ပိဋကတ္တယဆေက၊ အဘိဓဇဆရာတော်ကြီးများနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော်ဘုရားကြီးအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲပြုလုပ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ၏ သီတဂူရေအလှူတော်ကို ရေစက်ချ

ပိဋကတ္တယဆေက၊ အဘိဓဇဆရာတော်ကြီးများနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော်ဘုရားကြီးအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲပြုလုပ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ၏ သီတဂူရေအလှူတော်ကို ရေစက်ချ

နေပြည်တော်၊   မတ်  ၉

ပိဋကတ္တယဆေက၊ အဘိဓဇဆရာတော်ကြီးများနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော်ဘုရားကြီးအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သီတဂူရေအလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ရှိ သံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ Óဏိဿရ၊ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသာဘိဝံသ၊ မန္တလေးမြို့၊ အတုလကာရီ ဆင်မင်းကျောင်း ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သြဘာသာ ဘိဝံသနှင့် ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက သီတဂူ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး  အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒော ဘာသာဘိဝံသ ထံမှ သြဝါဒတရားနာယူကြသည်။

ယင်းနောက် စစ်ကိုင်းတောင်ရိုး၊ မြစင်္ကြာကျောင်းတိုက် စာချနာယက အရှင် သီလနန္ဒာဘိဝံသ ဂုဏ်ပြုရေး စပ်ပူဇော်အပ်သော ဂုဏပူဇာဂါထာများကို သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယက ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် သီတဂူရေအလှူတော် အလှူငွေများ ဆက်ကပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထိုသို့ လျှောက်ထားတင်ပြရာတွင် ထူးမြတ်လှသည့် သာသနာ့အကျော်ဇေယျ ပိဋကတ်ရေးရာ၌ ကျွမ်းကျင်နှံ့စပ်သည့် ပိဋကတ္တယဆေက၊ အဘိဓဇ ဆရာတော်ကြီးများ ကို ယခုကဲ့သို့ ဂုဏ်ပြုပူဇော်ခွင့် ရသည့်အတွက် တပည့်တော်တို့အနေဖြင့် ကြည်ညိုခြင်း၊ ကြည်နူးခြင်း၊ ကြည်လင်ခြင်းတို့နှင့်အတူ သာသနာတော်အတွက် များစွာဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဆရာတော်ဘုရားတို့နှင့်တကွ အလှူရှင်များ အားလုံး ကာယ၊ စိတ္တသုခ နှစ်ဖြာပြည်စုံပါစေကြောင်းဖြင့် ဦးစွာ ဆုတောင်းမေတ္တာပို့သ လျှောက်ထားသည်။

တပည့်တော်တို့ မြန်မာနိုင်ငံ၌ လူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် ထေရဝါဒ   ဗုဒ္ဓဘာသာကို ကိုးကွယ်သူပေါင်း ၄၈ သန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ သာသနာ သက္ကရာဇ် ၂၅၆၃ ခုနှစ်ရှိပြီဖြစ်သဖြင့် ဗုဒ္ဓသာသနာ စတင်ပေါ်ပေါက်လာသည်မှာ လွန် ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင်ဖြစ်ပါကြောင်း၊ ခိုင်လုံသည့် သမိုင်းအထောက် အထားများအရ ပထမမြန်မာနိုင်ငံတော်၊ ပုဂံခေတ်ကတည်းကဖြစ်ပြီး နှစ်ပေါင်း ၁၀၀၀ ခန့်ရှိပြီဖြစ်ပါကြောင်း၊ သာသနာတော်ကို စောင့်ရှောက်ကြသည့် ဆရာတော်ကြီးများကဲ့သို့ သာသနာ့အကျော်ဇေယျ ဆရာတော်ဘုရားကြီးများ အဆက်ဆက်၊ သာသနာပြု မင်းအဆက်ဆက်နှင့် သာသနာတော်ကို ကြည်ညိုလေးစားတန်ဖိုးထားကြသည့် သာသနာ့ ဒါယကာ၊ ဒါယိကာမ အဆက်ဆက်တို့၏ သဒ္ဓါတရားရှေ့ထား ထိန်းသိမ်းခဲ့မှုကြောင့်သာ လျင် တပည့်တော်တို့နိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓဘာသာ ၏ စံပြုနိုင်ငံအဖြစ် ကမ္ဘာတွင် ယနေ့အထိရပ်တည်နေနိုင်ခြင်းဖြစ်ပါကြောင်း။

မြတ်ဗုဒ္ဓ၏ တရားတော်များသည် လောကီလူသားများ၏ လောကီကောင်းကျိုး၊  လောကုတ္တရာကောင်းကျိုး၊ လောကမှ လွတ်မြောက်ကြောင်းတရားတို့ကို ဟောပြောပြသ ဆိုဆုံးမတော်မူခဲ့သော တရားများဖြစ်ပြီး အစွန်းရောက်မှုများ၊ အစွန်းတရားများကို ရှောင် ရှားကျင့်ကြံ၊ ကျင့်သုံးသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ပေါ်၌ အခြေခံထားသည့် တရားတော် များဖြစ်ပါကြောင်း၊ တရားဦး ဓမ္မစကြာသုတ္တန်၏ ပထမအပိုဒ်၌ပင် “ဒွေ မေ ဘိက္ခေ၀ အန္တာပဗ္ဗဇိတေန န သေဝိတဗ္ဗာ” ဟု ရှေးဦးဟောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် မြတ်ဗုဒ္ဓသည် မိမိအယူကို မှန်ကြောင်းပြဆိုရာ၌ တစ်ပါးသော အယူဝါဒတို့ကို မှားကြောင်း ပုတ်ခတ်ပြောဆိုလေ့ မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် အယူဝါဒတစ်ခု မှန်သည်၊ မှားသည်ကို ပိုင်းခြားဆုံးဖြတ်ရန် “ စံ “ ၁၀ ချက်ရှိကြောင်းကိုသာ ဟောညွှန် ပြသခဲ့သည်ကို လေ့လာမှတ်သား ရပါကြောင်း၊ ကာလာမသုတ်ဟုထင်ရှားသည့် ကာလာမ ပုဏ္ဏားတို့ကို ဟောကြားခဲ့သည့် တရားတော်၌ ၎င်းင်း”စံ” ၁၀ ချက်ဖြင့် ဗုဒ္ဓ၏အယူဝါဒကို ပင် ကိုယ်တိုင်ဆန်းစစ်ခွင့်ပြုထားပါကြောင်း၊ ၎င်းင်းအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျအတွေးအမြင်အားလုံး၏ အခြေခံမူဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ပြီး ခဲ့သမျှ ဒဿနအယူအားလုံးနှင့်လည်း အကျုံးဝင်လျက်ရှိသည်ဟု ပညာရှင်များက သုံးသပ်ထားကြပါကြောင်း။

ယင်းအချက် ၁၀ ချက်ကို ၂၀ ရာစုတွင် ထင်ရှားသည့် လက်ငင်းအကျိုးကြည့် အယူဝါဒရှိသူများနှင့် ယုတ္တိနည်းကျအတွေ့အကြုံ အဓိကဝါဒများပင် မဟောကြားနိုင်ခဲ့ ဘဲ လွန်ခဲ့သည့် နှစ် ၂၅၀၀ ကျော်ကပင် မြတ်ဗုဒ္ဓက အတိအပဟောကြားညွှန်ကြားခဲ့သည့် အတွက် အမှန်ကို သိလိုသည့် သစ္စာဝါဒီတိုင်းအတွက် အလင်းပေးသော သစ္စာမီးတိုင်ကြီး ၁၀ တိုင်အဖြစ် ဒဿနလောက၌ ထင်ရှားနေသည်ကို လေ့လာမှတ်သားရပါကြောင်း။

မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ ပိဋကတ်တော်လာ မဟာပဋ္ဌာန်းဒေသနာတော်မြတ် သည်လည်း အကြောင်း၊ အကျိုးတရားများကို ဆက်စပ်ဖော်ထုတ်ဟောကြားရာတွင် စံ နမူနာပြအဖြစ်တည်ရှိလျက်ရှိပြီး ခေတ်သစ်သိပ္ပံပညာရှင်များနှင့် ဒဿနရှင်များပင်လျင် လေ့လာကြံစည်မကုန်နိုင်သော တရားတော်အဖြစ် အလေးအမြတ်ထားရသည့် တရားတော် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ကျိုးကြောင်းခိုင်လုံပြီး လောက အကျိုးကို ဆောင်ကြဉ်းနိုင်သည့် ဗုဒ္ဓသာသနာတော်သည် သာသနာနှစ် ၅၀၀၀ တိုင် ရှည်ကြာတည်တံ့ မည်ဟု ဆိုသော်လည်း တပည့်တော်တို့အနေဖြင့် ကမ္ဘာတည်သရွေ့ တည်တံ့စေရေး၊ လောက လူသားတို့ တည်ရှိနေသမျှ ဗုဒ္ဓအဆုံးအမများတည်ရှိစေရေး လိုလားမိပါကြောင်း။

