နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မန္တလေး မြို့တော်ဝန် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း ရှိ မှန်တံ တားကို ဖြတ်သန်းပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေး၍ အစာကျွေးကြကာ Sky Cable Car ဖြင့် လိုက်ပါစီးနင်းပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

 လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)အတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေး အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန်၊ သစ်ပင် ပန်း မန်များကို စနစ်တကျစိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့် တံတားများကောင်းမွန်စေ ရေးဆောင်ရွက်ရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် ရေများသန့်ရှင်း ကြည်လင်မှုရှိစေရေးအထွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြားဖြည့်စွက် ဆောင်ရွက်သင့်သည် များကိုလမ်းညွှန်မှာကြားသည်။

ပွဲကောက်ရေတံခွန်တွင် လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေး ကစားကွင်းများနှင့် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည်ဆောက် ထားရှိပြီး Sky Cable Car များကိုစီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။