ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာသာသနာတော်ကြီး တည်တံ့ပြန့်ပွားစေရန်၊ သာသနာ့ အာဇာနည်များ ပေါ်ထွန်း စေရန်၊ ပရိယတ္တိစာမေးစာပြန်ပွဲများ၊ ဘာသာရေး၊ သာသနာရေးအခမ်းအနားများ ခမ်းနားတင့်တယ်စွာကျင်းပ နိုင်ရန်အတွက် စစ်တွေမြို့သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးဖွင့်လှစ်လှူဒါန်း

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၃

ရခုိင္ျပည္နယ္သည္ ျမန္မာႏုိင္ငံ၏ဗုဒၶဘာသာထြန္းကားျပန္႔ပြားရာဘူမိနက္သန္ နယ္ေျမတစ္ခုျဖစ္ၿပီး ဗုဒၶဘာသာအၿမဲတမ္းတည္တံ့ခုိင္ၿမဲ ထြန္းလင္းေတာက္ပေစရန္ႏွင့္ ပရိယတၱိ၊ ပဋိပတၱိသာသနာ ေဆာင္ရြက္ ၾကမည့္ သာသနာ့အာဇာနည္ သံဃာေတာ္မ်ား စဥ္ဆက္မျပတ္ေပၚထြန္းႏုိင္ရန္အတြက္ရည္ရြယ္၍ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ စုေပါင္းလွဴဒါန္းမႈျဖင့္ စစ္ေတြၿမိဳ႕၊ ေလာကနႏၵာ ေစတီေတာ္ ပရိ၀ုဏ္အတြင္းတည္ေဆာက္ခဲ့သည့္ သာသနာ့ဗိမာန္ေတာ္ႀကီး ဖြင့္လွစ္လွဴဒါန္းျခင္း အခမ္းအနား အားယေန႔နံနက္ပုိင္းတြင္က်င္းပျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္သည္။

အဆုိပါအခမ္းအနားသုိ႔ ျပည္နယ္ၾသ၀ါဒစရိယဆရာေတာ္၊ စစ္ေတြၿမိဳ႕၊ ဒကၡိဏာ ရာမေက်ာင္းတုိက္ပဓာန နာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼမေဇာတိကဓဇ ဘဒၵႏၲစႏၵႏွင့္ ျပည္နယ္သံဃနာယက ဥကၠ႒ဆရာေတာ္၊ စစ္ေတြၿမိဳ႕၊ ဓမၼသုခေက်ာင္းတုိက္ ပဓာနနာယက၊ အဂၢမဟာဂႏၲ၀ါစကပ႑ိတ ဘဒၵႏၲေသာမ အမွဴးျပဳေသာသံဃာေတာ္မ်ား၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ စုိးတင့္ႏုိင္၊ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ ျပည္နယ္ လႊတ္ေတာ္မွတာ၀န္ရွိသူမ်ား ေစတနာရွင္အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ ရပ္မိရပ္ဖ မ်ားႏွင့္ ဧည့္ပရိသတ္မ်ားတက္ေရာက္ၾကသည္။

ဦးစြာ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္စုိးတင့္ႏုိင္၊ ရခုိင္ျပည္နယ္ လူမႈေရး၀န္ႀကီး ေဒါက္တာခ်မ္းသာႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ ဦးေမာင္ထြန္းေက်ာ္တုိ႔က သာသနာ့ ဗိမာန္ေတာ္ႀကီးအား ဖဲႀကိဳးျဖတ္ဖြင့္ လွစ္ေပးၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က သာသနာ့ဗိမာန္ေတာ္ကမၸည္းေမာ္ကြန္း ေက်ာက္စာတုိင္ႏွင့္ သာသနာ့ဗိမာန္အမည္စာတမ္းအား စက္ခလုတ္ ႏွိပ္ဖြင့္လွစ္ေပးၿပီး အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာသနာ့ဗိမာန္ေတာ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ ဆြမ္းေတာ္၊ သစ္သီး၊ ပန္းမန္၊ ေသာက္ေတာ္ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္သည္။ ၎ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ျပည္နယ္ၾသ၀ါဒစရိယဆရာေတာ္၊ စစ္ေတြၿမိဳ႕၊ ဒကၡိဏာ ရာမေက်ာင္းတုိက္ပဓာန နာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼမေဇာတိကဓဇ ဘဒၵႏၲစႏၵထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားရြတ္ပြားသရဇၩာယ္ ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားအားနာယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတုိ႔သည္ ျပည္နယ္ၾသ၀ါဒစရိယဆရာေတာ္ႀကီးထံ သဒၶမၼသုံးျဖာ သာသနာေတာ္ျမတ္ႀကီးအတြက္ သာသနာ့ဗိမာန္ ေတာ္ႀကီးကုိ သာဟတၳိကေျမာက္ ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက