ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

တိုင်းရင်းသားပြည်သူများခင်ဗျာ

ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာ (၆)လပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတွေအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးပြီး ကျန်းမာကြပါစေ လို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို   အစိုးရ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး လက်တွဲပြီး စုပေါင်းညီညွတ်စွာ  ရင်ဆိုင်ကြ ရပါမယ်။   ကျွန်တော့်ရဲ့မူဝါဒကတော့  လူ့အသက်ထက် အရေးကြီးတာမရှိပါဘူး။ အဓိကကတော့ ကျန်းမာရေးပါ။ ကျန်းမာမှအလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှပညာ သင်ကြား နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ကျန်းမာရေးထက် အရေးကြီးတာ မရှိပါဘူး။   ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် တွေမှာ ဘာကန့်သတ်ချက်မှမထားပါဘူး။ ရှိသမျှသော လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားတွေနဲ့ကာကွယ်ကြပါမယ်။ ကျွန်တော်တို့ အောင်ကိုအောင်မြင်ကြရပါမယ်။ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စုပေါင်းညီညွတ်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်ရမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး အောင်မြင်ရပါမယ်။ ဒီလိုအောင်စိတ်ကို   စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ ကြိုးစားမှု၊ လုံ့လ၊ ဝီရိယဆိုတာတွေနဲ့မြှင့်တင်လိုက်ရင် ကျွန်တော်တို့နိုင်ငံအတွက်၊ ပြည်သူ့အတွက် မဖြစ်နိုင်တဲ့ လုပ်ငန်းဆိုတာမရှိဘူးလို့ ဦးစွာပြောကြားလိုပါတယ်။

ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ အခြေခံနိုင်ငံရေး၊ လူမှုရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်အခြေအနေတွေကို ပြည်သူ့ထံကို တင်ပြမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့  နိုင်ငံတော်တာဝန်ကိုရယူခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ်က စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ဆိုတာကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အသိပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူတွေလိုလားခဲ့တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို တပ်မတော်အစိုးရ အနေနဲ့ အခြေခံကစပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူကရွေးချယ်ခဲ့တာဖြစ်ပါတယ်ဗျာ။ ဆိုတော့ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာလည်း လွတ်လပ်ပြီးတရားမျှတတဲ့  ရွေးကောက်ပွဲက အဲဒီစနစ်ရဲ့ “အသက်” ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လို   ဒီမိုကရေစီ ပြန်လည် တည်ဆောက်စ နိုင်ငံမှာဆို  ပိုပြီးအရေးကြီးပါလိမ့်မယ်။ ပြီးရင်  ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ်တွေအရ လွတ်လပ်ပြီးတရားမျှတတဲ့  ရွေးကောက်ပွဲကသာ ကျွန်တော်တို့ပြည်သူ လူထုရဲ့ရည်မှန်းချက်ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ   အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် စတဲ့မဏ္ဍိုင်ကြီး ၃ ရပ်နဲ့တည်ဆောက် ရပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ဟာလည်း တစ်ခုနဲ့တစ်ခု   ထိန်းညှိကြပ်မတ်ခြင်း  (Check and Balance) ဆိုတဲ့အလုပ်ကို  ပီပြင်စွာဆောင်ရွက်နိုင်မှ   ပြည်သူလူထုပိုင်တဲ့ ဒီမိုကရေစီ (of the people)၊ ပြည်သူ လူထုအတွက် ဒီမိုကရေစီ(for the people)၊ ပြည်သူလူထုကရွေးချယ်တဲ့  ဒီမိုကရေစီ (by the people) ဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အဲဒီတုန်းက အာဏာရအစိုးရဖြစ်တဲ့ NLD အစိုးရနဲ့  NLD ပါတီတို့ဟာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊   မဲစာရင်းကောက်ခြင်း၊   မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းစတဲ့  လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ NLD ပါတီ အနေနဲ့ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုပြီး ဝင်ရောက်စွက်ဖက် မလျော်သြဇာ သုံးပြီး မသမာမှုများ ဆောင်ရွက်ခဲ့ခြင်းတွေပြုလုပ်ခဲ့ပါတယ်။ NLD ပါတီ မဟုတ်တဲ့     အခြားနိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေအားလုံးကို အုပ်ချုပ်ရေး အာဏာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်နဲ့ တားမြစ်ချက် တွေကို အလွဲသုံးခြင်းဖြင့် ကန့်သတ်ထိန်းချုပ်ပြီး  ရွေးကောက်ပွဲအနိုင်ရရှိရေးကနေ နိုင်ငံတော်အာဏာကို မတရားရယူဖို့ ကြိုတင်ကြံစည်ဆောင်ရွက် တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပြီး နောက်ပိုင်းမှာ   ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမအချက်ဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊  လုပ်ဆောင်ထိုက်သည်များကို ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည်” ဆိုတဲ့အချက်ကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့   မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေကို မြို့နယ်အလိုက် အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့   မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှု အခြေအနေတွေ၊ ဆန္ဒမဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာမြို့နယ်အလိုက်  ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးခြင်း၊  သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနဲ့ တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ရာမှာ   မဲမသမာမှုစုစုပေါင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့်တစ်သန်း သုံးသိန်းကျော်) စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ မစတင်မီမှာရော၊ ရွေးကောက်ပွဲအပြီး နောက်ပိုင်း မှာပါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ အထောက်အထားတွေ၊  မဲမသမာမှုတွေရှိကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တွေ့ရှိချက်တွေကို စာရင်းဇယားတွေနဲ့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဖြစ်တဲ့ ဆွေးနွေးအဖြေရှာ ဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ တာဝန်ရှိသူတွေကို တရားဝင်အသိပေးတာတွေ၊ ထုတ်ပြန်တာတွေ၊ သဘောထားတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ တကယ်လို့ ရိုးရိုးသားသားမှားယွင်းတယ်ဆိုရင်    တရားဝင်ဖြေရှင်းလို့ရပါတယ်။ ဥပဒေနဲ့အညီ   ဆောင်ရွက်နိုင်ပါတယ်။ သက်သေပြနိုင်ပါတယ်။ ဘာမှအကြမ်းဖက်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့အညီ ဥပဒေနဲ့သွားနေတာပါ။ နောက်ဆုံးမှာ တစ်ဖက်က မဲမသမာမှုတွေကို ဖြေရှင်းဖို့မလုပ်ဘဲ မသမာမှုတွေ့ရှိတဲ့ ရွေးကောက်ပွဲ ရလဒ်ခေါင်းစဉ်ဖြင့် လွှတ်တော်ကိုအတင်း ခေါ်ယူပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့  ဆောင်ရွက်လာတဲ့အတွက် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် တာဝန်ကို   အခြေခံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်အရ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူကတိုက်ရိုက်ရွေးချယ်ပါတယ်။ ဒါက ဥပဒေပြုရေးမဏ္ဍိုင်ပါ။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကပဲ နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တဲ့ သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတက အစိုးရအဖွဲ့တွေကိုခန့်အပ်ရပါတယ်။ ဒါကအုပ်ချုပ်ရေး မဏ္ဍိုင်။ ဒီသမ္မတကပဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ် ပါတယ်။ ဒါက တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ မဏ္ဍိုင်ကြီး ၃ ရပ်လုံးအတွက် ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ မဲမသမာမှုတွေနဲ့ တက်လာတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ၊ အဲဒီလွှတ်တော်ကိုယ်စားလှယ် တွေနဲ့ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေးမဏ္ဍိုင်က တိုက်ရိုက်သော်လည်းကောင်း၊  သွယ်ဝိုက်၍သော်လည်းကောင်း ရွေးချယ်လိုက်တဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် တို့ဟာ  ပြည်သူကိုဘယ်လိုလုပ်ကိုယ်စား ပြုမလဲ၊  ဘယ်လိုလုပ်ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ထိန်းညှိကြပ်မတ်ခြင်း (Check and Balance) လုပ်ကြမလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီမိုကရေစီလို့ အမည်တပ်ပြီး တစ်ပါတီအာဏာရှင်စနစ်၊ လူတစ်ဦးတည်းအာဏာရှင်စနစ်ကို အသက်သွင်း နေတာပဲဖြစ်ပါတယ်။    ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်နဲ့ပြည်သူ

ရဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ပေါက်ရေး ဆောင်ရွက်နေခြင်းပဲဖြစ်ပါ တယ်။

ဒီလိုဆောင်ရွက်ရာမှာ မဲစာရင်းတွေစစ်ဆေးပြီး တွေ့ရှိချက်တွေ၊ မြေပြင်စစ်ဆေး တွေ့ရှိချက်တွေနဲ့၊ သက်သေအထောက်အထားတွေကို ကျွန်တော်တို့ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းအလိုက် အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ အပြီးသတ်ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊  နည်းဥပဒေတွေနဲ့  ညီညွတ်မှုမရှိတဲ့အပြင် လွတ်လပ်ပြီးတရားမျှတမှု မရှိတဲ့  ရွေးကောက်ပွဲဖြစ်နေတာကို    စစ်ဆေးတွေ့ရှိရလို့   ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကျင့်သုံးရာမှာ လက်ကိုင်ထား လိုက်နာရမယ့်  ဥပဒေအထက်မှာမည်သူမှမရှိ (No Man above the Law)ဆိုတာကို  လိုက်နာဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတဲ့နောက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ရမှာကတော့  အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနဲ့အညီ  ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေး ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း(၁၁)၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဥပဒေနဲ့အညီ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ  နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ  ၄၈၆၉၄၂၇(လေးဆယ့်ရှစ်သိန်း)ကျော် မဲပေးခဲ့တာတွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိရဲ့ဆန္ဒအတိုင်း မဲပေးခွင့်ရရှိဖို့ ဦးစားပေးဆောင်ရွက်မှာဖြစ်လို့ နိုင်ငံသားစိစစ်ရေးကတ်ရှိရမယ့်သူတိုင်း   နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင်ဖို့    ကျွန်တော်တို့  ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့အစီရင်ခံချက်အရ တစ်နေ့ကို ဦးရေ ၃၀၀ နှုန်းနဲ့ လုပ်ဆောင်နိုင်ရင် ၁၈ လခန့် ကြာမြင့်နိုင်ပါတယ်။ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ် ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင်ဆောင်ရွက်နိုင် ခြင်းမရှိသေးရင် နောက်ထပ်ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီလိုကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ပြီးရင် ဥပဒေအရ  ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို   တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ   ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်  ၅  ရပ်မှာ  နောက်ဆုံးလုပ်ငန်းစဉ်က  “လွတ်လပ်ပြီးတရားမျှတသော    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား  ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို  မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာအောင် ဆောင်ရွက်ပေး ကြရမှာဖြစ်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့ အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေး ဆိုရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု၊ စီးပွားရေး အရ တည်ငြိမ်အေးချမ်းမှုတွေ လိုအပ်မှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့ အလေ့အထကောင်း တွေရရှိလာစေဖို့  ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့အတူ ပေါက်ဖွား လာတဲ့ နိုင်ငံရေးအရ   ကွဲပြားခြားနားမှုတွေ၊ အမြင်မတူညီမှုတွေရှိနေ ဆဲဖြစ်ပါတယ်။ ဒါတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး   ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ခဲ့ ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာတော့ ဖြစ်ပေါ်လာတဲ့ မဲမသမာမှုတွေအပေါ်မှာ ဒီညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း နည်းလမ်းဆိုတာ ပျောက်ဆုံးခဲ့ရပါတယ်။

ကျွန်တော်တို့က  စစ်မှန်တဲ့ပါတီစုံဒီမို ကရေစီစနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံ ပါတယ်။ အဓိကကတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်းအားလုံးအဆင်ပြေချောမွေ့စွာ ပြီးစီးရေးပဲဖြစ်ပါတယ်။  ကျွန်တော်တို့ အနေနဲ့   ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ NLD ပါတီ ဝင်အစွန်းရောက်တွေနဲ့   ၎င်းပါတီကို ထောက်ခံသူ အစွန်းရောက်တွေအနေနဲ့ ဥပဒေနဲ့အညီသွားဖို့၊ ဖြေရှင်းဖို့မလုပ်ဆောင်ခဲ့ဘဲ အကြမ်းဖက် နည်းလမ်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မင်းမဲ့စရိုက် တွေဖြစ်လာအောင်၊ လက်နက်ကိုင်ပုန်ကန်မှု တွေဖြစ်လာအောင်  လှုံ့ဆော်ခဲ့ပါတယ်။ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကိုမထောက်ခံတဲ့ အမြင်မတူသူအားလုံးကို “ငါနဲ့မတူ ငါ့ရန်သူ” သဘောထားနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ပြန်လည်တည်ငြိမ်မှုရရှိအောင်   ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ်စုပေါင်း ဆောင်ရွက်ကြရပါမယ်။ အစိုးရရဲ့အုပ်ချုပ်မှု ယန္တရား ကစပြီး ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝ၊ လူမှုစီးပွားဘဝကို Social Bullying၊ ဖီဆန်ပုန်ကန်ရေးလှုပ်ရှားမှု(CDM) စတာတွေနဲ့ ယိုယွင်းပျက်စီးအောင် ဆက်လက် လုပ်ဆောင်နေတာတွေ၊ အလုံးစုံပျက်သုဉ်းရေးကို  ဦးတည်ဆောင်ရွက် နေတာတွေကို  ကျွန်တော်တို့စုပေါင်း အင်အားနဲ့  ဟန့်တားကာကွယ်ရပါမယ်။

နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ် အသီးသီးမှာ မတည်မငြိမ်ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အစိုးရပြုတ်ကျရေး၊ တပ်မတော် ပြိုကွဲရေးအတွက် ဦးတည်ပြီးလုပ်ဆောင် နေရုံသာမကဘဲ ကျွန်တော်တို့အားလုံး တန်ဖိုး ထားရတဲ့ မြန်မာတိုင်းရင်းသား အားလုံးရဲ့ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်း တွေကိုပါ   အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။  ဒါကို  အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ တာဝန်ယူပြီးချိန် ကစပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ သက်ဝင်ယုံကြည်မှုမပျက်စေရန် ကျွန်တော် အလေးထားဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက ဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့   နိုင်ငံတော်၊ မြန်မာရဲ့အနာဂတ်ကို မြန်မာတိုင်းရင်းသား ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော်တို့ တည်ဆောက်ကြပါမယ်။ တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံ အပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့  တွေ့ဆုံဆွေးနွေးမှုအရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide  Ceasefire Agreement -NCA) ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အဓိက အခြေခံဆွေးနွေးပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ တပ်မတော်အနေနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ခိုင်မာစွာရပ်တည်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့   ပြည်ထောင်စုကို ငြိမ်းချမ်းစွာတည်ထောင်သွားဖို့ ကျွန်တော်ပြောလိုပါတယ်။  အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမဆို  တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒီနေရာမှာ အာဆီယံနဲ့ ဆက်ဆံဆောင်ရွက်တဲ့ အခြေအနေကိုပြောလိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့ကပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေး ကျွန်တော်တက်ရောက်ခဲ့ပြီး သဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒီထဲက လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာများကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Virasakdi Futrakul ကို သဘောတူ ထားပြီးသားပါ။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံနဲ့ပူးပေါင်း ဆောင်ရွက် ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို့အသင့်ရှိကြောင်း ပြောလိုပါတယ်။  မကြာမီရက်ပိုင်းအတွင်းမှာ ပြုလုပ်ပြီးခဲ့တဲ့    ရွေးကောက်ပွဲတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို မျက်မြင်ရှင်းပြဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူများခင်ဗျာ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံမှာ အခြား ကမ္ဘာ့နိုင်ငံအများစုနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ခံစားနေရပါတယ်။ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုနဲ့ပူးပေါင်းပြီး စွမ်းအားကုန်ကျွန်တော် တို့ဆောင်ရွက်လျက်ရှိနေပါတယ်။ ယခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့မတူပါဘူး။ နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအရေ အတွက် မြင့်တက်လာသလို ပိုးတွေ့ရှိသူဦးရေ ရာခိုင်နှုန်းနဲ့ သေဆုံးတဲ့ ဦးရေလည်း  ယခင်ကထက်မြင့်တက်လာပါတယ်။

ဒီလိုအချက်အလက်တွေကိုထောက်ပြပြီး သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာ တွေမှာ ယနေ့ကြုံတွေ့နေရတဲ့ တတိယလှိုင်းနဲ့ ယခင်ဒုတိယလှိုင်း အခြေအနေတွေကို  လွဲမှားစွာချိန်ထိုးနှိုင်းယှဉ်ပြီး   ပြောဆိုရေးသားနေတာတွေကို တွေ့ရပါတယ်။ အမှန် တကယ်ဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှု အခြေအနေအရပ်ရပ်ကို ကူးစက်ရောဂါ ဗေဒရှုထောင့်က    အရှိတရားနဲ့အနီး စပ်ဆုံးဖြစ်အောင်သုံးသပ်ဖို့လိုပါတယ်။

ဒီရောဂါပိုးဟာ အစောပိုင်းမှာ အရှေ့ တောင်အာရှနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေမှာ ကူးစက်ရောဂါရှုထောင့်အရ ပြင်းထန်တဲ့ သက်ရောက်မှုမရှိခဲ့ဘဲ ပြင်သစ်၊ စပိန်၊ အီတလီ ကဲ့သို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်၊ ဘရာဇီးကဲ့သို့ အမေရိကတိုက် တောင်ပိုင်းနဲ့   မြောက်ပိုင်းနိုင်ငံတွေမှာ ကိုဗစ်ဒဏ်ကို  အလူးအလဲခံခဲ့ရပါတယ်။ ဒါပေမဲ့  ပထဝီ အနေအထားအရ အလွန်ဝေးလွန်းတဲ့   မြန်မာနိုင်ငံအနေနဲ့တော့  ကိုဗစ်ပထမလှိုင်းရဲ့ အဖျားပင် မရိုက်ခတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။

ဒုတိယလှိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ အတိုင်းအတာတစ်ခုအထိ ရုန်းကန် ခဲ့ရပါတယ်။  သို့သော်  ဒုတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲတွေက အခုဖြစ်ပွားနေတဲ့ မျိုးကွဲတွေလောက် ကူးစက်မှုနှုန်းမမြန် ဆန်တာတွေ့ရမှာဖြစ်ပါတယ်။ ယခု တတိယလှိုင်း မှာကတော့ မိမိတို့ အိမ်နီးချင်းနိုင်ငံတွေမှာ  အကြီးအကျယ်  ကူးစက်မှုနှုန်းမြင့်မားခဲ့ပြီး  ဒေသတွင်းနိုင်ငံ တွေမှာဆိုရင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစား နေရဆဲဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။ အဓိကအချက်တစ်ခု အနေနဲ့ကတော့  ကူးစက်မြန် ဗီဇပြောင်း မျိုးကွဲတွေပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ အခုတွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ Delta မျိုးကွဲဟာဆိုရင်  ကူးစက်မှုအားအနေနဲ့ ယခင်မျိုးကွဲတွေထက် ၆၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်လာတယ်လို့ သိရှိရပါတယ်။ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးဟာပွား များနိုင်မှု  (Reproduction  number) (R0) ဂဏန်းအားဖြင့်   ၂.၄ မှ ၂.၆ အတွင်းသာရှိပေမယ့် Alpha နှင့် Delta မျိုးကွဲသစ်တွေရဲ့ (R0) ဂဏန်းသည် ၄ မှ ၅ နှင့် ၅ မှ ၈ အသီးသီးရှိတယ်လို့ သိရှိ ရပါတယ်။ (ဆိုလိုတာကတော့ တကယ်လို့  (R0) ဂဏန်းက ၂ ဖြစ်တယ်ဆိုရင် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ လူ ၁ ဦးမှ ၂ ဦး၊ ၂ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၈ ဦး၊ ၈ ဦးမှ၁၆ ဦး စသဖြင့် (R0)ဂဏန်းအတိုင်း ဆတိုးကူးစက်သွားတာဖြစ်ပါတယ်။) အခု တတိယလှိုင်းမှာ မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ မျိုးကွဲတွေကတော့ အဓိကအားဖြင့် စိုးရိမ်ဖွယ်မျိုးကွဲ အုပ်စုတွေလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Alpha, Beta နှင့် Delta မျိုးကွဲတွေ ဖြစ်နေတာတွေ့ရပါတယ်။ အခုတတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲသစ်တွေရဲ့   ပွားများနိုင်မှု(R0)ကိုကြည့်ခြင်းအားဖြင့် ဒုတိယလှိုင်းမှာ ဖြစ်ပွားတဲ့ မျိုးကွဲတွေထက်  ဘယ်လောက်ထိ ပိုမိုကူးစက်နှုန်းမြန်မယ်ဆိုတာကို ခန့်မှန်းကြည့် နိုင်ပါတယ်။ အနည်းဆုံး (R0) ဂဏန်း ၄ ရှိတဲ့အတွက် ရောဂါပိုးရဲ့ကူးစက်ပြန့်ပွားနှုန်းဟာ လူ ၁ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၁၆ ဦး၊ ၁၆ ဦးမှ ၆၄ ဦး စသဖြင့် ကူးစက်သွားတာဖြစ်ပါတယ်။ (R0) ဂဏန်း ၈ ဆိုရင်တော့ ၁ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၆၄ ဦး၊ ၆၄ ဦးမှ ၅၁၂ ဦး ဆတိုး ကူးစက်သွားနိုင်မှာဖြစ်ပါတယ်။ အခုလို အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကျယ်ပြန့်စွာဖြစ်ပွားနေခြင်းနဲ့ ဖြစ်ပွားနေတဲ့ မျိုးကွဲတွေရဲ့  ကူးစက်မှုနှုန်းအလွန်မြန်ဆန် နေခြင်းတို့က ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူညီဘဲ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပေါ်စေပါတယ်။

အခုလို ကူးစက်မှုနှုန်းမြင့်မားနေတဲ့အချိန်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့် ရှောက်မှုကို   အထိရောက်ဆုံးပေးနိုင်တဲ့   ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ် ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်အောင်လည်း မဲမသမာမှုကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ NLD အစွန်းရောက်တွေနဲ့ အဲဒီပါတီကိုထောက်ခံသူ အစွန်းရောက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို  လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီလို ကူးစက်မှုမြင့်တက်နေချိန်မှာ   ရောဂါပိုးစစ်ဆေး အတည်ပြုရေးနဲ့ ကုသရေးတွေမှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အဆမတန်မညီမျှမှုက မြန်မာနိုင်ငံအတွက် ကိုဗစ်တတိယလှိုင်းရဲ့ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းကျကျ ပါဝင်ဆောင်ရွက်နေကြတဲ့ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း(Volunteer) များ၊ လူမှုအဖွဲ့အစည်း များနဲ့ အလှူရှင်များကို အထူးပင် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားလို ပါတယ်။ တစ်ဆက်တည်းမှာပဲ မသမာသူများရဲ့လှုံ့ဆော်မှုကြောင့် CDM မှာပါဝင် သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့  ဆူပူလှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုများမှာ  ဦးစီး ဦးဆောင် ပါဝင်ခဲ့သူများမဟုတ်ရင် ပုဒ်မ ၅၀၅ နဲ့ ပတ်သက်လို့ ဖြေလျှော့ပေးမည် ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ လူမှုရေး ကိစ္စ၊ လူ့အသက်နဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။

စိန်ခေါ်မှုတွေ   ဘယ်လိုပဲရှိနေပါစေ ကျွန်တော့်အနေနဲ့   အခက်အခဲအတား အဆီးအမျိုးမျိုး ကြားက ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော် ဖြတ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ယခုလို တတိယလှိုင်းစတင်တဲ့အခါ ရှေ့လှိုင်းတွေမှာ အတွေ့အကြုံရှိထားတာက အားသာချက် ဟုဆိုရမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ရောဂါပိုးရဲ့ကူးစက်ပုံကို သိရှိထားပြီးဖြစ်ပါတယ်။ ကာကွယ်ထိန်းချုပ် ကုသနည်းတွေကိုလည်း အကျွမ်းဝင်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှုကိုလည်း ရာခိုင်နှုန်းတစ်ခုအထိ ဆောင်ရွက် ထားနိုင်တဲ့အတွက် ကူးစက်မှုအရှိန်ကို အထိုက်အလျောက် တန့်စေနိုင်ခဲ့ပါတယ်။ အခုလို သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ အစိုးရယန္တရားက ဟိုယခင်ကလို ထိန်းချုပ် ကန့်သတ်မှုနဲ့   ဗဟိုချုပ်ကိုင်မှုတွေမရှိတော့ဘဲ သက်ဆိုင်ရာဒေသအလိုက် အဆင့်ဆင့် သော အစိုးရဌာန အဖွဲ့အစည်းအသီးသီးကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့် ပြုထားတဲ့အတွက် တုံ့ပြန်ဆောင်ရွက်မှုတွေ မြန်ဆန်လာတာကိုလည်း တွေ့ရှိရမှာဖြစ်ပါ တယ်။ ဥပမာအားဖြင့် ယခင်က Mask ၅ သန်းကို သက်ဆိုင်ရာ   ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေဖို့အတွက် အချိန်တော်တော်ကြာကြာ ယူခဲ့ရပေမယ့် ယခုတော့   တပ်မတော်လေယာဉ်တွေကို အသုံးပြုပြီး Mask ၁၂ သန်းကို ချက်ချင်း ဖြန့်ဝေနိုင်ခဲ့ပါတယ်။ အခုလည်း လစဉ် ၁၂ သန်း ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်ကုသရေးမှာလိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတွေ တင်သွင်းမှုအတွက် FDA ထောက်ခံချက်နဲ့ သွင်းကုန် လိုင်စင်လျှောက်ထားဖို့ မလိုတဲ့အပြင်  အခွန်တွေကို ဖြေလျှော့ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။ ကူးစက်မှုကွင်းဆက် ဖြတ်တောက် နိုင်ဖို့အတွက် ကန့်သတ်တားမြစ်မှု(community restriction)တွေ သတ်မှတ်ဆောင်ရွက် ရသလို တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည်   နိုင်ငံ့စီးပွားရေး နစ်နာခဲ့ရမှုတွေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ဦးမော့လာအောင် ချိန်ဆပြီး လုပ်ဆောင်နေရတာလည်းရှိနေပါတယ်။

စောစောစစ်၊ စောစောတွေ့၊ စောစောခွဲထုတ်နိုင်ခြင်းက ရောဂါကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်ရေးအတွက်ရော၊ လူနာတွေအတွက်ပါ လုပ်ဆောင်ရမယ့် အချက်ဖြစ် ပါတယ်။ ပိုးတွေ့လူနာတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေအရ   သင့်တော်မယ့် ကိုဗစ်-၁၉ ကုသမှုစင်တာတွေကို လွှဲပြောင်းကုသမှုပေးနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင် ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ရောဂါကူးစက်ခံရမှု သံသယ ရှိတယ်ဆိုရင် နေအိမ်မှာ ဆေးမြီးတိုနဲ့ကျိတ်ပြီးကုသခြင်းမပြုဘဲ နီးစပ်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးမှုခံယူပြီး အဲဒီနေရာတွေကတစ်ဆင့် သင့်တော်တဲ့ ကိုဗစ်ကုသမှုစင်တာတွေကို ဆက်လက်လွှဲပြောင်းပေးမှာဖြစ်လို့ ပြည်သူ တွေအနေနဲ့   မှန်မှန်ကန်ကန် သတင်းပို့ဆောင်ရွက်သွားစေလိုပါတယ်။ တပ်မတော် အနေနဲ့ ကိုဗစ်-၁၉ လူနာလက်ခံကုသဖို့နေရာ ၁၂၇၈ ခုမှာ လူဦးရေ ၃၉၀၀၀ ဦး လက်ခံကုသနိုင်ဖို့   ပြင်ဆင်ထားရှိသလို အရပ်ဘက်အနေနဲ့လည်း ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၅၀၀ ဦး လက်ခံနိုင်ဖို့ ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ community COVID positive Center တွေကို လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ပေး သွားပါမယ်။

အောက်ဆီဂျင်ကတော့  ကိုဗစ်-၁၉ ကုသဖို့အတွက် မရှိမဖြစ်အရေးကြီးလှပါတယ်။ အဲ့ဒီမှာအရေးကြီးတာက အောက်ဆီဂျင်သုံးစွဲရာမှာ ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့ အညီသာ သုံးစွဲသင့်ပါတယ်။ ဒါကိုလည်း အချိန်မီဖြည့်ဆည်းပေးနိုင်ဖို့   နိုင်ငံတော်အစိုးရ အနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အောက်ဆီဂျင် စက်ရုံတွေ၊ တပ်မတော်ဆေးရုံတွေ၊ အရပ်ဘက်ဆေးရုံတွေမှာရှိတဲ့ အောက်ဆီဂျင် စက်ရုံတွေ၊    ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံတွေမှာ အောက်ဆီဂျင်ထုတ်လုပ်မှုကို စဉ်ဆက် မပြတ် monitor ပြုလုပ်ပြီး အမှန်တကယ်လိုအပ်နေတဲ့   ဆေးရုံ/ကုသမှု စင်တာတွေကို   ဖြန့်ဖြူးပေးနိုင်ဖို့ အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ အကန့်အသတ် ရှိလာသလို အသုံးများလာတဲ့အနေအထားမှာ ထိထိရောက်ရောက်ဖြစ်အောင် စီမံခန့်ခွဲပေးနိုင်ဖို့  ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံပြီးတော့  အောက်ဆီဂျင်ကို အချိန်တိုအတွင်း များများနဲ့ အရည်အသွေးမီမီ ထုတ်လုပ်နိုင်ဖို့အတွက် liquid  oxygen ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ liquid  oxygen ကို  ရန်ကုန်၊ မန္တလေး စတဲ့  ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်မားနိုင်တဲ့ နေရာတွေမှာ  အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက် ရှိပါတယ်။ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ တပ်မတော်ဆေးရုံများနဲ့  နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများမှာ တိုးချဲ့တပ်ဆင်လျက်ရှိရာ ယခုနှစ်စက်တင်ဘာလအတွင်းမှာ ပြည်သူ့ ဆေးရုံများ၊   ကျန်းမာရေးဌာနများရဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ပြည့်ဝစွာ ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်။

ကူးစက်မှုကာကွယ်ရေးနဲ့ ပြန့်ပွားမှုနှုန်း လျော့ကျဖို့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင် စနစ်တကျထိုး နှံဖို့လည်းလိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်အထိ  ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးမှာ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁၈၂၅၆၄၂ ဦး(တစ်သန်း ရှစ်သိန်းကျော်)    (ဦးတည်လူဦးရေရဲ့ ၆.၀၈%)  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။   ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး တွေကို များများနဲ့မြန်မြန် ထိုးနှံပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။   အစိုးရအနေနဲ့ ကာကွယ်ဆေးတွေရရှိဖို့အတွက် ဆက်လက်ညှိနှိုင်းဝယ်ယူဖို့ ဆောင်ရွက် လျက်ရှိသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးအရေအတွက် ၄ သန်းအနက် အခု ဇူလိုင်လ  စတုတ္ထပတ်မှာ ၃ သန်းရောက်ရှိခဲ့ပြီးဖြစ်သလို ဆေးထိုးလုပ်ငန်းများ   အမြန်ဆောင်ရွက်နေပါတယ်။ နောက်ထပ်ကာကွယ်ဆေး ၃ သန်း ကလည်း   သြဂုတ်လအတွင်း ရောက်ရှိလာမှာဖြစ်လို့ ရရှိလာမယ့်ကာကွယ်ဆေးများကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျထိုးနှံပေးနိုင်ဖို့ စီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံကဝယ်ယူထားတဲ့ ကာကွယ်ဆေး ၂ သန်းဟာလည်း အသုတ်လိုက် ရောက်ရှိလာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ရရှိရန် ကျန်ရှိနေတဲ့ ကာကွယ်ဆေးများ ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်နေကြတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်း တွေကို လည်း အထူးကျေးဇူးတင်ပါကြောင်း နဲ့ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ မြန်မာပြည်တွင်းမှာပဲ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။   ဒီနှစ်ကုန်ပိုင်းမှာဆိုရင်  တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကာကွယ်ဆေးလွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းရှိမယ်လို့  ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ ဖြစ်နေတဲ့အတွက် ကာကွယ်ရေးနဲ့   ကုသဆေးများ ရရှိရေးကိုလည်း နိုင်ငံတိုင်းက ကြိုးစားနေရပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့  မိမိမြို့နယ်၊ ဒေသအတွင်း အခုလိုကာကွယ် ဆေးထိုးနှံခြင်းတွေဆောင်ရွက်နေချိန်မှာ   ကျန်းမာရေး အသိရှိရှိနဲ့ သွားရောက်ထိုးနှံ ကြဖို့လည်း အသိပေးလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးနဲ့ပတ်သက်တဲ့ အလေးထားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ လျော့နည်း လာခြင်းရဲ့  အဓိကအကြောင်းအရင်း တွေထဲမှာ လူမှုကွန်ရက်ကတစ်ဆင့် မဟုတ် မမှန်တဲ့  အဖျက်အမှောင့်သတင်းတွေ ရေးသားဖြန့်ဝေခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။   ဈေးကွက်အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာ စေဖို့နဲ့ ပြည်သူလူထုကြား စိုးရိမ်မှုကြီးထွားစေဖို့ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်ပေါ်မှာ    ရုံးစာအတုတွေ ရေးသားဖြန့်ချိနေသလို ဆေးရုံတွေက လူနာတွေကို လက်မခံဘဲနှင်ထုတ် နေတယ်၊ အောက်ဆီဂျင်တွေကို  ထပ်မံတင်သွင်းခြင်းမပြုဖို့ အစိုးရကပိတ်ပင်လိုက်တယ်၊ အသစ် ရောက်တဲ့ကာကွယ်ဆေးတွေကို ကမ္ဘာကအသိအမှတ်မပြုဘူး၊ ထိုးရင် အန္တရာယ်ရှိ နိုင်တယ် စသဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသားဖြန့်ဝေနေတာကိုတွေ့ပါ တယ်။ တစ်ကျော့ပြန် ကူးစက်မှုတွေမြင့်တက်လာချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊  လူထူထပ်တဲ့ နေရာတွေ သွားရောက်တာကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း  ခပ်ခွာခွာ နေထိုင်ခြင်း၊  Mask နဲ့ Face Shield တွေတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်း ချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထုကြားမှာ အမျိုးမျိုးသော စုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံကင်းမဲ့စွာ၊ အကြံပက်စက်စွာ စည်းရုံး လှုံ့ဆော်နေမှုတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို  တိုက်ရိုက်ခြိမ်းခြောက် တာဖြစ်သလို ကိုဗစ်- ၁၉ ရောဂါကို လက်နက်သဖွယ်အသုံးပြုလာတဲ့ ဇီဝအကြမ်းဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါတယ်။ ဒီနည်းနဲ့ မိမိတို့ရဲ့ နိုင်ငံရေးလိုဘကို ဖြည့်ဆည်းခြင်းဟာ ဘာသာရေးအရဆိုရင်လည်း အင်မတန် အကျည်းတန်တဲ့   လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာတွေက နေတစ်ဆင့် နိုင်ငံအတွင်း မတည်ငြိမ်မှတွေ ဖြစ်ပေါ်အောင် လမ်းကြောင်းပေး  လှုံ့ဆော်နေတာဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်က  အဖျက် အမှောင့်လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့ ဆူပူဆန္ဒပြမှုများဟာ သာမန် ဆန္ဒပြရာကတစ်ဆင့်  မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ဆန္ဒပြမှုကနေ လက်နက်ကိုင် တိုက်ခိုက်လာတဲ့အထိ  ဖြစ်လာခဲ့ပါတယ်။  အပြစ်မဲ့ပြည်သူများကို  အလစ်ချောင်းမြောင်း သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဘာလို့ ပြည်သူကိုသတ်တာပါလဲ။ ဘာကြောင့် အေးချမ်းစွာနေတဲ့ ပြည်သူတွေကို တိုက်ခိုက်တာပါလဲ။  ဒါကို လက်ခံလို့မရပါဘူး။   အကြမ်းဖက်ဆူပူဆန္ဒပြမှုကို သူ့ဥပဒေနဲ့အညီ တုံ့ပြန်အရေးယူရမှာက နိုင်ငံတကာ ကျင့်စဉ်အတိုင်းပါပဲ။ သေစေလောက်တဲ့ လက်နက်၊ မိုင်းများ အသုံးပြု တိုက်ခိုက်တာ ကိုလည်း ပြုလုပ်၍မရအောင် တုံ့ပြန်အရေးယူ ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ယခုအခါ အနည်းငယ်သော အကြမ်းဖက်တိုက်ခိုက်မှုများမှအပ  နိုင်ငံတစ်ဝှမ်း တည်ငြိမ်မှုရှိနေပြီ ဖြစ်ပါတယ်။ EAo တွေအတွက် သတ်မှတ်ထားတဲ့နေရာများမှအပ ကျန်နေရာများ လုံးဝ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပေါ်လျက်ရှိတဲ့ အမျိုးမျိုးသော စုဝေးမှုတွေက မြန်နှုန်းမြင့် ဗီဇကွဲကူးစက်မှုကို ပံ့ပိုးပေးနေသလိုဖြစ်နေပါတယ်။ အဲဒီလို လူအများစုဝေးမှုဖြစ်ပေါ် စေဖို့အတွက်လည်း လူမှုကွန်ရက်ကတစ်ဆင့် နည်းလမ်းမျိုးစုံနဲ့ လှုံ့ဆော်မှုတွေ ဆောင်ရွက်နေတာကိုလည်းတွေ့ရပါတယ်။ ကမ္ဘာကြီးဟာ ကပ်ရောဂါ အမျိုးမျိုးကို ရှေးယခင်ကပင် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ဖူးပြီး ဖြစ်ပါတယ်။ ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါ စတဲ့ ယခင်ဖြစ်ပွားပြီးခဲ့တဲ့ကမ္ဘာ့ကပ် ရောဂါ အမျိုးမျိုးဟာ ယနေ့ခေတ်ဆေးပညာ တိုးတက်မှုအခြေအနေတွေမှာ ထိန်းချုပ်ရ လွယ်ကူ ပေမယ့်   ကိုဗစ်-၁၉ ရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် အသက်ရှူတိုင်း၊ ရှူတိုင်း ကူးစက်နိုင်ခြေတွေရှိနေမှာဖြစ်ပါတယ်။ လူအများရဲ့ ပူးပေါင်း ပါဝင်မှုမရှိဘူးဆိုရင် ကာကွယ်ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲမယ့်ရောဂါမျိုးဖြစ် တဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင်  ကိုဗစ်-၁၉ ရောဂါကို အသာစီးက ထိန်းချုပ် ကာကွယ်ကုသနိုင်တာ မရှိသေးတာကို  တွေ့ရမှာဖြစ်ပါတယ်။

