နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ – ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟန်ဇော် တို့က (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ နို့စား နွား၊ အသားတိုးနွား၊ ဒေသနွား မွေးမြူထားရှိမှုနှင့် နွားစာမြက်စိုက်ခင်းများ စိုက်ပျိုးထားရှိ မှု၊ ကျောက်စိမ်းဖီးကြမ်းငှက်ပျောစိုက်ပျိုးထားရှိမှု၊ အရိပ်ရလေကာပင် မန်ဂျန်ရှား စိုက်ပျိုး ထားရှိမှု၊ ရော်ဘာပင်များစိုက်ပျိုးထားရှိမှုနှင့် အရွယ်ရောက်ပြီး ရာဘာပင်များအား ၂၀၂၁-၂၀၂၂ အစေးခြစ်ရာသီတွင် စမ်းသပ်အစေးခြစ်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ကာကီကင်းဘဲ၊ ဒေသဥစားဘဲများ မွေးမြူ ထားရှိမှု၊ ငါးမျိုးစုံမွေးမြူထားရှိမှု အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်း နှင့် အစာ တောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့် အညီ စိုက်ပျိုးမွေးမြူရေးဇုန်များအလိုက် ထုတ်ကုန်ပစ္စည်းများကို တပ်မတော်သား မိသားစု ဝင်များနှင့် ပြည်သူလူထုသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။


ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော်ဝန် တို့နှင့် ရန်ကုန်တိုင်းဒေသကြီး၏ စားရေးလိုအပ်ချက်များကို အသေးစိတ်မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ နှုန်းထားနှင့် တစ်နေ့လျင် လိုအပ်မည့် အသား၊ ငါးနှင့် ဥ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို တွက်ချက်၍ လိုအပ်ချက်များပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရမည်ဖြစ် ကြောင်း၊ မွေးမြူရေးဇုန်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာပြင်ပ မြို့နယ်များ တွင် ထပ်မံတိုးချဲ့သွားရန်လိုကြောင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှ စီးဝင်မှုများနှင့်လည်း မထိခိုက်အောင် ချိန်ဆဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရ၊ တပ်မတော်တို့အပြင် ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း အားပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်း အတွက် လျှပ်စစ်၊ ရေ နှင့် မွေးမြူရေး အစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန် ရှိသူများကဆောင်ရွက်ပေးရန်လိုကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူလူထုများ အသား၊ ငါးနှင့် ဥအမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စားသုံးမှုလိုအပ်ချက်ကို ပြည့်မီအောင် ဒေသတွင်းမှ ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်မှလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံတော်အနေဖြင့်လည်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကာ မွေးမြူရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ ကျစ်ကျစ်လျစ်လျစ် စနစ်တကျဖြင့် ဆောင်ရွက်ပြီး ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။


လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်ဖြင့်ထုတ်ယူနိုင်ရေး ဆောင်ရွက်ရန် လိုပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မွေးမြူရေးခြံများအတွက် လျှပ်စစ်ဓာတ်အား ပေး စနစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ အခြားသော အုပ်ချုပ်မှုလုပ်ငန်းများ အတွက် လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသားတိုးနွားများနှင့် ဒေသမျိုးရင်းနွားများ မွေးမြူမှု ကို သီးခြားစီဆောင်ရွက်ရန်လိုပြီး အစာကျွေးမွေးမှုမှအစ စနစ်တကျဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နွားစာမြက်စိုက်ခင်းများအပြင် ပြောင်းကိုလည်း စိုက်ပျိုး၍ ရနိုင်ပြီး ပြောင်းပင်များကို ပြောင်းချဉ်ဖတ်ပြုလုပ်၍ တိရိစ္ဆာန်အစာအတွက် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၏ မူလအဓိက ရည်ရွယ်ချက်သည် ပြည်တွင်းရာဘာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဖြစ်သည့်အတွက် ရာဘာထုတ် ကုန်စက်ရုံများ၏ လိုအပ်ချက်များ ပြည့်မီစေရေး ရည်မှန်းချက်ထား ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ဇုန်အတွင်း ရာဘာစိုက်ပျိုးရန်သတ်မှတ်ပေးထားသည့် မြေနေရာ များ၌ ရာဘာကိုသာ အတတ်နိုင်ဆုံး စိုက်ပျိုးရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဲမွေးမြူ ရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက် ချိန်ညှိ၍ အသုတ်လိုက်မွေးမြူသည့် စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဘဲမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်စေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုဆောင်ရွက်၍ ဒေသမျိုးရင်းဘဲများကိုလည်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြား သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍ နို့စားနွား၊ အသားတိုးနွား မွေးမြူထားရှိမှု၊ အစာစက်စက်ရုံနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။