သံဃာေတာ္အရွင္သူျမတ္ မ်ားအား လွဴဖြယ္ ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး သာသနာ့ဗိမာန္ေတာ္ႀကီး တည္ေဆာက္လွဴဒါန္းရျခင္းႏွင့္ စပ္လ်ဥ္း ၍ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ေမာင္ေမာင္ျမင့္က ရွင္းလင္းေလွ်ာက္ထားသည္။ ယင္းေနာက္ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ က သာသာနာ့ဗိမာန္ေတာ္ႀကီးႏွင့္ သက္ဆုိင္သည့္ မွတ္တမ္း ဓာတ္ပုံမ်ားႏွင့္ စာရြက္စာတမ္းမ်ားကုိ ရခုိင္ျပည္နယ္သာသနာေရးဦးစီးမွဴးထံသုိ႔လႊဲေျပာင္းေပးအပ္ၿပီး သာသနာ့ ဗိမာန္ေတာ္ႀကီး တည္ေဆာက္ေပးသည့္ ဓည၀တီေငြတင္းျပည့္ ကုမၸဏီအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြ မ်ားေပးအပ္ သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားသည္ ျပည္နယ္သံဃနာယက ဥကၠ႒ဆရာေတာ္၊ စစ္ေတြၿမိဳ႕၊ ဓမၼသုခ ေက်ာင္းတုိက္ ပဓာနနာယက၊ အဂၢမဟာဂႏၲ၀ါစကပ႑ိတ ဘဒၵႏၲေသာမထံမွ အႏုေမာဒနာတရားနာၾကား၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္ သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ားက သာသနာ့ဗိမာန္ေတာ္ႀကီးအေပၚထပ္ ရွိ ဗုဒၶေက်ာင္းေဆာင္တြင္အပူေဇာ္ခံထားရွိမည့္ ေၾကးသြန္းဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဗုဒၶါဘိေသက အေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အဖြဲ႕၀င္မ်ားသည္ သံဃာေတာ္အရွင္ သူျမတ္မ်ားအားေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ယခင္ကစစ္ေတြၿမိဳ႕ေလာကနႏၵာေစတီေတာ္ပရိ၀ုဏ္အတြင္း သာသနာ့ဗိမာန္ ေဆာက္လုပ္ရန္၂၀၁၀ ခုႏွစ္တြင္ စတင္လုပ္ေဆာင္ခဲ့ရာ ၂၀၁၁ ခုႏွစ္တြင္အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေဆာက္လုပ္မႈရပ္ဆုိင္းခဲ့ရၿပီး ၂၀၁၆ ခုႏွစ္ ဇူလုိင္လအတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ စစ္ေတြၿမိဳ႕သုိ႔လာေရာက္ခဲ့စဥ္ ျပည္နယ္သံဃနာယက ဥကၠ႒ဆရာေတာ္ႀကီး၏ ၾသ၀ါဒမိန္႔ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏လမ္းၫႊန္ခ်က္ျဖင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံးမွ ဒီဇုိင္းပုံစံထုတ္လုပ္၍ တာ၀န္ယူႀကီးၾကပ္မႈျဖင့္ ဓည၀တီ ေငြတင္းျပည့္ ေဆာက္လုပ္ေရးကုမၸဏီက ေဆာက္ လုပ္ခဲ့ျခင္းျဖစ္သည္။ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ား၏ လွဴဒါန္းေငြစုစုေပါင္း က်ပ္သန္း ၁၅၀၀ ျဖင့္ ၂၀၁၆ ခုႏွစ္ႏုိ၀င္ဘာလတြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ကာ အလ်ား ၁၇၁ ေပ၊ အနံ ၇၂ ေပ၊ အျမင့္ ၃၁ ေပရွိ သံကူကြန္ကရစ္ ႏွစ္ထပ္ဗိမာန္ေတာ္ႀကီးျဖစ္သည္။ သာသနာ့ဗိမာန္ေတာ္ႀကီးအတြင္း သံဃာေတာ္အပါး ၅၀၀ ခန္႔တစ္ၿပိဳင္တည္း စာျပန္ပြဲျပဳလုပ္ႏုိင္ၿပီး ဘာသာေရး၊ သာသနာေရး အခမ္းအနားမ်ားအတြက္ ပရိသတ္ဦးေရ ၈၀၀ ေက်ာ္၀င္ ဆန္႔မႈရွိေၾကာင္း သိရွိရသည္။ထုိ႔ေၾကာင့္ ရခုိင္ျပည္နယ္အတြင္းႏွစ္စဥ္က်င္းပျပဳလုပ္သည့္ သံဃာေတာ္မ်ား စာျပန္ပြဲ က်င္းပျခင္းမ်ား၊ သာသနာေရးဆုိင္ရာ အခမ္းအနားမ်ားက်င္းပျခင္းမ်ားႏွင့္ အျခားသာသနာေရး ဆုိင္ရာ အခမ္းအနားမ်ားအား အခက္အခဲမရွိအဆင္ေျပေခ်ာေမြ႕စြာျဖင့္ က်င္းပႏုိင္ေတာ့မည္ ျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး ေအာင္စၾကာမုနိသိမ္ေတာ္ျမတ္ႀကီးအတြင္းရွိ စၾကာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ သားသမီး ေျမးမိသားစုကလွဴဒါန္းသည့္ ဖန္အုပ္ေဆာင္းေတာ္တပ္ ဆင္လွဴဒါန္းပူေဇာ္ပြဲကုိ က်င္းပရာဦးစြာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က စၾကာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ပန္း၊ေရခ်မ္း၊ဆီမီးမ်ားကပ္လွဴပူ ေဇာ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးေဒၚၾကဴၾကဴလွတို႔က စၾကာမုနိဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီး တြင္ တပ္ဆင္မည့္ဖန္အုပ္ေဆာင္းေတာ္ကုိသဟတၳိကေျမာက္ ျပည္နယ္သံဃနာယက ဥကၠ႒ဆရာေတာ္ႀကီးထံ ဆက္ကပ္လွဴဒါန္းၿပီး အလွဴေငြမ်ားအား ဆက္ကပ္လွဴဒါန္းသည္။ ယင္းေနာက္ ဖန္အုပ္ေဆာင္းေတာ္အား ႐ုပ္ပြားေတာ္ျမတ္တြင္ တပ္ဆင္ဆက္ကပ္သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ျပည္နယ္ သံဃနာယက ဥကၠ႒ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာယူၿပီး လွဴဒါန္းမႈအစုစု အတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ အဆုိပါစၾကာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး သည္တတိယဓည၀တီေခတ္ စႏၵသူရိယမင္းလက္ထက္ေရွးေဟာင္း အံ့မခန္း ေၾကးသြန္းလက္ရာမ်ားျဖင့္ ၾကည္ညိဳဖြယ္သပၸါယ္ေတာ္မူသည့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ျဖစ္ၿပီး သဘာ၀ေဘးအႏၲရာယ္မ်ားမွ ကာကြယ္ႏုိင္ရန္ႏွင့္ ေရရွည္တည္တံ့ခုိင္ၿမဲေစရန္ အတြက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ သားသမီးေျမးမိသားစုတုိ႔က ဖန္အုပ္ေဆာင္းေတာ္ႀကီးကုိ တပ္ဆင္လွဴဒါန္း ပူေဇာ္ျခင္းျဖစ္သည္။ ဖန္အုပ္ေဆာင္းေတာ္ႀကီးမွာ အခ်င္း ၂၆ လက္မ၊ အျမင့္ ၃၆ လက္မ၊ ထု ၀ ဒသမ ၇၈ လက္မ၊ အေလးခ်ိန္ ၅၆ ဒသမ ၇ ကီလုိ ဂရမ္ရွိ Acrylic အမ်ိဳးအစားျဖစ္္ေၾကာင္းသိရွိရသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေလာကနႏၵာ ေစတီေတာ္ျမတ္ႀကီး အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္အားဖူးေျမာ္ၾကည္ညိဳၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီ ေတာ္ႀကီးရွိ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္လက္မွတ္ေရးထုိးသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီးတို႔ကေစတီေတာ္ႀကီးအတြက္ အလွဴေငြမ်ားအား ေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္း သည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေလာကနႏၵာေစတီေတာ္ျမတ္ႀကီး ဘက္စုံျပဳျပင္ မြန္းမံရန္လုိအပ္လ်က္ရွိသည့္ အေျခအေနမ်ားအားၾကည့္႐ႈ၍ လိုအပ္သည္မ်ား ေဆာင္ရြက္ႏုိင္ရန္ တာ၀န္ရွိသူမ်ားအားစီစဥ္မွာၾကားခဲ့သည္။

(Unicode Version)

ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာသာသနာတော်ကြီး တည်တံ့ပြန့်ပွားစေရန်၊ သာသနာ့ အာဇာနည်များ ပေါ်ထွန်း စေရန်၊ ပရိယတ္တိစာမေးစာပြန်ပွဲများ၊ ဘာသာရေး၊ သာသနာရေးအခမ်းအနားများ ခမ်းနားတင့်တယ်စွာကျင်းပ နိုင်ရန်အတွက် စစ်တွေမြို့သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးဖွင့်လှစ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ – ၃

