တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေမှန်များကိုသိရှိထားကြရန်နှင့် ပြည်သူက ယုံကြည် အားကိုးရသည့် နိုင်ငံကအားထားရသည့် တပ်မတော်ဖြစ်အောင် စည်းကမ်းတကျနေထိုင်၊ တိုင်းရင်းသား အားလုံးအမြဲတမ်းသွေးနီးဖို့၊ သွေးစည်းဖို့လို

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂

တုိင္းျပည္၏ႏုိင္ငံေရး၊ စီးပြားေရး၊ စစ္ေရး အေျခအေနမွန္မ်ားကုိသိရွိထားၾကရန္ႏွင့္ ျပည္သူက ယုံၾကည္အားကုိးရသည့္ ႏုိင္ငံကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ စည္းကမ္းတက် ေနထုိင္ၾကရန္ လုိေၾကာင္း၊တုိင္းရင္းသားအားလုံးအၿမဲတမ္းေသြးနီးဖုိ႔၊ ေသြးစည္းဖုိ႔လုိေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ျမန္မာႏုိင္ငံတစ္နံတလ်ားရွိ ျပည္သူမ်ားမွ ေပါက္ဖြားလာသည့္ တုိင္းရင္းသားမ်ားျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ျပည္သူ ႏွင့္တစ္သားတည္းျဖစ္ရန္လုိၿပီး ျပည္သူ႕အက်ိဳးကုိေဖၚေဆာင္ရမည္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ညေနပုိင္းတြင္ စစ္ေတြတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား စစ္ေတြတပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကား ေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား လုိက္ပါၿပီး ယေန႔ ေန႔လယ္ပုိင္းတြင္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(စစ္ေတြ)သုိ႔ ေရာက္ရွိၾကသည္။

ထုိ႔ေနာက္ အစည္းအေ၀းခန္းမတြင္ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ စုိးတင့္ႏုိင္က ရခုိင္ျပည္နယ္အတြင္း နယ္ေျမလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ေနရာျဖန္႔ခြဲထားရွိမႈအေျခအေနမ်ား၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံနယ္စပ္ ၿခံစည္႐ုိးမ်ား ျပန္လည္ျပဳျပင္ျခင္းႏွင့္ အသစ္ကာရံျခင္းအတြက္ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ေနရပ္စြန္႔ခြာတုိင္းရင္းသားမ်ားအား ၎တုိ႔၏ မူလေနရပ္သုိ႔ျပန္လည္ပုိ႔ေဆာင္ေပးမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံတုိင္းရင္းသားမ်ား၏ လုံၿခဳံေရးကုိစနစ္တက်ကာကြယ္ေပးရမည္ျဖစ္ေၾကာင္း၊ ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ လႈပ္ရွားမႈသတင္းမ်ားကုိမ်က္ေျခမျပတ္ ရယူၿပီး နယ္ေျမလုံၿခဳံေရး၊ နယ္ေျမစုိးမုိးေရး၊ တရားဥပေဒစုိးမုိးေရးတုိ႔အား စဥ္ဆက္မျပတ္ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ တုိင္းရင္းသားမ်ားအလုပ္အကုိင္ရရွိေရးအတြက္ ရခုိင္ျပည္နယ္အစုိးရ အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ထိေရာက္စြာ စီမံေဆာင္ရြက္ေပးရန္လုိေၾကာင္း၊ တစ္ဘက္ႏုိင္ငံသုိ႔ထြက္ေျပးသြားသည့္ ဘဂၤါလီမ်ား ျပန္လည္လက္ခံရာတြင္ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အတုိင္း ေသခ်ာစြာစိစစ္၍ လက္ခံရန္ လုိၿပီး ၎င္းတုိ႔အေနျဖင့္ ျမန္မာႏုိင္ငံ၏ တည္ဆဲဥပေဒမ်ားအတုိင္း လုိက္နာရမည္ျဖစ္ေၾကာင္း၊ စာရင္းဇယားမ်ားတိက်မွန္ကန္မႈရွိေအာင္ စိစစ္ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ားအားလုံး ျပည္သူႏွင့္ တစ္သားတည္းရွိၾကရန္အေရးႀကီးေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မြန္းလြဲပုိင္းတြင္ စစ္ေတြတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားေတြ႕ဆုံအမွာစကားေျပာၾကားသည္။အဆိုပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ စစ္ေတြတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္၏အဓိက တာ၀န္မွာႏုိင္ငံေတာ္ကာကြယ္ေရးပင္ျဖစ္ေၾကာင္း၊ မိမိတို႔တုိင္းျပည္လြတ္လပ္ေရးရရွိခဲ့သည္မွာႏွစ္ေပါင္း ၇၀ ရွိၿပီျဖစ္ၿပီး အဆုိိပါကာလအတြင္းမိမိတုိ႔ႏုိင္ငံတုိးတက္မႈႏွင့္ အျခားႏုိင္ငံမ်ား၏တုိးတက္မႈကုိ ႏႈိင္းယွဥ္ၾကည့္လ်င္မိမိတုိ႔ ႏုိင္ငံ၏တုိုးတက္မႈသည္ ေနာက္က်ပါေၾကာင္း၊ ဆုိရွယ္လစ္ကာလ၊ တပ္မေတာ္အစုိးရကာလႏွင့္ ယခုေခတ္ကာလမ်ားတြင္ မိမိတုိ႔တပ္မေတာ္သည္ ထုိက္သင့္သေလာက္တုိးတက္မႈမ်ားရွိခဲ့ေသာ္လည္း အိမ္နီးနားခ်င္းႏုိင္ငံမ်ားႏွင့္ယွဥ္လ်င္ အနည္းငယ္ ေနာက္က်လ်က္ရွိေၾကာင္း၊ ထုိကဲ့သုိ႔ ေနာက္က်ေနရျခင္းမွာ မိမိတုိ႔ႏုိင္ငံသည္ လြတ္လပ္ေရးရၿပီးေနာက္ပုိင္း ကာလမ်ားတြင္ ျဖတ္သန္းလာခဲ့ရသည့္ ႏုိင္ငံေရးလမ္းေၾကာင္းမ်ားမွာ တည္ၿငိမ္မႈမရွိဘဲ ႏုိင္ငံေရးအားၿပိဳင္မႈမ်ားရွိခဲ့ေၾကာင္း၊ လြတ္လပ္ေရးရၿပီးခ်ိန္တြင္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ၏အားနည္းခ်က္ေၾကာင့္ ျပည္နယ္ခြဲထြက္ခြင့္ဆုိသည့္ ဖက္ဒရယ္စနစ္အား ေတာင္းဆုိၾကရာမွ ႏုိင္ငံေရးအရသေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚၿပီး ႏုိင္ငံသားအခ်င္းခ်င္း စည္းလုံးမႈမ်ားမရွိခဲ့ဘဲ ျပည္တြင္းမၿငိမ္သက္မႈ၊ ျပည္တြင္းေသာင္းက်န္းမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ အေထြေထြမေက်နပ္မႈမ်ားေၾကာင့္ တပ္မေတာ္မွ ၁၉၈၈ ခုႏွစ္တြင္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ၀င္ေရာက္ထိန္းသိမ္းေပးခဲ့ရေၾကာင္း၊ ျပည္သူမ်ားမွလုိလားသည့္ ပါတီစုံဒီမုိကေရစီစနစ္ကုိေျပာင္းလဲက်င့္သုံးႏုိင္ရန္အတြက္ တပ္မေတာ္မွ အဆင့္ဆင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ အလႊာေပါင္းစုံမွ ပါ၀င္သည့္ အမ်ိဳးသားညီလာခံကုိ က်င္းပျပဳလုပ္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲခဲ့ေၾကာင္း၊ ဥပေဒႏွင့္အညီ ၂၀၁၁ ခုႏွစ္မွစတင္၍ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္း ေပၚတြင္ စတင္ေလွ်ာက္လွမ္းခဲ့ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈ သေဘာတူစာခ်ဳပ္ NCA ကုိတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားႏွင့္ လက္မွတ္ေရးထုိးခဲ့ေၾကာင္း၊ အခ်ိဳ႕တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕မ်ားသည္ မိမိတို႔ရသင့္ရထုိက္သည့္ အခြင့္အေရးထက္ ပုိမုိရယူလိုသျဖင့္ အခက္အခဲတခ်ိဳ႕ရွိေၾကာင္း၊ ယေန႔ေလွ်ာက္လွမ္းေနသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းတြင္ ဥပေဒႏွင့္အညီသာအားလုံးတစ္ေျပးညီသြားရမည္ျဖစ္ေၾကာင္း၊ အေျခခံဥပေဒတြင္ တုိင္းရင္းသားမ်ားအား အခြင့္အေရးခြဲျခားထားျခင္းမရွိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားအေနျဖင့္ ႏုိင္ငံေတာ္၏အခ်ဳပ္အျခာ အာဏာတည္တံ့ခုိင္ၿမဲေရးအတြက္ အသက္၊ ေသြး၊ ေခြၽး မ်ားစြာေပးဆပ္ခဲ့ရၿပီး မိမိတုိ႔မွ သမုိင္းအေမြကုိထိန္းသိမ္းရန္လုိေၾကာင္း၊ ထုိကဲ့သုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္ စစ္ေရး၊ စည္း႐ုံးေရး၊ အုပ္ခ်ဳပ္ေရး စသည့္စြမ္းရည္သုံးရပ္ျပည့္စုံေအာင္ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း မွာၾကားသည္။

