တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ Catholic Kachin Youth Yangon(CKYY) ဓမ္မတေးအဖွဲ့လာရောက်၍ ခရစ္စမတ် ဓမ္မတေးသီချင်းများသီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြား

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ေနအိမ္သုိ႔ ယေန႔ ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Catholic Kachin Youth Yangon (CKYY) ဓမၼေတးအဖြဲ႕ လာေရာက္၍ ခရစၥမတ္ဓမၼေတးသီခ်င္းမ်ား သီဆုိၿပီး ၿငိမ္းခ်မ္းေရးဆုေတာင္းစကားမ်ား ဂုဏ္ျပဳေျပာၾကားသည္။

ဦးစြာဓမၼေတးအဖြဲ႕က ခရစ္စမတ္ဓမၼေတးသီခ်င္းႏွင့္ ၿငိမ္းခ်မ္းေရးေတးသီခ်င္းမ်ား သီဆုိၾကသည္။ ယင္းေနာက္ Catholic Kachin Youth Yangon (CKYY) ဓမၼေတးအဖြဲ႕ ေခါင္းေဆာင္ ေဒၚဆြမ္လြတ္ဆုိင္ေခါန္က ၿငိမ္းခ်မ္းေရးဆုေတာင္းစကားေျပာၾကားရာတြင္ ၿငိမ္းခ်မ္းေရးတံခါး ဖြင့္ထားေပးသည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုကဲ့သုိ႔ လာေရာက္ေဖ်ာ္ေျဖခြင့္ ရသည့္အတြက္လည္း ဂုဏ္ယူပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိေစရန္အတြက္ အခက္အခဲမ်ားအားျဖတ္ေက်ာ္ၿပီး ေဆာင္ရြက္ႏုိင္ပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္းေတာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ဓမၼေတးအဖြဲ႕က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ခရစ္စမတ္ လက္ေဆာင္မ်ားေပးအပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ဓမၼေတးသီခ်င္းမ်ားသီဆုိရာတြင္ အသုံးျပဳႏုိင္ရန္အတြက္လုိအပ္သည့္ တူရိယာပစၥည္းႏွင့္ အလွဴေငြမ်ား၊ စားေသာက္ဖြယ္ရာမ်ားျပန္လည္ေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Catholic Kachin Youth Yangon(CKYY) ဓမၼေတးအဖြဲ႕အား ႏႈတ္ခြန္းဆက္စကားေျပာၾကားရာတြင္ မည္သည့္ဘာသာကုိ ကုိးကြယ္သည္ျဖစ္ေစ ၿငိမ္းခ်မ္းရန္၊ သာယာ၀ေျပာရန္၊ တုိးတက္ေအာင္ လုပ္ေဆာင္ရန္ဆုိသည့္ အသိတရားမ်ားရရွိေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဘာသာေရးေပၚတြင္ အေလးထားေဆာင္ရြက္သည့္အတြက္ ဂုဏ္ျပဳပါေၾကာင္း၊ မိမိတုိ႔တုိင္းျပည္သည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တုိးတက္မႈမ်ား ေႏွာင့္ေႏွးေနသည္မ်ား ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္ေခါင္းေဆာင္တစ္ဦးအေနျဖင့္ ၿငိမ္းခ်မ္းေရးအျမန္ဆုံးရရွိေအာင္ ေဆာင္ရြက္ေနေၾကာင္း၊ ၿငိမ္းခ်မ္ေရးရရွိမွသာ တုိးတက္မည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ လူငယ္မ်ားအေနျဖင့္ တက္ႏုိင္သည့္ဘက္မွ ပါ၀င္ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ လူငယ္မ်ားသည္ အနာဂါတ္၏ ႏုိင္ငံေခါင္းေဆာင္မ်ားျဖစ္သည့္အတြက္ အေလးထားပါေၾကာင္း၊ ႏုိင္ငံအတြင္း ေနထုိင္သူမ်ားအားလုံး တစ္ေျပးညီသေဘာထားပါေၾကာင္း၊ တုိင္းရင္းသားအားလုံး တူညီေသာအခြင့္အေရး တူညီေသာေအာင္ျမင္မႈ ရေစလုိပါေၾကာင္း၊ We are Myanmar ဆုိသည့္ ျမန္မာစိတ္ထားျဖင့္ တုိင္းျပည္အတြက္ တစ္ဖက္တစ္လမ္းမွ ေဆာင္ရြက္ၾကေစလိုေၾကာင္း၊ ထုိကဲ့သုိ႔ေဆာင္ရြက္ၾကရန္အတြက္ အသိပညာအတတ္ပညာမ်ားရွိေနရန္ လုိအပ္ၿပီး အၿမဲတုိးတက္ေအာင္ ေလ့လာေဆာင္ရြက္သြားၾကရန္လုိေၾကာင္း၊ ရရွိထားသည့္ အတတ္ပညာ အသိပညာမ်ားသည္ မိမိတုိင္းျပည္၊ မိမိလူမ်ိဳးအတြက္ အက်ိဳးျပဳျခင္းမ်ဳိးသာ ျဖစ္ေစလုိေၾကာင္း၊ ယခုခရစ္စမတ္ကာလတြင္ အင္အားမ်ားေမြးၿပီး ႏွစ္သစ္မွာ ခြန္အားျပည့္၀စြာျဖင့္ ၿငိမ္းခ်မ္းျခင္း၊ သာယာ၀ေျပာျခင္း၊ ဖြံ႕ၿဖိဳးတုိးတက္ျခင္းမ်ားရရွိပါေစရန္ ဆုမြန္ေကာင္းေတာင္းေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္မိသားစုက ဓမၼေတးအဖြဲ႕ အား စားေသာက္ဖြယ္ရာမ်ားႏွင့္ တည္ခင္းဧည့္ခံၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ Catholic Kachin Youth Yangon(CKYY) ဓမ္မတေးအဖွဲ့လာရောက်၍ ခရစ္စမတ် ဓမ္မတေးသီချင်းများသီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေအိမ်သို့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Catholic Kachin Youth Yangon (CKYY) ဓမ္မတေးအဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြားသည်။

ဦးစွာဓမ္မတေးအဖွဲ့က ခရစ်စမတ်ဓမ္မတေးသီချင်းနှင့် ငြိမ်းချမ်းရေးတေးသီချင်းများ သီဆိုကြသည်။ ယင်းနောက် Catholic Kachin Youth Yangon (CKYY) ဓမ္မတေးအဖွဲ့ ခေါင်းဆောင် ဒေါ်ဆွမ်လွတ်ဆိုင်ခေါန်က ငြိမ်းချမ်းရေးဆုတောင်းစကားပြောကြားရာတွင် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပေးသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ လာရောက်ဖျော်ဖြေခွင့် ရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ ငြိမ်းချမ်းရေးရရှိစေရန်အတွက် အခက်အခဲများအားဖြတ်ကျော်ပြီး ဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပြောကြားသည်။

ထို့နောက် ဓမ္မတေးအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ခရစ်စမတ် လက်ဆောင်များပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဓမ္မတေးသီချင်းများသီဆိုရာတွင် အသုံးပြုနိုင်ရန်အတွက်လိုအပ်သည့် တူရိယာပစ္စည်းနှင့် အလှူငွေများ၊ စားသောက်ဖွယ်ရာများပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Catholic Kachin Youth Yangon(CKYY) ဓမ္မတေးအဖွဲ့အား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ငြိမ်းချမ်းရန်၊ သာယာဝပြောရန်၊ တိုးတက်အောင် လုပ်ဆောင်ရန်ဆိုသည့် အသိတရားများရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးပေါ်တွင် အလေးထားဆောင်ရွက်သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ မိမိတို့တိုင်းပြည်သည် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုများ နှောင့်နှေးနေသည်များ ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိအောင် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်ရေးရရှိမှသာ တိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် တက်နိုင်သည့်ဘက်မှ ပါ၀င်ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်များသည် အနာဂါတ်၏ နိုင်ငံခေါင်းဆောင်များဖြစ်သည့်အတွက် အလေးထားပါကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူများအားလုံး တစ်ပြေးညီသဘောထားပါကြောင်း၊ တိုင်းရင်းသားအားလုံး တူညီသောအခွင့်အရေး တူညီသောအောင်မြင်မှု ရစေလိုပါကြောင်း၊ We are Myanmar ဆိုသည့် မြန်မာစိတ်ထားဖြင့် တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ကြရန်အတွက် အသိပညာအတတ်ပညာများရှိနေရန် လိုအပ်ပြီး အမြဲတိုးတက်အောင် လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရရှိထားသည့် အတတ်ပညာ အသိပညာများသည် မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် အကျိုးပြုခြင်းမျိုးသာ ဖြစ်စေလိုကြောင်း၊ ယခုခရစ်စမတ်ကာလတွင် အင်အားများမွေးပြီး နှစ်သစ်မှာ ခွန်အားပြည့်ဝစွာဖြင့် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများရရှိပါစေရန် ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်မိသားစုက ဓမ္မတေးအဖွဲ့ အား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။