ယင်းသို့ သာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်နေသည့် ပိဋကတ္တယဆေက၊ အဘိဓဇသာသနာ့ဥသျှောင် ဆရာတော်ကြီးများကို ယခုကဲ့သို့ဖူးတွေ့ ခွင့်ရသည့်အတွက် များစွာ သဒ္ဓါကြည်ညိုစိတ်ပွားများရပြီး ဆရာတော်ကြီးတို့၏ သာသနာ့ အမွေကိုဆက်ခံမည့် စစ်ကိုင်းတောင်ရိုးနေ သံဃာတော်အရှင်သူမြတ်များ၊ သာသနာနွယ်ဝင် သူတော်စင်များ သာသနာ့တာဝန်ကို အသက်ရှည် စိတ်လက်ချမ်းမြေ့စွာ ထမ်းဆောင် နိုင်ရေး သီတဂူရေအလှူကုသိုလ်တော် ရေစက်ချပွဲအခမ်းအနား ကျင်းပရခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း။

“ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက” ဟူသည့် မြန်မာမှုနယ်ပယ် ၌ မြန်မာတို့အစဉ်အဆက် သုံးစွဲနေသည့် ဆိုရိုးစကားအရ”ရေ”သည် လူသားတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် အလွန်အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် မြန်မာတို့သည် ရေအလှူကို အလွန်အလေးထားကြပြီး ရေတွင်း၊ ရေကန်အလှူမှသည် တစ်နိုင်တစ်ပိုင် ရေချမ်းစင်အလှူ၊ ရေအိုးစင်လှူများပြုလုပ်ကြ၍ မြန်မာနိုင်ငံ၌ ရေအိုးစင်၊ ရေချမ်းစင် ယဉ်ကျေးမှုဓလေ့များကို ယနေ့တိုင် တွေ့မြင်နေရ ခြင်းပင်ဖြစ်ပါ ကြောင်း။

ထို့အပြင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ဒါနကထာ၌ ရေအလှူဒါန ပြုရခြင်းနှင့် ပတ်သက်ပြီး ရေအကျိုး ၁၀ ပါးကို အကျယ်တဝင့် ဟောကြားခဲ့ပါကြောင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ဉာဏ်ပညာ ကြီးမားခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ရောဂါဘယကင်းဝေးခြင်း၊ အချွေအရံများခြင်း၊ ရေရှားပါးမှုဒဏ်မှ ကင်းဝေးခြင်းနှင့် လျင်မြန်ဖြတ်လတ်ခြင်း ဟူသော ရေလှူဒါန်းရခြင်း အကျိုးတရားများသည် ကြီးကျယ်မြင့်မြတ်လှသောကြောင့် ကျန်သည့် ဒါနကုသိုလ်များနှင့်မတူ  “ရေ”အလှူကို  “ ရေကုသိုလ်”ဟု ခေါ်ဝေါ်သုံးနှုန်းရခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ကြီးကျယ် မွန်မြတ်လှသော “ရေကုသိုလ်”၌ တပည့်တော်တို့ တပ်မတော်မှ ပါဝင်လှူဒါန်းခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကုသိုလ်ပွားများရပါကြောင်း။

သာသနာတော်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာသနာ့တာဝန်နှင့် သာသနာ ရေးရာကိစ္စတို့ကို ဆောင်ရွက်နေသည့် သာသနာ့ဝန်ထမ်း ရဟန်း၊ သံဃာ တော်များက သာသနာ့တာဝန်များကို ကိုယ်စိတ်ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ရန်လိုအပ် လှပါကြောင်း၊ မြန်မာ့ဗုဒ္ဓဘာသာ သာသနာသမိုင်းတွင် အရေးပါလှသော စစ်ကိုင်းတောင် သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းပါးသောအရပ်ဒေသ၌ရှိပြီး ကျောက်တောင် ဖြစ်သဖြင့် သောက်ရေ၊ သုံးရေရှားပါးခြင်းကို အမြဲကြုံတွေ့ခဲ့သည်ဟု သိရှိရပါကြောင်း၊ မိုးခေါင်သောနှစ်များ၌ တောင်ရိုးရှိသာသနာပြုပုဂ္ဂိုလ်သူတော်စင်များ သောက်ရေ၊ သုံးရေ အတွက် ခက်ခဲပင်ပန်းခဲ့ကြပြီး ဤသီတဂူရေအလှူတော်ကြီး မစတင်မီက သောက်ရေအတွက် ရေစည်လှည်းငှား သယ်၍ သောက်ခဲ့ရပြီး ညနေတိုင်း မြစ်ဆိပ်သို့ ပင်ပန်းစွာသွား၍ ရေချိုးခဲ့ကြရသည်ဟု သိရှိရပါကြောင်း၊

၎င်းအခက်အခဲများကို ရေရှည်ဖြေရှင်းနိုင်ရန်နှင့် ထာဝရတည်တံ့ခိုင်မြဲစေ ရန်အတွက် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဦးစီးလမ်းပြမှုဖြင့် သီတဂူရေအလှူ တော်၏ စစ်ကိုင်းတောင်ရိုး ရေပေးဝေရေး စီမံကိန်းကို ၁၃၄၂ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၁၉၈၀ ပြည်နှစ်)၌ တစ်နိုင်ငံလုံးသို့ ကြေညာအသိပေးနှိုးဆော်ခဲ့ခြင်းဖြင့် စတင်ခဲ့ပါကြောင်း၊ “မဖြစ်နိုင်”ဟုဆိုသည့် အမျိုးမျိုးသော ဝေဖန်မှုများအကြားမှ တစ်နှစ်အတွင်းလက်တွေ့အကောင်အထည်ဖော်လုပ်ငန်းများစတင်ခဲ့ပြီး စစ်ကိုင်း တောင်ရိုးရှိ ချောင်ပေါင်း ၃၅ ချောင်၌ရှိသည့် ရေကန်ပေါင်း ၇၉ လုံးတို့ကို ၁၃၄၃ ခုနှစ်(ခရစ်နှစ် ၁၉၈၁ ခုနှစ်)၊ တပေါင်းလပြည့်နေ့ နေဝန်းထွက် အရုဏ်တက်ချိန်မှစတင်၍ ရေများပေးပို့လှူဒါန်းနိုင်ခဲ့သည်ကို ချီးကျူးဝမ်းမြောက်ဖွယ် တွေ့ရှိရပါကြောင်း၊

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ခန့်က စတင်ခဲ့သော သီတဂူရေအလှူတော်စီမံကိန်း ကြီးကို သြဝါဒါစရိယ ဆရာတော်များအဖွဲ့၊ သီတဂူဆရာတော်ကြီးက ပဓာနဦးဆောင်သည့် ဦးဆောင်ဆရာတော်များအဖွဲ့၊ အနုပါလကဆရာတော်များအဖွဲ့၊ ရေပိုက်လိုင်း ကြီးကြပ် ရေးသံဃာအဖွဲ့ စသည်တို့ဖြင့် အသီးသီးဖွဲ့စည်းထားသည့်အဖွဲ့ကြီးသည် သြဝါဒါစရိယ ဆရာတော်များ၏ အဆုံးအမသြဝါဒ ကို ဦးထိပ်တင်၍ ပဓာနဦးဆောင်ဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ စီမံကွပ်ကဲမှု၊ ချမှတ်ပေးထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် တာဝန်တို့ကို အလေးအနက်ဆောင်ရွက်ခဲ့ကြသဖြင့် နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ သည့်တိုင်အောင် ရေအလှူတော်ကို စဉ်ဆက်မပြတ် ပေးလှူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

သီတဂူရေအလှူတော်စတင်စဉ်အချိန်က စစ်ကိုင်းတောင်ရိုးတွင် ချောင် ၄၀၀ ခန့်သာရှိပြီး ရဟန်းသံဃာနှင့်သီလရှင် ၄၀၀၀ ကျော်သာရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် စစ်ကိုင်းတောင်ရိုး၌ ချောင်ပေါင်း ၁၃၀၀ ကျော်၊ ရဟန်းသံဃာနှင့်သီလရှင် ၁၆၈၅၉ ပါး ရှိသည်ဟု သိရှိရပါကြောင်း၊ အဆိုပါသာသနာ့ဝန်ထမ်းသူတော်စင်များ စိတ်နှလုံး ချမ်းမြေ့စွာ သောက်ရေ၊ သုံးရေများရရှိစေနိုင်ရေးအတွက် ဧရာဝတီမြစ်အတွင်းမှ ရေများကို တောင်ပေါ်ရှိ ရေကန်အသီးသီးသို့ ရေတင်စက်ရုံကြီး ၃ ရုံဖြင့် အချိန်ပြည့် ရေတင်၍ လိုအပ်သည့်ချောင်များသို့ ပို့လွှတ်လှူဒါန်းလျက်ရှိသည်ဟုသိရှိရပါကြောင်း၊ ထို့ပြင် စစ်ကိုင်းတောင် တစ်ခွင်လုံးအတွက် သောက်ရေသန့်များ ပေးဝေလှူဒါန်းနိုင်ရေး သောက်ရေသန့်စက်ကြီးများတပ်ဆင်ပြီး လှူဒါန်းလျက် ရှိသည်ကို ဝမ်းမြောက်နုမော် သာဓုခေါ်ဖွယ် တွေ့ရှိရပါကြောင်း။