၎ေနာက္ ရခုိင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္ တုိက္ခုိက္မႈမ်ားျဖစ္ေပၚခဲ့မႈသည္ တရားဥပေဒကုိလုိက္နာရန္ အားနည္းခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ အဆုိပါဘဂၤါလီမ်ားအား ဥပေဒအရထိန္းသိမ္းရန္ျပဳလုပ္ရာ လက္မခံဘဲ ဥပေဒခ်ိဳးေဖာက္မႈမ်ား၊ ေဒသခံတုိင္းရင္းသားမ်ားအား အၾကမ္းဖက္မႈမ်ားျပဳလုပ္လာခဲ့ေၾကာင္း၊ ႏုိင္ငံေတာ္၏တရားဥပေဒကုိ ေလးစားလုိက္နာမႈလုံး၀မရွိသည္ကုိေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ တရားဥပေဒအရထိန္းသိမ္းမႈကုိလက္မခံဘဲ ခ်ိဳးေဖာက္ၿပီးယခုကဲ့သုိ႔ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း၊ ဥပေဒႏွင့္အညီ စာရင္း ေကာက္ယူ၍စိစစ္ရာလက္ခံမႈမရွိသျဖင့္ မိမိတုိ႔ႏုိင္ငံ၏တရားဥပေဒစုိးမိုးေရးကုိမ်ားစြာ ထိခုိက္ပါေၾကာင္း၊ ယေန႔ဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းရာတြင္ ဥပေဒႏွင့္အညီ သာသြားရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းေအာင္၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းေအာင္၊ တရားဥပေဒစုိးမုိးေရးအရ တည္ၿငိမ္မႈရွိေအာင္ ႀကိဳးစားေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ အျခားလႈံ႕ေဆာ္မႈမ်ားေၾကာင့္မိမိတုိ႔၏ စည္းလုံးညီၫြတ္မႈကုိ မၿပိဳကြဲေအာင္ထိန္းသိမ္းေဆာင္ရြက္ၾကရမည္ျဖစ္ၿပီး အားလုံးက ျပည္ေထာင္စုစိတ္ဓာတ္ရွိရန္လုိေၾကာင္း၊ မိမိတို႔တုိင္းရင္းသားအားလုံးသည္ တစ္ေျမတည္းေန တစ္ေရတည္းေသာက္ တစ္မိသားစုတည္းတြင္ရွိၾကေၾကာင္း၊ ကုိယ့္ေဒသကုိ ဖြံ႕ၿဖိဳးတုိးတက္ေအာင္ အားလုံးက တက္ညီလက္ညီေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔တပ္တစ္တပ္ခ်င္းမွစ၍ ဆက္စပ္လ်က္ရွိသည့္ ေဒသအတြက္ပါ ေဆာင္ရြက္ရန္လုိေၾကာင္းရွင္းလင္း ေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္တစ္ရပ္၏ Standard Army ျဖစ္ေရးအတြက္ အေျခခံပညာသည္အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္သားမ်ား၏ပညာရည္ျမႇင့္တင္ေရးကုိ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားမ်ား၏ က်န္းမာေရး ျမႇင့္တင္မႈမ်ားကုိလည္း ေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ ေနေရး၊ စားေရးအဆင္ေျပေစရန္အတြက္လည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သားတစ္ဦးခ်င္း၏ စည္းကမ္းလုိက္နာမႈသည္ အေရးႀကီးေၾကာင္း၊ ျပည္သူ႕ဘ၀ျမႇင့္တင္ေရးအတြက္လည္း မ်ားစြာေဆာင္ရြက္ခဲ့ေၾကာင္း၊ ထုိကဲ့သုိ႔ျမႇင့္တင္မႈမ်ား ေဆာင္ရြက္ခဲ့ျခင္းေၾကာင့္ ယခုအခ်ိန္တြင္ျပည္သူလူထု၏အားကုိးယုံၾကည္မႈမ်ားကုိရရွိလ်က္ရွိေၾကာင္း၊ အားလုံး၏ ၀ုိင္း၀န္းပါ၀င္လုပ္ေဆာင္ျခင္းေၾကာင့္ပင္ျဖစ္ၿပီး ဆက္လက္၍အားလုံးကထိန္းသိမ္း ေဆာင္ရြက္ရန္လုိေၾကာင္း၊ စည္းကမ္း၊ စိတ္ဓာတ္မ်ားေကာင္းၿပီး တပ္တြင္းစည္းလုံးညီၫြတ္မႈရွိျခင္းအားျဖင့္ တပ္မေတာ္သည္ႏုိင္ငံေတာ္၏အားတစ္ရပ္ ျဖစ္လာမည္ ျဖစ္ေၾကာင္း၊ တပ္တြင္းစည္းလုံးညီၫြတ္မႈမွသည္ ေဒသတြင္း စည္းလုံးညီၫြတ္မႈ၊ ေဒသတြင္းစည္းလုံးညီၫြတ္မႈမွသည္ တုိင္းျပည္စည္းလုံး ညီၫြတ္မႈကုိ တည္ေဆာက္ ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္မေတာ္မွေဆာင္ရြက္ေပး လ်က္ရွိသကဲ့သုိ႔ မိမိတုိ႔ကုိယ္တုိင္လည္း စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ ေဒသအတြက္လည္း ေထာက္ကူရမည္ျဖစ္ေၾကာင္း၊ အေသာက္အစား အေပ်ာ္အပါးမ်ားကုိလည္း တတ္ႏုိင္သမွ်ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားကုိလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက မိခင္ႏွင့္ကေလးရန္ပုံေငြမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ရာ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးႏွင့္ဇနီးတုိ႔က လက္ခံရယူၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေအာင္ေက်ာ္ေဇာတုိ႔က စားေသာက္ဖြယ္ရာမ်ားႏွင့္ အားကစားပစၥည္းမ်ားအားအသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေမှန်များကိုသိရှိထားကြရန်နှင့် ပြည်သူက ယုံကြည် အားကိုးရသည့် နိုင်ငံကအားထားရသည့် တပ်မတော်ဖြစ်အောင် စည်းကမ်းတကျနေထိုင်၊ တိုင်းရင်းသား အားလုံးအမြဲတမ်းသွေးနီးဖို့၊ သွေးစည်းဖို့လို

နေပြည်တော်၊ ဒီဇင်ဘာ – ၂

တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေမှန်များကိုသိရှိထားကြရန်နှင့် ပြည်သူက ယုံကြည်အားကိုးရသည့် နိုင်ငံကအားထားရသည့် တပ်မတော်ဖြစ်အောင် စည်းကမ်းတကျ နေထိုင်ကြရန် လိုကြောင်း၊တိုင်းရင်းသားအားလုံးအမြဲတမ်းသွေးနီးဖို့၊ သွေးစည်းဖို့လိုကြောင်း၊ မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံတစ်နံတလျားရှိ ပြည်သူများမှ ပေါက်ဖွားလာသည့် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူ နှင့်တစ်သားတည်းဖြစ်ရန်လိုပြီး ပြည်သူ့အကျိုးကိုဖေါ်ဆောင်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား စစ်တွေတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင်ထည့်သွင်းပြောကြားသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး ယနေ့ နေ့လယ်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)သို့ ရောက်ရှိကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်က ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာဖြန့်ခွဲထားရှိမှုအခြေအနေများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်ရိုးများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ကာရံခြင်းအတွက်ဆောင်ရွက်နေမှု အခြေအနေများ၊ နေရပ်စွန့်ခွာတိုင်းရင်းသားများအား ၎င်းတို့၏ မူလနေရပ်သို့ပြန်လည်ပို့ဆောင်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကိုစနစ်တကျကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုမျက်ခြေမပြတ် ရယူပြီး နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးတို့အား စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားများအလုပ်အကိုင်ရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ထိရောက်စွာ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်ဘက်နိုင်ငံသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း သေချာစွာစိစစ်၍ လက်ခံရန် လိုပြီး ၎င်းင်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း၊ စာရင်းဇယားများတိကျမှန်ကန်မှုရှိအောင် စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ပြည်သူနှင့် တစ်သားတည်းရှိကြရန်အရေးကြီးကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြားသည်။အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏အဓိက တာဝန်မှာနိုင်ငံတော်ကာကွယ်ရေးပင်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်လွတ်လပ်ရေးရရှိခဲ့သည်မှာနှစ်ပေါင်း ရ၀ ရှိပြီဖြစ်ပြီး အဆိုိပါကာလအတွင်းမိမိတို့နိုင်ငံတိုးတက်မှုနှင့် အခြားနိုင်ငံများ၏တိုးတက်မှုကို နှိုင်းယှဉ်ကြည့်လျင်မိမိတို့ နိုင်ငံ၏တိုးတက်မှုသည် နောက်ကျပါကြောင်း၊ ဆိုရှယ်လစ်ကာလ၊ တပ်မတော်အစိုးရကာလနှင့် ယခုခေတ်ကာလများတွင် မိမိတို့တပ်မတော်သည် ထိုက်သင့်သလောက်တိုးတက်မှုများရှိခဲ့သော်လည်း အိမ်နီးနားချင်းနိုင်ငံများနှင့်ယှဉ်လျင် အနည်းငယ် နောက်ကျလျက်ရှိကြောင်း၊ ထိုကဲ့သို့ နောက်ကျနေရခြင်းမှာ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလများတွင် ဖြတ်သန်းလာခဲ့ရသည့် နိုင်ငံရေးလမ်းကြောင်းများမှာ တည်ငြိမ်မှုမရှိဘဲ နိုင်ငံရေးအားပြိုင်မှုများရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အားနည်းချက်ကြောင့် ပြည်နယ်ခွဲထွက်ခွင့်ဆိုသည့် ဖက်ဒရယ်စနစ်အား တောင်းဆိုကြရာမှ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး နိုင်ငံသားအချင်းချင်း စည်းလုံးမှုများမရှိခဲ့ဘဲ ပြည်တွင်းမငြိမ်သက်မှု၊ ပြည်တွင်းသောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အထွေထွေမကျေနပ်မှုများကြောင့် တပ်မတော်မှ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ၀င်ရောက်ထိန်းသိမ်းပေးခဲ့ရကြောင်း၊ ပြည်သူများမှလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် တပ်မတော်မှ အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း၊ အလွှာပေါင်းစုံမှ ပါ၀င်သည့် အမျိုးသားညီလာခံကို ကျင်းပပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ကြောင်း၊ ဥပဒေနှင့်အညီ ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် စတင်လျှောက်လှမ်းခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မိမိတို့ရသင့်ရထိုက်သည့် အခွင့်အရေးထက် ပိုမိုရယူလိုသဖြင့် အခက်အခဲတချို့ရှိကြောင်း၊ ယနေ့လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် ဥပဒေနှင့်အညီသာအားလုံးတစ်ပြေးညီသွားရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် တိုင်းရင်းသားများအား အခွင့်အရေးခွဲခြားထားခြင်းမရှိကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေး များစွာပေးဆပ်ခဲ့ရပြီး မိမိတို့မှ သမိုင်းအမွေကိုထိန်းသိမ်းရန်လိုကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး စသည့်စွမ်းရည်သုံးရပ်ပြည့်စုံအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

