နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ

နေပြည်တော် ဇွန် – ၂၄

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက်ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား မော်စကိုမြို့ရှိ Turandot စားသောက်ဆိုင်တွင် တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် သံရုံး၊ စစ်သံရုံး တို့မှမိသားစုဝင်များ ၊ ပညာတော်သင် သင်တန်းသား များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏ တာဝန်များကို အတူ တကွ လာရောက်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးဖေးမကူညီ စောင့်ရှောက်ကြရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်‌ ပြောင်းလဲမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာမှုရှိစေရေးနှင့် စစ်မှန်ပြီး ရိုးသားမှုရှိသည့် ဒီမိုကရေစီစနစ်ဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး မောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်း များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှ တဆင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများနှင့် မိမိ နိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွား တိုးတက်အောင် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေ အနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာ အရေးပါသောကြောင့် သံရုံး၊ စစ်သံရုံးများတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြ သူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအပြင် ပညာတော်သင် သင်တန်းသား များအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုအပ်ပြီး အမြဲမပြတ်လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြပြီး မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများအတွက် လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံရယူကြ သည်။ ယင်းနောက် သံရုံး၊ စစ်သံရုံးမှ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသား များနှင့် အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့သည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ျမန္မာသံ႐ုံးႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)႐ုံး မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားမ်ားအား ေတြ႕ဆုံ

ေနျပည္ေတာ္ ဇြန္ – ၂၄

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဇြန္ ၂၃ ရက္ေဒသစံေတာ္ခ်ိန္ ေန႔လယ္ပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ျမန္မာသံ႐ုံးႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ)႐ုံး မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားမ်ားအား ေမာ္စကိုၿမိဳ႕ရွိ Turandot စားေသာက္ဆိုင္တြင္ ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ ႐ုရွား ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံ သံ႐ုံးမွ သံမႉးႀကီး ဦးေဇာ္လင္းဦး၊ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ သံ႐ုံး၊ စစ္သံ႐ုံး တို႔မွမိသားစုဝင္မ်ား ၊ ပညာေတာ္သင္ သင္တန္းသား မ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံရပ္ျခားတြင္ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို အတူ တကြ လာေရာက္ထမ္းေဆာင္ေနျခင္းျဖစ္သည့္အတြက္ တစ္ဦးႏွင့္တစ္ဦးေဖးမကူညီ ေစာင့္ေရွာက္ၾကရန္လိုအပ္သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚ‌ ေျပာင္းလဲမႈ အေျခအေနမ်ား၊ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းခိုင္မာမႈရွိေစေရးႏွင့္ စစ္မွန္ၿပီး ႐ိုးသားမႈရွိသည့္ ဒီမိုကေရစီစနစ္ျဖစ္ေစေရးအတြက္ ထိန္းသိမ္းေဆာင္႐ြက္ လ်က္ရွိသည့္အေျခအေနမ်ား၊ ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရး ေမာင္းႏွင္အားသည္ အဓိကက်ေသာေၾကာင့္ ႏွစ္ႏိုင္ငံ အက်ိဳးတူ စီးပြားေရးလုပ္ငန္း မ်ား၊ ပို႔ကုန္၊ သြင္းကုန္ လုပ္ငန္းမ်ား အခြင့္အလမ္းရရွိေစေရး သံတမန္ဆက္ဆံေရးမွ တဆင့္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုအပ္သည့္ အေျခအေနမ်ားႏွင့္ မိမိ ႏိုင္ငံ ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ႏိုင္ငံ့အက်ိဳးစီးပြား တိုးတက္ေအာင္ ႏိုင္ငံ့ဝန္ထမ္းေကာင္း ပီသစြာျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ႏိုင္ငံ့ဂုဏ္ကို ျမႇင့္တင္ရန္လိုအပ္သည့္ အေျခ အေနမ်ားႏွင့္ ပတ္သက္၍ အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ႏိုင္ငံအခ်င္းခ်င္း ဆက္ဆံရာတြင္ သံတမန္ဆက္ဆံေရးသည္ မ်ားစြာ အေရးပါေသာေၾကာင့္ သံ႐ုံး၊ စစ္သံ႐ုံးမ်ားတြင္ ႏိုင္ငံ့တာဝန္ထမ္းေဆာင္ေနၾက သူမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကရန္လိုအပ္ မည္ျဖစ္ေၾကာင္း၊ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားအျပင္ ပညာေတာ္သင္ သင္တန္းသား မ်ားအေနျဖင့္လည္း သင္ၾကားေပးသည့္ အတတ္ပညာမ်ားကို အေလးအနက္ထား သင္ယူသြားၾကရန္လိုအပ္ၿပီး အၿမဲမျပတ္ေလ့လာအားထုတ္ေနၾကရမည္ျဖစ္ေၾကာင္း၊ အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္ၾကၿပီး မိမိႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ တစ္ဖက္တစ္လမ္းမွ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားအတြက္ လက္ေဆာင္ပစၥည္းႏွင့္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ သံမႉးႀကီး ဦးေဇာ္လင္းဦး၊ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးတို႔က လက္ခံရယူၾက သည္။ ယင္းေနာက္ သံ႐ုံး၊ စစ္သံ႐ုံးမွ မိသားစုဝင္မ်ား၊ ပညာေတာ္သင္ သင္တန္းသား မ်ားႏွင့္ အတူ ေန႔လည္စာကို အတူတကြ သုံးေဆာင္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။