နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဧပြီ – ၅

၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀)ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည် နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြု အမှာ စကား ပြောကြားသည်။

လှိုက်လှဲနွေးထွေးစွာ ကြိုဆို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ရောက်ရှိကြရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် အဖွဲ့ဝင် များ၊ မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို စတင်ကျင်းပရာ မြဝတီရုပ်မြင်သံကြားမှဝန်ထမ်းများက “အားလုံးအတွက် မြဝတီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တပ်၊ ကျောင်းများဖြစ်ပေါ် လာမှု သမိုင်းကြောင်း နောက်ခံ၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိမှု Documentary ဗီဒီယိုကို ပြသသည်။

အဆိုပါ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်း ဆောင်ခဲ့ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နေထိုင်ရာ လူ့ပတ်ဝန်းကျင်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လူ့ပတ်ဝန်းကျင် အသိုင်း အဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါကြောင်း၊ ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းများသည် အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင် အသိုက်အဝန်းနှင့် ဆက်ဆံရေး အစရှိသည့် ဆက်ဆံရေးအမျိုးမျိုး ပါဝင်ကြပါကြောင်း၊ ထိုသို့ ဆောင် ရွက်ရာတွင် နိုင်ငံတကာ၌လည်း ပြည်သူ့ဆက်ဆံရေးလုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခု ဖြစ်သည့် အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် မီဒီယာတို့ ဟန်ချက် ညီရန် အရေးကြီးပါကြောင်း၊ မီဒီယာသည် မဏ္ဍိုင်ကြီး ၃ ခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုပင် ဖြစ်ပါကြောင်း။

ယနေ့ မိမိတို့နိုင်ငံတွင် ပြည်သူများ၏အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့် အရာသည် မီဒီယာဖြစ်သကဲ့သို့ အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိလာအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာသည် အဓိကပင်ဖြစ် ပါကြောင်း၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိစေပြီး စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် ၁၉၄၇ ခုနှစ်၌ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကို “ပညာရေးဌာနစု”အဖြစ် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် အမည်အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ထိုမှတဆင့် “ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး”အဖြစ် ပြောင်းလဲသတ်မှတ် ခဲ့သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်ရေး အတွက် “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်”ဟူသည့် ရည်မှန်းချက်များကို ဆောင်ရွက်နိုင်ရေး တပ်မတော်မီဒီယာတစ်ခုဖြစ်သည့် မြဝတီ ရုပ်မြင်သံကြားကို နှစ်(၅၀)ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်း၊ ယနေ့ဆိုပါက ငွေရတုကာလလွန်မြောက်ပြီး (၂၈)နှစ်တာခရီးသို့ပင် ရောက် ရှိခဲ့ပြီဖြစ်ကြောင်း။

        မြဝတီရုပ်မြင်သံကြားသည် ပြည်သူများကို မှန်ကန်သည့်အသိအမြင်၊ အတွေး အခေါ်ရစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် အမျိုးသားရေးအမြင် ဖြင့်အစဉ်ကြိုးပမ်းထုတ်လွှင့်လျက်ရှိပါကြောင်း၊ တပ်မတော်၏ပဓာနကျသည့်၊ သွက်လက် ထက်မြက်သည့် မီဒီယာတစ်ခုအဖြစ်လည်း ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြဝတီရုပ်မြင် သံကြားအနေနှင့် ပြန်ကြားပေးရန် တာဝန်ကိုထမ်းဆောင်ရာတွင် စတင် ထုတ်လွှင့် ခဲ့ချိန်မှ ယနေ့ကာလအထိ တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထု အတွက် သိသင့်သိထိုက်သည့်၊ လူအများသိရှိရန်လိုအပ်သည့် မူဝါဒ၊ သတင်းအချက် အလက် စသည်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ပညာ ပေးရေးတာဝန်အနေဖြင့် ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် တာဝန် ဖြစ်ပြီး အသိပညာပေးရေး တာဝန်၊ ဉာဏ်ပညာဗဟုသုတပေးရေးတာဝန် စသည် များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဖျော်ဖြေရေးတာဝန် ထမ်းဆောင် ပေးမှုအနေဖြင့် ပြည်သူများအပန်းပြေစေရန် အနုပညာအရပ်ရပ်၊ တေးဂီတ အဖုံဖုံ၊ အကအခုန် အဆိုအတီး ကဏ္ဍအစုံအလင်ဖြင့် ဖျော်ဖြေမှုများ ဆောင်ရွက်လျက်ရှိ ပါကြောင်း။