ရေအလှူတော်အတွက် ယခင်က လစဉ်လျှပ်စစ်ဓာတ်အားသုံးစွဲခ တစ်လလျှင် ပျှမ်းမျှကျပ်သိန်း ၁၁၀ ခန့်သာကုန်ကျခဲ့ရာမှ ယခုအခါမီတာခများပြောင်းလဲလာသဖြင့် ယခင်ကထက် သုံးဆ(တစ်လကျပ်သိန်း ၃၃၀ ခန့်)ကုန်ကျနေသည့်တိုင် ရေအလှူတော်ကို နေ့စဉ် စဉ်ဆက်မပြတ်ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တပည့်တော်တို့ တပ်မတော်မှလည်း ဤကဲ့သို့ထူးခြားမွန်မြတ်လှသည့် ရေကုသိုလ်အလှူတော်ကြီးကို တတ်စွမ်းသမျှပါဝင်လှူဒါန်းလျက်ရှိရာ ယနေ့အထိ တပ်အသီးသီးမှ လှူဒါန်းငွေကျပ်သိန်း ၄၇၈၅ သိန်းရှိပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း သာသနာ့အကျိုးအတွက် လှူဒါန်း ထောက်ပံ့သွားဦးမည်ဖြစ်ပါကြောင်း၊ တွေ့ကြုံလာရသည့် အခက်အခဲများကို ရင်ဆိုင်ပြီး သံဃာတော်၊ သီလရှင်နှင့် ယောဂီပုဂ္ဂိုလ်များအတွက် သောက်ရေ၊ သုံးရေများ လုံလောက်စွာပေးပို့လှူဒါန်းနိုင်ရန်အတွက် ပုံမှန်လျှပ်စစ်ဓာတ်အား အစားထိုးအဖြစ် ဆိုလာစနစ်ကဲ့သို့သောစနစ်များ တပ်ဆင်လည်ပတ်နိုင်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်နေမှုများအပေါ်လည်း များစွာချီးကျူးဂုဏ်ပြုဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဆိုပါကြောင်း။

ယနေ့တွင် သာသနာ့မီးရှူးတန်ဆောင်များဖြစ်တော်မူကြသည့် ပိဋကတ္တယ ဆေက၊ အဘိဓဇ ဆရာတော်ကြီးများအား ပူဇော်ခြင်းနှင့် သီတဂူရေအလှူတော် ရေစက် ချအခမ်းအနားစသည့် ကောင်းမှုကုသိုလ်ထူးနှစ်ခုကို ပြုလုပ်ခွင့်ရသည့်အတွက် တပည့် တော်တို့စိတ်နှလုံး၌ သဒ္ဓါဖုံးလွှမ်း ဝမ်းသာခြင်းဖြစ်ရပါကြောင်း၊ သူတော်ကောင်း၊ သူတော်စင်စိတ်ဓာတ်၊ ပရဟိတစိတ်ဓာတ်တို့ဖြင့် “မဖြစ်နိုင်”ဟု အများထင်မြင်ယူဆ နေသည်ကို ဖြစ်အောင်၊ တည်တံ့ခိုင်မြဲအောင်နှင့် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် သီတဂူရေအလှူတော်ကြီးအား စတင်ခဲ့သည့် သီတဂူဆရာတော်ဘုရားကြီးနှင့် ရဟန်း သံဃာတော်များ၊ အလှူရှင်များ၏ ဆယ်စုနှစ် ၄ စုခန့်နှင့်ချီ၍ စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းခဲ့မှုများ၊ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုများ၊ ဆရာတော်ကြီးများ၏ဓူရနှစ်ဖြာ သာသနာတို့အပေါ်ကြိုးစားဆောင်ရွက်ချက်များသည် မြန်မာ့ဗုဒ္ဓဘာသာ သာသနာ့မော်ကွန်း၌ ထာဝရတည်တံ့နေမည်ဖြစ်ပါကြောင်းနှင့် “သီတဂူ စမ်းလပမာ ချမ်းမြသာယာရှိကြပါစေ”ကြောင်း ဆန္ဒမွန်ပြု၍ ရိုသေလေးစားစွာ လျှောက်ထားအပ် ပါကြောင်းဖြင့် လျှောက်ထားသည်။

ဆက်လက်ပြီး အောက်မြန်မာပြည်သီတဂူသာသနာပြုအဖွဲ့ကိုယ်စား မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးမြအောင်၊ အောက်မြန်မာပြည်နှင့် အထက်မြန်မာ ပြည်သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာ ဦးသောင်းမြင့် တို့က ဂုဏ်ပြု ဝမ်းမြောက်ဖွယ်စကားများ အသီးသီးပြောကြားကြသည်။

ယင်းနောက် မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဝေဋ္ဌုရိယာလင်္ကာရ ရေးစပ်ပူဇော်တော်မူသော ဧကပိုဒ်ရတုကို စောင်း ပညာရှင် ချိုသက်တင်က လည်းကောင်း၊ မောင်ဟေမာ(အလင်္ကာဝတ်ရည်) ရေးစပ်ပူ ဇော်သော အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဂုဏပူဇာသီချင်းကို သီတဂူဂီတဉ္စလီအဖွဲ့ မှ တေးသံရှင် ဦးမောင်မောင်အေးကလည်းကောင်း အသီးသီး သီဆိုပူဇော်ကြသည်။

၎င်းနောက် သီတဂူဆရာတော်ဘုရားကြီးမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ ကို သီတဂူဆရာတော်၏ အထွေထွေမန်နေဂျာ သီတဂူဦးစိုးဝင်းမှ အဘိဓဇမဟာရဋ္ဌဂုရု  ဆရာတော်များ၏ ကပ္ပိယများထံအပ်နှံလှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ စေတနာရှင်အလှူရှင်များ နှင့် အရာရှိကြီးများက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော်ဘုရားကြီးနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြရာ သီတဂူဆရာတော်ဘုရားကြီးက နှစ်ပတ်လည် မဂ္ဂဇင်းများကို ဓမ္မလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် သီတဂူရေအလှူတော်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း၊ သီတဂူဆေးရုံတော်များ ပေါ်ထွန်းလာပုံသမိုင်းအကျဉ်းနှင့် “ သဒ္ဓါယ တရတိ သြဃံ” ဖြစ်သည့် အလွန်အားကောင်းသည့်၊ သန်မာသည့်၊ ခိုင်မာသည့် ယုံကြည်ချက်ရှိပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆို ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သာသနာတော်၌ အခက်အခဲများကြုံတွေ့ရပါက သဒ္ဓါတရားနှင့် ပညာကို လက်ကိုင်ထား၍ ကာကွယ်နိုင်ရမည့်ဖြစ်ကြောင်း၊ သီတဂူရေအလှူတော်၏ ယခင်ဆောင်ပုဒ် ဖြစ်သည့် “တောင်စစ်ကိုင်း ချောင်တိုင်း ရေလှူမည” ဆိုသည့် ရည်မှန်းချက်အား ယခုအခါတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်၍ “တောင်စစ်ကိုင်း ချောင်တိုင်းရေတွေလျှံခဲ့ပြီ” ဖြစ်ကြောင်းနှင့် မင်းကွန်းဒေသအတွက်လည်း ရေအလှူတော်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် “ငါတို့ဖြစ်ရ၊  ဤလောကဝယ်၊ ဘဝသမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ မာနမပါ၊ တို့စွမ်းရာဖြင့်၊ တို့သာသနာ၊ တို့ပြည်ရွာကို၊ သာယာစေမှု၊ လုံ့လပြုအံ့” ဟူသည့် သီတဂူအဓိဋ္ဌာန်အား ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သီတဂူဆရာတော်ကြီးနှင့်တကွ ဆရာတော်သံဃာတော်များ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းရှိ အဓိပတိကျောင်းဆောင်သို့ ရောက်ရှိလေ့လာကြည်ညို ကြရာ သီတဂူဆရာတော်ဘုရားကြီးက လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၃)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် သီတဂူရေအလှူစက်ရုံအမှတ်(၁)(ထုံးဘို) ဖွင့်ပွဲပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ရေအလှူစက်ရုံအား အလှူရှင်များဖြစ်သည့် ဦးမောင်ကိုနှင့် သီရိသုဓမ္မ သိင်္ဂီဒေါ်ရွှေဥ မိသားစုနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အလှူရှင်များက ရေအလှူစက်ရုံရှေ့တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် သီတဂူဆရာတော်ဘုရားကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ရေအလှူ စက်ရုံအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြပြီး ရေစက်ကြီးများကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးက ရေစက်ရုံ၊ ရေအလှူတော်များ၊ ခေတ်မီနည်းစနစ်များ အသုံးပြု၍ ရွှေဟင်္သာ၊ သန္တိကရ၊ သကျဓိတာစာသင်တိုက်၊ သဒ္ဓမ္မ သီတဂူကျောင်း၊ သီတဂူဆေးရုံ၊ ရတနင်္ကရ၊ မြစင်္ကြာစာသင်တိုက်၊ ရှင်ပင်နံကိုင်း ရေကန်တို့သို့ ရေပို့လွှတ်ပေးလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် ရေအလှူစက်ရုံအမှတ်(၂)(ဝါးချက်) ဖွင့်ပွဲကို မတ်လ ၁၀ ရက်နေ့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တောရ ဒီပါအေးမြ ကုန်းတော်၌ တည်ထားကိုးကွယ်သည့် လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာ ဒေသခံပြည်သူများ၊  မဟာမြိုင် သဲဖြူဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဦးစီးဦးဆောင်မှုဖြင့် ပညာသင်ကြား ပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဂျပန်ဘာသာစကားသင်တန်းသူ၊ သင်တန်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များက လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်ကြပြီး မဟာမြိုင် သဲဖြူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ  ဘက်စုံအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကာ မဟာမြိုင် တောရပရိဝုဏ် အတွင်းရှိ အောင်စင်္ကြာစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။     

