုကဲ့သို႔ထပ္မံ ေရာက္ရွိၿပီး ဟိႏၵဴအမ်ိဳးသားမ်ားႏွင့္ ေတြ႕ဆုံခြင့္ရရွိသျဖင့္ ဝမ္းေျမာက္ေၾကာင္းေျပာဆို လိုပါေၾကာင္း၊ COVID-19 ေရာဂါ ျဖစ္ပြားေနသည့္ကာလအတြင္း ကန႔္သတ္ခ်က္မ်ား စြာရွိေနသည့္ၾကားမွ ၂၀၂၀ ျပည့္ႏွစ္ကုန္ ၂၀၂၁ ႏွစ္သစ္သို႔ မေရာက္ရွိမွီကာလအတြင္း ႏွစ္သစ္အတြက္ ၿငိမ္းခ်မ္းျခင္း၊ သာယာျခင္း၊ ခ်စ္ခင္ရင္းႏွီးျခင္း၊ ယုံၾကည္ျခင္း၊ ပူးေပါင္း ေဆာင္႐ြက္ျခင္း စသည့္ အက်ိဳးမ်ားရရွိ ေစႏိုင္ရန္ရည္႐ြယ္၍ ဘာသာေရးအဖြဲ႕အစည္းမ်ားသို႔ သြားေရာက္ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ လႉဒါန္းမႈမ်ားကိုျပဳလုပ္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္တြင္ COVID-19 ကပ္ေရာဂါေၾကာင့္ အခက္အခဲမ်ားစြာႀကဳံေတြ႕ခဲ့ရၿပီး ၂၀၂၁ ခုႏွစ္တြင္ ယခုအေျခအေနမ်ားထက္မ်ားစြာ သာလြန္ သည့္ လူမႈအသိုင္းအဝိုင္းႏွင့္ လူမႈစီးပြားေရးတို႔ကိုတည္ေဆာက္ႏိုင္ေရးအတြက္ မိမိတို႔အေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ သြားၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း။

ဟိႏၵဴဘာသာႏွင့္ ပတ္သက္၍ ဟိႏၵဴဘာသာသည္ ကမာၻ၌သက္တမ္းအရွည္ၾကာဆုံး ဘာသာတရားတစ္ခုျဖစ္ကာ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၅၀၀ ေက်ာ္ခန႔္ကပင္ စတင္ခဲ့သည္ဟု သိရွိရပါေၾကာင္း၊ အိႏၵိယႏိုင္ငံရွိလူအမ်ားစုႏွင့္ ကမာၻ႔လူဦးေရ သန္း ၉၀၀ ေက်ာ္ ခန႔္သည္ ဟိႏၵဴဘာသာကိုးကြယ္ၾကၿပီး ခရစ္ယန္ဘာသာ၊ အစၥလာမ္ဘာသာၿပီးလ်င္ ဟိႏၵဴ ဘာသာသည္ ကမာၻ႔တတိယအမ်ားဆုံးကိုးကြယ္သည့္ ဘာသာတရားျဖစ္ေၾကာင္း၊ ဗုဒၶဘာသာႏွင့္ ဟိႏၵဴ ဘာသာတို႔၏ စတင္ေပၚေပါက္ရာေနရာမွာ အိႏၵိယႏိုင္ငံျဖစ္ၿပီး ဆက္ႏြယ္မႈမ်ားလည္းရွိပါ ေၾကာင္း၊ မိမိတို႔ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံမွာလည္း ႏွစ္ႏိုင္ငံနယ္နိမိတ္ျခင္း ထိစပ္ေနသကဲ့သို႔ ကူးသန္းသြားလာမႈမ်ားလည္း ဆက္စပ္လ်က္ရွိကာ ယဥ္ေက်းမႈအရ လည္း ဆက္စပ္လ်က္ရွိေနသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ၿပီျဖစ္ပါေၾကာင္း၊ ဟိႏၵဴဘာသာ၏ အေျခခံသေဘာတရားသည္ ေလာက၏ျဖစ္ျခင္း၊ ရပ္တည္ျခင္းႏွင့္ ပ်က္သုဥ္းျခင္း ၃ ပါးသည္ က်ယ္ျပန႔္နက္နဲလွသည့္ သေဘာတရားအယူအဆရွိသည္ဟု နားလည္ထားပါေၾကာင္း။