        စည်းရုံးရန်ဆိုရာတွင် ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားအပေါ်၌ ယုံကြည်ချက်၊ ခံယူချက်ခိုင်မာပြီး စည်းလုံးညီညွတ်မှုရှိအောင်  လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊  စည်းရုံးရေး၏ သဘောဆိုသည်မှာ မိမိ၏ ပြောစကားကို တစ်ဖက်လူက ၎င်း၏ဆန္ဒအလျောက် လိုက်ပါလုပ်ဆောင်နိုင်အောင် ပြောဆိုခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့်  ဒို့တာဝန်အရေးသုံးပါး အပေါ်တွင် ပြည်သူလူထု တစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း။

        မြန်မာနိုင်ငံတစ်ဝှမ်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ်(၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် မိမိကိုယ်တိုင်ဖွင့်လှစ်ပေး ခဲ့ပါကြောင်း၊ မြဝတီရုပ်မြင်သံကြားအနေဖြင့် စတင်ဖွဲ့စည်း တည်ထောင်ချိန်မှ ယနေ့ အထိ တပ်မတော်နှင့်ပြည်သူကို အကောင်းဆုံးပေါင်းကူးပေးနိုင်ခဲ့ကြောင်း။

မြဝတီရုပ်မြင်သံကြား စတင်ထုတ်လွှင့်ချိန်တွင် Analog စနစ်နှင့် ထုတ်လွှင့်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် ခေတ်ကာလနှင့်အညီ အဆင့် မြှင့်တင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး Analog စနစ်မှသည် Digital စနစ်၊ Standard Definition(SD)စနစ် ကူးပြောင်းခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့မှ စတင် ကာ High Definition(HD) စနစ်သို့ ပြောင်းလဲထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု လုပ်ငန်းတိုင်းတွင် အခြားသောမီဒီယာလုပ်ငန်းများထက်ပိုပြီး အသေးစိတ် ဆောင်ရွက်ရသည်များရှိပါကြောင်း၊ အစီအစဉ်တစ်ခုဖြစ်လာရေး တစ်ဦးတစ်ယောက် ကောင်းဆောင်ရွက်၍မရဘဲ လူသားအရင်းအမြစ် စွမ်းအား၊ အနုပညာနှင့် အတတ် ပညာကို အံဝင်ခွင်ကျပေါင်းစပ်လုပ်ကိုင်ရသည့် သဘောရှိသောကြောင့် ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ကြမှသာ ပြည်သူလူထုနှစ်သက်သဘောကျသည့် ရုပ်မြင်သံကြားအစီ အစဉ်ကောင်း တစ်ခုဖြစ်လာမှာပင်ဖြစ်ပါကြောင်း။

မြဝတီရုပ်မြင်သံကြားအနေဖြင့် တစ်ခေတ်ပြီးတစ်ခေတ် တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုစွမ်းရည်ပြည့်ဝသည့် မီဒီယာကြီးတစ်ခုဖြစ်လာခဲ့ခြင်းသည် ဝန်ထမ်းအားလုံးနှင့် တာဝန်ရှိသူအဆင့်ဆင့်၏ စုပေါင်းကြိုးစားမှုများကြောင့်သာဖြစ်ပါကြောင်း၊ ရုပ်မြင် သံကြားဟူသည်မှာ သုတ၊ ရသဖြစ်ဖွယ်  သတင်းအချက်အလက်များ၊ အကြောင်း အရာများကို အရုပ်၊ အသံနှင့် ထုတ်လွှင့်ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ် များ၏စိတ်ကို ဖမ်းစားနိုင်စွမ်းရှိသည့် မီဒီယာပလက်ဖောင်းတစ်ခု ဖြစ်ပါကြောင်း၊ ရေဒီယိုအသံလွှင့်ခြင်းသည် အသံကိုအဓိကထားခြင်းဖြစ်ပြီး ရုပ်မြင်သံကြားသည် အရုပ်ရောအသံပါ အားပြု လုပ်ဆောင်ရသည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပိုမို၍ ဂရုစိုက်ကြရန်လိုပါကြောင်း၊ အသံအနေအထား၊ အမူအရာ၊ ဝတ်စားဆင်ယင်မှု၊ ရုပ် သွင်ပြင်လက္ခဏာကအစ အသေးစိတ်ဂရုပြု၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူများ၏စိတ်ကို ဆွဲဆောင်နိုင်စွမ်း၊ တက်ကြွလာအောင် Motivation လုပ်နိုင်စွမ်း သည်လည်း မြင့်မားကြောင်း၊ ပြည်သူအပေါ် အသိပညာဗဟုသုတပေးနိုင်ရေး၊ နောင် တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရေး၊ ပညာ တတ်သားကောင်းရတနာများ ဖြစ်လာစေရေးသည် မိဘ၊ ဆရာများအပေါ်၌လည်း တာဝန်ရှိသကဲ့သို့ ရုပ်သံမှ စဉ်ဆက်မပြတ် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေပေးခြင်း အပေါ်၌လည်း များစွာမူတည်နေပါကြောင်း၊ ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှုပုံစံ များနှင့် ထုတ်လွှင့်ရမည်ဖြစ်သကဲ့သို့ လူမှုရေးဦးတည်ချက် ၄ ရပ်ထဲတွင် ပါသည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေး မှု၊ အမျိုးသားရေး စရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ရေး” ဟူသည့် အချက်နှင့်အညီ ထုတ်လွှင့်ပြသကြရန်လည်း တိုက်တွန်း မှာကြားလိုပါ ကြောင်း။