(Zawgyi One)

ပိဋကတၱယေဆက၊ အဘိဓဇဆရာေတာ္ႀကီးမ်ားႏွင့္ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ သီတဂူဆရာေတာ္ဘုရားႀကီးအား ခ်ီးက်ဴးဂုဏ္ျပဳပူေဇာ္ပြဲျပဳလုပ္၊ တပ္္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား ၏ သီတဂူေရအလွဴေတာ္ကုိ ေရစက္ခ်

ေနျပည္ေတာ္၊   မတ္  ၉

ပိဋကတၱယေဆက၊ အဘိဓဇဆရာေတာ္ႀကီးမ်ားႏွင့္ အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ သီတဂူဆရာေတာ္ဘုရားႀကီးအား ခ်ီးက်ဴးဂုဏ္ျပဳပူေဇာ္ပြဲႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သီတဂူေရအလွဴေတာ္ ေရစက္ခ်မဂၤလာ အခမ္းအနားကုိ ယေန႕နံနက္ပုိင္းတြင္ စစ္ကုိင္းတုိင္းေဒသႀကီး၊ စစ္ကုိင္းေတာင္႐ုိးရွိ သီတဂူအျပည္ျပည္ဆုိင္ရာ ၀ိပႆနာတကၠသုိလ္ရွိ သံေ၀ဇနိယဓမၼဗိမာန္ေတာ္ႀကီး၌ က်င္းပျပဳလုပ္ရာ သီတဂူကမၻာ့ဗုဒၶတကၠသုိလ္ မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ေရႊက်င္သာသနာပုိင္၊ သီတဂူ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ Óဏိႆရ၊ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ ဆရာေတာ္  အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ၀ိစာရိႏၵာဘိ၀ံသ၊ အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံ ေက်ာင္းတုိက္ ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ဣေႏၵာဘာသာဘိ၀ံသ၊ မႏၲေလးၿမိဳ႕၊ အတုလကာရီ ဆင္မင္းေက်ာင္း ဆရာေတာ္ႀကီး အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ၾသဘာသာ ဘိ၀ံသႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား တက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အခမ္းအနားသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ စုိးတင့္ႏုိင္ႏွင့္ဇနီး၊ ဖိတ္ၾကားထား သည့္ ဧည့္သည္ေတာ္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၀တ္အသင္းအဖြဲ႕မ်ား၊ ေစတနာရွင္အလွဴရွင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားတက္ေရာက္ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက သီတဂူ ဆရာေတာ္ဘုရားႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး  အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံ ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ဣေႏၵာ ဘာသာဘိ၀ံသ ထံမွ ၾသ၀ါဒတရား နာယူၾကသည္။

ယင္းေနာက္ စစ္ကုိင္းေတာင္႐ုိး၊ ျမစႀကၤာေက်ာင္းတုိက္ စာခ်နာယက အရွင္ သီလနႏၵာဘိ၀ံသ ဂုဏ္ျပဳေရး စပ္ပူေဇာ္အပ္ေသာ ဂုဏပူဇာဂါထာမ်ားကုိ သီတဂူ ေဒါက္တာ အရွင္ဣႏၵာစရိယက ရြတ္ဖတ္ပူေဇာ္သည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဗုဒၶတကၠသုိလ္မ်ားအတြက္ သီတဂူေရအလွဴေတာ္ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းရျခင္းႏွင့္ပတ္သက္၍ သာသနာေရးဆုိင္ရာမ်ား ေလွ်ာက္ ထားသည္။

ထုိသုိ႕ ေလွ်ာက္ထားတင္ျပရာတြင္ ထူးျမတ္လွသည့္ သာသနာ့အေက်ာ္ေဇယ် ပိဋကတ္္ေရးရာ၌ ကြၽမ္းက်င္ႏွံ႕စပ္သည့္ ပိဋကတၱယေဆက၊ အဘိဓဇ ဆရာေတာ္ႀကီးမ်ား ကုိ ယခုကဲ့သုိ႕ ဂုဏ္ျပဳပူေဇာ္ခြင့္ ရသည့္အတြက္ တပည့္ေတာ္တုိ႕အေနျဖင့္ ၾကည္ညိဳျခင္း၊ ၾကည္ႏူးျခင္း၊ ၾကည္လင္ျခင္းတုိ႕ႏွင့္အတူ သာသနာေတာ္အတြက္ မ်ားစြာ၀မ္းသာပီတိ ျဖစ္ရပါေၾကာင္း၊ ဆရာေတာ္ဘုရားတုိ႕ႏွင့္တကြ အလွဴရွင္မ်ား အားလုံး ကာယ၊ စိတၱသုခ ႏွစ္ျဖာျပည္စုံပါေစေၾကာင္းျဖင့္ ဦးစြာ ဆုေတာင္းေမတၱာပုိ႕သ ေလွ်ာက္ထားသည္။

တပည့္ေတာ္တုိ႕ ျမန္မာႏုိင္္ငံ၌ လူဦးေရ ၅၄ သန္းေက်ာ္ရွိသည့္အနက္ ေထရ၀ါဒ   ဗုဒၶဘာသာကုိ ကုိးကြယ္သူေပါင္း ၄၈ သန္းခန္႕ရွိၿပီး ႏုိင္ငံ့လူဦးေရ၏ ၈၀ ရာခုိင္ႏႈန္းေက်ာ္ ရွိပါေၾကာင္း၊ ထုိ႕ေၾကာင့္လည္း ဗုဒၶဘာသာ သာသနာေတာ္ကုိ ႏုိင္ငံေတာ္၏ ႏုိင္ငံသား အမ်ားဆုံးကုိးကြယ္ရာျဖစ္ေသာ ဂုဏ္ထူး ၀ိေသသနႏွင့္ျပည့္စုံသည့္ ဘာသာသာသနာ ျဖစ္သည္ဟု ႏုိင္ငံေတာ္က အသိအမွတ္ျပဳျပ႒ာန္းထားျခင္း ျဖစ္ပါေၾကာင္း၊ သာသနာ သကၠရာဇ္ ၂၅၆၃ ခုႏွစ္ရွိၿပီျဖစ္သျဖင့္ ဗုဒၶသာသနာ စတင္ေပၚေပါက္လာသည္မွာ လြန္ ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ကပင္ျဖစ္ပါေၾကာင္း၊ ခုိင္လုံသည့္ သမုိင္းအေထာက္ အထားမ်ားအရ ပထမျမန္မာႏုိင္ငံေတာ္၊ ပုဂံေခတ္ကတည္းကျဖစ္ၿပီး ႏွစ္ေပါင္း ၁၀၀၀ ခန္႕ရွိၿပီျဖစ္ပါေၾကာင္း၊ သာသနာေတာ္ကုိ ေစာင့္ေရွာက္ၾကသည့္ ဆရာေတာ္ႀကီးမ်ားကဲ့သုိ႕ သာသနာ့အေက်ာ္ေဇယ် ဆရာေတာ္ဘုရားႀကီးမ်ား အဆက္ဆက္၊ သာသနာျပဳ မင္းအဆက္ဆက္ႏွင့္ သာသနာေတာ္ကုိ ၾကည္ညိဳေလးစားတန္ဖုိးထားၾကသည့္ သာသနာ့ ဒါယကာ၊ ဒါယိကာမ အဆက္ဆက္တုိ႕၏ သဒၶါတရားေရွ႕ထား ထိန္းသိမ္းခဲ့မႈေၾကာင့္သာ လ်င္ တပည့္ေတာ္တုိ႕ႏုိင္ငံေတာ္သည္ ေထရ၀ါဒဗုဒၶဘာသာ ၏ စံျပဳႏုိင္ငံအျဖစ္ ကမၻာတြင္ ယေန႕အထိရပ္တည္ေနႏုိင္ျခင္းျဖစ္ပါေၾကာင္း။

