(၇၃)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြုကန်တော့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များအား တွေ့ဆုံ ဂါရဝပြု

ေနျပည္ေတာ္၊ မတ္ ၂၇

(၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကေသာ တပ္မေတာ္တြင္ တာ၀န္ထမ္းေဆာင္ ခဲ့သည့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ဂါရ၀ျပဳကန္ေတာ့သည့္ အခမ္းအနားကုိ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္သည္။

အဆုိပါ ဂါရ၀ျပဳကန္ေတာ့သည့္ အခမ္းအနားသုိ႔ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီး ၃၁ ဦးႏွင့္ ဇနီး ၁၂ ဦးတုိ႔ကန္ေတာ့ခံတက္ေရာက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ (ၾကည္း၊ေရ၊ေလ) တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားတက္ေရာက္ၾကသည္။

 

 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားသည္ မိမိတုိ႔တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၏ မိဘဆရာသမားမ်ားျဖစ္ၿပီး မိမိတုိ႔သည္ ဆက္ခံသူမ်ားျဖစ္ပါေၾကာင္း၊ လက္ရွိ တပ္မေတာ္အားတုိးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ခဲ့ၾကသူမ်ားျဖစ္ၿပီး မိမိတုိ႔အေနျဖင့္ လက္ဆင့္ကမ္းတာ၀န္ယူ၍ ထိန္းသိမ္းေဆာင္ရြက္လ်က္ရွိၿပီး ေကာင္းမြန္သည့္အေမြမ်ားကုိ ဆက္ခံခဲ့သျဖင့္ ယခုကဲ့သုိ႔ႏုိင္ငံေတာ္အတြက္ မားမားမတ္မတ္ရပ္တည္ ေနႏုိင္ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ တာ၀န္ထမ္းေဆာင္ေနသည့္ အရာရွိ၊ စစ္သည္မ်ားသာမက မိသားစုမ်ား ပါပါ၀င္သျဖင့္ မိသားစုတပ္မေတာ္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သုိ႔ တပ္မေတာ္ေန႔ အခမ္းအနားအား သက္ရွည္က်န္းမာစြာျဖင့္ တက္ေရာက္ခ်ီးျမႇင့္ေပးမႈအတြက္ တပ္မေတာ္မိသားစု၀င္မ်ားက ေက်းဇူးအထူးတင္ရွိ သကဲ့သုိ႔ ဂုဏ္ယူ၀မ္းေျမာက္ရပါေၾကာင္း၊ ယခုကဲ့သုိ႔တက္ေရာက္ျခင္းအားျဖင့္ တပ္မေတာ္၏ အစဥ္အလာေကာင္းမ်ားကုိ ပုိမုိခုိင္ၿမဲ ေအာင္ေဆာင္ရြက္သည့္ လုပ္ေဆာင္ခ်က္ျဖစ္ပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း ယခုကဲ့သုိ႔ ေကာင္းမြန္သည့္ အစဥ္အလာေကာင္းမ်ား ဆက္လက္ထိန္းသိမ္း ေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္းျဖင့္ ဂါရ၀ျပဳစကားေျပာၾကားသည္။ 

 

 

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တက္ေရာက္လာၾကသူမ်ားက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားကိုယ္စား အၿငိမ္းစား တပ္မေတာ္အရာရွိႀကီးမ်ားအား ျမန္မာ့႐ိုးရာထံုးတမ္းအစဥ္အလာႏွင့္အညီ ႐ိုေသစြာျဖင့္ ဂါရ၀ျပဳကန္ေတာ့ၾကသည္။

ထို႔ေနာက္ ကန္ေတာ့ခံ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားကုိယ္စား ဗုိလ္ခ်ဳပ္သူရေစာျဖဴ(ၿငိမ္း)က ယခုကဲ့သုိ႔ တစ္ႏွစ္တစ္ခါေတြ႕ဆုံခြင့္ရေအာင္ စီမံေဆာင္ရြက္ေပးသည့္အတြက္ ၀မ္းေျမာက္ေၾကာင္းေျပာၾကားသည္။ ဗုိလ္ခ်ဳပ္ေမာင္ေမာင္(ၿငိမ္း)ကလည္း ယခုကဲ့သုိ႔ တုိင္းျပည္တာ၀န္မ်ားကုိ ေအာင္ေအာင္ျမင္ျမင္ႏွင့္ ထမ္းေဆာင္ ေနသည္ကုိ သိရွိရသည့္အတြက္ ဂုဏ္ယူ၀မ္းေျမာက္ပါေၾကာင္းႏွင့္ သံသရာအတြက္ ဘာသာတရားကုိ လည္းေဆာင္ရြက္ၾကရန္ ၾသ၀ါဒစကားေျပာၾကားသည္။ 