ကျန်းမာရေးစနစ် အားကောင်းတဲ့ အမေ ရိကန်နိုင်ငံက ဆေးရုံတွေမှာတောင် ခုတင် နေရာ မလုံလောက်တာတွေ၊ အသက်ရှူစက်နဲ့ လေသန့်စက် ပြတ်တောက်တာတွေဖြစ်ခဲ့လို့ နောက်ဆုံး မိမိနေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသကြရတဲ့အခြေအနေ အထိ ရောက်ရှိခဲ့ကြပါတယ်။ အောက်ဆီဂျင် ပြဿနာဆိုတာကလည်း Outbreak ဖြစ်တဲ့ နိုင်ငံတိုင်း မလွှဲမရှောင်သာကြုံတွေ့ရ မယ့်အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာလည်းပဲ အလူးအလဲ ရင်ဆိုင်နေကြရတာကို တွေ့ရှိရပါတယ်။

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရဟာ ကိုဗစ်ရောဂါထိန်းချုပ် ကာကွယ် ကုသရေးနဲ့ပတ်သက်ပြီး တတ်စွမ်းသမျှဆောင်ရွက်ဖို့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ထည့်သွင်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ကပ်ရောဂါစီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်မှုတွေကို တတ်စွမ်းသမျှ ဖြေလျှော့ပေးထားပြီဖြစ်သလို လိုအပ်တဲ့ ပြင်ဆင် မှုတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်ဖို့အတွက် အများပြည်သူရုံးပိတ်ရက်တွေနဲ့ကိုက်ညှိ ပြီးတော့ ဇူလိုင်လ ၁၇ ရက်မှ သြဂုတ်လ  ၁ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း ရုံးပိတ် ရက်ရှည်အဖြစ်သတ်မှတ်ပြီး  ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ဖို့ စီမံဆောင်ရွက်ခဲ့ ရာမှာ နိုင်ငံရေးအစွန်းရောက် အဖျက်သမားအချို့မှအပ  ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့တာဟာ ကျွန်တော်တို့ပြည်သူလူထုရဲ့ စွမ်းအား၊ ချီးကျူးဖွယ် ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့က စလို့ ဖြစ်ပွားမှုနှုန်းဟာ ၄၀ .၈၂ ရာခိုင်နှုန်း ကနေ ၂၉ ရက်နေ့မှာ  ၃၄.၇၅ ရာခိုင်နှုန်း အထိကျဆင်းလာပါတယ်။  ဒါကို ဒီထက် ပိုကျဆင်းရေး  ဆောင်ရွက်ဖို့လိုပါတယ်။ ရောဂါကွင်းဆက်ကို ထိထိ ရောက်ရောက် ဖြတ်တောက်နိုင်ဖို့   နောက်ထပ်တစ်ပတ် ထပ်မံပြီး ရုံးပိတ်ရက်ရှည် ကြေညာပါမယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း  စီးပွားရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်း တွေ မထိခိုက်စေ ဖို့ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့  ပြည်သူလူထုနဲ့ အတူရှိနေမယ်။ ပြည်သူလူထုကို စွမ်းအားပြည့်ကာကွယ်ပေးမယ်။ အားလုံးလက်တွဲညီညီ စုပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် ဒီကပ်ရောဂါကို မြန်မာတွေ အောင်နိုင်ရမယ်လို့ လေးနက်စွာ ပြောကြားလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်ရာမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာမှာ  လူဦးရေသန်း ၇၀၀၀ ခန့်ရှိပြီး စား၊ ရေ၊ ရိက္ခာ လိုအပ်ချက်ဟာ မြင့်မားနေ ဆဲဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါ ကာလမှာလည်း အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို   လျှော့ချ နိုင်ပေမယ့် စားသောက်ရေးကိစ္စတွေကတော့ ရှိနေ၊ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံတဲ့  စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့   ကျေးလက်နေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံပဲဖြစ်ပါတယ်။

ဒါ့ကြောင့်   စိုက်ပျိုးရေးလုပ်ငန်းမှာ အထွက်နှုန်းတိုးစေဖို့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာတို့ပေါင်းစပ်ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးမြေများ ဖော်ထုတ် ပေးတာတို့၊ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးတာတို့၊ ကောင်းမွန်တဲ့စိုက်နည်း စနစ်တွေရရှိအောင် ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မွေးမြူရေးလုပ်ငန်းများ အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ဒေသအများစုမှာ မွေးမြူလို့ရတဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စတဲ့မွေးမြူရေး လုပ်ငန်းတွေကို အားပေးဆောင်ရွက်သွားရပါမယ်။ အရေးကြီးတာက စနစ်ကျနတဲ့ မွေးမြူရေးစနစ်ဖြစ်ဖို့ပါပဲ။ မြစိမ်းရောင် အသားကဏ္ဍ မွေးမြူရေးကျေးရွာ ထူထောင်ခြင်း၊     မျိုးကောင်းမျိုးသန့်မွေးမြူရေး တိရစ္ဆာန်များထုတ်လုပ်ခြင်း၊ နိုင်ငံအတွင်း ထွက်ရှိတဲ့ကုန်ကြမ်းများကို အသုံးပြုပြီး မွေးမြူရေးအစာ လုံလောက်စွာထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရပါမယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေရှိ နေပါသေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ချည်မျှင်နဲ့အထည်လုပ်ငန်းမှာ နှစ်စဉ် ပြည်ပကတင်သွင်းရတဲ့ ချည်မျှင်နဲ့အထည် ဒေါ်လာ သန်း ၁ ထောင်ကျော်ဖိုးခန့်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဝါစိုက်ပျိုးနိုင် တဲ့ မြေ၊ ရေ၊ရာသီဥတုတွေရှိပြီးဖြစ်ပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်ခဲ့ပါတယ်။ ဝတ်ရေးဟာလည်း လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ဝါစိုက်ပျိုးထုတ်လုပ်မှု အားပေးရေး၊ ချည်မျှင်နဲ့အထည်လုပ်ငန်း များအားပေးရပါမယ်။ မြစ်ရေတင်စီမံကိန်းတွေ၊  ဆည်ရေသောက်စီမံကိန်းများ၊ ဝါ စိုက်ပျိုးရေးတိုးချဲ့သွား ရပါမယ်။ အလားတူ စားအုန်းဆီတင်သွင်းနေရတာတွေ၊ နို့ထွက်ပစ္စည်းတင်သွင်း နေရတာတွေကို ပြည်တွင်းမှာပဲ ဖူလုံအောင်ပြုလုပ်ပြီး ဆောင်ရွက်သွားကြရပါမယ်။ တနင်္သာရီတိုင်းအောက်ပိုင်း မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသတွေမှာ ဆီအုန်း အပြည့်အဝ တိုးချဲ့စိုက်ပျိုးရေး၊ နှမ်း၊ မြေပဲသာမက   မုန်ညင်း၊  နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးရေးလုပ်ကြရပါမယ်။   ရာသီဥတုနဲ့ မြေအခြေအနေ ကောင်းတဲ့နေရာများမှာ နို့စားနွားမွေးမြူ ရေးများဆောင်ရွက်ပြီး   နို့ထွက်ပစ္စည်း ပြည်တွင်းမှာလုံလောက်ပြီး  ပိုလျှံအောင် ဆောင်ရွက်နိုင်ပါတယ်။ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့  ဆောင်ပုဒ်အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများ၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အားပေးကြဖို့လိုပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ခြင်းဖြင့် အလုပ်အကိုင်  အခက်အခဲကြောင့်  ပြည်ပသို့ထွက်ခွာ အလုပ်လုပ်နေရသူများအတွက် အလုပ်အကိုင်များရရှိစေနိုင်မှာ ဖြစ်ပါတယ်။  စက်သုံးဆီ များ သုံးစွဲမှုလျှော့ချနိုင်ရေး၊ အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြုနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းတွေကို  အဓိကထား လုပ်ကိုင်နေတဲ့နိုင်ငံဖြစ်ပေမယ့် စိုက်ပျိုးရေး တက္ကသိုလ် တစ်ခုနဲ့ မွေးမြူရေးနဲ့ ဆေးကုသရေးတက္ကသိုလ်တစ်ခုသာရှိပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို နည်းစနစ်တကျ၊ ခေတ်မီအောင်ဆောင်ရွက်နိုင်ဖို့  အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်ပါတယ်။   ဒါ့ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းတွေကို သိပ္ပံ၊ ကောလိပ်အဆင့်တိုးမြှင့်ဖို့၊ ကျောင်းများ ဖွင့်လှစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ခေတ်မီစေဖို့၊ စက်မှုအခြေခံစနစ်ကို ပြောင်းလဲနိုင်ဖို့နဲ့ အခြားကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက် လာစေဖို့  သိပ္ပံနဲ့နည်းပညာ ကဏ္ဍမှာလည်း မျက်ခြည်မပြတ်ဆောင်ရွက်နိုင်ရေး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်း   ဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးရေးအဓိကထားတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန်  ဈေးကွက်ကလည်း သေချာဖို့ လိုပါတယ်။ နယ်စပ်နဲ့ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောင်းမရတာများဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့   နှစ်စဉ်နီးပါးကြုံကြရပါတယ်။ ဒါ့ကြောင့် ခေတ်မီသိုလှောင်ရေးစနစ်၊ တန်ဖိုးမြင့်ထုတ်လုပ်ရေးစနစ်များ ကြိုးစားလုပ်ဆောင် ရပါမယ်။ ဥပမာ ကြက်သွန်နီဈေးကွက်မှာ    ကြက်သွန်နီ  ရိုးရိုးပို့ကုန်အပြင် ကြက်သွန်မှုန့်၊ ကြက်သွန် ကြော်၊ ကြက်သွန်နှစ်များ ပြုလုပ်တာမျိုး ဆောင်ရွက်ရပါမယ်။ တောင်သူတွေ စိုက်ပျိုး ရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များအတွက် အရှုံးမပေါ်ရလေအောင် ကြိုးစား ဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့ Agro  Base Industry စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းကို သွားရပါမယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နဲ့ အထက် ၈.၁ ရာခိုင်နှုန်းခန့်ဟာ    ကျောင်းမနေဖူးတာကိုတွေ့ရပါ တယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူများထဲမှာ အလယ်တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာ သင်ကြားခဲ့ရသူပေါင်း ၁၈.၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက် ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရဲ့ ပညာရည်မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ပညာရည်မြှင့်တင် ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ရမှာဖြစ်ကြောင်း ပြနေပါတယ်။

ဒါ့ကြောင့်ပညာရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီမိုကရေစီကို ခိုင်မာစေဖို့၊ တိုင်းပြည်တိုးတက်စေဖို့ဆိုရင် ပညာတတ်များစွာ ရှိဖို့လိုပါတယ်။ သိပ္ပံ ပညာရှင်၊ နည်းပညာပညာရှင်၊ ဥပဒေ ပညာရှင်၊ စီးပွားရေး ပညာရှင်များ၊ ဆေးပညာရှင်များ မွေးထုတ်ပေးရပါမယ်။ ဒါ့ကြောင့် အဆင့်မြင့်ပညာရေးကို  လက်တွေ့ကျကျအားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာရေးကိုအားပေးဖို့ လိုပါတယ်။  အခက်အခဲ တွေကြားက ပညာရေးခါးဆက်မပြတ်ဖို့ ကျွန်တော်ကြိုးစားပြီး ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပြန်ပိတ်ထားရပါတယ်။ ကျောင်းများဖွင့်လှစ်ချိန်က ပညာရေးနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ခဲ့ကြတဲ့ ဆရာ၊  ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ မိဘ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပညာသင်ကြားနေသူ လူငယ်လူရွယ်များအားလုံး ကျောင်းပညာကိုသာ အာရုံစိုက်အလေးထားသင်ကြား လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့အခြေခံနဲ့ ပြည်သူအများစုလုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လက်တွေ့ကျကျ၊ အစုအဖွဲ့အလိုက် အထောက်အကူပြုနိုင်ဖို့အတွက် သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို အသစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒီဝန်ကြီးဌာနအနေနဲ့ ယခင်စနစ်ဟောင်း သမဝါယမစနစ်လို လုပ်ကိုင် ဆောင်ရွက်မှာ မဟုတ်ဘဲ ပြည်သူလူထုအနေနဲ့လုပ်ငန်းတူများ၊ အကျိုးတူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မယ့် ပြည်သူ့အခြေပြုစနစ်သာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ များမှာပင်လျှင် ဒီစနစ်ကောင်း၊ သမဝါယမစနစ် ကိုကျင့်သုံးလျက်ရှိပါတယ်။ ယခုကျွန်တော်တို့နိုင်ငံမှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ထိရောက်မှုရှိပါတယ်။

 ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံးကုန်ထုတ်လုပ်မှု၊ ဝန်ဆောင် မှုကဏ္ဍတွေမှာ   အခက်အခဲတွေရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရှိနေပါတယ်။ အနိမ့်ဆုံးအဆင့်ကတော့ ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လူမှုဖူလုံရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာတော့ လုံလောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုရာမှာလည်း အားကစား၊ ကြံ့ခိုင်ရေးတို့နဲ့   ဆက်စပ်နေပါတယ်။ အားကစား မြှင့်တင်ခြင်းဟာ နိုင်ငံ့ဂုဏ်ကို တက်စေပါတယ်။ ကာယစွမ်းပကားသာမက စိတ်ဓာတ် စွမ်းပကားပါ မြှင့်တင်ပေးတာပါ။ ကိုဗစ်ကြောင့် ကန့်သတ်မှုများ ရှိနေပေမယ့်လည်း အားကစားမြှင့်တင်ရေး မျက်ခြည်မပြတ်ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသအားလုံးမှာ အားကစားကွင်း၊ အားကစားရုံများ အဆင့်မီမီရှိရေး ဆောင်ရွက် နေပါတယ်။ အားကစားမြှင့်တင်မယ်ဆို လူငယ်တွေရဲ့ အင်အားဟာ အဓိကကျတဲ့အတွက် လူငယ်နဲ့အားကစားကဏ္ဍကို အားပေးဆောင်ရွက်သွားပါမယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကိုတာဝန်ယူခဲ့တာ (၆)လရှိပြီ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ် အမှတ်(၁)အရလိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက်ပြီးဖြစ်လို့ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် ကျန်ရှိနေတဲ့ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေဖို့အတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက် သွားဖို့ရှိကြောင်း အသိပေးလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျာ

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-

(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်အတွက် အာမခံပြီးဖြစ်ပါတယ်။ အရေးပေါ်ကာလလုပ်ဆောင်ရမယ့် တာဝန်တွေပြီးဆုံးတဲ့အခါ   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာတွေ များစွာရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်အေးချမ်းသာယာရေးလိုလားတဲ့ မိဘပြည်သူအားလုံးက   ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

(၂) ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူ၊ အစိုးရနဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်း စွမ်းအားနဲ့ ရင်ဆိုင်ကြပါမယ်၊ ကျော်လွှားကြပါမယ်။ ကျွန်တော်တို့ အခက်အခဲတွေပဲ ရှိပါစေ အောင်မြင်နိုင် ရပါမယ်။ အောင်စိတ်သွင်းပြီး ကျော်လွှား ကြပါစို့။

(၃)     ကျွန်တော်တို့ရဲ့ အခြေခံစီးပွား လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ အနည်းဆုံးအဆင့် ကပ်ရောဂါဖြစ်နေတဲ့ အခုလိုကာလမှာ အခြေခံလိုအပ်ချက်တွေ  ဖူလုံမှုရှိအောင်ဆောင်ရွက်ပါမယ်။ တိုင်းပြည်ရဲ့ အားဟာပြည်တွင်းမှာသာရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံး “အရေးကြီးပြီဖြစ်လို့ သွေးစည်းကြပါစို့”   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး  “စုပေါင်း ညီညာအောင်ကြောင်းဖြာ” ရပါမယ်ဗျာ..