ျမတ္ဗုဒၶ၏ တရားေတာ္မ်ားသည္ ေလာကီလူသားမ်ား၏ ေလာကီေကာင္းက်ဳိး၊  ေလာကုတၱရာေကာင္းက်ဳိး၊ ေလာကမွ လြတ္ေျမာက္ေၾကာင္းတရားတုိ႕ကုိ ေဟာေျပာျပသ ဆုိဆုံးမေတာ္မူခဲ့ေသာ တရားမ်ားျဖစ္ၿပီး အစြန္းေရာက္မႈမ်ား၊ အစြန္းတရားမ်ားကို ေရွာင္ ရွားက်င့္ႀကံ၊ က်င့္သုံးသည့္ မဇၩိမပဋိပဒါလမ္းစဥ္ေပၚ၌ အေျခခံထားသည့္ တရားေတာ္ မ်ားျဖစ္ပါေၾကာင္း၊ တရားဦး ဓမၼစၾကာသုတၱန္၏ ပထမအပုိဒ္၌ပင္ “ေဒြ ေမ ဘိကၡေ၀ အႏၲာပဗၺဇိေတန န ေသ၀ိတဗၺာ” ဟု ေရွးဦးေဟာၾကားခဲ့သည္ကုိ ေတြ႕ရွိရပါေၾကာင္း၊ ထုိ႕အျပင္ ျမတ္ဗုဒၶသည္ မိမိအယူကုိ မွန္္ေၾကာင္းျပဆုိရာ၌ တစ္ပါးေသာ အယူ၀ါဒတုိ႕ကုိ မွားေၾကာင္း ပုတ္ခတ္ေျပာဆုိေလ့ မည္သည့္အခါကမွ် မရွိခဲ့ေၾကာင္းႏွင့္ အယူ၀ါဒတစ္ခု မွန္သည္၊ မွားသည္ကုိ ပုိင္းျခားဆုံးျဖတ္ရန္ “ စံ “ ၁၀ ခ်က္ရွိေၾကာင္းကုိသာ ေဟာၫႊန္ ျပသခဲ့သည္ကုိ ေလ့လာမွတ္သား ရပါေၾကာင္း၊ ကာလာမသုတ္ဟုထင္ရွားသည့္ ကာလာမ ပုဏၰားတုိ႕ကုိ ေဟာၾကားခဲ့သည့္ တရားေတာ္၌ ၎င္း”စံ” ၁၀ ခ်က္ျဖင့္ ဗုဒၶ၏အယူ၀ါဒကုိ ပင္ ကုိယ္တုိင္ဆန္းစစ္ခြင့္ျပဳထားပါေၾကာင္း၊ ၎င္းအခ်က္သည္ မ်က္ေမွာက္ေခတ္ သိပၸံနည္းက်အေတြးအျမင္အားလုံး၏ အေျခခံမူျဖစ္႐ုံသာမက ကမၻာေပၚတြင္ ေပၚေပါက္ၿပီး ခဲ့သမွ် ဒႆနအယူအားလုံးႏွင့္လည္း အက်ဳံး၀င္လ်က္ရွိသည္ဟု ပညာရွင္မ်ားက သုံးသပ္ ထားၾကပါေၾကာင္း။

ယင္းအခ်က္ ၁၀ ခ်က္ကုိ ၂၀ ရာစုတြင္ ထင္ရွားသည့္ လက္ငင္းအက်ဳိးၾကည့္ အယူ၀ါဒရွိသူမ်ားႏွင့္ ယုတၱိနည္းက်အေတြ႕အႀကဳံ အဓိက၀ါဒမ်ားပင္ မေဟာၾကားႏုိင္ခဲ့ ဘဲ လြန္ခဲ့သည့္ ႏွစ္ ၂၅၀၀ ေက်ာ္ကပင္ ျမတ္ဗုဒၶက အတိအပေဟာၾကားၫႊန္ၾကားခဲ့သည့္ အတြက္ အမွန္ကုိ သိလုိသည့္ သစၥာ၀ါဒီတုိင္းအတြက္ အလင္းေပးေသာ သစၥာမီးတုိင္ႀကီး ၁၀ တုိင္အျဖစ္ ဒႆနေလာက၌ ထင္ရွားေနသည္ကုိ ေလ့လာမွတ္သားရပါေၾကာင္း။

ျမတ္ဗုဒၶ၏ အဘိဓမၼာ ပိဋကတ္ေတာ္လာ မဟာပ႒ာန္းေဒသနာေတာ္ျမတ္ သည္လည္း အေၾကာင္း၊ အက်ဳိးတရားမ်ားကုိ ဆက္စပ္ေဖာ္ထုတ္ေဟာၾကားရာတြင္ စံ နမူနာျပအျဖစ္တည္ရွိလ်က္ရွိၿပီး ေခတ္သစ္သိပၸံပညာရွင္မ်ားႏွင့္ ဒႆနရွင္မ်ားပင္လ်င္ ေလ့လာႀကံစည္မကုန္ႏုိင္ေသာ တရားေတာ္အျဖစ္ အေလးအျမတ္ထားရသည့္ တရားေတာ္ ျဖစ္ပါေၾကာင္း၊ ယင္းကဲ့သုိ႕ က်ဳိးေၾကာင္းခုိင္လုံၿပီး ေလာက အက်ိဳးကုိ ေဆာင္ၾကဥ္းႏုိင္သည့္ ဗုဒၶသာသနာေတာ္သည္ သာသနာႏွစ္ ၅၀၀၀ တုိင္ ရွည္ၾကာတည္တံ့ မည္ဟု ဆုိေသာ္လည္း တပည့္ေတာ္တုိ႕အေနျဖင့္ ကမၻာတည္သေရြ႕ တည္တံ့ေစေရး၊ ေလာက လူသားတုိ႕ တည္ရွိေနသမွ် ဗုဒၶအဆုံးအမမ်ားတည္ရွိေစေရး လုိလားမိပါေၾကာင္း။

ယင္းသုိ႕ သာသနာေတာ္ တည္တံ့ထြန္းကားျပန္႕ပြားေရးကုိ ေဆာင္ရြက္ေနသည့္ ပိဋကတၱယေဆက၊ အဘိဓဇသာသနာ့ဥေသွ်ာင္ ဆရာေတာ္ႀကီးမ်ားကုိ ယခုကဲ့သုိ႕ဖူးေတြ႕ ခြင့္ရသည့္အတြက္ မ်ားစြာ သဒၶါၾကည္ညိဳစိတ္ပြားမ်ားရၿပီး ဆရာေတာ္ႀကီးတုိ႕၏ သာသနာ့ အေမြကုိဆက္ခံမည့္ စစ္ကုိင္းေတာင္႐ုိးေန သံဃာေတာ္အရွင္သူျမတ္မ်ား၊ သာသနာႏြယ္၀င္ သူေတာ္စင္မ်ား သာသနာ့တာ၀န္ကုိ အသက္ရွည္ စိတ္လက္ခ်မ္းေျမ႕စြာ ထမ္းေဆာင္ ႏုိင္ေရး သီတဂူေရအလွဴကုသုိလ္ေတာ္ ေရစက္ခ်ပြဲအခမ္းအနား က်င္းပရျခင္းအတြက္ ၀မ္းသာပီတိျဖစ္ရပါေၾကာင္း။

