(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအလွတ်သဘော အစည်းအဝေး (15th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ မတ်  ၇





(Unicode Version)

 

(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအလွတ်သဘော အစည်းအဝေး (15th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ မတ် ၇

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် များအလွတ်သဘော အစည်း အဝေး (15th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်လေဆိပ်မှထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Mrs. Venessa Chan နှင့်တာဝန်ရှိသူများကလေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (15th ACDFIM) တက်ရောက်ခြင်းနှင့် အစည်းအဝေးကာလအတွင်း အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ နှင့် နှစ်နိုင်ငံ သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ် ပိုင်းတွင် စင်ကာပူတပ်မတော် Paya Lebar Airbase သို့ရောက်ရှိရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် စင်ကာပူ တပ်မတော်မှအရာရှိကြီများ ကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။