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ (၆)လျပည့္ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ခဲ့မႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေျပာၾကားသည့္မိန႔္ခြန္း

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ (၆)လျပည့္ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ခဲ့မႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေျပာၾကားသည့္မိန႔္ခြန္း

တိုင္းရင္းသားျပည္သူမ်ားခင္ဗ်ာ

ဒီေန႔ဟာဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံေတာ္ရဲ႕ တာဝန္ကို ထမ္းေဆာင္ခဲ့တာ (၆)လျပည့္ေျမာက္တဲ့ေန႔ျဖစ္ပါတယ္။ တိုင္းရင္းသား ျပည္သူေတြအားလုံး ကိုဗစ္-၁၉ ကပ္ေရာဂါေဘးမွ အျမန္ဆုံးကင္းေဝးၿပီး က်န္းမာၾကပါေစ လို႔ ဦးစြာ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါကို အစိုးရ၊ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမ ျပည္သူေတြအားလုံးနဲ႔ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအားလုံး လက္တြဲၿပီး စုေပါင္းညီၫြတ္စြာ ရင္ဆိုင္ၾက ရပါမယ္။ ကြၽန္ေတာ့္ရဲ႕မူဝါဒကေတာ့ လူ႔အသက္ထက္ အေရးႀကီးတာမရွိပါဘူး။ အဓိကကေတာ့ က်န္းမာေရးပါ။ က်န္းမာမွအလုပ္လုပ္ႏိုင္မွာ၊ က်န္းမာမွပညာ သင္ၾကား ႏိုင္မွာ ျဖစ္ပါတယ္။ တိုင္းရင္းသားျပည္သူလူထုရဲ႕က်န္းမာေရးထက္ အေရးႀကီးတာ မရွိပါဘူး။ ဒါ့ေၾကာင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္ ေတြမွာ ဘာကန႔္သတ္ခ်က္မွမထားပါဘူး။ ရွိသမွ်ေသာ လူ႔စြမ္းအား၊ ပစၥည္းစြမ္းအား၊ ဉာဏစြမ္းအားေတြနဲ႔ကာကြယ္ၾကပါမယ္။ ကြၽန္ေတာ္တို႔ ေအာင္ကိုေအာင္ျမင္ၾကရပါမယ္။ တိုင္းရင္းသားျပည္သူအားလုံးရဲ႕ စုေပါင္းညီၫြတ္မႈနဲ႔ ကိုဗစ္-၁၉ ကပ္ေရာဂါကို ေအာင္ျမင္ရမယ္။ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ပါတီစုံဒီမိုကေရစီစနစ္တည္ေဆာက္ေရး ေအာင္ျမင္ရပါမယ္။ ဒီလိုေအာင္စိတ္ကို စည္းလုံးညီၫြတ္မႈ၊ ယုံၾကည္မႈ၊ ႀကိဳးစားမႈ၊ လုံ႔လ၊ ဝီရိယဆိုတာေတြနဲ႔ျမႇင့္တင္လိုက္ရင္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္၊ ျပည္သူ႔အတြက္ မျဖစ္ႏိုင္တဲ့ လုပ္ငန္းဆိုတာမရွိဘူးလို႔ ဦးစြာေျပာၾကားလိုပါတယ္။

ဒီေန႔မွာေတာ့ ကြၽန္ေတာ့္အေနနဲ႔ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံေတာ္အစိုးရရဲ႕ အေျခခံႏိုင္ငံေရး၊ လူမႈေရးနဲ႔ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ေဆာင္႐ြက္ခ်က္အေျခအေနေတြကို ျပည္သူ႔ထံကို တင္ျပမွာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔မွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္တာဝန္ကိုရယူခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္က စစ္မွန္ စည္းကမ္းျပည့္ဝတဲ့ ပါတီစုံဒီမို ကေရစီစနစ္ဆိုတာကို တိုင္းရင္းသားျပည္သူ တစ္ရပ္လုံး အသိပဲျဖစ္ပါတယ္။ ၁၉၈၈ ခုႏွစ္ကတည္းက ျပည္သူေတြလိုလားခဲ့တဲ့ ပါတီစုံဒီမိုကေရစီ စနစ္ကို တပ္မေတာ္အစိုးရ အေနနဲ႔ အေျခခံကစၿပီး တည္ေဆာက္ေပးခဲ့ပါတယ္။ ပါတီစုံဒီမိုကေရစီစနစ္ကို ျပည္သူကေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္ဗ်ာ။ ဆိုေတာ့ ပါတီစုံ ဒီမိုကေရစီစနစ္ က်င့္သုံးရာမွာလည္း လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက အဲဒီစနစ္ရဲ႕ “အသက္” ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔လို ဒီမိုကေရစီ ျပန္လည္ တည္ေဆာက္စ ႏိုင္ငံမွာဆို ပိုၿပီးအေရးႀကီးပါလိမ့္မယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ေ႐ြးေကာက္ပြဲစနစ္ေတြအရ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကသာ ကြၽန္ေတာ္တို႔ျပည္သူ လူထုရဲ႕ရည္မွန္းခ်က္ကို ေအာင္ျမင္ေစမွာ ျဖစ္ပါတယ္။ ႏိုင္ငံတစ္ခု၊ တိုင္းျပည္တစ္ခုကို တည္ေဆာက္တဲ့အခါမွာ အုပ္ခ်ဳပ္ေရး မ႑ိဳင္၊ ဥပေဒျပဳေရးမ႑ိဳင္၊ တရားစီရင္ေရး မ႑ိဳင္ စတဲ့မ႑ိဳင္ႀကီး ၃ ရပ္နဲ႔တည္ေဆာက္ ရပါတယ္။ ဒီမ႑ိဳင္ႀကီး ၃ ရပ္ဟာလည္း တစ္ခုနဲ႔တစ္ခု ထိန္းညႇိၾကပ္မတ္ျခင္း (Check and Balance) ဆိုတဲ့အလုပ္ကို ပီျပင္စြာေဆာင္႐ြက္ႏိုင္မွ ျပည္သူလူထုပိုင္တဲ့ ဒီမိုကေရစီ (of the people)၊ ျပည္သူ လူထုအတြက္ ဒီမိုကေရစီ(for the people)၊ ျပည္သူလူထုကေ႐ြးခ်ယ္တဲ့ ဒီမိုကေရစီ (by the people) ဆိုတာ ျဖစ္လာမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အဲဒီတုန္းက အာဏာရအစိုးရျဖစ္တဲ့ NLD အစိုးရနဲ႔ NLD ပါတီတို႔ဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ အဆင့္ဆင့္ဖြဲ႕စည္းျခင္း၊ မဲစာရင္းေကာက္ျခင္း၊ မဲဆြယ္စည္း႐ုံးျခင္း၊ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီမ်ားဖြဲ႕စည္းျခင္း၊ ႀကိဳတင္ဆႏၵမဲေပးျခင္း၊ ေ႐ြးေကာက္ပြဲေန႔ ဆႏၵမဲေပးျခင္းစတဲ့ လုပ္ငန္းေဆာင္႐ြက္မႈအဆင့္ဆင့္မွာ NLD ပါတီ အေနနဲ႔ အုပ္ခ်ဳပ္ေရးအာဏာကို အလြဲသုံးစားျပဳၿပီး ဝင္ေရာက္စြက္ဖက္ မေလ်ာ္ၾသဇာ သုံးၿပီး မသမာမႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းေတြျပဳလုပ္ခဲ့ပါတယ္။ NLD ပါတီ မဟုတ္တဲ့ အျခားႏိုင္ငံေရးပါတီေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္စည္း႐ုံးေရး အပါအဝင္ ေ႐ြးေကာက္ပြဲဆိုင္ရာ လႈပ္ရွားေဆာင္႐ြက္မႈေတြအားလုံးကို အုပ္ခ်ဳပ္ေရး အာဏာ၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ကန႔္သတ္ခ်က္နဲ႔ တားျမစ္ခ်က္ ေတြကို အလြဲသုံးျခင္းျဖင့္ ကန႔္သတ္ထိန္းခ်ဳပ္ၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရရွိေရးကေန ႏိုင္ငံေတာ္အာဏာကို မတရားရယူဖို႔ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ တာေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္တာဝန္ကို ရယူခဲ့ရၿပီး ေနာက္ပိုင္းမွာ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အနက္ ပထမအခ်က္ျဖစ္တဲ့ “ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းၿပီး မဲစာရင္းမ်ားစစ္ေဆးျခင္း အပါအဝင္ လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္မ်ားကို ဥပေဒနဲ႔အညီ ဆက္လက္ ေဆာင္႐ြက္သြားမည္” ဆိုတဲ့အခ်က္ကို ဦးစားေပးေဆာင္႐ြက္ခဲ့ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲနဲ႔စပ္လ်ဥ္းၿပီး ေ႐ြးေကာက္ပြဲ က်င္းပခဲ့တဲ့ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္ရဲ႕ မဲစာရင္းေတြကို ၿမိဳ႕နယ္အလိုက္ အေသးစိတ္စစ္ေဆးခဲ့ပါတယ္။ ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့ မဲ႐ုံတစ္ခုခ်င္းအလိုက္ မဲေပးခဲ့မႈ အေျခအေနေတြ၊ ဆႏၵမဲလက္မွတ္ေတြကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ေတြ၊ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ယခင္ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲေတြ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးေတြ၊ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးမႉးေတြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြ၊ သက္ဆိုင္ရာႏိုင္ငံေရးပါတီေတြက ကိုယ္စားလွယ္ေတြနဲ႔အတူ ေျမျပင္ဖြင့္ေဖာက္စစ္ေဆးျခင္း၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ား၊ မဲ႐ုံမႉး၊ မဲ႐ုံအဖြဲ႕ဝင္မ်ားနဲ႔ ေတြ႕ဆုံေမးျမန္းစစ္ေဆးျခင္းေတြ ေဆာင္႐ြက္ခဲ့ပါတယ္။

ဒီလိုေဆာင္႐ြက္ခဲ့ရာမွာ မဲမသမာမႈစုစုေပါင္း ၁၁၃၀၅၃၉၀ (တစ္ဆယ့္တစ္သန္း သုံးသိန္းေက်ာ္) စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ တပ္မေတာ္အေနနဲ႔ ေ႐ြးေကာက္ပြဲ မစတင္မီမွာေရာ၊ ေ႐ြးေကာက္ပြဲအၿပီး ေနာက္ပိုင္း မွာပါ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ လြတ္လပ္မႈနဲ႔ တရားမွ်တမႈမရွိတဲ့ အေထာက္အထားေတြ၊ မဲမသမာမႈေတြရွိေၾကာင္း တရားဝင္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေတြ႕ရွိခ်က္ေတြကို စာရင္းဇယားေတြနဲ႔ ခိုင္ခိုင္မာမာ ေျပာဆိုခဲ့ပါတယ္။ ဒီမိုကေရစီစနစ္ရဲ႕ ႏိုင္ငံေရးယဥ္ေက်းမႈျဖစ္တဲ့ ေဆြးေႏြးအေျဖရွာ ဖို႔အတြက္ အစိုးရ၊ လႊတ္ေတာ္နဲ႔ တာဝန္ရွိသူေတြကို တရားဝင္အသိေပးတာေတြ၊ ထုတ္ျပန္တာေတြ၊ သေဘာထားတင္ျပတာေတြ ျပဳလုပ္ခဲ့ပါတယ္။ မေအာင္ျမင္ခဲ့ပါဘူး။ တကယ္လို႔ ႐ိုး႐ိုးသားသားမွားယြင္းတယ္ဆိုရင္ တရားဝင္ေျဖရွင္းလို႔ရပါတယ္။ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ႏိုင္ပါတယ္။ သက္ေသျပႏိုင္ပါတယ္။ ဘာမွအၾကမ္းဖက္စရာ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ဒီမိုကေရစီနဲ႔အညီ ဥပေဒနဲ႔သြားေနတာပါ။ ေနာက္ဆုံးမွာ တစ္ဖက္က မဲမသမာမႈေတြကို ေျဖရွင္းဖို႔မလုပ္ဘဲ မသမာမႈေတြ႕ရွိတဲ့ ေ႐ြးေကာက္ပြဲ ရလဒ္ေခါင္းစဥ္ျဖင့္ လႊတ္ေတာ္ကိုအတင္း ေခၚယူၿပီး ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းနဲ႔ ရယူဖို႔ ေဆာင္႐ြက္လာတဲ့အတြက္ အေရးေပၚအေျခအေနေၾကညာၿပီး ႏိုင္ငံေတာ္ တာဝန္ကို အေျခခံဥပေဒနဲ႔အညီ ထိန္းသိမ္းခဲ့ရတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ေ႐ြးေကာက္ပြဲစနစ္အရ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ျပည္သူကတိုက္႐ိုက္ေ႐ြးခ်ယ္ပါတယ္။ ဒါက ဥပေဒျပဳေရးမ႑ိဳင္ပါ။ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြကပဲ ႏိုင္ငံေတာ္ရဲ႕အႀကီးအကဲျဖစ္တဲ့ သမၼတကို ေ႐ြးခ်ယ္ရပါတယ္။ သမၼတက အစိုးရအဖြဲ႕ေတြကိုခန႔္အပ္ရပါတယ္။ ဒါကအုပ္ခ်ဳပ္ေရး မ႑ိဳင္။ ဒီသမၼတကပဲ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္နဲ႔ တရားသူႀကီးေတြကို ခန႔္အပ္ ပါတယ္။ ဒါက တရားစီရင္ေရးမ႑ိဳင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲဟာ မ႑ိဳင္ႀကီး ၃ ရပ္လုံးအတြက္ ေ႐ြးေကာက္ပြဲလို႔ ဆိုႏိုင္ပါတယ္။ မဲမသမာမႈေတြနဲ႔ တက္လာတဲ့ လႊတ္ေတာ္ကိုယ္စား လွယ္ေတြ၊ အဲဒီလႊတ္ေတာ္ကိုယ္စားလွယ္ ေတြနဲ႔ဖြဲ႕စည္းထားတဲ့ ဥပေဒျပဳေရးမ႑ိဳင္က တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း ေ႐ြးခ်ယ္လိုက္တဲ့ အုပ္ခ်ဳပ္ေရး မ႑ိဳင္နဲ႔ တရားစီရင္ေရးမ႑ိဳင္ တို႔ဟာ ျပည္သူကိုဘယ္လိုလုပ္ကိုယ္စား ျပဳမလဲ၊ ဘယ္လိုလုပ္ဒီမိုကေရစီစနစ္ရဲ႕ အႏွစ္သာရျဖစ္တဲ့ ထိန္းညႇိၾကပ္မတ္ျခင္း (Check and Balance) လုပ္ၾကမလဲဆိုတာ သိသာထင္ရွားလွပါတယ္။ ဒီမိုကေရစီလို႔ အမည္တပ္ၿပီး တစ္ပါတီအာဏာရွင္စနစ္၊ လူတစ္ဦးတည္းအာဏာရွင္စနစ္ကို အသက္သြင္း ေနတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္နဲ႔ျပည္သူ

ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ဒီမိုကေရစီစနစ္ ျပန္လည္ေပၚေပါက္ေရး ေဆာင္႐ြက္ေနျခင္းပဲျဖစ္ပါ တယ္။

ဒီလိုေဆာင္႐ြက္ရာမွာ မဲစာရင္းေတြစစ္ေဆးၿပီး ေတြ႕ရွိခ်က္ေတြ၊ ေျမျပင္စစ္ေဆး ေတြ႕ရွိခ်က္ေတြနဲ႔၊ သက္ေသအေထာက္အထားေတြကို ကြၽန္ေတာ္တို႔ တစ္ၿမိဳ႕နယ္ခ်င္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္တစ္ခုခ်င္းအလိုက္ အေသးစိတ္ထုတ္ျပန္ခဲ့ပါတယ္။ ဇူလိုင္လ အတြင္းမွာ အၿပီးသတ္ထုတ္ျပန္ခဲ့ၿပီး ဇူလိုင္လ ၂၆ ရက္ေန႔မွာေတာ့ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပခဲ့တဲ့ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ ပြဲဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒ၊ သက္ဆိုင္ရာ လႊတ္ေတာ္ဥပေဒ၊ နည္းဥပေဒေတြနဲ႔ ညီၫြတ္မႈမရွိတဲ့အျပင္ လြတ္လပ္ၿပီးတရားမွ်တမႈ မရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိရလို႔ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔တည္ဆဲဥပေဒေတြနဲ႔အညီ ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။ ဒီမိုကေရစီ စနစ္က်င့္သုံးရာမွာ လက္ကိုင္ထား လိုက္နာရမယ့္ ဥပေဒအထက္မွာမည္သူမွမရွိ (No Man above the Law)ဆိုတာကို လိုက္နာေဆာင္႐ြက္ခဲ့ျခင္းပဲျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ပယ္ဖ်က္ၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ ဆက္လက္ လုပ္ေဆာင္ရမွာကေတာ့ အေရးေပၚကာလ ျပ႒ာန္းခ်က္မ်ားနဲ႔အညီ ေဆာင္႐ြက္ျခင္းနဲ႔ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအသစ္ ျပန္လည္က်င္းပေပး ရမွာျဖစ္ပါတယ္။ ဒီလိုေဆာင္႐ြက္ရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)၊ အခန္း(၁၁)၊ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားအရ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံသားစိစစ္ေရး ကတ္ျပားမရွိသူ ၄၈၆၉၄၂၇(ေလးဆယ့္ရွစ္သိန္း)ေက်ာ္ မဲေပးခဲ့တာေတြ႕ရပါတယ္။ ေ႐ြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ရွိသူတိုင္း မိမိရဲ႕ဆႏၵအတိုင္း မဲေပးခြင့္ရရွိဖို႔ ဦးစားေပးေဆာင္႐ြက္မွာျဖစ္လို႔ ႏိုင္ငံသားစိစစ္ေရးကတ္ရွိရမယ့္သူတိုင္း ႏိုင္ငံသားစိစစ္ေရးကတ္ရရွိႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ဦးစားေပး ေဆာင္႐ြက္လ်က္ရွိပါတယ္။ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔ အင္အားဝန္ႀကီးဌာနရဲ႕အစီရင္ခံခ်က္အရ တစ္ေန႔ကို ဦးေရ ၃၀၀ ႏႈန္းနဲ႔ လုပ္ေဆာင္ႏိုင္ရင္ ၁၈ လခန႔္ ၾကာျမင့္ႏိုင္ပါတယ္။ ျမန္ဆန္ႏိုင္သမွ် ျမန္ဆန္ေအာင္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း အေရးေပၚကာလဆိုတာ အကန႔္အသတ္ ရွိပါတယ္။ ပုဒ္မ ၄၂၁၊ ပုဒ္မခြဲ(ခ)အရ အေရးေပၚကာလ ၁ ႏွစ္အတြင္းမွာ တာဝန္ေတြကို ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ႏိုင္ ျခင္းမရွိေသးရင္ ေနာက္ထပ္ေျခာက္လ ႏွစ္ႀကိမ္သာ တိုးျမႇင့္ႏိုင္ပါတယ္။ ဒီလိုကာလအတြင္းမွာ ကြၽန္ေတာ္တို႔အေနနဲ႔ လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ ထိုက္တာေတြကို ၿပီးစီးေအာင္ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။