“ထမင္းအသက္ ခုႏွစ္ရက္၊ ေရအသက္ တစ္မနက” ဟူသည့္ ျမန္မာမႈနယ္ပယ္ ၌ ျမန္မာတုိ႕အစဥ္အဆက္ သုံးစြဲေနသည့္ ဆုိ႐ုိးစကားအရ”ေရ”သည္ လူသားတုိ႕၏ အသက္ရွင္ ရပ္တည္ေရးအတြက္ အလြန္အေရးႀကီးလွပါေၾကာင္း၊ ထုိ႕ေၾကာင့္ ျမန္မာတုိ႕သည္ ေရအလွဴကုိ အလြန္အေလးထားၾကၿပီး ေရတြင္း၊ ေရကန္အလွဴမွသည္ တစ္ႏုိင္တစ္ပုိင္ ေရခ်မ္းစင္အလွဴ၊ ေရအုိးစင္လွဴမ်ားျပဳလုပ္ၾက၍ ျမန္မာႏုိင္ငံ၌ ေရအုိးစင္၊ ေရခ်မ္းစင္ ယဥ္ေက်းမႈဓေလ့မ်ားကုိ ယေန႕တုိင္ ေတြ႕ျမင္ေနရ ျခင္းပင္ျဖစ္ပါ ေၾကာင္း။

ထုိ႕အျပင္ ျမတ္စြာဘုရားေဟာၾကားေတာ္္မူခဲ့သည့္ ဒါနကထာ၌ ေရအလွဴဒါန ျပဳရျခင္းႏွင့္ ပတ္သက္ၿပီး ေရအက်ဳိး ၁၀ ပါးကုိ အက်ယ္တ၀င့္ ေဟာၾကားခဲ့ပါေၾကာင္း၊ အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ ခ်မ္းသာႀကီးျခင္း၊ ခြန္အားဗလႀကီးမားျခင္း၊ ဉာဏ္ပညာ ႀကီးမားျခင္း၊ သန္႕ရွင္းစင္ၾကယ္ျခင္း၊ ေရာဂါဘယကင္းေ၀းျခင္း၊ အေခြ်အရံမ်ားျခင္း၊ ေရရွားပါးမႈဒဏ္မွ ကင္းေ၀းျခင္းႏွင့္္ လ်င္ျမန္ျဖတ္လတ္ျခင္း ဟူေသာ ေရလွဴဒါန္းရျခင္း အက်ဳိးတရားမ်ားသည္ ႀကီးက်ယ္ျမင့္ျမတ္လွေသာေၾကာင့္ က်န္္သည့္ ဒါနကုသုိလ္မ်ားႏွင့္မတူ  “ေရ”အလွဴကုိ  “ ေရကုသုိလ္”ဟု ေခၚေ၀ၚသုံးႏႈန္းရျခင္းျဖစ္ပါေၾကာင္း၊ ယင္းသုိ႕ ႀကီးက်ယ္ မြန္ျမတ္လွေသာ “ေရကုသုိလ္”၌ တပည့္ေတာ္တုိ႕ တပ္မေတာ္မွ ပါ၀င္လွဴဒါန္းခြင့္ရသည့္ အတြက္ မ်ားစြာဂုဏ္ယူ၀မ္းေျမာက္ ကုသုိလ္ပြားမ်ားရပါေၾကာင္း။

သာသနာေတာ္ေရရွည္တည္တံ့ခုိင္ၿမဲေရးအတြက္ သာသနာ့တာ၀န္ႏွင့္ သာသနာ ေရးရာကိစၥတုိ႕ကုိ ေဆာင္ရြက္ေနသည့္ သာသနာ့၀န္ထမ္း ရဟန္း၊ သံဃာ ေတာ္မ်ားက သာသနာ့တာ၀န္မ်ားကုိ ကုိယ္စိတ္ခ်မ္းေျမ့စြာ ေဆာင္ရြက္ႏုိင္ရန္လုိအပ္ လွပါေၾကာင္း၊ ျမန္မာ့ဗုဒၶဘာသာ သာသနာသမုိင္းတြင္ အေရးပါလွေသာ စစ္ကုိင္းေတာင္ သည္ ျမန္မာႏုိင္ငံအလယ္ပုိင္း မုိးနည္းပါးေသာအရပ္ေဒသ၌ရွိၿပီး ေက်ာက္ေတာင္ ျဖစ္သျဖင့္ ေသာက္ေရ၊ သုံးေရရွားပါးျခင္းကုိ အၿမဲႀကဳံေတြ႕ခဲ့သည္ဟု သိရွိရပါေၾကာင္း၊ မုိးေခါင္ေသာႏွစ္မ်ား၌ ေတာင္႐ုိးရွိသာသနာျပဳပုဂၢဳိလ္သူေတာ္စင္မ်ား ေသာက္ေရ၊ သုံးေရ အတြက္ ခက္ခဲပင္ပန္းခဲ့ၾကၿပီး ဤသီတဂူေရအလွဴေတာ္ႀကီး မစတင္မီက ေသာက္ေရအတြက္ ေရစည္လွည္းငွား သယ္၍ ေသာက္ခဲ့ရၿပီး ညေနတုိင္း ျမစ္ဆိပ္သုိ႕ ပင္ပန္းစြာသြား၍ ေရခ်ဳိးခဲ့ၾကရသည္ဟု သိရွိရပါေၾကာင္း၊

၎အခက္အခဲမ်ားကုိ ေရရွည္ေျဖရွင္းႏုိင္ရန္ႏွင့္ ထာ၀ရတည္တံ့ခုိင္ၿမဲေစ ရန္အတြက္ ေက်းဇူးေတာ္ရွင္ ဆရာေတာ္ဘုရားႀကီး၏ ဦးစီးလမ္းျပမႈျဖင့္ သီတဂူေရအလွဴ ေတာ္၏ စစ္ကုိင္းေတာင္႐ုိး ေရေပးေ၀ေရး စီမံကိန္းကုိ ၁၃၄၂ ခုႏွစ္၊ ကဆုန္လျပည့္ေန႕ (ခရစ္ႏွစ္ ၁၉၈၀ ျပည္ႏွစ္)၌ တစ္ႏုိင္ငံလုံးသုိ႕ ေၾကညာအသိေပးႏႈိးေဆာ္ခဲ့ျခင္းျဖင့္ စတင္ခဲ့ပါေၾကာင္း၊ “မျဖစ္ႏိုင္”ဟုဆိုသည့္ အမ်ဳိးမ်ဳိးေသာ ေ၀ဖန္မႈမ်ားအၾကားမွ တစ္ႏွစ္အတြင္းလက္ေတြ႕အေကာင္အထည္ေဖာ္လုပ္ငန္းမ်ားစတင္ခဲ့ၿပီး စစ္ကိုင္း ေတာင္႐ိုးရွိ ေခ်ာင္ေပါင္း ၃၅ ေခ်ာင္၌ရွိသည့္ ေရကန္ေပါင္း ၇၉ လုံးတို႔ကို ၁၃၄၃ ခုႏွစ္(ခရစ္ႏွစ္ ၁၉၈၁ ခုႏွစ္)၊ တေပါင္းလျပည့္ေန႔ ေန၀န္းထြက္ အ႐ုဏ္တက္ခ်ိန္မွစတင္၍ ေရမ်ားေပးပို႔လွဴဒါန္းႏိုင္ခဲ့သည္ကုိ ခ်ီးက်ဴး၀မ္းေျမာက္ဖြယ္ ေတြ႕ရွိရပါေၾကာင္း၊

လြန္ခဲ့သည့္ႏွစ္ေပါင္း ၄၀ ခန္႔က စတင္ခဲ့ေသာ သီတဂူေရအလွဴေတာ္စီမံကိန္း ႀကီးကို ၾသ၀ါဒါစရိယ ဆရာေတာ္မ်ားအဖြဲ႕၊ သီတဂူဆရာေတာ္ႀကီးက ပဓာနဦးေဆာင္သည့္ ဦးေဆာင္ဆရာေတာ္မ်ားအဖြဲ႕၊ အႏုပါလကဆရာေတာ္မ်ားအဖြဲ႕၊ ေရပိုက္လိုင္း ႀကီးၾကပ္ ေရးသံဃာအဖြဲ႕ စသည္တို႔ျဖင့္ အသီးသီးဖြဲ႕စည္းထားသည့္အဖြဲ႕ႀကီးသည္ ၾသ၀ါဒါစရိယ ဆရာေတာ္မ်ား၏ အဆုံးအမၾသ၀ါဒ ကို ဦးထိပ္တင္၍ ပဓာနဦးေဆာင္ဆရာေတာ္ႀကီး၏ ဦးေဆာင္လမ္းၫႊန္မႈ၊ စီမံကြပ္ကဲမႈ၊ ခ်မွတ္ေပးထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္ တာ၀န္တို႔ကို အေလးအနက္ေဆာင္ရြက္ခဲ့ၾကသျဖင့္ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာခဲ့ သည့္တုိင္ေအာင္ ေရအလွဴေတာ္ကို စဥ္ဆက္မျပတ္ ေပးလွဴလ်က္ရွိသည္ကို ေတြ႕ရွိရပါ ေၾကာင္း။