မြဝတီရုပ်မြင်သံကြားအနေဖြင့် ၂၀၁၃ ခုနှစ်က မိမိတို့နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ (၂၃)ကြိမ် မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲများအပြင် ယနေ့အချိန် ၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပပုံများကိုပါ ရိုက်ကူးထုတ်လွှင့်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းဝင် ဆောင်ရွက်ချက်များပင် ဖြစ်ကြောင်း၊ သတင်းစာ၊ ရုပ်မြင်သံကြားမှ ပြည်သူလူထု အတွက် ဆောင်ရန်၊ ရှောင်ရန် လိုက်နာဖွယ်ရာများကို တင်ဆက်ပေးနိုင်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ မြဝတီရုပ်မြင်သံကြားသည် ယနေ့ဆိုပါက နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီ ရုပ်မြင်သံကြား ဒစ်ဂျစ်တယ်လိုင်းများကို ကောင်းမွန်စွာကြည့်ရှုနိုင်စေရေး ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူထားရသည့်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ကျင့်ဝတ်မဲ့မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေသည်ကို အားလုံးတွေ့ရှိကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ရယူခဲ့ချိန်မှ ယနေ့ထိတိုင် အမျိုးသားအကျိုးစီးပွားကိုရှေးရှုသည့် ဆောင်ရွက်ချက်များကို နေ့စဉ် ထုတ်သတင်းစာများနှင့် မြဝတီရုပ်မြင်သံကြားအပြင် နိုင်ငံတော်ပိုင်သတင်းဌာနကြီး များကပါ  ဖော်ပြပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ၏ စစ်မှန်သည့်အမျိုးသားရေး စိတ်ဓာတ်အပြည့်နှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ၊ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းချက်များကို မြဝတီ Media Group ဖြစ်သည့် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့် ဌာန အသီးသီးကို ကြည့်ရှုသူတိုင်း တွေ့မြင်ကြားသိကြမည် ဖြစ်ကြောင်း။

ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းသည် မြန်ဆန်သောကြောင့် အချိန် နှင့်အမျှ ပြောင်းလဲဖြစ်ထွန်းမှုနောက်ကို မီဒီယာ အားကောင်းကောင်းနှင့် လိုက်ပါနိုင် စွမ်းရှိရန်လိုအပ်ကြောင်း၊ အချို့သတင်းမီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတ မှု စသည့် မီဒီယာကျင့်ဝတ်များကို လိုက်နာမှုမရှိ၊ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်း များ ဖော်ပြနေသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေး ကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက်နေကြသည်ကိုလည်းတွေ့ရပါကြောင်း၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင် မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်များနှင့် တုံ့ပြန်လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ သမာသမတ်ကျသည့် ပြည် တွင်း၊ ပြည်ပ မီဒီယာများ၏ “အား” ကိုလည်း ရယူနိုင်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်၊ နှိုးဆော်ချက် မပါရှိဘဲ သမိုင်းစဉ်ဆက် နိုင်ငံ အကျိုး၊ ပြည်သူအကျိုးကိုသာ မျှော်ရည်မှန်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတုတ္ထမဏ္ဍိုင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြဝတီ ရုပ်မြင်သံကြားသည်လည်း ပေးအပ်လာသည့် လုပ်ငန်းတာဝန်ဝတ္တရားတို့အပေါ် ခေတ် အဆက်ဆက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ကို တွေ့မြင်ရပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့်အစဉ်အလာနှင့် သမိုင်းကြောင်းများကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း။