ၿပီးရင္ ဥပေဒအရ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ခ်ိန္ ၆ လေပးၿပီး ေဆာင္႐ြက္ရပါမယ္။ ဒီကာလမ်ားကို တြက္ၾကည့္ရင္ လုပ္ငန္းရပ္အားလုံးဟာ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လအတြင္း ၿပီးစီးရမယ္ဆိုတာပါပဲ။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္မွာ ေနာက္ဆုံးလုပ္ငန္းစဥ္က “လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲအား ျပန္လည္က်င္းပၿပီး အႏိုင္ရသည့္ပါတီကို ဒီမိုကေရစီ စံႏႈန္းမ်ားနဲ႔အညီ ႏိုင္ငံေတာ္တာဝန္အား လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္” ဒီလုပ္ငန္းစဥ္အတြက္ ကြၽန္ေတာ္တို႔ဟာ လြတ္လပ္တရားမွ်တတဲ့ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔အေျခအေနေတြ ဖန္တီးေပးရပါမယ္။ ႀကိဳတင္ ျပင္ဆင္မႈေတြ ေဆာင္႐ြက္ၾကရပါမယ္။ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲကို မျဖစ္မေနလုပ္မယ္ဆိုတာ ကတိျပဳပါတယ္။ ျပည္သူေတြရဲ႕ဆႏၵျဖစ္တဲ့ စစ္မွန္စည္းကမ္း ျပည့္ဝတဲ့ ပါတီစုံဒီမို ကေရစီစနစ္ခိုင္မာေအာင္ ေဆာင္႐ြက္ေပး ၾကရမွာျဖစ္ပါတယ္။

လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္လာေစဖို႔ အေျခခံလိုအပ္ခ်က္ကေတာ့ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တရားဥပေဒစိုးမိုးေရးပဲျဖစ္ပါတယ္။ တည္ၿငိမ္ေအးခ်မ္းေရး ဆိုရာမွာ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈ၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈ၊ စီးပြားေရး အရ တည္ၿငိမ္ေအးခ်မ္းမႈေတြ လိုအပ္မွာျဖစ္ပါတယ္။ တရားဥပေဒစိုးမိုးေရးမွာလည္း တည္ဆဲဥပေဒေတြကို ေလးစားလိုက္နာၿပီး စည္းကမ္းျပည့္ဝတဲ့ အေလ့အထေကာင္း ေတြရရွိလာေစဖို႔ ဆက္လက္ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးကတည္းက ျပည္တြင္း လက္နက္ကိုင္ပဋိပကၡနဲ႔အတူ ေပါက္ဖြား လာတဲ့ ႏိုင္ငံေရးအရ ကြဲျပားျခားနားမႈေတြ၊ အျမင္မတူညီမႈေတြရွိေန ဆဲျဖစ္ပါတယ္။ ဒါေတြကို ညႇိႏႈိင္းေဆြးေႏြး အေျဖရွာျခင္းနည္းလမ္းေတြနဲ႔ ေဆာင္႐ြက္ခဲ့လို႔ ၂၀၁၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲေတြကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔တိုင္းျပည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ေရာက္ခဲ့ ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ မွာေတာ့ ျဖစ္ေပၚလာတဲ့ မဲမသမာမႈေတြအေပၚမွာ ဒီညႇိႏႈိင္းေဆြးေႏြး အေျဖရွာျခင္း နည္းလမ္းဆိုတာ ေပ်ာက္ဆုံးခဲ့ရပါတယ္။

ကြၽန္ေတာ္တို႔က စစ္မွန္တဲ့ပါတီစုံဒီမို ကေရစီစနစ္ေဖာ္ေဆာင္ဖို႔ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးကို အာမခံ ပါတယ္။ အဓိကကေတာ့ သတ္မွတ္ထားတဲ့ကာလအတြင္း ေ႐ြးေကာက္ပြဲဆိုင္ရာ ျပင္ဆင္ရမယ့္ လုပ္ငန္းအားလုံးအဆင္ေျပေခ်ာေမြ႕စြာ ၿပီးစီးေရးပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ဥပေဒနဲ႔အညီ ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ ေဆာင္႐ြက္ခဲ့ပါတယ္။ ႀကိဳးစားခဲ့ပါတယ္။ NLD ပါတီ ဝင္အစြန္းေရာက္ေတြနဲ႔ ၎ပါတီကို ေထာက္ခံသူ အစြန္းေရာက္ေတြအေနနဲ႔ ဥပေဒနဲ႔အညီသြားဖို႔၊ ေျဖရွင္းဖို႔မလုပ္ေဆာင္ခဲ့ဘဲ အၾကမ္းဖက္ နည္းလမ္းကိုသာ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ မင္းမဲ့စ႐ိုက္ ေတြျဖစ္လာေအာင္၊ လက္နက္ကိုင္ပုန္ကန္မႈ ေတြျဖစ္လာေအာင္ လႈံ႕ေဆာ္ခဲ့ပါတယ္။ လုပ္ေဆာင္ခဲ့ပါတယ္။ သူတို႔ကိုမေထာက္ခံတဲ့ အျမင္မတူသူအားလုံးကို “ငါနဲ႔မတူ ငါ့ရန္သူ” သေဘာထားနဲ႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒါေတြကို ျပန္လည္တည္ၿငိမ္မႈရရွိေအာင္ ကြၽန္ေတာ္တို႔ အားလုံး ညီညီၫြတ္ၫြတ္စုေပါင္း ေဆာင္႐ြက္ၾကရပါမယ္။ အစိုးရရဲ႕အုပ္ခ်ဳပ္မႈ ယႏၲရား ကစၿပီး ျပည္သူလူထုရဲ႕ ေန႔စဥ္ လူေနမႈဘဝ၊ လူမႈစီးပြားဘဝကို Social Bullying၊ ဖီဆန္ပုန္ကန္ေရးလႈပ္ရွားမႈ(CDM) စတာေတြနဲ႔ ယိုယြင္းပ်က္စီးေအာင္ ဆက္လက္ လုပ္ေဆာင္ေနတာေတြ၊ အလုံးစုံပ်က္သုဥ္းေရးကို ဦးတည္ေဆာင္႐ြက္ ေနတာေတြကို ကြၽန္ေတာ္တို႔စုေပါင္း အင္အားနဲ႔ ဟန႔္တားကာကြယ္ရပါမယ္။

ႏိုင္ငံေရး၊ လူမႈေရးနဲ႔ စီးပြားေရးနယ္ပယ္ အသီးသီးမွာ မတည္မၿငိမ္ျဖစ္ေအာင္၊ ပ်က္စီးယိုယြင္းေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အစိုးရျပဳတ္က်ေရး၊ တပ္မေတာ္ ၿပိဳကြဲေရးအတြက္ ဦးတည္ၿပီးလုပ္ေဆာင္ ေန႐ုံသာမကဘဲ ကြၽန္ေတာ္တို႔အားလုံး တန္ဖိုး ထားရတဲ့ ျမန္မာတိုင္းရင္းသား အားလုံးရဲ႕ယဥ္ေက်းမႈ၊ အစဥ္အလာနဲ႔ သမိုင္းေၾကာင္း ေတြကိုပါ အေျခအျမစ္ကစၿပီး ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ဆီးေနတာ ျဖစ္ပါတယ္။ ဒါကို အထူးသတိရွိရွိ၊ အသိရွိရွိ ျမင္ေတြ႕ႏိုင္ဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဗုဒၶဘာသာ အဓိက ကိုးကြယ္တဲ့ႏိုင္ငံျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ ဗုဒၶဘာသာဝင္ေတြအတြက္ စိတ္အားညႇိဳးငယ္ဖြယ္ရာမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ တာဝန္ယူၿပီးခ်ိန္ ကစၿပီး အေျခခံဥပေဒ ျပ႒ာန္းခ်က္မ်ားနဲ႔အညီ သက္ဝင္ယုံၾကည္မႈမပ်က္ေစရန္ ကြၽန္ေတာ္ အေလးထားေဆာင္႐ြက္ေပးခဲ့ပါတယ္။ ဒီေနရာမွာ ႏိုင္ငံေတာ္တည္တံ့ ခိုင္ၿမဲေရး၊ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလိုလားၾကတဲ့ တိုင္းခ်စ္၊ ျပည္ခ်စ္၊ ႏိုင္ငံခ်စ္၊ ျပည္သူလူထုကိုခ်စ္တဲ့ ျပည္သူေတြရဲ႕ အင္အားသည္သာ အဓိက ျဖစ္ပါတယ္။ စစ္မွန္စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီစနစ္ကို က်င့္သုံးတဲ့ႏိုင္ငံေတာ္၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္၊ ျမန္မာရဲ႕အနာဂတ္ကို ျမန္မာတိုင္းရင္းသား ျပည္သူလူထုရဲ႕ ဆႏၵနဲ႔အညီ တည္ေဆာက္ႏိုင္တဲ့ ႏိုင္ငံေတာ္ကို႐ိုးသားတဲ့ႏိုင္ငံေရးနဲ႔ ကြၽန္ေတာ္တို႔ တည္ေဆာက္ၾကပါမယ္။ တိုင္းရင္းသားျပည္သူလူထုအားလုံးက ဝိုင္းဝန္း ပူးေပါင္းကူညီေဆာင္႐ြက္ေပးၾကဖို႔ ကြၽန္ေတာ့္အေနနဲ႔ ေလးေလးနက္နက္ ေမတၱာရပ္ခံ အပ္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ပဋိပကၡ ေျဖရွင္းႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေတြ႕ဆုံေဆြးေႏြးမႈအရ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement -NCA) ခ်ဳပ္ဆိုခဲ့ၾကၿပီးျဖစ္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ေတာင္းဆိုမႈအေပၚမွာ အဓိက အေျခခံေဆြးေႏြးၿပီး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ တပ္မေတာ္အေနနဲ႔ ဒီစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့အတိုင္း ခိုင္မာစြာရပ္တည္ပါတယ္။ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကို ၿငိမ္းခ်မ္းစြာတည္ေထာင္သြားဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။ အၾကမ္းဖက္အဖြဲ႕လို႔ ေၾကညာထားတဲ့ အဖြဲ႕အစည္းမ်ားမွအပ မည္သည့္တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမဆို ေတြ႕ဆုံေဆြးေႏြးဖို႔ ကြၽန္ေတာ္ဖိတ္ေခၚပါတယ္။ ဒီေနရာမွာ အာဆီယံနဲ႔ ဆက္ဆံေဆာင္႐ြက္တဲ့ အေျခအေနကိုေျပာလိုပါတယ္။ ဧၿပီလ ၂၄ ရက္ေန႔ကျပဳလုပ္တဲ့ အာဆီယံထိပ္သီးအစည္းအေဝး ကြၽန္ေတာ္တက္ေရာက္ခဲ့ၿပီး သေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ခဲ့ပါတယ္။ ဒီထဲက လုပ္ေဆာင္သင့္လုပ္ေဆာင္ထိုက္တာမ်ားကိုလည္း ေဆာင္႐ြက္ခဲ့ ပါတယ္။ အာဆီယံရဲ႕ အထူးကိုယ္စားလွယ္အျဖစ္ထားရွိဖို႔ မူလအဆိုျပဳထားတဲ့ ၃ ဦးအနက္ ထိုင္းႏိုင္ငံ၊ ဒုႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Mr. Virasakdi Futrakul ကို သေဘာတူ ထားၿပီးသားပါ။ သို႔ေသာ္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အဆိုျပဳမႈအသစ္ေတြထပ္လာခဲ့လို႔ ေရွ႕မတိုးႏိုင္ဘူးျဖစ္ေနတာပါ။ ကြၽန္ေတာ့္အေနနဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံလာေရာက္ၿပီး ေတြ႕ဆုံေဆြးေႏြးေရးအပါအဝင္ အာဆီယံနဲ႔ပူးေပါင္း ေဆာင္႐ြက္ ေရးကို အာဆီယံမူေဘာင္အတြင္းက ေဆာင္႐ြက္ဖို႔အသင့္ရွိေၾကာင္း ေျပာလိုပါတယ္။ မၾကာမီရက္ပိုင္းအတြင္းမွာ ျပဳလုပ္ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြ႕ရွိခ်က္ေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ကိုယ္စားလွယ္ေတြကို မ်က္ျမင္ရွင္းျပဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ တိုင္းရင္းသားျပည္သူမ်ားခင္ဗ်ာ လက္ရွိအေျခအေနမွာ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အျခား ကမာၻ႔ႏိုင္ငံအမ်ားစုနည္းတူ ကိုဗစ္-၁၉ ကပ္ေရာဂါ တတိယလႈိင္းကို ခံစားေနရပါတယ္။ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္ေတြကို ျပည္သူလူထုနဲ႔ပူးေပါင္းၿပီး စြမ္းအားကုန္ကြၽန္ေတာ္ တို႔ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ ယခုျဖစ္ေနတဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါက ပထမလႈိင္း၊ ဒုတိယလႈိင္းနဲ႔မတူပါဘူး။ ေန႔စဥ္ေန႔တိုင္း ပိုးေတြ႕သူအေရ အတြက္ ျမင့္တက္လာသလို ပိုးေတြ႕ရွိသူဦးေရ ရာခိုင္ႏႈန္းနဲ႔ ေသဆုံးတဲ့ ဦးေရလည္း ယခင္ကထက္ျမင့္တက္လာပါတယ္။

ဒီလိုအခ်က္အလက္ေတြကိုေထာက္ျပၿပီး သတင္းမီဒီယာေတြနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာ ေတြမွာ ယေန႔ႀကဳံေတြ႕ေနရတဲ့ တတိယလႈိင္းနဲ႔ ယခင္ဒုတိယလႈိင္း အေျခအေနေတြကို လြဲမွားစြာခ်ိန္ထိုးႏႈိင္းယွဥ္ၿပီး ေျပာဆိုေရးသားေနတာေတြကို ေတြ႕ရပါတယ္။ အမွန္ တကယ္ျဖစ္ေပၚေနတဲ့ ေရာဂါကူးစက္မႈ အေျခအေနအရပ္ရပ္ကို ကူးစက္ေရာဂါ ေဗဒရႈေထာင့္က အရွိတရားနဲ႔အနီး စပ္ဆုံးျဖစ္ေအာင္သုံးသပ္ဖို႔လိုပါတယ္။

ဒီေရာဂါပိုးဟာ အေစာပိုင္းမွာ အေရွ႕ ေတာင္အာရွႏိုင္ငံေတြနဲ႔ အာရွႏိုင္ငံေတြမွာ ကူးစက္ေရာဂါရႈေထာင့္အရ ျပင္းထန္တဲ့ သက္ေရာက္မႈမရွိခဲ့ဘဲ ျပင္သစ္၊ စပိန္၊ အီတလီ ကဲ့သို႔ ဥေရာပႏိုင္ငံေတြနဲ႔ အေမရိကန္၊ ဘရာဇီးကဲ့သို႔ အေမရိကတိုက္ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းႏိုင္ငံေတြမွာ ကိုဗစ္ဒဏ္ကို အလူးအလဲခံခဲ့ရပါတယ္။ ဒါေပမဲ့ ပထဝီ အေနအထားအရ အလြန္ေဝးလြန္းတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ ကိုဗစ္ပထမလႈိင္းရဲ႕ အဖ်ားပင္ မ႐ိုက္ခတ္ခဲ့ဘူးလို႔ ဆိုႏိုင္ပါတယ္။

ဒုတိယလႈိင္းမွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ အတိုင္းအတာတစ္ခုအထိ ႐ုန္းကန္ ခဲ့ရပါတယ္။ သို႔ေသာ္ ဒုတိယလႈိင္းမွာျဖစ္ပြားတဲ့ မ်ိဳးကြဲေတြက အခုျဖစ္ပြားေနတဲ့ မ်ိဳးကြဲေတြေလာက္ ကူးစက္မႈႏႈန္းမျမန္ ဆန္တာေတြ႕ရမွာျဖစ္ပါတယ္။ ယခု တတိယလႈိင္း မွာကေတာ့ မိမိတို႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာ အႀကီးအက်ယ္ ကူးစက္မႈႏႈန္းျမင့္မားခဲ့ၿပီး ေဒသတြင္းႏိုင္ငံ ေတြမွာဆိုရင္ ကိုဗစ္-၁၉ တတိယလႈိင္းဒဏ္ ျပင္းျပင္းထန္ထန္ ခံစား ေနရဆဲျဖစ္တာ ေတြ႕ရမွာျဖစ္ပါတယ္။ အဓိကအခ်က္တစ္ခု အေနနဲ႔ကေတာ့ ကူးစက္ျမန္ ဗီဇေျပာင္း မ်ိဳးကြဲေတြေပၚထြက္လာျခင္းပဲျဖစ္ပါတယ္။ အခုေတြ႕ရွိမႈအမ်ားဆုံးျဖစ္ေနတဲ့ Delta မ်ိဳးကြဲဟာဆိုရင္ ကူးစက္မႈအားအေနနဲ႔ ယခင္မ်ိဳးကြဲေတြထက္ ၆၀ ရာခိုင္ႏႈန္းခန႔္ ပိုမိုျမန္ဆန္လာတယ္လို႔ သိရွိရပါတယ္။ စတင္ေတြ႕ရွိခဲ့တဲ့ ကိုဗစ္ေရာဂါပိုးဟာပြား မ်ားႏိုင္မႈ (Reproduction number) (R0) ဂဏန္းအားျဖင့္ ၂.၄ မွ ၂.၆ အတြင္းသာရွိေပမယ့္ Alpha ႏွင့္ Delta မ်ိဳးကြဲသစ္ေတြရဲ႕ (R0) ဂဏန္းသည္ ၄ မွ ၅ ႏွင့္ ၅ မွ ၈ အသီးသီးရွိတယ္လို႔ သိရွိ ရပါတယ္။ (ဆိုလိုတာကေတာ့ တကယ္လို႔ (R0) ဂဏန္းက ၂ ျဖစ္တယ္ဆိုရင္ ေရာဂါပိုးရဲ႕ ကူးစက္ျပန႔္ပြားႏႈန္းဟာ လူ ၁ ဦးမွ ၂ ဦး၊ ၂ ဦးမွ ၄ ဦး၊ ၄ ဦးမွ ၈ ဦး၊ ၈ ဦးမွ၁၆ ဦး စသျဖင့္ (R0)ဂဏန္းအတိုင္း ဆတိုးကူးစက္သြားတာျဖစ္ပါတယ္။) အခု တတိယလႈိင္းမွာ ျမန္မာႏိုင္ငံမွာေတြ႕ရွိရတဲ့ မ်ိဳးကြဲေတြကေတာ့ အဓိကအားျဖင့္ စိုးရိမ္ဖြယ္မ်ိဳးကြဲ အုပ္စုေတြလို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက သတ္မွတ္ထားတဲ့ Alpha, Beta ႏွင့္ Delta မ်ိဳးကြဲေတြ ျဖစ္ေနတာေတြ႕ရပါတယ္။ အခုတတိယလႈိင္းမွာျဖစ္ပြားတဲ့ မ်ိဳးကြဲသစ္ေတြရဲ႕ ပြားမ်ားႏိုင္မႈ(R0)ကိုၾကည့္ျခင္းအားျဖင့္ ဒုတိယလႈိင္းမွာ ျဖစ္ပြားတဲ့ မ်ိဳးကြဲေတြထက္ ဘယ္ေလာက္ထိ ပိုမိုကူးစက္ႏႈန္းျမန္မယ္ဆိုတာကို ခန႔္မွန္းၾကည့္ ႏိုင္ပါတယ္။ အနည္းဆုံး (R0) ဂဏန္း ၄ ရွိတဲ့အတြက္ ေရာဂါပိုးရဲ႕ကူးစက္ျပန႔္ပြားႏႈန္းဟာ လူ ၁ ဦးမွ ၄ ဦး၊ ၄ ဦးမွ ၁၆ ဦး၊ ၁၆ ဦးမွ ၆၄ ဦး စသျဖင့္ ကူးစက္သြားတာျဖစ္ပါတယ္။ (R0) ဂဏန္း ၈ ဆိုရင္ေတာ့ ၁ ဦးမွ ၈ ဦး၊ ၈ ဦးမွ ၆၄ ဦး၊ ၆၄ ဦးမွ ၅၁၂ ဦး ဆတိုး ကူးစက္သြားႏိုင္မွာျဖစ္ပါတယ္။ အခုလို အိမ္နီးခ်င္းနဲ႔ ေဒသတြင္းႏိုင္ငံေတြမွာ က်ယ္ျပန႔္စြာျဖစ္ပြားေနျခင္းနဲ႔ ျဖစ္ပြားေနတဲ့ မ်ိဳးကြဲေတြရဲ႕ ကူးစက္မႈႏႈန္းအလြန္ျမန္ဆန္ ေနျခင္းတို႔က ပထမလႈိင္း၊ ဒုတိယလႈိင္းေတြနဲ႔ မတူညီဘဲ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံအတြက္ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္ေပၚေစပါတယ္။