သီတဂူေရအလွဴေတာ္စတင္စဥ္အခ်ိန္က စစ္ကိုင္းေတာင္႐ိုးတြင္ ေခ်ာင္ ၄၀၀ ခန္႔သာရွိၿပီး ရဟန္းသံဃာႏွင့္သီလရွင္ ၄၀၀၀ ေက်ာ္သာရွိခဲ့ပါေၾကာင္း၊ ယခုအခ်ိန္တြင္ စစ္ကိုင္းေတာင္႐ိုး၌ ေခ်ာင္ေပါင္း ၁၃၀၀ ေက်ာ္၊ ရဟန္းသံဃာႏွင့္သီလရွင္ ၁၆၈၅၉ ပါး ရွိသည္ဟု သိရွိရပါေၾကာင္း၊ အဆိုပါသာသနာ့၀န္ထမ္းသူေတာ္စင္မ်ား စိတ္ႏွလုံး ခ်မ္းေျမ႕စြာ ေသာက္ေရ၊ သုံးေရမ်ားရရွိေစႏိုင္ေရးအတြက္ ဧရာ၀တီျမစ္အတြင္းမွ ေရမ်ားကို ေတာင္ေပၚရွိ ေရကန္အသီးသီးသို႔ ေရတင္စက္႐ုံႀကီး ၃ ႐ုံျဖင့္ အခ်ိန္ျပည့္ ေရတင္၍ လိုအပ္သည့္ေခ်ာင္မ်ားသို႔ ပို႔လႊတ္လွဴဒါန္းလ်က္ရွိသည္ဟုသိရွိရပါေၾကာင္း၊ ထို႔ျပင္ စစ္ကိုင္းေတာင္ တစ္ခြင္လုံးအတြက္ ေသာက္ေရသန္႔မ်ား ေပးေ၀လွဴဒါန္းႏိုင္ေရး ေသာက္ေရသန္႔စက္ႀကီးမ်ားတပ္ဆင္ၿပီး လွဴဒါန္းလ်က္ ရွိသည္ကို ၀မ္းေျမာက္ႏုေမာ္ သာဓုေခၚဖြယ္ ေတြ႕ရွိရပါေၾကာင္း။

ေရအလွဴေတာ္အတြက္ ယခင္က လစဥ္လွ်ပ္စစ္ဓာတ္အားသုံးစြဲခ တစ္လလွ်င္ ပွ်မ္းမွ်က်ပ္သိန္း ၁၁၀ ခန္႔သာကုန္က်ခဲ့ရာမွ ယခုအခါမီတာခမ်ားေျပာင္းလဲလာသျဖင့္ ယခင္ကထက္ သုံးဆ(တစ္လက်ပ္သိန္း ၃၃၀ ခန္႔)ကုန္က်ေနသည့္တိုင္ ေရအလွဴေတာ္ကို ေန႔စဥ္ စဥ္ဆက္မျပတ္ျပဳလုပ္ေနသည္ကိုလည္း ေတြ႕ရွိရပါေၾကာင္း၊ တပည့္ေတာ္တို႔ တပ္မေတာ္မွလည္း ဤကဲ့သို႔ထူးျခားမြန္ျမတ္လွသည့္ ေရကုသိုလ္အလွဴေတာ္ႀကီးကို တတ္စြမ္းသမွ်ပါ၀င္လွဴဒါန္းလ်က္ရွိရာ ယေန႔အထိ တပ္အသီးသီးမွ လွဴဒါန္းေငြက်ပ္သိန္း ၄၇၈၅ သိန္းရွိၿပီျဖစ္ပါေၾကာင္း၊ ဆက္လက္၍လည္း သာသနာ့အက်ဳိးအတြက္ လွဴဒါန္း ေထာက္ပံ့သြားဦးမည္ျဖစ္ပါေၾကာင္း၊ ေတြ႕ႀကဳံလာရသည့္ အခက္အခဲမ်ားကို ရင္ဆိုင္ၿပီး သံဃာေတာ္၊ သီလရွင္ႏွင့္ ေယာဂီပုဂၢဳိလ္မ်ားအတြက္ ေသာက္ေရ၊ သုံးေရမ်ား လုံေလာက္စြာေပးပို႔လွဴဒါန္းႏုိင္ရန္အတြက္ ပုံမွန္လွ်ပ္စစ္ဓာတ္အား အစားထိုးအျဖစ္ ဆုိလာစနစ္ကဲ့သို႔ေသာစနစ္မ်ား တပ္ဆင္လည္ပတ္ႏိုင္ေရး စသည္ျဖင့္ ဘက္ေပါင္းစုံမွ ႀကဳိးပမ္းအားထုတ္ေနမႈမ်ားအေပၚလည္း မ်ားစြာခ်ီးက်ဴးဂုဏ္ျပဳ၀မ္းေျမာက္ ၀မ္းသာ သာဓုေခၚဆိုပါေၾကာင္း။

ယေန႕တြင္ သာသနာ့မီး႐ွဴးတန္ေဆာင္မ်ားျဖစ္ေတာ္မူၾကသည့္ ပိဋကတၱယ ေဆက၊ အဘိဓဇ ဆရာေတာ္ႀကီးမ်ားအား ပူေဇာ္ျခင္းႏွင့္ သီတဂူေရအလွဴေတာ္ ေရစက္ ခ်အခမ္းအနားစသည့္ ေကာင္းမႈကုသုိလ္ထူးႏွစ္ခုကုိ ျပဳလုပ္ခြင့္ရသည့္အတြက္ တပည့္ ေတာ္တုိ႕စိတ္ႏွလုံး၌ သဒၶါဖုံးလႊမ္း ၀မ္းသာျခင္းျဖစ္ရပါေၾကာင္း၊ သူေတာ္ေကာင္း၊ သူေတာ္စင္စိတ္ဓာတ္၊ ပရဟိတစိတ္ဓာတ္တို႔ျဖင့္ “မျဖစ္ႏိုင္”ဟု အမ်ားထင္ျမင္ယူဆ ေနသည္ကို ျဖစ္ေအာင္၊ တည္တံ့ခိုင္ၿမဲေအာင္ႏွင့္ တိုးတက္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့သည့္ သီတဂူေရအလွဴေတာ္ႀကီးအား စတင္ခဲ့သည့္ သီတဂူဆရာေတာ္ဘုရားႀကီးႏွင့္ ရဟန္း သံဃာေတာ္မ်ား၊ အလွဴရွင္မ်ား၏ ဆယ္စုႏွစ္ ၄ စုခန္႔ႏွင့္ခ်ီ၍ စဥ္ဆက္မျပတ္အားထုတ္ ႀကဳိးပမ္းခဲ့မႈမ်ား၊ ဆက္လက္ႀကဳိးပမ္းအားထုတ္ေနမႈမ်ား၊ ဆရာေတာ္ႀကီးမ်ား၏

ဓူရႏွစ္ျဖာ သာသနာတုိ႕အေပၚႀကိဳးစားေဆာင္ရြက္ခ်က္မ်ားသည္ ျမန္မာ့ဗုဒၶဘာသာ သာသနာ့ေမာ္ကြန္း၌ ထာ၀ရတည္တံ့ေနမည္ျဖစ္ပါေၾကာင္းႏွင့္ “သီတဂူ စမ္းလပမာ ခ်မ္းျမသာယာရွိၾကပါေစ”ေၾကာင္း ဆႏၵမြန္ျပဳ၍ ႐ိုေသေလးစားစြာ ေလွ်ာက္ထားအပ္ ပါေၾကာင္းျဖင့္ ေလွ်ာက္ထားသည္။

ဆက္လက္ၿပီး ေအာက္ျမန္မာျပည္သီတဂူသာသနာျပဳအဖြဲ႕ကုိယ္စား မ်က္စိ အထူးကုဆရာ၀န္ႀကီး ေဒါက္တာ ဦးျမေအာင္၊ ေအာက္ျမန္မာျပည္ႏွင့္ အထက္ျမန္မာ ျပည္သီတဂူသာသနာျပဳအဖြဲ႕ ဥကၠ႒ ဆရာႀကီးေဒါက္တာ ဦးေသာင္းျမင့္ တုိ႕က ဂုဏ္ျပဳ ၀မ္းေျမာက္ဖြယ္စကားမ်ား အသီးသီးေျပာၾကားၾကသည္။

ယင္းေနာက္ မႏၲေလးသီတဂူဗုဒၶတကၠသုိလ္၏ ေက်ာင္းအုပ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ေ၀႒ဳရိယာလကၤာရ ေရးစပ္ပူေဇာ္ေတာ္မူေသာ ဧကပုိဒ္ရတုကုိ ေစာင္း ပညာရွင္ ခ်ဳိသက္တင္က လည္းေကာင္း၊ ေမာင္ေဟမာ(အလကၤာ၀တ္ရည္) ေရးစပ္ပူ ေဇာ္ေသာ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဂုဏပူဇာသီခ်င္းကုိ သီတဂူဂီတဥၥလီအဖြဲ႕ မွ ေတးသံရွင္ ဦးေမာင္ေမာင္ေအးကလည္းေကာင္း အသီးသီး သီဆုိပူေဇာ္ၾကသည္။

