တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ – ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာ မည့္ ျမန္မာႏုိင္ငံဆုိင္ရာဆြစ္ဇာလန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Paul R. Seger အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ သံ႐ုံးမွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ႏွစ္ႏုိင္ငံဆက္ဆံေရးေကာင္းမြန္မႈအေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ႏွင့္ ႏုိင္ငံတကာတပ္မ ေတာ္မ်ား၏ ဆက္ဆံေရးႏွင့္ပူးေပါင္းေဆာင္ရြက္မႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ဒီမုိကေရစီလမ္းေၾကာင္း ေပၚတြင္ေလွ်ာက္လွမ္းေနမႈႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ျပႆနာမ်ားအား ႏုိင္ငံတကာမွ အမွန္အတုိင္းသိရွိရန္ လုိအပ္မႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံအျပန္အလွန္ပူးေပါင္း ေဆာင္ရြက္ေရးတြင္ ဆက္လက္တုိးျမႇင့္ ေဆာင္ရြက္ ရန္ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏုိင္ငံသံအမတ္ႀကီး အား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံ အမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် – ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုအခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံတကာတပ်မ တော်များ၏ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်ပြဿနာများအား နိုင်ငံတကာမှ အမှန်အတိုင်းသိရှိရန် လိုအပ်မှုအခြေအနေများနှင့် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးတွင် ဆက်လက်တိုးမြှင့် ဆောင်ရွက် ရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။