တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Sothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၈

ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္၊ တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Bangpakong ခ႐ုိင္ရွိ ွSothon Wararam ဘုရားေက်ာင္းသုိ႔ သြားေရာက္ဖူးေျမာ္ ၾကည္ညိဳသည္။

 

 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ဘုရားေက်ာင္းအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားအား ဆီမီးအလင္းတုိင္ႏွင့္ နံ႔သာတုိင္မ်ားဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ ဆရာေတာ္သံဃာေတာ္မ်ားအား ဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

 

 

ယင္းေနာက္ လက္ေထာက္ေက်ာင္းထုိင္ဆရာေတာ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ဘုရားသမုိင္းကုိ ရွင္းလင္းေျပာၾကားၿပီး ဗုဒၶ႐ုပ္ပြားေတာ္္ဓာတ္ပုံႏွင့္ ဘုရားေက်ာင္းသမုိင္းစာအုပ္အား ဓမၼဒါနလက္ေဆာင္အျဖစ္ေပးအပ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ သက္ေတာ္ရွည္ေက်ာင္းထုိင္ ဆရာေတာ္ႀကီး ရာခ်္မုံးခြန္းရန္းစီအား ဖူးေျမာ္ၾကည္ညိဳၿပီး လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းရာ ဆရာေတာ္ႀကီးက ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဓမၼဒါနလက္ေဆာင္အျဖစ္ ျပန္လည္ေပးအပ္ၿပီး ေမတၱာဆုမြန္ေကာင္းမ်ား ခ်ီးျမႇင့္ျမြက္ၾကားသည္။

 

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဘုရားေက်ာင္းအတြင္း ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႏွင့္ ရာမ(၉)ဘုရင္ ဘူမီေဘာအဒူယာဒက္ခ်္၏ ဆႏၵအတုိင္း ျပာအုိးျပႆဒ္ပုံစံတူ ထားရွိရာေနရာတုိ႔အား လွည့္လည္ၾကည့္႐ႈၾကသည္။ အဆုိပါ Sothon Wararam ဆုေတာင္းျပည့္ဘုရားေက်ာင္းႀကီး၏ သက္တမ္းမွာ ၂၄၈ ႏွစ္ရွိၿပီျဖစ္ၿပီး ၁၉၆၆ ခုႏွစ္တြင္ ထုိင္းဘုရင္မင္းျမတ္ ဘူမီေဘာအဒူယာဒက္ခ်္က အသစ္ျပန္လည္မြန္းမံရန္ ေဆာင္ရြက္ခဲ့သည္။ ၁၉၉၆ ခုႏွစ္စက္တင္ဘာလတြင္ အုတ္ျမစ္ခ်၍ ျပန္လည္တည္ ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တြင္ၿပီးစီးဖြင့္လွစ္ခဲ့သည္။ ဘုရားေက်ာင္းႀကီးတြင္ ျပည္တြင္း၊ ျပည္ပဘုရာဖူးမ်ားျဖင့္ အထူးစည္ကားမ်ားျပားလ်က္ရွိပါသည္။

 

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Sothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Bangpakong ခရိုင်ရှိSothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆီမီးအလင်းတိုင်နှင့် နံ့သာတိုင်များဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် လက်ထောက်ကျောင်းထိုင်ဆရာတော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဘုရားသမိုင်းကို ရှင်းလင်းပြောကြားပြီး ဗုဒ္ဓရုပ်ပွားတော််ဓာတ်ပုံနှင့် ဘုရားကျောင်းသမိုင်းစာအုပ်အား ဓမ္မဒါနလက်ဆောင်အဖြစ်ပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် သက်တော်ရှည်ကျောင်းထိုင် ဆရာတော်ကြီး ရာချ်မုံးခွန်းရန်းစီအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဓမ္မဒါနလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ပြီး မေတ္တာဆုမွန်ကောင်းများ ချီးမြှင့်မြွက်ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကျောင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ရာမ(၉)ဘုရင် ဘူမီဘောအဒူယာဒက်ချ်၏ ဆန္ဒအတိုင်း ပြာအိုးပြဿဒ်ပုံစံတူ ထားရှိရာနေရာတို့အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ Sothon Wararam ဆုတောင်းပြည့်ဘုရားကျောင်းကြီး၏ သက်တမ်းမှာ ၂၄၈ နှစ်ရှိပြီဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူယာဒက်ချ်က အသစ်ပြန်လည်မွန်းမံရန် ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်စက်တင်ဘာလတွင် အုတ်မြစ်ချ၍ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင်ပြီးစီးဖွင့်လှစ်ခဲ့သည်။ ဘုရားကျောင်းကြီးတွင် ပြည်တွင်း၊ ပြည်ပဘုရာဖူးများဖြင့် အထူးစည်ကားများပြားလျက်ရှိပါသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။