အခုလို ကူးစက္မႈႏႈန္းျမင့္မားေနတဲ့အခ်ိန္မွာ ျပည္သူေတြအတြက္ က်န္းမာေရးေစာင့္ ေရွာက္မႈကို အထိေရာက္ဆုံးေပးႏိုင္တဲ့ ျပည္သူ႔ေဆး႐ုံေတြမွာ လူသားအရင္းအျမစ္ ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီလိုျဖစ္ေအာင္လည္း မဲမသမာမႈေၾကာင့္ ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ NLD အစြန္းေရာက္ေတြနဲ႔ အဲဒီပါတီကိုေထာက္ခံသူ အစြန္းေရာက္ေတြက က်န္းမာေရးဝန္ထမ္းေတြကို လႈံ႕ေဆာ္ခဲ့တာျဖစ္ပါတယ္။ လူ႔အဖြဲ႕အစည္းအတြင္း ဒီလို ကူးစက္မႈျမင့္တက္ေနခ်ိန္မွာ ေရာဂါပိုးစစ္ေဆး အတည္ျပဳေရးနဲ႔ ကုသေရးေတြမွာ လူနာနဲ႔ က်န္းမာေရးဝန္ထမ္းအင္အား အဆမတန္မညီမွ်မႈက ျမန္မာႏိုင္ငံအတြက္ ကိုဗစ္တတိယလႈိင္းရဲ႕ ႀကီးမားသည့္ စိန္ေခၚမႈပင္ျဖစ္ပါတယ္။ ဒီလိုစိန္ေခၚမႈေတြၾကားက ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးမွာ ေရွ႕တန္းက်က် ပါဝင္ေဆာင္႐ြက္ေနၾကတဲ့ တာဝန္သိက်န္းမာေရးဝန္ထမ္းမ်ား၊ ေစတနာ့ဝန္ထမ္း(Volunteer) မ်ား၊ လူမႈအဖြဲ႕အစည္း မ်ားနဲ႔ အလႉရွင္မ်ားကို အထူးပင္ ေက်းဇူးတင္အသိအမွတ္ျပဳပါေၾကာင္း ေျပာၾကားလို ပါတယ္။ တစ္ဆက္တည္းမွာပဲ မသမာသူမ်ားရဲ႕လႈံ႕ေဆာ္မႈေၾကာင့္ CDM မွာပါဝင္ သြားၾကတဲ့ က်န္းမာေရးဝန္ထမ္းမ်ားအေနနဲ႔ ဆူပူလႈပ္ရွားမႈနဲ႔ လႈံ႕ေဆာ္မႈမ်ားမွာ ဦးစီး ဦးေဆာင္ ပါဝင္ခဲ့သူမ်ားမဟုတ္ရင္ ပုဒ္မ ၅၀၅ နဲ႔ ပတ္သက္လို႔ ေျဖေလွ်ာ့ေပးမည္ ျဖစ္ေၾကာင္း ေျပာခဲ့ၿပီးျဖစ္ပါတယ္။ အခုကိစၥဟာ ႏိုင္ငံေရးကိစၥ မဟုတ္ပါဘူး။ လူမႈေရး ကိစၥ၊ လူ႔အသက္နဲ႔ဆိုင္တဲ့ကိစၥျဖစ္ပါတယ္။

စိန္ေခၚမႈေတြ ဘယ္လိုပဲရွိေနပါေစ ကြၽန္ေတာ့္အေနနဲ႔ အခက္အခဲအတား အဆီးအမ်ိဳးမ်ိဳး ၾကားက ျပည္သူလူထု ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းကို ေက်ာ္ ျဖတ္ႏိုင္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

ယခုလို တတိယလႈိင္းစတင္တဲ့အခါ ေရွ႕လႈိင္းေတြမွာ အေတြ႕အႀကဳံရွိထားတာက အားသာခ်က္ ဟုဆိုရမွာျဖစ္ပါတယ္။ အနည္းဆုံးေတာ့ ေရာဂါပိုးရဲ႕ကူးစက္ပုံကို သိရွိထားၿပီးျဖစ္ပါတယ္။ ကာကြယ္ထိန္းခ်ဳပ္ ကုသနည္းေတြကိုလည္း အကြၽမ္းဝင္ထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆးထိုးႏွံမႈကိုလည္း ရာခိုင္ႏႈန္းတစ္ခုအထိ ေဆာင္႐ြက္ ထားႏိုင္တဲ့အတြက္ ကူးစက္မႈအရွိန္ကို အထိုက္အေလ်ာက္ တန႔္ေစႏိုင္ခဲ့ပါတယ္။ အခုလို သဘာဝေဘးနဲ႔ပတ္သက္ၿပီးေတာ့ အစိုးရယႏၲရားက ဟိုယခင္ကလို ထိန္းခ်ဳပ္ ကန႔္သတ္မႈနဲ႔ ဗဟိုခ်ဳပ္ကိုင္မႈေတြမရွိေတာ့ဘဲ သက္ဆိုင္ရာေဒသအလိုက္ အဆင့္ဆင့္ ေသာ အစိုးရဌာန အဖြဲ႕အစည္းအသီးသီးကို လြတ္လပ္စြာလုပ္ကိုင္ေဆာင္႐ြက္ခြင့္ ျပဳထားတဲ့အတြက္ တုံ႔ျပန္ေဆာင္႐ြက္မႈေတြ ျမန္ဆန္လာတာကိုလည္း ေတြ႕ရွိရမွာျဖစ္ပါ တယ္။ ဥပမာအားျဖင့္ ယခင္က Mask ၅ သန္းကို သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြကို ျဖန႔္ေဝဖို႔အတြက္ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ယူခဲ့ရေပမယ့္ ယခုေတာ့ တပ္မေတာ္ေလယာဥ္ေတြကို အသုံးျပဳၿပီး Mask ၁၂ သန္းကို ခ်က္ခ်င္း ျဖန႔္ေဝႏိုင္ခဲ့ပါတယ္။ အခုလည္း လစဥ္ ၁၂ သန္း ျဖန႔္ေဝသြားမွာျဖစ္ပါတယ္။ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနနဲ႔လည္း ကိုဗစ္ကုသေရးမွာလိုအပ္တဲ့ Oxygen Concentrator ေတြ၊ Liquid Oxygen အပါအဝင္ ေဆးနဲ႔ေဆးပစၥည္းေတြ တင္သြင္းမႈအတြက္ FDA ေထာက္ခံခ်က္နဲ႔ သြင္းကုန္ လိုင္စင္ေလွ်ာက္ထားဖို႔ မလိုတဲ့အျပင္ အခြန္ေတြကို ေျဖေလွ်ာ့ခြင့္ျပဳေပးထားၿပီးျဖစ္ပါတယ္။ ကူးစက္မႈကြင္းဆက္ ျဖတ္ေတာက္ ႏိုင္ဖို႔အတြက္ ကန႔္သတ္တားျမစ္မႈ(community restriction)ေတြ သတ္မွတ္ေဆာင္႐ြက္ ရသလို တစ္ဖက္မွာလည္း ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ကာလရွည္ ႏိုင္ငံ့စီးပြားေရး နစ္နာခဲ့ရမႈေတြနဲ႔ ျပည္သူေတြရဲ႕ လူမႈစီးပြားဘဝေတြ ျပန္လည္ဦးေမာ့လာေအာင္ ခ်ိန္ဆၿပီး လုပ္ေဆာင္ေနရတာလည္းရွိေနပါတယ္။

ေစာေစာစစ္၊ ေစာေစာေတြ႕၊ ေစာေစာခြဲထုတ္ႏိုင္ျခင္းက ေရာဂါကူးစက္မႈ ကြင္းဆက္ ျဖတ္ေတာက္ႏိုင္ေရးအတြက္ေရာ၊ လူနာေတြအတြက္ပါ လုပ္ေဆာင္ရမယ့္ အခ်က္ျဖစ္ ပါတယ္။ ပိုးေတြ႕လူနာေတြကို သူတို႔ရဲ႕ ေရာဂါလကၡဏာေတြအရ သင့္ေတာ္မယ့္ ကိုဗစ္-၁၉ ကုသမႈစင္တာေတြကို လႊဲေျပာင္းကုသမႈေပးႏိုင္ဖို႔ အခ်ိန္နဲ႔တစ္ေျပးညီ ျပင္ဆင္ ေဆာင္႐ြက္ထားရွိပါတယ္။ ျပည္သူလူထုအေနနဲ႔လည္း ေရာဂါကူးစက္ခံရမႈ သံသယ ရွိတယ္ဆိုရင္ ေနအိမ္မွာ ေဆးၿမီးတိုနဲ႔က်ိတ္ၿပီးကုသျခင္းမျပဳဘဲ နီးစပ္ရာ ေဒသႏၲရ က်န္းမာေရးဌာနေတြကို သြားေရာက္စစ္ေဆးမႈခံယူၿပီး အဲဒီေနရာေတြကတစ္ဆင့္ သင့္ေတာ္တဲ့ ကိုဗစ္ကုသမႈစင္တာေတြကို ဆက္လက္လႊဲေျပာင္းေပးမွာျဖစ္လို႔ ျပည္သူ ေတြအေနနဲ႔ မွန္မွန္ကန္ကန္ သတင္းပို႔ေဆာင္႐ြက္သြားေစလိုပါတယ္။ တပ္မေတာ္ အေနနဲ႔ ကိုဗစ္-၁၉ လူနာလက္ခံကုသဖို႔ေနရာ ၁၂၇၈ ခုမွာ လူဦးေရ ၃၉၀၀၀ ဦး လက္ခံကုသႏိုင္ဖို႔ ျပင္ဆင္ထားရွိသလို အရပ္ဘက္အေနနဲ႔လည္း ၁၄၅၃ ေနရာမွာ လူဦးေရ ၇၁၅၀၀ ဦး လက္ခံႏိုင္ဖို႔ ျပင္ဆင္ထားရွိၿပီးျဖစ္ပါတယ္။ community COVID positive Center ေတြကို လိုအပ္ခ်က္ရွိသေလာက္ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ဖို႔ ေဆာင္႐ြက္ေပး သြားပါမယ္။

ေအာက္ဆီဂ်င္ကေတာ့ ကိုဗစ္-၁၉ ကုသဖို႔အတြက္ မရွိမျဖစ္အေရးႀကီးလွပါတယ္။ အဲ့ဒီမွာအေရးႀကီးတာက ေအာက္ဆီဂ်င္သုံးစြဲရာမွာ ဆရာဝန္မ်ားရဲ႕ ၫႊန္ၾကားခ်က္နဲ႔ အညီသာ သုံးစြဲသင့္ပါတယ္။ ဒါကိုလည္း အခ်ိန္မီျဖည့္ဆည္းေပးႏိုင္ဖို႔ ႏိုင္ငံေတာ္အစိုးရ အေနနဲ႔ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိပါတယ္။ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေအာက္ဆီဂ်င္ စက္႐ုံေတြ၊ တပ္မေတာ္ေဆး႐ုံေတြ၊ အရပ္ဘက္ေဆး႐ုံေတြမွာရွိတဲ့ ေအာက္ဆီဂ်င္ စက္႐ုံေတြ၊ ပုဂၢလိကေအာက္ဆီဂ်င္စက္႐ုံေတြမွာ ေအာက္ဆီဂ်င္ထုတ္လုပ္မႈကို စဥ္ဆက္ မျပတ္ monitor ျပဳလုပ္ၿပီး အမွန္တကယ္လိုအပ္ေနတဲ့ ေဆး႐ုံ/ကုသမႈ စင္တာေတြကို ျဖန႔္ျဖဴးေပးႏိုင္ဖို႔ အေလးထားေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ အကန႔္အသတ္ ရွိလာသလို အသုံးမ်ားလာတဲ့အေနအထားမွာ ထိထိေရာက္ေရာက္ျဖစ္ေအာင္ စီမံခန႔္ခြဲေပးႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ထပ္မံၿပီးေတာ့ ေအာက္ဆီဂ်င္ကို အခ်ိန္တိုအတြင္း မ်ားမ်ားနဲ႔ အရည္အေသြးမီမီ ထုတ္လုပ္ႏိုင္ဖို႔အတြက္ liquid oxygen ထုတ္လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါတယ္။ liquid oxygen ကို ရန္ကုန္၊ မႏၲေလး စတဲ့ ကိုဗစ္-၁၉ ျဖစ္ပြားမႈျမင့္မားႏိုင္တဲ့ ေနရာေတြမွာ အျမန္ဆုံးေဆာင္႐ြက္ေပးႏိုင္ေရး လုပ္ေဆာင္လ်က္ ရွိပါတယ္။ ျပည္သူ႔ေဆး႐ုံမ်ား၊ က်န္းမာေရးဌာနမ်ား၊ တပ္မေတာ္ေဆး႐ုံမ်ားနဲ႔ ႏိုင္ငံပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ားမွာ တိုးခ်ဲ႕တပ္ဆင္လ်က္ရွိရာ ယခုႏွစ္စက္တင္ဘာလအတြင္းမွာ ျပည္သူ႔ ေဆး႐ုံမ်ား၊ က်န္းမာေရးဌာနမ်ားရဲ႕ ေအာက္ဆီဂ်င္လိုအပ္ခ်က္ေတြကို ျပည့္ဝစြာ ျဖည့္ဆည္းေပးသြားႏိုင္မွာျဖစ္ပါတယ္။

ကူးစက္မႈကာကြယ္ေရးနဲ႔ ျပန႔္ပြားမႈႏႈန္း ေလ်ာ့က်ဖို႔အတြက္ ျပည္သူေတြအေနနဲ႔ ကိုဗစ္ ကာကြယ္ေဆးေတြကို အႀကိမ္ေရျပည့္ေအာင္ စနစ္တက်ထိုး ႏွံဖို႔လည္းလိုအပ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္မွ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၂၁ ရက္အထိ ျပည္နယ္နဲ႔တိုင္းေဒသႀကီး အားလုံးမွာ ကာကြယ္ေဆးထိုးႏွံေပးခဲ့တဲ့အခါမွာ လူဦးေရ ၁၈၂၅၆၄၂ ဦး(တစ္သန္း ရွစ္သိန္းေက်ာ္) (ဦးတည္လူဦးေရရဲ႕ ၆.၀၈%) ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးႏွံေပးႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဆက္လက္ၿပီး ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ေတြကို မ်ားမ်ားနဲ႔ျမန္ျမန္ ထိုးႏွံေပးႏိုင္ေအာင္လည္း စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ အစိုးရအေနနဲ႔ ကာကြယ္ေဆးေတြရရွိဖို႔အတြက္ ဆက္လက္ညႇိႏႈိင္းဝယ္ယူဖို႔ ေဆာင္႐ြက္ လ်က္ရွိသလို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ဝယ္ယူထားတဲ့ ကာကြယ္ေဆးအေရအတြက္ ၄ သန္းအနက္ အခု ဇူလိုင္လ စတုတၳပတ္မွာ ၃ သန္းေရာက္ရွိခဲ့ၿပီးျဖစ္သလို ေဆးထိုးလုပ္ငန္းမ်ား အျမန္ေဆာင္႐ြက္ေနပါတယ္။ ေနာက္ထပ္ကာကြယ္ေဆး ၃ သန္း ကလည္း ၾသဂုတ္လအတြင္း ေရာက္ရွိလာမွာျဖစ္လို႔ ရရွိလာမယ့္ကာကြယ္ေဆးမ်ားကို ဦးတည္အုပ္စုေတြနဲ႔ ဦးစားေပးအစီအစဥ္အလိုက္ စနစ္တက်ထိုးႏွံေပးႏိုင္ဖို႔ စီစဥ္ ေဆာင္႐ြက္ထားရွိၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုရွားႏိုင္ငံကဝယ္ယူထားတဲ့ ကာကြယ္ေဆး ၂ သန္းဟာလည္း အသုတ္လိုက္ ေရာက္ရွိလာမွာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွ ရရွိရန္ က်န္ရွိေနတဲ့ ကာကြယ္ေဆးမ်ား ရရွိေရးအတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း ေျပာလိုပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ကပ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြမွာ ပူးေပါင္း ေဆာင္႐ြက္ေနၾကတဲ့ႏိုင္ငံေတြ၊ အဖြဲ႕အစည္း ေတြကို လည္း အထူးေက်းဇူးတင္ပါေၾကာင္း နဲ႔ မိတ္ေဆြႏိုင္ငံေတြ၊ အဖြဲ႕အစည္းေတြ အားလုံးကို ဆက္လက္ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္။ ျမန္မာျပည္တြင္းမွာပဲ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီႏွစ္ကုန္ပိုင္းမွာဆိုရင္ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ကာကြယ္ေဆးလႊမ္းၿခဳံမႈ ၅၀ ရာခိုင္ႏႈန္းရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ ကိုဗစ္-၁၉ ကူးစက္မႈဟာ ကမာၻ႔ေဒသအသီးသီးမွာ ႀကီးမား က်ယ္ျပန႔္စြာ ျဖစ္ေနတဲ့အတြက္ ကာကြယ္ေရးနဲ႔ ကုသေဆးမ်ား ရရွိေရးကိုလည္း ႏိုင္ငံတိုင္းက ႀကိဳးစားေနရပါတယ္။ ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႔ မိမိၿမိဳ႕နယ္၊ ေဒသအတြင္း အခုလိုကာကြယ္ ေဆးထိုးႏွံျခင္းေတြေဆာင္႐ြက္ေနခ်ိန္မွာ က်န္းမာေရး အသိရွိရွိနဲ႔ သြားေရာက္ထိုးႏွံ ၾကဖို႔လည္း အသိေပးလိုပါတယ္။

တိုင္းရင္းသားျပည္သူမ်ားခင္ဗ်ာ ျပည္သူလူထုအတြင္း ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ ကုသေရးနဲ႔ပတ္သက္တဲ့ အေလးထားမႈနဲ႔ ပူးေပါင္းပါဝင္မႈေတြ ေလ်ာ့နည္း လာျခင္းရဲ႕ အဓိကအေၾကာင္းအရင္း ေတြထဲမွာ လူမႈကြန္ရက္ကတစ္ဆင့္ မဟုတ္ မမွန္တဲ့ အဖ်က္အေမွာင့္သတင္းေတြ ေရးသားျဖန႔္ေဝျခင္းကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ေဈးကြက္အတြင္း က်န္းမာေရး အေထာက္အကူျပဳပစၥည္းေတြ ေဈးႏႈန္းျမင့္တက္လာ ေစဖို႔နဲ႔ ျပည္သူလူထုၾကား စိုးရိမ္မႈႀကီးထြားေစဖို႔ရည္႐ြယ္ခ်က္နဲ႔ လူမႈကြန္ရက္ေပၚမွာ ႐ုံးစာအတုေတြ ေရးသားျဖန႔္ခ်ိေနသလို ေဆး႐ုံေတြက လူနာေတြကို လက္မခံဘဲႏွင္ထုတ္ ေနတယ္၊ ေအာက္ဆီဂ်င္ေတြကို ထပ္မံတင္သြင္းျခင္းမျပဳဖို႔ အစိုးရကပိတ္ပင္လိုက္တယ္၊ အသစ္ ေရာက္တဲ့ကာကြယ္ေဆးေတြကို ကမာၻကအသိအမွတ္မျပဳဘူး၊ ထိုးရင္ အႏၲရာယ္ရွိ ႏိုင္တယ္ စသျဖင့္ မဟုတ္မမွန္တဲ့ သတင္းေတြကို ေရးသားျဖန႔္ေဝေနတာကိုေတြ႕ပါ တယ္။ တစ္ေက်ာ့ျပန္ ကူးစက္မႈေတြျမင့္တက္လာခ်ိန္မွာ ကာကြယ္ေဆးထိုးျခင္း၊ လူထူထပ္တဲ့ ေနရာေတြ သြားေရာက္တာကို တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ျခင္း၊ တစ္ဦးခ်င္း ခပ္ခြာခြာ ေနထိုင္ျခင္း၊ Mask နဲ႔ Face Shield ေတြတပ္ဆင္ျခင္း၊ လက္ကိုမၾကာခဏ ေဆးေၾကာျခင္းေတြကို အရွိန္တိုးျမႇင့္ လုပ္ေဆာင္ရမယ့္အစား က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ထိန္းခ်ဳပ္ကာကြယ္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြနဲ႔ ကိုဗစ္ေရာဂါ စည္းကမ္း ခ်က္ေတြကို မလိုက္နာၾကဖို႔၊ ကာကြယ္ေဆးမထိုးၾကဖို႔နဲ႔ လူထုၾကားမွာ အမ်ိဳးမ်ိဳးေသာ စုေဝးမႈေတြ ျဖစ္ေပၚလာေအာင္ ဆင္ျခင္တုံကင္းမဲ့စြာ၊ အႀကံပက္စက္စြာ စည္း႐ုံး လႈံ႕ေဆာ္ေနမႈေတြက ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို တိုက္႐ိုက္ၿခိမ္းေျခာက္ တာျဖစ္သလို ကိုဗစ္- ၁၉ ေရာဂါကို လက္နက္သဖြယ္အသုံးျပဳလာတဲ့ ဇီဝအၾကမ္းဖက္တဲ့ Bioterrorism သေဘာတရားပင္ျဖစ္ပါတယ္။ ဒီနည္းနဲ႔ မိမိတို႔ရဲ႕ ႏိုင္ငံေရးလိုဘကို ျဖည့္ဆည္းျခင္းဟာ ဘာသာေရးအရဆိုရင္လည္း အင္မတန္ အက်ည္းတန္တဲ့ လုပ္ရပ္ပဲ ျဖစ္ပါတယ္။ က်န္းမာေရးျပႆနာေတြက ေနတစ္ဆင့္ ႏိုင္ငံအတြင္း မတည္ၿငိမ္မွေတြ ျဖစ္ေပၚေအာင္ လမ္းေၾကာင္းေပး လႈံ႕ေဆာ္ေနတာျဖစ္တဲ့အတြက္ လူမႈကြန္ရက္ေပၚက အဖ်က္ အေမွာင့္လုပ္ရပ္ေတြကို ထိန္းခ်ဳပ္ဖို႔ဆိုတာကလည္း ႀကီးမားတဲ့စိန္ေခၚမႈ တစ္ခုပဲ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့တဲ့ ဆူပူဆႏၵျပမႈမ်ားဟာ သာမန္ ဆႏၵျပရာကတစ္ဆင့္ မင္းမဲ့စ႐ိုက္ဆန္စြာ အၾကမ္းဖက္ဆႏၵျပမႈကေန လက္နက္ကိုင္ တိုက္ခိုက္လာတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ အျပစ္မဲ့ျပည္သူမ်ားကို အလစ္ေခ်ာင္းေျမာင္း သတ္ျဖတ္မႈေတြျပဳလုပ္ခဲ့ပါတယ္။ ဘာလို႔ ျပည္သူကိုသတ္တာပါလဲ။ ဘာေၾကာင့္ ေအးခ်မ္းစြာေနတဲ့ ျပည္သူေတြကို တိုက္ခိုက္တာပါလဲ။ ဒါကို လက္ခံလို႔မရပါဘူး။ အၾကမ္းဖက္ဆူပူဆႏၵျပမႈကို သူ႔ဥပေဒနဲ႔အညီ တုံ႔ျပန္အေရးယူရမွာက ႏိုင္ငံတကာ က်င့္စဥ္အတိုင္းပါပဲ။ ေသေစေလာက္တဲ့ လက္နက္၊ မိုင္းမ်ား အသုံးျပဳ တိုက္ခိုက္တာ ကိုလည္း ျပဳလုပ္၍မရေအာင္ တုံ႔ျပန္အေရးယူ ေဆာင္႐ြက္ရမွာပဲျဖစ္ပါတယ္။ ယခုအခါ အနည္းငယ္ေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားမွအပ ႏိုင္ငံတစ္ဝွမ္း တည္ၿငိမ္မႈရွိေနၿပီ ျဖစ္ပါတယ္။ EAo ေတြအတြက္ သတ္မွတ္ထားတဲ့ေနရာမ်ားမွအပ က်န္ေနရာမ်ား လုံးဝ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ျမန္မာႏိုင္ငံအႏွံ႔မွာ ျဖစ္ေပၚလ်က္ရွိတဲ့ အမ်ိဳးမ်ိဳးေသာ စုေဝးမႈေတြက ျမန္ႏႈန္းျမင့္ ဗီဇကြဲကူးစက္မႈကို ပံ့ပိုးေပးေနသလိုျဖစ္ေနပါတယ္။ အဲဒီလို လူအမ်ားစုေဝးမႈျဖစ္ေပၚ ေစဖို႔အတြက္လည္း လူမႈကြန္ရက္ကတစ္ဆင့္ နည္းလမ္းမ်ိဳးစုံနဲ႔ လႈံ႕ေဆာ္မႈေတြ ေဆာင္႐ြက္ေနတာကိုလည္းေတြ႕ရပါတယ္။ ကမာၻႀကီးဟာ ကပ္ေရာဂါ အမ်ိဳးမ်ိဳးကို ေရွးယခင္ကပင္ ေအာင္ျမင္စြာျဖတ္ေက်ာ္ႏိုင္ခဲ့ဖူးၿပီး ျဖစ္ပါတယ္။ ပလိပ္ေရာဂါ၊ ေက်ာက္ႀကီးေရာဂါ စတဲ့ ယခင္ျဖစ္ပြားၿပီးခဲ့တဲ့ကမာၻ႔ကပ္ ေရာဂါ အမ်ိဳးမ်ိဳးဟာ ယေန႔ေခတ္ေဆးပညာ တိုးတက္မႈအေျခအေနေတြမွာ ထိန္းခ်ဳပ္ရ လြယ္ကူ ေပမယ့္ ကိုဗစ္-၁၉ ေရာဂါက အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္တဲ့အတြက္ အသက္ရႉတိုင္း၊ ရႉတိုင္း ကူးစက္ႏိုင္ေျခေတြရွိေနမွာျဖစ္ပါတယ္။ လူအမ်ားရဲ႕ ပူးေပါင္း ပါဝင္မႈမရွိဘူးဆိုရင္ ကာကြယ္ထိန္းခ်ဳပ္ဖို႔ဆိုတာ ခက္ခဲမယ့္ေရာဂါမ်ိဳးျဖစ္ တဲ့အတြက္ ဖြံ႕ၿဖိဳးၿပီးနဲ႔ဖြံ႕ၿဖိဳးဆဲ ကမာၻ႔ႏိုင္ငံႀကီးေတြမွာေတာင္ ကိုဗစ္-၁၉ ေရာဂါကို အသာစီးက ထိန္းခ်ဳပ္ ကာကြယ္ကုသႏိုင္တာ မရွိေသးတာကို ေတြ႕ရမွာျဖစ္ပါတယ္။

က်န္းမာေရးစနစ္ အားေကာင္းတဲ့ အေမ ရိကန္ႏိုင္ငံက ေဆး႐ုံေတြမွာေတာင္ ခုတင္ ေနရာ မလုံေလာက္တာေတြ၊ အသက္ရႉစက္နဲ႔ ေလသန႔္စက္ ျပတ္ေတာက္တာေတြျဖစ္ခဲ့လို႔ ေနာက္ဆုံး မိမိေနအိမ္မွာပဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကုသၾကရတဲ့အေျခအေန အထိ ေရာက္ရွိခဲ့ၾကပါတယ္။ ေအာက္ဆီဂ်င္ ျပႆနာဆိုတာကလည္း Outbreak ျဖစ္တဲ့ ႏိုင္ငံတိုင္း မလႊဲမေရွာင္သာႀကဳံေတြ႕ရ မယ့္အခက္အခဲျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕အိမ္နီး ခ်င္းႏိုင္ငံျဖစ္တဲ့ အိႏၵိယနဲ႔ အင္ဒိုနီးရွားတို႔မွာလည္းပဲ အလူးအလဲ ရင္ဆိုင္ေနၾကရတာကို ေတြ႕ရွိရပါတယ္။

ယေန႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအစိုးရဟာ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ ကာကြယ္ ကုသေရးနဲ႔ပတ္သက္ၿပီး တတ္စြမ္းသမွ်ေဆာင္႐ြက္ဖို႔ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္မွာ ထည့္သြင္း ေဖာ္ျပထားၿပီးျဖစ္ပါတယ္။ ကပ္ေရာဂါစီမံခန႔္ခြဲေရးနဲ႔ ပတ္သက္တဲ့ လုပ္ထုံးလုပ္နည္းေတြ၊ ကန႔္သတ္မႈေတြကို တတ္စြမ္းသမွ် ေျဖေလွ်ာ့ေပးထားၿပီျဖစ္သလို လိုအပ္တဲ့ ျပင္ဆင္ မႈေတြကိုလည္း ေဆာင္႐ြက္လ်က္ရွိပါတယ္။ ျပည္သူလူထုအတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈကြင္းဆက္ ျဖတ္ေတာက္ႏိုင္ဖို႔အတြက္ အမ်ားျပည္သူ႐ုံးပိတ္ရက္ေတြနဲ႔ကိုက္ညႇိ ၿပီးေတာ့ ဇူလိုင္လ ၁၇ ရက္မွ ၾသဂုတ္လ ၁ ရက္ေန႔အထိ တစ္ဆက္တစ္စပ္တည္း ႐ုံးပိတ္ ရက္ရွည္အျဖစ္သတ္မွတ္ၿပီး ကူးစက္မႈ ကြင္းဆက္ျဖတ္ေတာက္ႏိုင္ဖို႔ စီမံေဆာင္႐ြက္ခဲ့ ရာမွာ ႏိုင္ငံေရးအစြန္းေရာက္ အဖ်က္သမားအခ်ိဳ႕မွအပ ျပည္သူလူထုတစ္ရပ္လုံးက ဝိုင္းဝန္းကူညီေဆာင္႐ြက္ခဲ့တာဟာ ကြၽန္ေတာ္တို႔ျပည္သူလူထုရဲ႕ စြမ္းအား၊ ခ်ီးက်ဴးဖြယ္ ေကာင္းတဲ့လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ ဇူလိုင္လ ၂၃ ရက္ေန႔က စလို႔ ျဖစ္ပြားမႈႏႈန္းဟာ ၄၀ .၈၂ ရာခိုင္ႏႈန္း ကေန ၂၉ ရက္ေန႔မွာ ၃၄.၇၅ ရာခိုင္ႏႈန္း အထိက်ဆင္းလာပါတယ္။ ဒါကို ဒီထက္ ပိုက်ဆင္းေရး ေဆာင္႐ြက္ဖို႔လိုပါတယ္။ ေရာဂါကြင္းဆက္ကို ထိထိ ေရာက္ေရာက္ ျဖတ္ေတာက္ႏိုင္ဖို႔ ေနာက္ထပ္တစ္ပတ္ ထပ္မံၿပီး ႐ုံးပိတ္ရက္ရွည္ ေၾကညာပါမယ္။ ဒီလိုေဆာင္႐ြက္ရာမွာလည္း စီးပြားေရးလုပ္ငန္းေတြ၊ ကုန္ထုတ္လုပ္ငန္း ေတြ မထိခိုက္ေစ ဖို႔ေဆာင္႐ြက္သြားပါမယ္။ ကြၽန္ေတာ္တို႔ ျပည္သူလူထုနဲ႔ အတူရွိေနမယ္။ ျပည္သူလူထုကို စြမ္းအားျပည့္ကာကြယ္ေပးမယ္။ အားလုံးလက္တြဲညီညီ စုေပါင္း ေဆာင္႐ြက္ေပးျခင္းျဖင့္ ဒီကပ္ေရာဂါကို ျမန္မာေတြ ေအာင္ႏိုင္ရမယ္လို႔ ေလးနက္စြာ ေျပာၾကားလိုပါတယ္။

