(၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ) သည် ယနေ့တွင် (၇၃)နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့(၇၃) နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး H.E.Dr. Nikolay A. LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယရေတပ်၊ အရှေ့ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

ယနေ့တပ်တော်ဝင်အခမ်းအနားတွင် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ ၄၉ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးပျံ) ၁ စီး၊ ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီးနှင့် ၂၆ မီတာ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီး၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တပ်တော်ဝင် နိုင်ခဲ့သည်။

 

(Zawgyi Version)

(၇၃)ႏွစ္ေျမာက္တပ္မေတာ္(ေရ)ေန႔အထိမ္းအမွတ္ တိုက္ခိုက္ေရးေရငုပ္သေဘၤာ စစ္ေရယာဥ္ (မင္းရဲသိခၤသူ) အပါအဝင္ စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ျခင္း အခမ္းအနား က်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၄

၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္တြင္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ေသာ တပ္မေတာ္(ေရ) သည္ ယေန႔တြင္ (၇၃)ႏွစ္တင္းတင္းျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ယေန႔(၇၃) ႏွစ္ေျမာက္ တပ္မေတာ္ (ေရ)ႏွစ္ပတ္လည္ေန႔တြင္ စစ္ေရယာဥ္မ်ားတပ္ေတာ္ဝင္ျခင္း အခမ္းအနားအား ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍

ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ျမန္မာႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီး H.E.Dr. Nikolay A. LISTOPADOV ၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Saurabh Kumar ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အိႏၵိယေရတပ္၊ အေရွ႕ပိုင္း ေရတပ္ ကြပ္ကဲမႈဌာနခ်ဳပ္၊ ဌာနခ်ဳပ္မႉး Vice Admiral Atul Kumar Jain ၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ ေရတပ္စခန္းဌာနခ်ဳပ္မႉးမ်ားႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

ယေန႔တပ္ေတာ္ဝင္အခမ္းအနားတြင္ တိုက္ခိုက္ေရးေရငုပ္သေဘၤာ စစ္ေရယာဥ္ (မင္းရဲသိခၤသူ) အပါအဝင္ ၆၃ မီတာ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးေရယာဥ္ ၂ စီး၊ ၄၉ မီတာ အျမန္သြားတိုက္ခိုက္ေရးေရယာဥ္(ဒုံးပ်ံ) ၁ စီး၊ ၅၆ မီတာ တင့္ကားတင္ ကမ္းထိုးေရယာဥ္ ၁ စီးႏွင့္ ၂၆ မီတာ ပင္လယ္သြားတြဲဆြဲေရယာဥ္ ၂ စီး၊ စုစုေပါင္း စစ္ေရယာဥ္ ၇ စီး တပ္ေတာ္ဝင္ ႏိုင္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။