တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအုိျပည္သူ႕တပ္မေတာ္၊ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lt. Gen. Chansamone Chanyalath အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိ ဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လုိက္လံၾကည့္႐ႈစစ္ေဆးသည္။

ယင္းေနာက္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ၊ လာအုိ ျပည္သူ႕တပ္မေတာ္မွအရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံစစ္သံမွဴးတုိ႔ တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးသည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ား ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္မႈႏွင့္ အဆင့္အလုိက္ဆက္သြယ္ေဆာင္ရြက္ျခင္း၊ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႔မ်ားႏွင့္ အားကစားအဖြဲ႔မ်ား၊ သင္တန္းသားမ်ား အျပန္အလွန္ ေစလႊတ္ျခင္းျဖင့္ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရး ခုိင္မာတုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္မည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ မူးယစ္ေဆး၀ါးျပႆနာႏွင့္ လူကုန္ကူးမႈျပႆနာမ်ားမျဖစ္ေပၚေစေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေစရန္အတြက္ တပ္မေတာ္ႏွစ္ရပ္ၾကားပူးေပါင္း ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ သဘာ၀ေဘး အႏၲရာယ္မ်ားက်ေရာက္ခ်ိန္တြင္ အျပန္အလွန္ အကူအညီေပးေရးဆုိင္ရာကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားေၾကာင့္ နယ္ေျမတည္ၿငိမ္မႈပ်က္ျပားၿပီး တပ္မေတာ္မွ ေျဖရွင္း ေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား အားရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေး ၀န်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG ၊ လာအို ပြည်သူ့တပ်မတော်မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံစစ်သံမှူးတို့ တက်ရောက်ကြသည်။

ထို့နောက် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုနှင့် အဆင့်အလိုက်ဆက်သွယ်ဆောင်ရွက်ခြင်း၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားအဖွဲ့များ၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး ခိုင်မာတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးပြဿနာနှင့် လူကုန်ကူးမှုပြဿနာများမဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစေရန်အတွက် တပ်မတော်နှစ်ရပ်ကြားပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝဘေး အန္တရာယ်များကျရောက်ချိန်တွင် အပြန်အလှန် အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နယ်မြေတည်ငြိမ်မှုပျက်ပြားပြီး တပ်မတော်မှ ဖြေရှင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ အားရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။