နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြိုတော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် – ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံ တို့သို့ သွားရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ အမှုဆောင်ဒါရိုက်တာ Mr. Vyacheslav Podokaik နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး Mr. Alexander Emelyushin နှင့် တာဝန်ရှိသူများက အလုပ်ရုံသမိုင်းအကျဉ်းနှင့် ရေယာဉ်တည် ဆောက်ရေးဆိုင်ရာ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြား သည်။ ရှင်းလင်းပြောကြားမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးပြီး အလုပ်ရုံအတွင်း ရေယာဉ်တည်ဆောက်ရေးလုပ်ငန်း အဆင့်ဆင့်အား လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။

 

အဆိုပါ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသည် ယနေ့အချိန်တွင် ၁၂၅ နှစ် သက်တမ်းရှိပြီ ဖြစ်ပြီး အောင်မြင်သောကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ကုမ္ပဏီ အနေဖြင့် မည်သည့်ရာသီဥတု၌မဆို အသုံးပြုနိုင်ရန် ဒီဇိုင်းများရေးဆွဲထုတ်လုပ်လျက် ရှိပြီး ရေယာဉ်အမျိုးမျိုးအား ခေတ်မီနည်းပညာများဖြင့် တည်ဆောက်ပေး လျက်ရှိ ကြောင်း၊ ရေယာဉ်တည်ဆောက်ထုတ်လုပ်ခြင်းများအပြင် အခြားဆက်စပ်လုပ်ငန်း များဖြစ်သည့် ရေလုပ်ငန်းသုံးစက်ပစ္စည်းများ တည်ဆောက်ထုတ်လုပ်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် ကုမ္ပဏီ၏ တိုက်တေနီယမ်သတ္တု ပုံလောင်း စက်ရုံ(Titanium Foundry)သည် ဥရောပရှိ အကြီးဆုံးစက်ရုံများအနက် တစ်ခု အပါ အဝင်ဖြစ်ပြီး ရေယာဉ်တည်ဆောက်ရေး၊ လေယာဉ်တည်ဆောက်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် လိုအပ်သည့် အစိတ်အပိုင်းများအား ထုတ်လုပ်ပေး လျက်ရှိကြောင်း၊ စုစုပေါင်း ရေယာဉ် ၁၅၀၀ ကျော်ခန့်တည်ဆောက်ခဲ့သည့် အနက် ၆၀၀ ခန့်မှာ စစ်ရေယာဉ်များဖြစ်ပြီး ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Republic of the Tatarstan ၊ Kazan ၿမိဳေတာ္ရွိ JSC “Zelenodolsk Plant named after A.M.Gorky” ေရယာဥ္တည္ေဆာက္ေရးအလုပ္႐ုံသို႔ သြားေရာက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔ ေဒသစံေတာ္ခ်ိန္ မြန္းလြဲပိုင္းတြင္ Republic of the Tatastan၊ Kazan ၿမိဳ႕ေတာ္ရွိ JSC “Zelenodolsk Plant named after A.M.Gorky” ေရယာဥ္တည္ေဆာက္ေရးအလုပ္႐ုံ တို႔သို႔ သြားေရာက္ ၾကည့္ရႈေလ့လာသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ JSC “Zelenodolsk Plant named after A.M.Gorky” ေရယာဥ္တည္ေဆာက္ေရးအလုပ္႐ုံသို႔ ေရာက္ရွိၾကရာ အမႈေဆာင္ဒါ႐ိုက္တာ Mr. Vyacheslav Podokaik ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အစည္းအေဝးခန္းမတြင္ ေခတၱဦးေဆာင္ၫႊန္ၾကားေရးမႉး Mr. Alexander Emelyushin ႏွင့္ တာဝန္ရွိသူမ်ားက အလုပ္႐ုံသမိုင္းအက်ဥ္းႏွင့္ ေရယာဥ္တည္ ေဆာက္ေရးဆိုင္ရာ လုပ္ေဆာင္လ်က္ရွိသည့္ အေျခအေနမ်ားကို ရွင္းလင္း ေျပာၾကား သည္။ ရွင္းလင္းေျပာၾကားမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားက သိရွိလိုသည္မ်ား ျပန္လည္ ေမးျမန္းေဆြးေႏြးၿပီး အလုပ္႐ုံအတြင္း ေရယာဥ္တည္ေဆာက္ေရးလုပ္ငန္း အဆင့္ဆင့္အား လိုက္လံၾကည့္ရႈေလ့လာခဲ့ၾကသည္။

အဆိုပါ JSC “Zelenodolsk Plant named after A.M.Gorky” ေရယာဥ္တည္ေဆာက္ေရးအလုပ္႐ုံသည္ ယေန႔အခ်ိန္တြင္ ၁၂၅ ႏွစ္ သက္တမ္းရွိၿပီ ျဖစ္ၿပီး ေအာင္ျမင္ေသာကုမၸဏီတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္း၊ ကုမၸဏီ အေနျဖင့္ မည္သည့္ရာသီဥတု၌မဆို အသုံးျပဳႏိုင္ရန္ ဒီဇိုင္းမ်ားေရးဆြဲထုတ္လုပ္လ်က္ ရွိၿပီး ေရယာဥ္အမ်ိဳးမ်ိဳးအား ေခတ္မီနည္းပညာမ်ားျဖင့္ တည္ေဆာက္ေပး လ်က္ရွိ ေၾကာင္း၊ ေရယာဥ္တည္ေဆာက္ထုတ္လုပ္ျခင္းမ်ားအျပင္ အျခားဆက္စပ္လုပ္ငန္း မ်ားျဖစ္သည့္ ေရလုပ္ငန္းသုံးစက္ပစၥည္းမ်ား တည္ေဆာက္ထုတ္လုပ္ျခင္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းအတြက္ လိုအပ္သည့္ ပစၥည္းမ်ား ထုတ္လုပ္ျခင္းတို႔ကို လည္း လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ ကုမၸဏီ၏ တိုက္ေတနီယမ္သတၱဳ ပုံေလာင္း စက္႐ုံ(Titanium Foundry)သည္ ဥေရာပရွိ အႀကီးဆုံးစက္႐ုံမ်ားအနက္ တစ္ခု အပါ အဝင္ျဖစ္ၿပီး ေရယာဥ္တည္ေဆာက္ေရး၊ ေလယာဥ္တည္ေဆာက္ေရးႏွင့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းအတြက္ လိုအပ္သည့္ အစိတ္အပိုင္းမ်ားအား ထုတ္လုပ္ေပး လ်က္ရွိေၾကာင္း၊ စုစုေပါင္း ေရယာဥ္ ၁၅၀၀ ေက်ာ္ခန႔္တည္ေဆာက္ခဲ့သည့္ အနက္ ၆၀၀ ခန႔္မွာ စစ္ေရယာဥ္မ်ားျဖစ္ၿပီး ျပည္ပႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ် ေပးလ်က္ရွိေၾကာင္း သိရွိရသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။