 

 

ဆက္လက္ၿပီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းၾကည္(ၿငိမ္း)က ယခုကဲ့သုိ႔တပ္မေတာ္ေန႔ အခမ္းအနား တက္ေရာက္ရျခင္းအတြက္ ဂုဏ္ယူ၀မ္းေျမာက္ပါေၾကာင္း၊ မိမိတို႔တုိင္းျပည္သည္ ျပည္တြင္းျပည္ပ အႏၲရာယ္မ်ားစြာရွိၿပီး ထိုအႏၲရာယ္မ်ားကို ကာကြယ္ရန္ တပ္မေတာ္သည္သာ အဓိကေဆာင္ရြက္ႏိုင္သည့္ အဖြဲ႕အစည္းျဖစ္၍ တပ္မေတာ္အင္အားရွိရန္လုိေၾကာင္း၊ သုိ႔မွသာအေရးႀကဳံလာလွ်င္ျပည္တြင္း၊ ျပည္ပရန္မ်ားကုိ ေကာင္းမြန္ထိေရာက္စြာ ကာကြယ္ႏုိင္မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အၿငိမ္းစားအရာရွိႀကီးမ်ား အခမ္းအနားတက္ေရာက္ခ်ိန္တုိင္းတြင္ ေကာင္းမြန္ျပည္စုံစြာ ေဆာင္ရြက္ေပးသည့္အတြက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ တပ္မေတာ္သားမိသားစု၀င္အားလုံး က်န္းမာ၊ ခ်မ္းသာၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းစကား ေျပာၾကားသည္။

 

 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသည့္ တပ္မေတာ္ အရာရွိႀကီးမ်ားက အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားထံ ဂါရ၀ျပဳလက္ေဆာင္ပစၥည္းမ်ားကို ကိုယ္တုိင္ ကုိယ္က် ႐ိုေသစြာေပးအပ္ၾကသည္။ ဂါရ၀ျပဳအခမ္းအနားအၿပီးတြင္ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္၍ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက ကန္ေတာ့ခံ တပ္မေတာ္ အၿငိမ္းစားအရာရွိႀကီးမ်ားႏွင့္ဇနီးမ်ားအား ဂါရ၀ျပဳႏႈတ္ဆက္ခဲ့ၾကသည္။ 

 

 

ထုိ႔အတူ ေန႔လယ္ပုိင္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးတုိ႔သည္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးတုိ႔ႏွင့္အတူ ဘုရင့္ေနာင္ရိပ္သာတြင္ ေခတၱတည္းခုိေနထုိင္လ်က္ရွိေသာ (၇၃)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားသုိ႔ တက္ေရာက္လာၾကသည့္ တပ္မေတာ္အၿငိမ္းစားအရာရွိမ်ား ထံသြားေရာက္၍ တစ္ဦးခ်င္းစီ အားလုိက္လံေတြ႕ဆုံၿပီး ခင္မင္ရင္းႏွီးစြာျဖင့္ ဂါရ၀ျပဳႏႈတ္ဆက္စကားေျပာၾကား၍ လုိအပ္ သည္မ်ားကုိ ေမးျမန္းျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

 

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္ခဲ့သည့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္( BIA )မွ လြပ္လပ္ေရး ေမာ္ကြန္း၀င္ ပထမအဆင့္ရရွိၿပီး ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္းလမ္းဆုံႏွင့္ အျခားေနရာမ်ားတြင္ ယာဥ္ထိန္းတာ၀န္အဆင့္ဆင့္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ တာ၀န္ထမ္းေဆာင္ႏုိင္ခဲ့သျဖင့္ ျပည္သူအမ်ား ခ်စ္ခင္ေလးစားၾကေသာ လက္ရွိ ရန္ကုန္တုိင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေန အသက္ ၉၇ ႏွစ္အရြယ္ရွိ ဘဘဦးၫြန္႔တင္ (လက္ေကာက္ၫြန္႔တင္) အပါအ၀င္ လြပ္လပ္ေရးေမာ္ကြန္း၀င္ ပထမအဆင့္ရရွိသူ ၇ ဦး၊ ဒုတိယအဆင့္ရရွိသူ ၈ ဦးႏွင့္ တတိယအဆင့္ရရွိသူ ၅ ဦး စုစုေပါင္း ၂၀ ဦးတုိ႔အား ဘုရင့္ေနာင္ရိပ္သာ၌ ဂါရ၀ျပဳေတြ႕ဆုံၿပီး အားျဖည့္ ငွက္သုိက္အာဟာရမ်ားႏွင့္ ဂါရ၀ျပဳေငြမ်ားအား တစ္ဦးခ်င္း ဂါရ၀ျပဳေပးအပ္၍ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည့္။ 

