တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက်ကြရမည်ဖြစ်

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၆

ျမန္မာႏုိင္ငံအတြင္းရွိ တုိင္းရင္းသားအားလုံးေသြးစည္းညီၫြတ္ရန္လုိအပ္ေၾကာင္း၊ သုိ႔မွသာတုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ေၾကာင္း၊ တုိင္းျပည္၏အင္အားသည္ ျပည္တြင္းမွာသာရွိၿပီး ျပည္ေထာင္စုတုိင္းရင္းသားမ်ား၏အင္အားျဖစ္၍ မိမိတုိ႔အခ်င္းခ်င္း ယုံၾကည္မႈ၊ ညီၫြတ္မႈ၊ စည္းလုံးမႈမ်ားျဖင့္ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အထက္ျမန္မာျပည္ကက္သလစ္ဂုိဏ္းအုပ္ဆရာေတာ္ ေပါလ္ဂေရာင္ ဦးေဆာင္သည့္ ကခ်င္ျပည္နယ္ႏွင့္ရွမ္းျပည္နယ္ေျမာက္ပုိင္းမွ ကက္သလစ္ဆရာေတာ္မ်ားႏွင့္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ေတြ႕ဆုံေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး အထက္ျမန္မာျပည္ ကက္သလစ္ဂုိဏ္းအုပ္ဆရာေတာ္ႏွင့္အတူ လား႐ႈိးၿမိဳ႕ကက္သလစ္ဂုိဏ္းအုပ္ဆရာေတာ္ ဖီးလစ္ဇေဟာင္း၊ ျမစ္ႀကီးနားၿမိဳ႕ကက္သလစ္သာသနာပုိင္ဆရာေတာ္ ဖရန္စစ္ေဒါ့တန္၊ ဗန္းေမာ္ၿမိဳ႕ကက္သလစ္သာသနာပုိင္ဆရာေတာ္ ေရမြန္ဆြမ္လြတ္ဂမ္တုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဆရာေတာ္ဖရန္စစ္ေဒါ့တန္က ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ေဆာင္ရြက္မႈမ်ားႏွင့္ပံ့ပုိးကူညီမႈမ်ားအတြက္ လြန္စြာ၀မ္းေျမာက္ပါေၾကာင္း၊ မိမိတုိ႔သည္ကခ်င္ျပည္နယ္ႏွင့္ရွမ္းျပည္နယ္ေျမာက္ပုိင္းမွ ကက္သလစ္ ဆရာေတာ္မ်ားျဖစ္ၾကပါေၾကာင္း၊ သက္ဆုိင္ရာေဒသမ်ားရွိ ကက္သလစ္ဘာသာ၀င္မ်ား၏ ဘာသာေရးက႑ကုိ ဦးေဆာင္ဦးရြက္ျပဳေနသူမ်ားျဖစ္ၿပီး တာ၀န္ယူမႈရွိသည့္ ႏုိင္ငံ့သားေကာင္းမ်ားျဖစ္ေပၚလာေစေရး အစဥ္တစုိက္သြန္သင္လမ္းျပလ်က္ရွိေၾကာင္း၊ ႏုိင္ငံေတာ္အစုိးရ၏မူ၀ါဒမ်ားျဖစ္သည့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ဒီမုိကေရစီစနစ္ေဖာ္ေဆာင္ေရး၊ ျပည္သူမ်ား၏လူမႈစီးပြားဘ၀မ်ား ျမင့္မားတုိးတက္ေရးအတြက္ အေလးထားႀကိဳးပမ္းအားထုတ္လ်က္ရွိရာတြင္ တပ္မေတာ္ အေနျဖင့္ အစုိးရ၊ ျပည္သူ၊ လႊတ္ေတာ္၊ ႏုိင္ငံေရးပါတီမ်ား၊ အရပ္ဘက္လူ႕အဖြဲ႕အစည္းမ်ား၊ တုိင္းရင္းသားအဖြဲ႕အစည္းမ်ားႏွင့္ အတူတကြႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည့္အတြက္ လြန္စြာအားရမိပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ၂၀၁၁ ခုႏွစ္မွစတင္၍ ယခုအခ်ိန္ထိ တုိက္ပြဲေရွာင္ျပည္သူ ၁ သိန္း ၂ ေသာင္းေက်ာ္ရွိေနၿပီး ၎တုိ႔၏ေနအိမ္၊ ေက်းရြာမ်ားကုိစြန္႔ခြာ၍ တုိက္ပြဲေရွာင္စခန္းမ်ားတြင္ေနထုိင္ၾကသည္မွာ ၇ ႏွစ္နီးပါးၾကာျမင့္လာၿပီျဖစ္ပါေၾကာင္း၊ အဆုိပါ တုိက္ပြဲေရွာင္ျပည္သူမ်ားသည္ က်ဥ္းၾကပ္စြာေနထုိင္ရျခင္း၊ အလုပ္အကုိင္အခြင့္အလမ္း ကင္းမဲ့မႈတုိ႔ေၾကာင့္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ၿပီးဘ၀မ်ား ဖ႐ုိဖရဲျဖစ္ျခင္းမ်ားကုိ ခံစားေနရေၾကာင္း၊ ယေန႔ကခ်င္ျပည္နယ္ႏွင့္ရွမ္းျပည္နယ္ ေျမာက္ပုိင္းတြင္လုံၿခဳံေရးအရတိမ္းေရွာင္ေနသူမ်ားအား ကက္သလစ္အသင္းေတာ္က လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ပံ့ပုိးကူညီလ်က္ရွိေၾကာင္း၊ တုိက္ပြဲေရွာင္ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈဆုိင္ရာ အေထာက္အပံ့မ်ားေပးျခင္းႏွင့္ ၎တုိ႔၏ေနရပ္ေဒသသုိ႔ျပန္ႏုိင္ေရးအတြက္ မိမိတို႔သည္ႏုိင္ငံေတာ္အစုိးရ၊ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ တတ္အားသမွ်ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တုိက္ပြဲေရွာင္ျပည္သူမ်ားအတြက္ကူညီမႈမ်ားပုိမုိ ေဆာင္ရြက္ေပးႏုိင္ရန္ႏွင့္ေဘးကင္းလုံၿခဳံစြာျဖင့္ ၎တုိ႔၏ေနရပ္သုိ႔ျပန္လည္အေျခခ် ေနထုိင္ႏုိင္ရန္အတြက္ တပ္မေတာ္မွကူညီေဆာင္ရြက္ေပးေစလုိေၾကာင္း၊ မိမိတုိ႔ ကက္သလစ္အသင္းေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းမႈအတြက္ဆုေတာင္း ေပးျခင္းသာမက လုိအပ္ေသာေနရာမ်ားတြင္လည္း လက္တြဲလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးျခင္းသည္သာလွ်င္ အေကာင္းဆုံးအေျဖရရွိႏိုင္မည္ဟုယုံၾကည္ပါေၾကာင္း၊ ႏုိင္ငံေတာ္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားတြင္ မိမိတုိ႔ကက္သလစ္ဆရာေတာ္မ်ားအေနျဖင့္ ဆက္လက္၍ ယခုကဲ့သုိ႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ပုိမုိလုပ္ေဆာင္ႏုိင္မည္ဟု ယုံၾကည္ေၾကာင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ရွင္းလင္းေဆြးေႏြးေျပာၾကားရာတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တပ္မေတာ္သည္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ အလုိခ်င္ဆုံးအဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္၏တာ၀န္မွာႏုိင္ငံေတာ္ကုိ ကာကြယ္ရန္ျဖစ္ၿပီး တုိင္းရင္းသားလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေအာင္ အတတ္ႏုိင္ဆုံးႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ၂၀၁၁ ခုႏွစ္မွစတင္ၿပီးျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီစနစ္ကုိေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ ထုိသုိ႔ ေလွ်ာက္လွမ္းရာတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးသည္မျဖစ္မေနလုိအပ္ေၾကာင္း၊ တပ္မေတာ္သည္ျပည္သူၾကားမွေပါက္ဖြားလာသည့္တပ္မေတာ္ျဖစ္ၿပီး ျပည္ေထာင္စုတုိင္းရင္းသားမ်ားျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္ကာ ျပည္သူမ်ားကုိ ကာကြယ္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ျပည္သူမ်ား၏ဆႏၵအတုိင္း ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းရန္ ဆုံးျဖတ္ေဆာင္ရြက္ခဲ့ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေပၚလာသည့္ တုိင္းရင္းသားလက္နက္ကုိင္ျပႆနာမ်ားေျဖရွင္းရန္အတြက္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္လ်က္ရွိၿပီး လက္နက္ကုိင္ျပႆနာမ်ားျဖစ္ပြားရျခင္းမွာ ႏုိင္ငံေရးအရသေဘာထားကြဲလြဲမႈ၊ ဘာသာေရးႏွင့္တုိင္းရင္းသားေရးမ်ားအေပၚတြင္ အေျခခံ၍ျဖစ္ပြားၾကသည္ကုိေတြ႕ရွိရေၾကာင္း၊ ဒီမုိကေရစီစနစ္ျဖင့္ေလွ်ာက္လွမ္းေနခ်ိန္တြင္ လက္နက္ကုိင္စြဲေျဖရွင္းျခင္းထက္ ၿငိမ္းခ်မ္းေရးနည္းလမ္းျဖင့္သာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ဆက္လက္၍ ျမန္မာႏုိင္ငံတြင္ ယခုအခါႏုိင္ငံေရးပါတီမ်ားစြာရွိၿပီး ဒီမုိကေရစီစနစ္ကုိက်င့္သုံးေဆာင္ရြက္ေနၾကေၾကာင္း၊ ပါတီမ်ိဳးစုံရွိ၍၀ါဒေရးအရသေဘာထား ကြဲလြဲမႈမ်ားရွိေသာ္လည္း ၿငိမ္းခ်မ္းေသာနည္းျဖင့္သာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ဘာသာေရးအရလြတ္လပ္စြာကုိးကြယ္ခြင့္ျပဳထားသျဖင့္ ဘာသာေရးအရကြဲလြဲမႈမ်ားျဖစ္ေပၚရန္အေၾကာင္း မေတြ႕ရေၾကာင္း၊ တုိင္းရင္းသားအေရးတြင္လည္း ျမန္မာႏုိင္ငံတြင္တုိင္းရင္းသား ၁၃၅ မ်ိဳးေက်ာ္ရွိေၾကာင္း၊ ဥပေဒအရတုိင္းရင္းသားအားလုံး၊ က်ား၊ မ မေရြးတူညီသည့္အခြင့္အေရးေပးထားၿပီးျဖစ္၍ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚပါကလည္း