ကမာၻ၌ လူတို႔ကိုးကြယ္ရာ ဘာသာတရားမ်ားသည္ ယုံၾကည္ေလးစားရျခင္း၊ တန္ဖိုးထားရျခင္းစသည့္ အေျခခံအခ်က္မ်ားတူညီသည့္အျပင္ ေဆာင္ထားရမည့္၊ က်င့္ႀကံ ရမည့္၊ ႀကိဳးစားအားထုတ္ရမည့္ တရားမ်ားကိုယ္စီရွိၾကေၾကာင္းႏွင့္ ေလာကီ လူသားတို႔၏ ေလာကီေကာင္းက်ိဳး၊ ေလာကုတၱရာေကာင္းက်ိဳး၊ ၿငိမ္းခ်မ္းမႈႏွင့္ ေမတၱာ တရားမ်ားကို ဦးတည္ ေဆာင္႐ြက္ၾကရမည္သာျဖစ္ေၾကာင္း၊ မၾကာေသးမီကာလကပင္ အိႏၵိယႏိုင္ငံမွ လူသားခ်င္း စာနာေထာက္ထားမႈေခါင္းေဆာင္ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ ႀကီးတစ္ဦးျဖစ္သည့္ Sri Sri Ravi Shankarႏွင့္ Online မွတစ္ဆင့္ေတြ႕ဆုံေဆြးေႏြးခဲ့ ပါေၾကာင္း၊ ေမတၱာတရားႏွင့္ ၿငိမ္းခ်မ္းေရးကိုသာ ဦးတည္ေဆြးေႏြးခဲ့ပါေၾကာင္း၊ ထိုသို႔ ေဆြးေႏြးျခင္းျဖင့္လည္း ဘာသာတရားမွတစ္ဆင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တိုးျမႇင့္ႏိုင္မည္ ျဖစ္ပါေၾကာင္း၊ သက္ဆိုင္ရာ ဘာသာတရား၏ အဆုံးအမမ်ားကို တစ္ဦးခ်င္းလိုက္နာ က်င့္သုံးပါက မိမိတို႔ေနထိုင္ရာ ကမာၻႀကီးသည္ ေမတၱာ၊ က႐ုဏာႏွင့္ ၿငိမ္းခ်မ္းျခင္း တရားတို႔ျဖင့္ ထုံလႊမ္းေန မည္ျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာ ဘာသာတရားမ်ား၏ အဆုံးအမမ်ားကို လက္ေတြ႕ လိုက္နာေစေရး ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ လူဦးေရ ၈၇ ရာခိုင္ႏႈန္းသည္ ဗုဒၶဘာသာကိုးကြယ္ၾကၿပီး ဗုဒၶဘာသာသာသနာေတာ္ကို ႏိုင္ငံေတာ္၏ ႏိုင္ငံသားအမ်ားဆုံး ကိုးကြယ္ရာျဖစ္ေသာ ဂုဏ္ထူးဝိေသသနႏွင့္ ျပည့္စုံသည့္ ဘာသာသာသနာျဖစ္သည္ဟု ႏိုင္ငံေတာ္က အသိအမွတ္ျပဳထားပါေၾကာင္း၊ ခရစ္ယာန္ဘာသာ၊ အစၥလာမ္ဘာသာ၊ ဟိႏၵဴဘာသာ ႏွင့္ နတ္ကိုးကြယ္ေသာဘာသာတို႔ကိုလည္း ကိုးကြယ္ေသာဘာသာမ်ားဟူ၍ အသိအမွတ္ ျပဳထားပါေၾကာင္း၊ ဥပေဒအရလည္း အသိအမွတ္ျပဳထားေသာ ဘာသာ သာသနာမ်ားကို တတ္ႏိုင္သမွ် ကူညီေစာင့္ေရွာက္မည္ဟု ျပဌာန္းထားပါေၾကာင္း၊ မိမိ တို႔အေနျဖင့္ လြတ္လပ္ေရးမရမီကာလကတည္းကပင္ စိတ္တူကိုယ္တူျဖင့္ပူးေပါင္း ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခု COVID-19 ေရာဂါေၾကာင့္ ျဖစ္ေပၚေနမႈမ်ားကိုလည္း တူညီ သည့္စိတ္ထား၊ ညီၫြတ္သည့္ စိတ္ထားတို႔ျဖင့္ ႀကိဳးစားေဆာင္႐ြက္သြားမည္ဆိုပါက ၂၀၂၁ ခုႏွစ္ ႏွစ္သစ္တြင္ ရင္ဆိုင္ေနရသည့္အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံအတြင္း မွီတင္းေနထိုင္လ်က္ရွိၾကသည့္ တိုင္းရင္းသား ညီအစ္ကိုမ်ားအားလုံး ခ်စ္ခင္စြာေနထိုင္ႏိုင္ၾကပါေစေၾကာင္း၊ လူမႈစီးပြားဘ၀ ေကာင္းမြန္ၾကပါေစေၾကာင္းႏွင့္ ကပ္ေရာဂါကိုအားလုံးေက်ာ္လႊားႏိုင္ၾကပါေစေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကတပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလႉဒါန္းသည့္ COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၁၀၀၀ ခု၊ KN- 95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Examination Gloves ၁၀၀၀ ခု၊ Hand Gel ၅၀၀ ml ၅၀ ဘူး၊ Hand Sanitizer ၅၀၀ ml ၁၀၀ ဘူး၊ စားေသာက္ဖြယ္ရာမ်ားႏွင့္ အလႉေငြ က်ပ္သိန္း ၂၀၀ တို႔ကိုေပးအပ္ လႉဒါန္းရာ ဒုတိယဥကၠဌ ဦးတင္ျမင့္ႏွင့္ သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္း၏ ဒုတိယဥကၠဌ ဦးတီေကေပါလ္ တို႔က အသီးသီး လက္ခံရယူၾကသည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရး ဗဟိုအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠဌ ဦးေအာင္သြင္ ႏွင့္ အတြင္းေရးမႉး ဦးထြန္းၿငိမ္း တို႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အား အမွတ္တရလက္ေဆာင္ပစၥည္းျပန္လည္ေပးအပ္သည္။

ယင္းေနာက္ သွ်ရီသွ်ရီ စႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္းကိုယ္စား ဟိႏၵဴ ဘာသာေရးအက်ိဳးေဆာင္ ဦးေဇာ္ေဇာ္ႏိုင္က ေက်းဇူးတင္စကားႏွင့္ ဆုေတာင္း စကားျပန္လည္ေျပာၾကားခဲ့သည္။

လႉဒါန္းပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသူမ်ားအား လိုက္လံႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။