 

 

(Unicode Version)

(၇၃)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြုကန်တော့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များအား တွေ့ဆုံ ဂါရဝပြု

နေပြည်တော်၊ မတ် ၂၇

(၇၃)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၃၁ ဦးနှင့် ဇနီး ၁၂ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် (ကြည်း၊ရေ၊လေ) တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အငြိမ်းစားတပ်မတော် အရာရှိကြီးများသည် မိမိတို့တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ မိဘဆရာသမားများဖြစ်ပြီး မိမိတို့သည် ဆက်ခံသူများဖြစ်ပါကြောင်း၊ လက်ရှိ တပ်မတော်အားတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး မိမိတို့အနေဖြင့် လက်ဆင့်ကမ်းတာဝန်ယူ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သည့်အမွေများကို ဆက်ခံခဲ့သဖြင့် ယခုကဲ့သို့နိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည် နေနိုင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုများ ပါပါ၀င်သဖြင့် မိသားစုတပ်မတော်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်နေ့ အခမ်းအနားအား သက်ရှည်ကျန်းမာစွာဖြင့် တက်ရောက်ချီးမြှင့်ပေးမှုအတွက် တပ်မတော်မိသားစုဝင်များက ကျေးဇူးအထူးတင်ရှိ သကဲ့သို့ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့တက်ရောက်ခြင်းအားဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများကို ပိုမိုခိုင်မြဲ အောင်ဆောင်ရွက်သည့် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဂါရဝပြုစကားပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တက်ရောက်လာကြသူများက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်သူရစောဖြူ(ငြိမ်း)က ယခုကဲ့သို့ တစ်နှစ်တစ်ခါတွေ့ဆုံခွင့်ရအောင် စီမံဆောင်ရွက်ပေးသည့်အတွက် ၀မ်းမြောက်ကြောင်းပြောကြားသည်။ ဗိုလ်ချုပ်မောင်မောင်(ငြိမ်း)ကလည်း ယခုကဲ့သို့ တိုင်းပြည်တာဝန်များကို အောင်အောင်မြင်မြင်နှင့် ထမ်းဆောင် နေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် သံသရာအတွက် ဘာသာတရားကို လည်းဆောင်ရွက်ကြရန် သြဝါဒစကားပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ယခုကဲ့သို့တပ်မတော်နေ့ အခမ်းအနား တက်ရောက်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် ပြည်တွင်းပြည်ပ အန္တရာယ်များစွာရှိပြီး ထိုအန္တရာယ်များကို ကာကွယ်ရန် တပ်မတော်သည်သာ အဓိကဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဖြစ်၍ တပ်မတော်အင်အားရှိရန်လိုကြောင်း၊ သို့မှသာအရေးကြုံလာလျှင်ပြည်တွင်း၊ ပြည်ပရန်များကို ကောင်းမွန်ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အငြိမ်းစားအရာရှိကြီးများ အခမ်းအနားတက်ရောက်ချိန်တိုင်းတွင် ကောင်းမွန်ပြည်စုံစွာ ဆောင်ရွက်ပေးသည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တပ်မတော်သားမိသားစုဝင်အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းစကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ရိုသေစွာပေးအပ်ကြသည်။ ဂါရဝပြုအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများက ကန်တော့ခံ တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများအား ဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ နေ့လယ်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့နှင့်အတူ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော (၇၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိများ ထံသွားရောက်၍ တစ်ဦးချင်းစီ အားလိုက်လံတွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာဖြင့် ဂါရဝပြုနှုတ်ဆက်စကားပြောကြား၍ လိုအပ် သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်( BIA )မှ လွပ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရရှိပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံနှင့် အခြားနေရာများတွင် ယာဉ်ထိန်းတာဝန်အဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့သဖြင့် ပြည်သူအများ ချစ်ခင်လေးစားကြသော လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၉၇ နှစ်အရွယ်ရှိ ဘဘဦးညွန့်တင် (လက်ကောက်ညွန့်တင်) အပါအဝင် လွပ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်ရရှိသူ ရ ဦး၊ ဒုတိယအဆင့်ရရှိသူ ၈ ဦးနှင့် တတိယအဆင့်ရရှိသူ ၅ ဦး စုစုပေါင်း ၂၀ ဦးတို့အား ဘုရင့်နောင်ရိပ်သာ၌ ဂါရဝပြုတွေ့ဆုံပြီး အားဖြည့် ငှက်သိုက်အာဟာရများနှင့် ဂါရဝပြုငွေများအား တစ်ဦးချင်း ဂါရဝပြုပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည့်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။