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရာဘူမိနက်သန် နယ်မြေတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာအမြဲတမ်းတည်တံ့ခိုင်မြဲ ထွန်းလင်းတောက်ပစေရန်နှင့် ပရိယတ္တိ၊ ပဋိပတ္တိသာသနာ ဆောင်ရွက် ကြမည့် သာသနာ့အာဇာနည် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနိုင်ရန်အတွက်ရည်ရွယ်၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် စစ်တွေမြို့၊ လောကနန္ဒာ စေတီတော် ပရိဝုဏ်အတွင်းတည်ဆောက်ခဲ့သည့် သာသနာ့ဗိမာန်တော်ကြီး ဖွင့်လှစ်လှူဒါန်းခြင်း အခမ်းအနား အားယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်သြဝါဒစရိယဆရာတော်၊ စစ်တွေမြို့၊ ဒက္ခိဏာ ရာမကျောင်းတိုက်ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မမဇောတိကဓဇ ဘဒ္ဒန္တစန္ဒနှင့် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ အမှူးပြုသောသံဃာတော်များ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်မှတာဝန်ရှိသူများ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖ များနှင့် ဧည့်ပရိသတ်များတက်ရောက်ကြသည်။

ဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် မြို့မိမြို့ဖ ဦးမောင်ထွန်းကျော်တို့က သာသနာ့ ဗိမာန်တော်ကြီးအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာ့ဗိမာန်တော်ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်နှင့် သာသနာ့ဗိမာန်အမည်စာတမ်းအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာသနာ့ဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်နယ်သြဝါဒစရိယဆရာတော်၊ စစ်တွေမြို့၊ ဒက္ခိဏာ ရာမကျောင်းတိုက်ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မမဇောတိကဓဇ ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားသရဇ္ဈာယ် တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များအားနာယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ပြည်နယ်သြဝါဒစရိယဆရာတော်ကြီးထံ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးအတွက် သာသနာ့ဗိမာန် တော်ကြီးကို သာဟတ္ထိကမြောက် ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ် များအား လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း ၍ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့်က ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော က သာသာနာ့ဗိမာန်တော်ကြီးနှင့် သက်ဆိုင်သည့် မှတ်တမ်း ဓာတ်ပုံများနှင့် စာရွက်စာတမ်းများကို ရခိုင်ပြည်နယ်သာသနာရေးဦးစီးမှူးထံသို့လွှဲပြောင်းပေးအပ်ပြီး သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပေးသည့် ဓညဝတီငွေတင်းပြည့် ကုမ္ပဏီအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ် သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များက သာသနာ့ဗိမာန်တော်ကြီးအပေါ်ထပ် ရှိ ဗုဒ္ဓကျောင်းဆောင်တွင်အပူဇော်ခံထားရှိမည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် သံဃာတော်အရှင် သူမြတ်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယခင်ကစစ်တွေမြို့လောကနန္ဒာစေတီတော်ပရိဝုဏ်အတွင်း သာသနာ့ဗိမာန် ဆောက်လုပ်ရန်၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင်အကြောင်း အမျိုးမျိုးကြောင့် ဆောက်လုပ်မှုရပ်ဆိုင်းခဲ့ရပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်တွေမြို့သို့လာရောက်ခဲ့စဉ် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒမိန့်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏လမ်းညွှန်ချက်ဖြင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ဒီဇိုင်းပုံစံထုတ်လုပ်၍ တာဝန်ယူကြီးကြပ်မှုဖြင့် ဓညဝတီ ငွေတင်းပြည့် ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်း ကျပ်သန်း ၁၅၀၀ ဖြင့် ၂၀၁၆ ခုနှစ်နို၀င်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အလျား ၁၇၁ ပေ၊ အနံ ရ၂ ပေ၊ အမြင့် ၃၁ ပေရှိ သံကူကွန်ကရစ် နှစ်ထပ်ဗိမာန်တော်ကြီးဖြစ်သည်။ သာသနာ့ဗိမာန်တော်ကြီးအတွင်း သံဃာတော်အပါး ၅၀၀ ခန့်တစ်ပြိုင်တည်း စာပြန်ပွဲပြုလုပ်နိုင်ပြီး ဘာသာရေး၊ သာသနာရေး အခမ်းအနားများအတွက် ပရိသတ်ဦးရေ ၈၀၀ ကျော်ဝင် ဆန့်မှုရှိကြောင်း သိရှိရသည်။ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းနှစ်စဉ်ကျင်းပပြုလုပ်သည့် သံဃာတော်များ စာပြန်ပွဲ ကျင်းပခြင်းများ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများကျင်းပခြင်းများနှင့် အခြားသာသနာရေး ဆိုင်ရာ အခမ်းအနားများအား အခက်အခဲမရှိအဆင်ပြေချောမွေ့စွာဖြင့် ကျင်းပနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး အောင်စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီး မြေးမိသားစုကလှူဒါန်းသည့် ဖန်အုပ်ဆောင်းတော်တပ် ဆင်လှူဒါန်းပူဇော်ပွဲကို ကျင်းပရာဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူ ဇော်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှတို့က စကြာမုနိဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် တပ်ဆင်မည့်ဖန်အုပ်ဆောင်းတော်ကိုသဟတ္ထိကမြောက် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး အလှူငွေများအား ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဖန်အုပ်ဆောင်းတော်အား ရုပ်ပွားတော်မြတ်တွင် တပ်ဆင်ဆက်ကပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစု အတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ အဆိုပါစကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သည်တတိယဓညဝတီခေတ် စန္ဒသူရိယမင်းလက်ထက်ရှေးဟောင်း အံ့မခန်း ကြေးသွန်းလက်ရာများဖြင့် ကြည်ညိုဖွယ်သပ္ပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးမိသားစုတို့က ဖန်အုပ်ဆောင်းတော်ကြီးကို တပ်ဆင်လှူဒါန်း ပူဇော်ခြင်းဖြစ်သည်။ ဖန်အုပ်ဆောင်းတော်ကြီးမှာ အချင်း ၂၆ လက်မ၊ အမြင့် ၃၆ လက်မ၊ ထု ၀ ဒသမ ရ၈ လက်မ၊ အလေးချိန် ၅၆ ဒသမ ရ ကီလို ဂရမ်ရှိ Acrylic အမျိုးအစားဖြစ််ကြောင်းသိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လောကနန္ဒာ စေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ကြည်ညိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်ကြီးရှိ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်လက်မှတ်ရေးထိုးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က စေတီတော်ကြီးအတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လောကနန္ဒာစေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်လိုအပ်လျက်ရှိသည့် အခြေအနေများအားကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားစီစဉ်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။