မိမိတို့တပ်မတော်၏ မီဒီယာလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံ သတင်း စာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့သည် တိကျခိုင်မာသည့် သတင်းမှန်များအပေါ် မှန်ကန် မြန်ဆန်စွာ တင်ပြနိုင်ရန်လိုသကဲ့သို့ သတင်းမီဒီယာကျင့်ဝတ်ကို အလေးထား သည့် မီဒီယာများဖြစ်စေရေး ဆောင်ရွက်သွားကြမည်၊ ပြောင်းလဲတိုးတက်နေသည့် မီဒီယာလုပ်ငန်းစဉ်များအပေါ် ခေတ်နှင့်အညီ တီထွင်ကြံဆဖန်တီးနိုင်သူများ ဖြစ်စေ ရေးအတွက်လည်း ကြိုးစားသွားကြရမည်၊ မြဝတီရုပ်မြင်သံကြား၏ “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန် ” ဟူသည့် ရည်မှန်းချက်များနှင့်အညီ တပ်မ တော်နှင့်ပြည်သူကို ဆက်လက်ပေါင်းကူးပေးပြီး တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံ တော်ကာကွယ်ရေးလုပ်ငန်းများ၌ နိုင်ငံတော်ကအားထားရပြီး ပြည်သူကအားကိုး ယုံကြည်ရသည့် မီဒီယာတစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရမည်၊ မြဝတီရုပ်မြင်သံကြားအနေဖြင့် နောင်နှစ်ကာလပေါင်း များစွာတိုင်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးတို့ကို ယခုထက်တာဝန်ကျေပွန်စွာ သယ်ပိုး ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် တပ်ကျောင်းများမှ နိုင်ငံတော်အဆင့်ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲ များတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့်ဝန်ထမ်းများအား ဆုများ အသီး သီး ပေးအပ်ချီးမြှင့်ရာတွင် ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိ သည့် ဗိုလ်ကြီး စိုးမိုးကျော်၊ ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု ကလေးစာပေ ပထမဆု ရရှိသည့် ဗိုလ်ကြီး သက်နောင်၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ တပ်မတော်အားကစား ပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွင် အဆို၊ အက၊ အတီးပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့ကိုယ်စား တပ်ကြပ် အောင်အောင်ထက် နှင့် ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်း တို့က ဆုများ အသီးသီးလက်ခံ ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက မြဝတီရုပ်မြင်သံကြား၏(၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်း မိသားစုများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ နှစ်ပတ်လည် နေ့ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၊ မြဝတီရုပ်မြင်သံကြားစက်ရုံအတွင်းလှည့်လည်၍ သရုပ်ပြသ ရိုက်ကူးမှုများ၊  Production Studio၊ News Studio၊ Presentation Room တို့အတွင်း သတင်းဖတ်ကြားမှုများနှင့် ထုတ်လွှင့်မှုများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် မီဒီယာအခန်းကဏ္ဍသည် စဉ်ဆက် မပြတ်တိုးတက်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် နည်းပညာနှင့် တင်ဆက်မှုများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ သတင်းများထုတ်လွှင့်ရာတွင် တည်းဖြတ်မှုများ နှင့် ထုတ်လွှင့်မှုများ မှန်ကန်မှုရှိအောင် စနစ်တကျဖြင့်ဆောင်ရွက်ရန်နှင့် အခြားလိုအပ် သည်များကိုမှာကြားသည်။

ထို့နောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ဆက်ဆံရေးတပ်များ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ခင်းကျင်းပြသထားသည့်ပြကွက်များ နှင့် ရှေးယခင်ခေတ်များက အသုံးပြုခဲ့သည့် စက်ပစ္စည်းများဖြင့် ရှေးယခင်ရုပ်ရှင် ဇာတ်ကားပြသမှုများကို လှည့်လည်ကြည့်ရှု၍ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလို သည်များမေးမြန်းပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

 ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြဝတီရုပ်မြင်သံကြား နှစ်ပတ်လည် အခမ်းအနား Signing Booth တွင် အမှတ်တရ လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

 ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀) ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင် တည် ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်  ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီရုပ်မြင်သံကြားအနေဖြင့် ပြည်သူနှင့်တပ်မတော် တစ်သားတည်း ဖြစ်စေရေး အတွက် “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်” ဟူသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်အတွက် တာဝန် ကျေပွန်သော မီဒီယာတစ်ခုအဖြစ် ဆက်လက်ကြိုးပမ်း ရပ်တည်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။