၎ေနာက္ သီတဂူဆရာေတာ္ဘုရားႀကီးမွ လွဴဒါန္းေသာ လွဴဖြယ္ပစၥည္းမ်ား ကုိ သီတဂူဆရာေတာ္၏ အေထြေထြမန္ေနဂ်ာ သီတဂူဦးစုိး၀င္းမွ အဘိဓဇမဟာရ႒ဂု႐ု  ဆရာေတာ္မ်ား၏ ကပၸိယမ်ားထံအပ္ႏွံလွဴဒါန္းသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ေစတနာရွင္အလွဴရွင္မ်ား ႏွင့္ အရာရွိႀကီးမ်ားက အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ သီတဂူဆရာေတာ္ဘုရားႀကီးႏွင့္ အဘိဓဇမဟာရ႒ဂု႐ု ဆရာေတာ္ႀကီးမ်ားအား လွဴဖြယ္ ပစၥည္းမ်ား အသီးသီးဆက္ကပ္လွဴဒါန္းၾကရာ သီတဂူဆရာေတာ္ဘုရားႀကီးက ႏွစ္ပတ္ လည္ မဂၢဇင္းမ်ားကုိ ဓမၼလက္ေဆာင္အျဖစ္ျပန္လည္ေပးအပ္သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ား သည္ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ သီတဂူဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူသည့္ သီတဂူေရအလွဴေတာ္ေပၚေပါက္လာပုံသမုိင္းအက်ဥ္း၊ သီတဂူေဆး႐ုံေတာ္မ်ား ေပၚထြန္းလာပုံသမုိင္းအက်ဥ္းႏွင့္ “ သဒၶါယ တရတိ ၾသဃံ” ျဖစ္သည့္ အလြန္အားေကာင္းသည့္၊ သန္မာသည့္၊ ခုိင္မာသည့္ ယုံၾကည္ခ်က္ရွိပါက မည္သည့္အခက္အခဲ၊ အၾကပ္အတည္းကုိမဆုိ ေက်ာ္ျဖတ္ႏုိင္မည္ျဖစ္ၿပီး သာသနာေတာ္၌ အခက္အခဲမ်ားႀကဳံေတြ႕ရပါက သဒၶါတရားႏွင့္ ပညာကုိ လက္ကုိင္ထား၍ ကာကြယ္ႏုိင္ရမည့္ျဖစ္ေၾကာင္း၊ သီတဂူေရအလွဴေတာ္၏ ယခင္ေဆာင္ပုဒ္ ျဖစ္သည့္ “ေတာင္စစ္ကုိင္း ေခ်ာင္တုိင္း ေရလွဴမည” ဆုိသည့္ ရည္မွန္းခ်က္အား ယခုအခါတြင္ ေဆာင္ရြက္ႏုိင္ခဲ့ၿပီး ျဖစ္၍ “ေတာင္စစ္ကုိင္း ေခ်ာင္တုိင္းေရေတြလွ်ံခဲ့ၿပီ” ျဖစ္ေၾကာင္းႏွင့္ မင္းကြန္းေဒသအတြက္လည္း ေရအလွဴေတာ္အား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ ေၾကာင္း အႏုေမာဒနာတရားကုိနာယူ၍ လွဴဒါန္းမႈအစုစုတုိ႕အတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ခဲ့ၾကသည္။ ယင္းေနာက္ “ငါတုိ႕ျဖစ္ရ၊  ဤေလာက၀ယ္၊ ဘ၀သမုိင္း မ႐ုိင္းေစရန္၊ စိတ္မာန္မခ် မာနမပါ၊ တုိ႕စြမ္းရာျဖင့္၊ တုိ႕သာသနာ၊ တုိ႕ျပည္ရြာကုိ၊ သာယာေစမႈ၊ လုံ႕လျပဳအံ့” ဟူသည့္ သီတဂူအဓိ႒ာန္အား ရြတ္ဆုိ၍ အခမ္းအနားကုိ ေအာင္ျမင္စြာ ႐ုတ္သိမ္းခဲ့သည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ သီတဂူဆရာေတာ္ႀကီးႏွင့္တကြ ဆရာေတာ္သံဃာေတာ္မ်ား အား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကကာ တက္ေရာက္လာၾက သည့္ ဧည့္သည္ေတာ္မ်ားအား ေန႕လယ္စာျဖင့္ တည္ခင္းဧည့္ခံခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သီတဂူ ကမၻာ့ဗုဒၶတကၠသုိလ္၀န္းအတြင္းရွိ အဓိပတိေက်ာင္းေဆာင္သုိ႕ ေရာက္ရွိေလ့လာၾကည္ညိဳ ၾကရာ သီတဂူဆရာေတာ္ဘုရားႀကီးက လုိက္လံရွင္းလင္းျပသသည္။

ယင္းေနာက္ သီတဂူဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္(၈၃)ႏွစ္ျပည့္ အထိမ္း အမွတ္အျဖစ္ သီတဂူေရအလွဴစက္႐ုံအမွတ္(၁)(ထုံးဘုိ) ဖြင့္ပြဲျပဳလုပ္မည့္ေနရာသုိ႕ ေရာက္ရွိၾကရာ ေရအလွဴစက္႐ုံအား အလွဴရွင္မ်ားျဖစ္သည့္ ဦးေမာင္ကုိႏွင့္ သီရိသုဓမၼ သိဂႌေဒၚေရႊဥ မိသားစုႏွင့္ အဖြဲ႕၀င္မ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးသည္။ ထုိ႕ေနာက္ သီတဂူဆရာေတာ္ဘုရားႀကီး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အလွဴရွင္မ်ားက ေရအလွဴစက္႐ုံေရွ႕တြင္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။ ယင္းေနာက္ သီတဂူဆရာေတာ္ဘုရားႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႕က ေရအလွဴ စက္႐ုံအား အေမႊးနံ႕သာရည္မ်ားပက္ျဖန္းေပးၾကၿပီး ေရစက္ႀကီးမ်ားကုိ စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးသည္။

ထုိ႕ေနာက္ သီတဂူဆရာေတာ္ဘုရားႀကီးက ေရစက္႐ုံ၊ ေရအလွဴေတာ္မ်ား၊ ေခတ္မီနည္းစနစ္မ်ား အသုံးျပဳ၍ ေရႊဟသၤာ၊ သႏၲိကရ၊ သက်ဓိတာစာသင္တုိက္၊ သဒၶမၼ သီတဂူေက်ာင္း၊ သီတဂူေဆး႐ုံ၊ ရတနကၤရ၊ ျမစႀကၤာစာသင္တုိက္၊ ရွင္ပင္နံကုိင္း ေရကန္တုိ႕သုိ႕ ေရပုိ႕လႊတ္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္းႏွင့္ ေရအလွဴစက္႐ုံအမွတ္(၂)(၀ါးခ်က္) ဖြင့္ပြဲကုိ မတ္လ ၁၀ ရက္ေန႕ ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ယင္းေနာက္ ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ား သည္ စစ္ကုိင္းတုိင္းေဒသႀကီး၊ ကေလးခ႐ုိင္၊ ကေလး၀ၿမိဳ႕နယ္၊ မဟာၿမိဳင္ေတာရ ဒီပါေအးျမ ကုန္းေတာ္၌ တည္ထားကုိးကြယ္သည့္ ေလးကြၽန္းရန္ေအာင္ ေစတီေတာ္ျမတ္ႀကီးသုိ႕ သြားေရာက္ဖူးေျမာ္ၾကည္ညိဳရာ ေဒသခံျပည္သူမ်ား၊  မဟာၿမိဳင္ သဲျဖဴဆရာေတာ္ ဘဒၵႏၲ ပညာေဇာတ ဦးစီးဦးေဆာင္မႈျဖင့္ ပညာသင္ၾကား ေပးလ်က္ရွိသည့္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဂ်ပန္ဘာသာစကားသင္တန္းသူ၊ သင္တန္းသားမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားက ေလးကြၽန္းရန္ေအာင္ ေစတီေတာ္ျမတ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီး ပူေဇာ္ၾကၿပီး မဟာၿမိဳင္ သဲျဖဴဆရာေတာ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳကာ  ဘက္စုံုအလွဴေငြႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း သည္။ ထုိ႕ေနာက္ ေစတီေတာ္ ျမတ္ႀကီးအား လက္ယာရစ္လွည့္လည္ဖူးေျမာ္ၾကည္ညိဳကာ မဟာၿမိဳင္ ေတာရပရိ၀ုဏ္ အတြင္းရွိ ေအာင္စႀကၤာေစတီေတာ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။