ၿငိမ္းခ်မ္းေသာနည္းျဖင့္ေျဖရွင္းႏုိင္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔အျပင္ မိမိတုိ႔က်င့္သုံးလ်က္ရွိသည့္ဒီမုိကေရစီက်င့္စဥ္ခုိင္မာေစရန္အတြက္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္လုိအပ္ၿပီး တပ္မေတာ္မွျပင္းျပသည့္ဆႏၵျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္ ေဆာင္ရြက္ေနေၾကာင္း၊ တပ္မေတာ္သည္တုိင္းရင္းသားမ်ားႏွင့္ မည္သည့္ျပႆနာမွမရွိဘဲ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္းမ်ားႏွင့္သာ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနျခင္းျဖစ္ၿပီး ၎တုိ႔မေက်လည္မႈမ်ားကုိလည္း လက္ခံေဆြးေႏြးမည္ျဖစ္ေၾကာင္း၊ ၎တုိ႔အေနျဖင့္ ၿငိမ္းခ်မ္းေရးအမွန္တကယ္ရယူလုိစိတ္ရွိရန္လုိၿပီး ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ား၊ ကတိက၀တ္မ်ားကုိ မခ်ိဳးေဖာက္ရန္လုိေၾကာင္း၊ မိမိအေနျဖင့္ IDP Camp မ်ား မရွိေစလုိေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားက IDP Camp မ်ားကုိ အကာအကြယ္မယူရန္အေရးႀကီးပါေၾကာင္း၊ တုိက္ပြဲေရွာင္ျပည္သူမ်ား ၎တုိ႔ေနရပ္မ်ားတြင္ ျပန္လည္အေျခခ်ေနထုိင္ေစလိုၿပီး မိမိတုိ႔တပ္မေတာ္မွအတတ္ႏုိင္ဆုံးကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ တရားဥပေဒစုိးမုိးေရးအတြက္ ၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔တုိင္းရင္းသားမ်ားအေနျဖင့္ ျမန္မာစိတ္ေမြးၿပီးအားလုံးညီၫြတ္မွ်တၾကရန္လုိေၾကာင္း၊ ၿငိမ္းခ်မ္းမႈမရွိသည့္ေနရာမ်ားတြင္ေဒသခံျပည္သူမ်ားအေနျဖင့္ ပညာသင္ၾကားမႈမ်ား ဆုံး႐ႈံးျခင္း၊ လုပ္ငန္းေဆာင္ရြက္မႈမ်ား ဆုံး႐ႈံးျခင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားဆုံး႐ႈံးျခင္း၊ ဖြံ႕ၿဖိဳးတုိးတက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ခက္ခဲျခင္းမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ၿငိမ္းခ်မ္းေရးရရွိရန္အေရးႀကီးၿပီး အဆုိပါအခ်က္အား တုိင္းရင္းသားအားလုံးနားလည္သိရွိရန္လိုအပ္ေၾကာင္း၊ မိမိတုိ႔တုိင္းရင္းသားအားလုံး ညီၫြတ္မႈရွိရန္လုိအပ္ေၾကာင္း၊ မိမိေနရာေဒသတစ္ခုတည္းကုိသာမၾကည့္ဘဲ ဘက္စုံအျမင္ က်ယ္ရန္၊ တစ္ႏုိင္ငံလုံးႏွင့္ၿခဳံ၍၊ ကမၻာႏွင့္ခ်ီ၍ၾကည့္ရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတုိးတက္ရန္အတြက္ ေရွ႕သုိ႔အေႏွာင့္အယွက္အဟန္႔အတားမရွိ ခုိင္မာသည့္ေျခလွမ္းမ်ားျဖင့္ သတၱိရွိရွိ ေလွ်ာက္လွမ္းႏုိင္ရန္အေရးႀကီးေၾကာင္း၊ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ျမန္္မာႏုိင္ငံသုိ႔ လာေရာက္ခဲ့စဥ္ကလည္း ၿငိမ္းခ်မ္းေရးေဆာင္ရြက္ရန္အေရးႀကီးေၾကာင္းကုိ ယခုဆရာေတာ္တုိ႔၏ သေဘာထားႏွင့္ထပ္တူပင္ေျပာၾကားခဲ့ေၾကာင္း၊ မိမိကလည္းတပ္မေတာ္၏ ထာ၀ရၿငိမ္းခ်မ္းေရးရယူလုိေသာ သေဘာထားဆႏၵအမွန္ကုိ ရွင္းလင္းေျပာၾကားခဲ့ရာ ပုပ္ရဟန္းမင္းႀကီးကလည္း လက္ခံပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ လူငယ္မ်ားႏွင့္ မူးယစ္ေဆး၀ါးျပႆနာသည္ အဓိကစိန္ေခၚမႈႀကီးတစ္ခုျဖစ္၍ အားလုံး၀ုိင္း၀န္းတားဆီးကာကြယ္ေဆာင္ရြက္ၾကရန္ တုိက္တြန္းေျပာၾကား ေစလိုေၾကာင္း၊ မိမိတို႔တပ္မေတာ္အေနျဖင့္ အစုိးရ၏အုပ္ခ်ဳပ္ေရးနယ္ေျမမ်ား၊ တရားဥပေဒစုိးမုိးေရး၊ ျပည္သူမ်ား၏အသက္အုိးအိမ္စည္းစိမ္ႏွင့္ ႏုိင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကုိသစၥာရွိစြာ ကာကြယ္ေပးလ်က္ရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးအတြက္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္းမ်ား၏ မတူညီေသာအယူအဆသေဘာထားမ်ား ကြဲျပားေနၾကျခင္းအေပၚ စိတ္ရွည္စြာျဖင့္ေအာင္ျမင္ေအာင္ႀကိဳးစားေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ အထက္ျမန္မာျပည္ကက္သလစ္ ဂုိဏ္းအုပ္ဆရာေတာ္ ေပါလ္ဂေရာင္ က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအေပၚ စိတ္သေဘာထား၊ ခံယူခ်က္၊ အေတြးအျမင္မ်ားကုိ ကုိယ္တုိင္အနီးကပ္ၾကားသိရသျဖင့္ အလြန္ပင္၀မ္းေျမာက္၀မ္းသာျဖစ္ရပါေၾကာင္း၊ တပ္မေတာ္မွ ျမန္မာႏုိင္ငံထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ ေဆာင္ရြက္ေနမႈေအာင္ျမင္ေစရန္ႏွင့္ ျပည္သူမ်ားအားလုံးအသက္အုိးအိမ္စည္းစိမ္လုံၿခဳံမႈရွိပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းစကားေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အထက္ျမန္မာျပည္ကက္သလစ္ဂုိဏ္းအုပ္ဆရာေတာ္ေပါလ္ဂေရာင္ႏွင့္အဖြဲ႕၀င္မ်ားအား စားေသာက္ဖြယ္ရာမ်ားလက္ေဆာင္ေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက်ကြရမည်ဖြစ်

နေပြည်တော်၊ ဇန်နဝါရီ – ၁၆

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရန်လိုအပ်ကြောင်း၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ တိုင်းပြည် ၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏အင်အားဖြစ်၍ မိမိတို့အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အထက်မြန်မာပြည်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်သည့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ်ဆရာတော်များနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်နှင့်အတူ လားရှိုးမြို့ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ဖီးလစ်ဇဟောင်း၊ မြစ်ကြီးနားမြို့ကက်သလစ်သာသနာပိုင်ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဗန်းမော်မြို့ကက်သလစ်သာသနာပိုင်ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆရာတော်ဖရန်စစ်ဒေါ့တန်က ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများနှင့်ပံ့ပိုးကူညီမှုများအတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ မိမိတို့သည်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ်ဆရာတော်များဖြစ်ကြပါကြောင်း၊ သက်ဆိုင်ရာဒေသများရှိ ကက်သလစ်ဘာသာဝင်များ၏ ဘာသာရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုနေသူများဖြစ်ပြီး တာဝန်ယူမှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရေး အစဉ်တစိုက်သွန်သင်လမ်းပြလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် အလေးထားကြိုးပမ်းအားထုတ်လျက်ရှိရာတွင် တပ်မတော် အနေဖြင့် အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူတကွကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် လွန်စွာအားရမိပါကြောင်းပြောကြားသည်။

ထို့နောက် ၂၀၁၁ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တိုက်ပွဲရှောင်ပြည်သူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ၎င်းတို့၏နေအိမ်၊ ကျေးရွာများကိုစွန့်ခွာ၍ တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည်မှာ ရ နှစ်နီးပါးကြာမြင့်လာပြီဖြစ်ပါကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် ကျဉ်းကြပ်စွာနေထိုင်ရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် မျှော်လင့်ချက်ကင်းမဲ့ပြီးဘဝများ ဖရိုဖရဲဖြစ်ခြင်းများကို ခံစားနေရကြောင်း၊ ယနေ့ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လုံခြုံရေးအရတိမ်းရှောင်နေသူများအား ကက်သလစ်အသင်းတော်က လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးခြင်းနှင့် ၎င်းတို့၏နေရပ်ဒေသသို့ပြန်နိုင်ရေးအတွက် မိမိတို့သည်နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် တတ်အားသမျှကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီမှုများပိုမို ဆောင်ရွက်ပေးနိုင်ရန်နှင့်ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့၏နေရပ်သို့ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် တပ်မတော်မှကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကက်သလစ်အသင်းတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုအတွက်ဆုတောင်း ပေးခြင်းသာမက လိုအပ်သောနေရာများတွင်လည်း လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် အကောင်းဆုံးအဖြေရရှိနိုင်မည်ဟုယုံကြည်ပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းများတွင် မိမိတို့ကက်သလစ်ဆရာတော်များအနေဖြင့် ဆက်လက်၍ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးရရှိရန် အလိုချင်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏တာဝန်မှာနိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှစတင်ပြီးပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျက်ရှိကြောင်း၊ ထိုသို့ လျှောက်လှမ်းရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည်မဖြစ်မနေလိုအပ်ကြောင်း၊ တပ်မတော်သည်ပြည်သူကြားမှပေါက်ဖွားလာသည့်တပ်မတော်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်သူများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများ၏ဆန္ဒအတိုင်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများဖြေရှင်းရန်အတွက်ငြိမ်းချမ်းရေးဖော်ဆောင်လျက်ရှိပြီး လက်နက်ကိုင်ပြဿနာများဖြစ်ပွားရခြင်းမှာ နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ ဘာသာရေးနှင့်တိုင်းရင်းသားရေးများအပေါ်တွင် အခြေခံ၍ဖြစ်ပွားကြသည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင်စွဲဖြေရှင်းခြင်းထက် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင် ယခုအခါနိုင်ငံရေးပါတီများစွာရှိပြီး ဒီမိုကရေစီစနစ်ကိုကျင့်သုံးဆောင်ရွက်နေကြကြောင်း၊ ပါတီမျိုးစုံရှိ၍ဝါဒရေးအရသဘောထား ကွဲလွဲမှုများရှိသော်လည်း ငြိမ်းချမ်းသောနည်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးအရလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသဖြင့် ဘာသာရေးအရကွဲလွဲမှုများဖြစ်ပေါ်ရန်အကြောင်း မတွေ့ရကြောင်း၊ တိုင်းရင်းသားအရေးတွင်လည်း မြန်မာနိုင်ငံတွင်တိုင်းရင်းသား ၁၃၅ မျိုးကျော်ရှိကြောင်း၊ ဥပဒေအရတိုင်းရင်းသားအားလုံး၊ ကျား၊ မ မရွေးတူညီသည့်အခွင့်အရေးပေးထားပြီးဖြစ်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပါကလည်း ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် မိမိတို့ကျင့်သုံးလျက်ရှိသည့်ဒီမိုကရေစီကျင့်စဉ်ခိုင်မာစေရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိရန်လိုအပ်ပြီး တပ်မတော်မှပြင်းပြသည့်ဆန္ဒဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေကြောင်း၊ တပ်မတော်သည်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်သာ ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းဖြစ်ပြီး ၎င်းတို့မကျေလည်မှုများကိုလည်း လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးအမှန်တကယ်ရယူလိုစိတ်ရှိရန်လိုပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ ကတိကဝတ်များကို မချိုးဖောက်ရန်လိုကြောင်း၊ မိမိအနေဖြင့် IDP Camp များ မရှိစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက IDP Camp များကို အကာအကွယ်မယူရန်အရေးကြီးပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင်စေလိုပြီး မိမိတို့တပ်မတော်မှအတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့တိုင်းရင်းသားများအနေဖြင့် မြန်မာစိတ်မွေးပြီးအားလုံးညီညွတ်မျှတကြရန်လိုကြောင်း၊ ငြိမ်းချမ်းမှုမရှိသည့်နေရာများတွင်ဒေသခံပြည်သူများအနေဖြင့် ပညာသင်ကြားမှုများ ဆုံးရှုံးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ဆုံးရှုံးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေးရရှိရန်အရေးကြီးပြီး အဆိုပါအချက်အား တိုင်းရင်းသားအားလုံးနားလည်သိရှိရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းရင်းသားအားလုံး ညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ မိမိနေရာဒေသတစ်ခုတည်းကိုသာမကြည့်ဘဲ ဘက်စုံအမြင် ကျယ်ရန်၊ တစ်နိုင်ငံလုံးနှင့်ခြုံ၍၊ ကမ္ဘာနှင့်ချီ၍ကြည့်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတိုးတက်ရန်အတွက် ရှေ့သို့အနှောင့်အယှက်အဟန့်အတားမရှိ ခိုင်မာသည့်ခြေလှမ်းများဖြင့် သတ္တိရှိရှိ လျှောက်လှမ်းနိုင်ရန်အရေးကြီးကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မြန််မာနိုင်ငံသို့ လာရောက်ခဲ့စဉ်ကလည်း ငြိမ်းချမ်းရေးဆောင်ရွက်ရန်အရေးကြီးကြောင်းကို ယခုဆရာတော်တို့၏ သဘောထားနှင့်ထပ်တူပင်ပြောကြားခဲ့ကြောင်း၊ မိမိကလည်းတပ်မတော်၏ ထာဝရငြိမ်းချမ်းရေးရယူလိုသော သဘောထားဆန္ဒအမှန်ကို ရှင်းလင်းပြောကြားခဲ့ရာ ပုပ်ရဟန်းမင်းကြီးကလည်း လက်ခံပါကြောင်းပြောကြားသည်။

ထို့နောက် လူငယ်များနှင့် မူးယစ်ဆေးဝါးပြဿနာသည် အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်၍ အားလုံးဝိုင်းဝန်းတားဆီးကာကွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား စေလိုကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် အစိုးရ၏အုပ်ချုပ်ရေးနယ်မြေများ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုသစ္စာရှိစွာ ကာကွယ်ပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မတူညီသောအယူအဆသဘောထားများ ကွဲပြားနေကြခြင်းအပေါ် စိတ်ရှည်စွာဖြင့်အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။

ယင်းနောက် အထက်မြန်မာပြည်ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအပေါ် စိတ်သဘောထား၊ ခံယူချက်၊ အတွေးအမြင်များကို ကိုယ်တိုင်အနီးကပ်ကြားသိရသဖြင့် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ တပ်မတော်မှ မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုအောင်မြင်စေရန်နှင့် ပြည်သူများအားလုံးအသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်မြန်မာပြည်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ပေါလ်ဂရောင်နှင့်အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများလက်ဆောင်ပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။