၎င်းနောက် ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တရားဥပဒေကိုလိုက်နာရန် အားနည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါဘင်္ဂါလီများအား ဥပဒေအရထိန်းသိမ်းရန်ပြုလုပ်ရာ လက်မခံဘဲ ဥပဒေချိုးဖောက်မှုများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်မှုများပြုလုပ်လာခဲ့ကြောင်း၊ နိုင်ငံတော်၏တရားဥပဒေကို လေးစားလိုက်နာမှုလုံးဝမရှိသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေအရထိန်းသိမ်းမှုကိုလက်မခံဘဲ ချိုးဖောက်ပြီးယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ စာရင်း ကောက်ယူ၍စိစစ်ရာလက်ခံမှုမရှိသဖြင့် မိမိတို့နိုင်ငံ၏တရားဥပဒေစိုးမိုးရေးကိုများစွာ ထိခိုက်ပါကြောင်း၊ ယနေ့ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းရာတွင် ဥပဒေနှင့်အညီ သာသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းအောင်၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေစိုးမိုးရေးအရ တည်ငြိမ်မှုရှိအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားလှုံ့ဆော်မှုများကြောင့်မိမိတို့၏ စည်းလုံးညီညွတ်မှုကို မပြိုကွဲအောင်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လိုကြောင်း၊ မိမိတို့တိုင်းရင်းသားအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိသားစုတည်းတွင်ရှိကြကြောင်း၊ ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် အားလုံးက တက်ညီလက်ညီဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တပ်တစ်တပ်ချင်းမှစ၍ ဆက်စပ်လျက်ရှိသည့် ဒေသအတွက်ပါ ဆောင်ရွက်ရန်လိုကြောင်းရှင်းလင်း ပြောကြားသည်။

ယင်းနောက်တပ်မတော်တစ်ရပ်၏ Standard Army ဖြစ်ရေးအတွက် အခြေခံပညာသည်အရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ပညာရည်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ တပ်မတော်သားများ၏ ကျန်းမာရေး မြှင့်တင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ နေရေး၊ စားရေးအဆင်ပြေစေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားတစ်ဦးချင်း၏ စည်းကမ်းလိုက်နာမှုသည် အရေးကြီးကြောင်း၊ ပြည်သူ့ဘဝမြှင့်တင်ရေးအတွက်လည်း များစွာဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအချိန်တွင်ပြည်သူလူထု၏အားကိုးယုံကြည်မှုများကိုရရှိလျက်ရှိကြောင်း၊ အားလုံး၏ ဝိုင်းဝန်းပါ၀င်လုပ်ဆောင်ခြင်းကြောင့်ပင်ဖြစ်ပြီး ဆက်လက်၍အားလုံးကထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်း၊ စိတ်ဓာတ်များကောင်းပြီး တပ်တွင်းစည်းလုံးညီညွတ်မှုရှိခြင်းအားဖြင့် တပ်မတော်သည်နိုင်ငံတော်၏အားတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုမှသည် ဒေသတွင်း စည်းလုံးညီညွတ်မှု၊ ဒေသတွင်းစည်းလုံးညီညွတ်မှုမှသည် တိုင်းပြည်စည်းလုံး ညီညွတ်မှုကို တည်ဆောက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သက်သာချောင်ချိရေးအတွက် တပ်မတော်မှဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအတွက်လည်း ထောက်ကူရမည်ဖြစ်ကြောင်း၊ အသောက်အစား အပျော်အပါးများကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်ရမည်ဖြစ်ကြောင်းမှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးရန်ပုံငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဌာနချုပ်မှူးနှင့်ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောတို့က စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများအားအသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။