တိုင္းရင္းသားျပည္သူမ်ားခင္ဗ်ာ

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္တာဝန္ေတြ ထမ္းေဆာင္ရာမွာ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္ ခ်မွတ္ၿပီး ေဆာင္႐ြက္လ်က္ရွိပါတယ္။ ကမာၻမွာ လူဦးေရသန္း ၇၀၀၀ ခန႔္ရွိၿပီး စား၊ ေရ၊ ရိကၡာ လိုအပ္ခ်က္ဟာ ျမင့္မားေန ဆဲျဖစ္ပါတယ္။ အခုလို ကမာၻ႔ကပ္ေရာဂါ ကာလမွာလည္း အျခားဝန္ေဆာင္မႈ လုပ္ငန္းေတြကို ေလွ်ာ့ခ် ႏိုင္ေပမယ့္ စားေသာက္ေရးကိစၥေတြကေတာ့ ရွိေန၊ လိုအပ္ေနဆဲျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔အေနနဲ႔ အသုံးခ်ႏိုင္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ စိုက္ပ်ိဳး၊ ေမြးျမဴေရးကိုအေျခခံတဲ့ စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနရတဲ့ ေက်းလက္ေန ျပည္သူလူထု ၇၀ ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့ ႏိုင္ငံပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမွာ အထြက္ႏႈန္းတိုးေစဖို႔ အေျခခံလိုအပ္ခ်က္ ေတြျဖစ္တဲ့ “မ်ိဳး၊ ေျမ၊ ေရ၊ နည္း” ဆိုတဲ့ မ်ိဳးေကာင္းမ်ိဳးသန႔္ေတြရရွိဖို႔၊ သဘာဝေျမၾသဇာ၊ ဓာတ္ေျမၾသဇာတို႔ေပါင္းစပ္ၿပီး ေကာင္းမြန္တဲ့ စိုက္ပ်ိဳးေျမမ်ား ေဖာ္ထုတ္ ေပးတာတို႔၊ စိုက္ပ်ိဳးေရရရွိေအာင္ ေဆာင္႐ြက္ေပးတာတို႔၊ ေကာင္းမြန္တဲ့စိုက္နည္း စနစ္ေတြရရွိေအာင္ ေဆာင္႐ြက္ေပးတာေတြကို လုပ္ေဆာင္ေပးလ်က္ရွိပါတယ္။ ေမြးျမဴေရးလုပ္ငန္းမ်ား အေနနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ေဒသအမ်ားစုမွာ ေမြးျမဴလို႔ရတဲ့ ၾကက္၊ ဝက္၊ ဆိတ္၊ ႏြား၊ ငါး စတဲ့ေမြးျမဴေရး လုပ္ငန္းေတြကို အားေပးေဆာင္႐ြက္သြားရပါမယ္။ အေရးႀကီးတာက စနစ္က်နတဲ့ ေမြးျမဴေရးစနစ္ျဖစ္ဖို႔ပါပဲ။ ျမစိမ္းေရာင္ အသားက႑ ေမြးျမဴေရးေက်း႐ြာ ထူေထာင္ျခင္း၊ မ်ိဳးေကာင္းမ်ိဳးသန႔္ေမြးျမဴေရး တိရစာၦန္မ်ားထုတ္လုပ္ျခင္း၊ ႏိုင္ငံအတြင္း ထြက္ရွိတဲ့ကုန္ၾကမ္းမ်ားကို အသုံးျပဳၿပီး ေမြးျမဴေရးအစာ လုံေလာက္စြာထုတ္လုပ္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္သြားရပါမယ္။ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေတြ တိုးခ်ဲ႕ ေဆာင္႐ြက္ေနေပမယ့္ လိုအပ္ခ်က္ေတြရွိ ေနပါေသးတယ္။ ဥပမာဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ခ်ည္မွ်င္နဲ႔အထည္လုပ္ငန္းမွာ ႏွစ္စဥ္ ျပည္ပကတင္သြင္းရတဲ့ ခ်ည္မွ်င္နဲ႔အထည္ ေဒၚလာ သန္း ၁ ေထာင္ေက်ာ္ဖိုးခန႔္ရွိပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဝါစိုက္ပ်ိဳးႏိုင္ တဲ့ ေျမ၊ ေရ၊ရာသီဥတုေတြရွိၿပီးျဖစ္ပါတယ္။ လုပ္လည္းလုပ္ႏိုင္ပါတယ္။ လုပ္လည္းလုပ္ခဲ့ပါတယ္။ ဝတ္ေရးဟာလည္း လူတိုင္းအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ျပည္တြင္းမွာ ဝါစိုက္ပ်ိဳးထုတ္လုပ္မႈ အားေပးေရး၊ ခ်ည္မွ်င္နဲ႔အထည္လုပ္ငန္း မ်ားအားေပးရပါမယ္။ ျမစ္ေရတင္စီမံကိန္းေတြ၊ ဆည္ေရေသာက္စီမံကိန္းမ်ား၊ ဝါ စိုက္ပ်ိဳးေရးတိုးခ်ဲ႕သြား ရပါမယ္။ အလားတူ စားအုန္းဆီတင္သြင္းေနရတာေတြ၊ ႏို႔ထြက္ပစၥည္းတင္သြင္း ေနရတာေတြကို ျပည္တြင္းမွာပဲ ဖူလုံေအာင္ျပဳလုပ္ၿပီး ေဆာင္႐ြက္သြားၾကရပါမယ္။ တနသၤာရီတိုင္းေအာက္ပိုင္း ၿမိတ္၊ ဘုတ္ျပင္း၊ ေကာ့ေသာင္းေဒသေတြမွာ ဆီအုန္း အျပည့္အဝ တိုးခ်ဲ႕စိုက္ပ်ိဳးေရး၊ ႏွမ္း၊ ေျမပဲသာမက မုန္ညင္း၊ ေနၾကာ၊ ပန္းႏွမ္း စတဲ့ ဆီထြက္သီးႏွံမ်ား တိုးခ်ဲ႕စိုက္ပ်ိဳးေရး၊ အထြက္ႏႈန္းတိုးေရးလုပ္ၾကရပါမယ္။ ရာသီဥတုနဲ႔ ေျမအေျခအေန ေကာင္းတဲ့ေနရာမ်ားမွာ ႏို႔စားႏြားေမြးျမဴ ေရးမ်ားေဆာင္႐ြက္ၿပီး ႏို႔ထြက္ပစၥည္း ျပည္တြင္းမွာလုံေလာက္ၿပီး ပိုလွ်ံေအာင္ ေဆာင္႐ြက္ႏိုင္ပါတယ္။ “ျပည္တြင္းျဖစ္ကို အားေပးပါ” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ား၊ ျပည္တြင္းထုတ္ကုန္ပစၥည္းမ်ားကို အားေပးၾကဖို႔လိုပါတယ္။ ျပည္တြင္းမွာ အလုပ္အကိုင္ အခြင့္အလမ္းမ်ားေဖာ္ထုတ္ျခင္းျဖင့္ အလုပ္အကိုင္ အခက္အခဲေၾကာင့္ ျပည္ပသို႔ထြက္ခြာ အလုပ္လုပ္ေနရသူမ်ားအတြက္ အလုပ္အကိုင္မ်ားရရွိေစႏိုင္မွာ ျဖစ္ပါတယ္။ စက္သုံးဆီ မ်ား သုံးစြဲမႈေလွ်ာ့ခ်ႏိုင္ေရး၊ အျခားစြမ္းအင္အရင္းအျမစ္မ်ား အသုံးျပဳႏိုင္ေရးတို႔ကို ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ စိုက္ပ်ိဳး၊ ေမြးျမဴေရး လုပ္ငန္းေတြကို အဓိကထား လုပ္ကိုင္ေနတဲ့ႏိုင္ငံျဖစ္ေပမယ့္ စိုက္ပ်ိဳးေရး တကၠသိုလ္ တစ္ခုနဲ႔ ေမြးျမဴေရးနဲ႔ ေဆးကုသေရးတကၠသိုလ္တစ္ခုသာရွိပါတယ္။ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းေတြကို နည္းစနစ္တက်၊ ေခတ္မီေအာင္ေဆာင္႐ြက္ႏိုင္ဖို႔ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာရွိတဲ့ စိုက္ပ်ိဳး၊ ေမြးျမဴေရး ေက်ာင္းေတြကို သိပၸံ၊ ေကာလိပ္အဆင့္တိုးျမႇင့္ဖို႔၊ ေက်ာင္းမ်ား ဖြင့္လွစ္ၿပီး အသိပညာရွင္၊ အတတ္ပညာရွင္နဲ႔ ကြၽမ္းက်င္သူမ်ား ေပၚထြက္လာေရး ေဆာင္႐ြက္လ်က္ရွိပါတယ္။ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေတြကို ေခတ္မီေစဖို႔၊ စက္မႈအေျခခံစနစ္ကို ေျပာင္းလဲႏိုင္ဖို႔နဲ႔ အျခားက႑ေတြမွာလည္း ဖြံ႕ၿဖိဳးတိုးတက္ လာေစဖို႔ သိပၸံနဲ႔နည္းပညာ က႑မွာလည္း မ်က္ျခည္မျပတ္ေဆာင္႐ြက္ႏိုင္ေရး သိပၸံနဲ႔ နည္းပညာဝန္ႀကီးဌာနကို ျပန္လည္ဖြဲ႕စည္း ေဆာင္႐ြက္လ်က္ရွိပါတယ္။

စိုက္ပ်ိဳးေရးအဓိကထားတဲ့အတြက္ စိုက္ပ်ိဳးေရးထြက္ကုန္ ေဈးကြက္ကလည္း ေသခ်ာဖို႔ လိုပါတယ္။ နယ္စပ္နဲ႔ပုံမွန္ ကုန္သြယ္မႈလမ္းေၾကာင္းမ်ားမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာင္းမရတာမ်ားျဖစ္ၿပီး ပ်က္စီးဆုံးရႈံးမႈမ်ားနဲ႔ ႏွစ္စဥ္နီးပါးႀကဳံၾကရပါတယ္။ ဒါ့ေၾကာင့္ ေခတ္မီသိုေလွာင္ေရးစနစ္၊ တန္ဖိုးျမင့္ထုတ္လုပ္ေရးစနစ္မ်ား ႀကိဳးစားလုပ္ေဆာင္ ရပါမယ္။ ဥပမာ ၾကက္သြန္နီေဈးကြက္မွာ ၾကက္သြန္နီ ႐ိုး႐ိုးပို႔ကုန္အျပင္ ၾကက္သြန္မႈန႔္၊ ၾကက္သြန္ ေၾကာ္၊ ၾကက္သြန္ႏွစ္မ်ား ျပဳလုပ္တာမ်ိဳး ေဆာင္႐ြက္ရပါမယ္။ ေတာင္သူေတြ စိုက္ပ်ိဳး ေရးထုတ္ကုန္၊ ေမြးျမဴေရးထုတ္ကုန္မ်ားအတြက္ အရႈံးမေပၚရေလေအာင္ ႀကိဳးစား ေဆာင္႐ြက္ရပါမယ္။ ကြၽန္ေတာ္တို႔ Agro Base Industry စိုက္ပ်ိဳးေရးအေျခခံ စက္မႈလုပ္ငန္းကို သြားရပါမယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းနဲ႔ ၂၀၁၉ ၾကားျဖတ္သန္းေခါင္စာရင္းအရ အသက္ ၅ ႏွစ္နဲ႔ အထက္ ၈.၁ ရာခိုင္ႏႈန္းခန႔္ဟာ ေက်ာင္းမေနဖူးတာကိုေတြ႕ရပါ တယ္။ ဒါ့အျပင္ အသက္ ၂၅ ႏွစ္နဲ႔အထက္ အ႐ြယ္ေရာက္ၿပီးသူမ်ားထဲမွာ အလယ္တန္းအဆင့္နဲ႔ ၎အဆင့္ေအာက္ ပညာ သင္ၾကားခဲ့ရသူေပါင္း ၁၈.၂ သန္းရွိပါတယ္။ ႏိုင္ငံ့လူဦးေရရဲ႕ ၃ ပုံ ၁ ပုံေလာက္ ျဖစ္ပါတယ္။ ဒါဟာႏိုင္ငံရဲ႕ ပညာရည္ျမႇင့္တင္ေရး၊ ျပည္သူလူထုရဲ႕ပညာရည္ျမႇင့္တင္ ေရးကို ကြၽန္ေတာ္တို႔ ႀကိဳးႀကိဳးစားစား လုပ္ကိုင္ရမွာျဖစ္ေၾကာင္း ျပေနပါတယ္။

ဒါ့ေၾကာင့္ပညာေရးနဲ႔ပတ္သက္ၿပီး အမ်ိဳးသားေရးတာဝန္တစ္ရပ္သဖြယ္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဒီမိုကေရစီကို ခိုင္မာေစဖို႔၊ တိုင္းျပည္တိုးတက္ေစဖို႔ဆိုရင္ ပညာတတ္မ်ားစြာ ရွိဖို႔လိုပါတယ္။ သိပၸံ ပညာရွင္၊ နည္းပညာပညာရွင္၊ ဥပေဒ ပညာရွင္၊ စီးပြားေရး ပညာရွင္မ်ား၊ ေဆးပညာရွင္မ်ား ေမြးထုတ္ေပးရပါမယ္။ ဒါ့ေၾကာင့္ အဆင့္ျမင့္ပညာေရးကို လက္ေတြ႕က်က်အားေပးၾကဖို႔ တိုက္တြန္းလိုပါတယ္။ ပညာေရးကိုအားေပးဖို႔ လိုပါတယ္။ အခက္အခဲ ေတြၾကားက ပညာေရးခါးဆက္မျပတ္ဖို႔ ကြၽန္ေတာ္ႀကိဳးစားၿပီး ေက်ာင္းေတြ ျပန္ဖြင့္ခဲ့ပါတယ္။ ယခု ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေခတၱျပန္ပိတ္ထားရပါတယ္။ ေက်ာင္းမ်ားဖြင့္လွစ္ခ်ိန္က ပညာေရးနဲ႔ပတ္သက္ၿပီး အေလးထားေဆာင္႐ြက္ခဲ့ၾကတဲ့ ဆရာ၊ ဆရာမမ်ား၊ ပညာေရးဝန္ထမ္းမ်ား၊ မိဘ ျပည္သူမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အားလုံးကို အထူးေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္။ ပညာသင္ၾကားေနသူ လူငယ္လူ႐ြယ္မ်ားအားလုံး ေက်ာင္းပညာကိုသာ အာ႐ုံစိုက္အေလးထားသင္ၾကား ေလ့လာၾကဖို႔ တိုက္တြန္းလိုပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အေျခခံနဲ႔ ျပည္သူအမ်ားစုလုပ္ကိုင္ေနရတဲ့ စီးပြားေရးလုပ္ငန္း ျဖစ္တဲ့ စိုက္ပ်ိဳး၊ ေမြးျမဴေရးလုပ္ငန္းေတြ ေဆာင္႐ြက္ရာမွာ လက္ေတြ႕က်က်၊ အစုအဖြဲ႕အလိုက္ အေထာက္အကူျပဳႏိုင္ဖို႔အတြက္ သမဝါယမနဲ႔ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာနကို အသစ္ ဖြဲ႕စည္းခဲ့ပါတယ္။ ဒီဝန္ႀကီးဌာနအေနနဲ႔ ယခင္စနစ္ေဟာင္း သမဝါယမစနစ္လို လုပ္ကိုင္ ေဆာင္႐ြက္မွာ မဟုတ္ဘဲ ျပည္သူလူထုအေနနဲ႔လုပ္ငန္းတူမ်ား၊ အက်ိဳးတူမ်ား ကိုယ္တိုင္ ပါဝင္ေဆာင္႐ြက္မယ့္ ျပည္သူ႔အေျချပဳစနစ္သာျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးၿပီးနဲ႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ မ်ားမွာပင္လွ်င္ ဒီစနစ္ေကာင္း၊ သမဝါယမစနစ္ ကိုက်င့္သုံးလ်က္ရွိပါတယ္။ ယခုကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖို႔ စိုက္ပ်ိဳးထုတ္လုပ္ေရး သမဝါယမအသင္းမ်ား ဖြဲ႕စည္းေဆာင္႐ြက္ လ်က္ရွိၿပီး ထိေရာက္မႈရွိပါတယ္။

ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါကာလမွာ တစ္ကမာၻလုံးကုန္ထုတ္လုပ္မႈ၊ ဝန္ေဆာင္ မႈက႑ေတြမွာ အခက္အခဲေတြရွိၾကပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ရွိေနပါတယ္။ အနိမ့္ဆုံးအဆင့္ကေတာ့ ျပည္သူေတြရဲ႕ အေျခခံစားေသာက္ကုန္လုပ္ငန္းေတြ၊ က်န္းမာေရးဝန္ေဆာင္မႈ၊ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ေဆာင္မႈနဲ႔ လူမႈဖူလုံေရးဝန္ေဆာင္မႈ လုပ္ငန္းေတြမွာေတာ့ လုံေလာက္မႈရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

က်န္းမာေရးဆိုရာမွာလည္း အားကစား၊ ႀကံ့ခိုင္ေရးတို႔နဲ႔ ဆက္စပ္ေနပါတယ္။ အားကစား ျမႇင့္တင္ျခင္းဟာ ႏိုင္ငံ့ဂုဏ္ကို တက္ေစပါတယ္။ ကာယစြမ္းပကားသာမက စိတ္ဓာတ္ စြမ္းပကားပါ ျမႇင့္တင္ေပးတာပါ။ ကိုဗစ္ေၾကာင့္ ကန႔္သတ္မႈမ်ား ရွိေနေပမယ့္လည္း အားကစားျမႇင့္တင္ေရး မ်က္ျခည္မျပတ္ၾကည့္ၿပီး ေဆာင္႐ြက္ေပးေနပါတယ္။ ျပည္နယ္နဲ႔ တိုင္းေဒသအားလုံးမွာ အားကစားကြင္း၊ အားကစား႐ုံမ်ား အဆင့္မီမီရွိေရး ေဆာင္႐ြက္ ေနပါတယ္။ အားကစားျမႇင့္တင္မယ္ဆို လူငယ္ေတြရဲ႕ အင္အားဟာ အဓိကက်တဲ့အတြက္ လူငယ္နဲ႔အားကစားက႑ကို အားေပးေဆာင္႐ြက္သြားပါမယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္ကိုတာဝန္ယူခဲ့တာ (၆)လရွိၿပီ ျဖစ္ပါတယ္။ ေရွ႕လုပ္ငန္းစဥ္ အမွတ္(၁)အရလိုအပ္တဲ့စစ္ေဆးမႈမ်ား ေဆာင္႐ြက္ၿပီးျဖစ္လို႔ တာဝန္ရွိသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ေနပါတယ္။ ဒါ့ေၾကာင့္ က်န္ရွိေနတဲ့ ေရွ႕လုပ္ငန္းစဥ္မ်ားနဲ႔ ဦးတည္ခ်က္မ်ားကို ထိေရာက္စြာ အေကာင္အထည္ ေဖာ္ႏိုင္ေစဖို႔အတြက္ ျပည္ေထာင္စုအဆင့္၊ ျပည္နယ္နဲ႔တိုင္းေဒသႀကီးအဆင့္ အုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာမ်ား ျပင္ဆင္ဖြဲ႕စည္းေဆာင္႐ြက္ သြားဖို႔ရွိေၾကာင္း အသိေပးလိုပါတယ္။

တိုင္းရင္းသားျပည္သူမ်ားခင္ဗ်ာ

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာၾကားလိုတာကေတာ့-

(၁) ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ပါတီစုံ ဒီမိုကေရစီစနစ္အတြက္ အာမခံၿပီးျဖစ္ပါတယ္။ အေရးေပၚကာလလုပ္ေဆာင္ရမယ့္ တာဝန္ေတြၿပီးဆုံးတဲ့အခါ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပပါမယ္။ ႀကိဳတင္ျပင္ဆင္ရမွာေတြ မ်ားစြာရွိပါတယ္။ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တရားဥပေဒ စိုးမိုးေရးလုပ္ငန္းေတြမွာ ဒီမိုကေရစီနဲ႔ တိုင္းျပည္ေအးခ်မ္းသာယာေရးလိုလားတဲ့ မိဘျပည္သူအားလုံးက ဝိုင္းဝန္းကူညီ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါ။

(၂) ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါကို ျပည္သူ၊ အစိုးရနဲ႔ အဖြဲ႕အစည္းအားလုံး ပူးေပါင္း စြမ္းအားနဲ႔ ရင္ဆိုင္ၾကပါမယ္၊ ေက်ာ္လႊားၾကပါမယ္။ ကြၽန္ေတာ္တို႔ အခက္အခဲေတြပဲ ရွိပါေစ ေအာင္ျမင္ႏိုင္ ရပါမယ္။ ေအာင္စိတ္သြင္းၿပီး ေက်ာ္လႊား ၾကပါစို႔။

(၃) ကြၽန္ေတာ္တို႔ရဲ႕ အေျခခံစီးပြား လုပ္ငန္းေတြျဖစ္တဲ့ စိုက္ပ်ိဳး၊ ေမြးျမဴေရး က႑ေတြကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိပါတယ္။ အနည္းဆုံးအဆင့္ ကပ္ေရာဂါျဖစ္ေနတဲ့ အခုလိုကာလမွာ အေျခခံလိုအပ္ခ်က္ေတြ ဖူလုံမႈရွိေအာင္ေဆာင္႐ြက္ပါမယ္။ တိုင္းျပည္ရဲ႕ အားဟာျပည္တြင္းမွာသာရွိပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔အားလုံး “အေရးႀကီးၿပီျဖစ္လို႔ ေသြးစည္းၾကပါစို႔” ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၿပီး “စုေပါင္း ညီညာေအာင္ေၾကာင္းျဖာ” ရပါမယ္ဗ်ာ..

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။