ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက်ရှိ၊အမှန်တကယ်ငြိမ်းချမ်းရေးရယူ လိုသည့်စိတ်ရှိလျှင် မလွဲမသွေထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်

ေနျပည္ေတာ္၊ ၾသဂုတ္ ၄

မိမိတုိ႔အေနျဖင့္ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္း ေရးရရွိေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အမွန္တကယ္ၿငိမ္းခ်မ္းေရးရယူလုိသည့္ စိတ္ရွိလွ်င္ မလြဲမေသြထာ၀ရၿငိမ္းခ်မ္းေရးရရွိမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရယူရန္ ေဆာင္ရြက္ရာ၌ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္သြားမည္ ဆုိသည့္စိတ္ႏွင့္ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တုိင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တ့ံ ခုိင္ၿမဲေရးဆုိသည့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိလက္ခံရမည္ျဖစ္ေၾကာင္း၊ ဒီမုိကေရစီစနစ္ သည္ ေရြးခ်ယ္တင္ေျမႇာက္သည့္စနစ္ျဖစ္သျဖင့္ ဥပေဒအတုိင္းသာသြားရမည္ျဖစ္ေၾကာင္း ျဖင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေရႊက်င္တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားေတြ႕ဆုံအမွာ စကားေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးဆန္းဦး၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ိဳး၀င္းႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္၏ အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္တာ၀န္ ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ထုိသုိ႔တာ၀န္ ထမ္းေဆာင္ ရာတြင္လက္ေတြ႕က်ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ကာကြယ္ေရးစြမ္းပကားျမႇင့္တင္ေဆာင္ရြက္ေနျခင္းမွာ ျပည္တြင္းလက္နက္ကုိင္ ပဋိပကၡမ်ား ေျဖရွင္းရန္မဟုတ္ဘဲ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္တည္ေဆာက္ေနျခင္းသာျဖစ္ ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးဆုိသည္မွာခ်က္ခ်င္းေဆာင္ရြက္၍ရသည့္ အရာမဟုတ္ဘဲ အခ်ိန္ယူ၍ ေလ့က်င့္တည္ေဆာက္ရၿပီး စစ္တုိက္ႏုိင္စြမ္းရွိရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္သည္ ႏိုင္ငံေတာ္ကုိကုိယ္စားျပဳသည့္ တစ္ခုတည္းေသာလက္နက္ကုိင္အဖြဲ႕ အစည္း ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္သမား႐ုိးက် တုိက္ပြဲမ်ားဆင္ႏြဲႏုိင္ရန္ မိမိတုိ႔တပ္မေတာ္ကုိ သက္ဆုိင္ရာ တပ္ဌာနခ်ဳပ္မ်ားအလုိက္ စြမ္းရည္ျမႇင့္တင္မႈလုပ္ငန္း မ်ားေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ ထုိသုိ႔တပ္မ်ားအားစြမ္းရည္ျမႇင့္တင္ရာတြင္ ေခတ္ႏွင့္ အညီလက္နက္မ်ားအား ကြၽမ္းက်င္စြာကိုင္တြယ္အသုံးျပဳႏုိင္ရန္အတြက္ တပ္မေတာ္သား မ်ား တစ္ဦးခ်င္း၏ပညာရည္ျမင့္မားေရးကုိ လည္းျမႇင့္တင္ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား အသိပညာဗဟုသုတမ်ား တုိးပြားေစရန္အတြက္ တပ္ရင္း၊ ဌာနခ်ဳပ္အသီးသီးတြင္စာၾကည့္တုိက္မ်ားဖြင့္လွစ္ၿပီး သုတ၊ ရသ စာအုပ္စာေစာင္မ်ား၊ ဖတ္႐ႈသင့္သည့္ စာအုပ္မ်ားကုိပုံႏွိပ္ထုတ္ေ၀ ေပးလ်က္ရွိသျဖင့္ ဖတ္႐ႈေလ့လာၾကရန္လုိေၾကာင္း၊ သုိ႔မွသာအသိပညာအတတ္ပညာ မ်ားရရွိၿပီး မိမိတုိ႔ဘ၀တုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္တြင္းေဆြးေႏြး ပြဲမ်ားတြင္လည္း ထိထိေရာက္ေရာက္ေျပာဆုိေဆြးေႏြးႏုိင္ေအာင္ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား၏ က်န္းမာႀကံ့ခုိင္ေရး အတြက္ေဆာင္ရြက္လ်က္ရွိရာ တြင္ မိမိတုိ႔တစ္ဦးခ်င္းအေနျဖင့္ က်န္းမာေရးကုိအေထာက္အကူျဖစ္ေစမည့္ ေန႔စဥ္ကုိယ္လက္လႈပ္ရွား အားကစားမ်ားကုိလည္းျပဳလုပ္ရန္လုိအပ္ေၾကာင္း၊ အရက္၊ ေဆးလိပ္၊ ကြမ္းႏွင့္အေပ်ာ္ အပါးလုိက္စားျခင္းမ်ားကုိလည္း တတ္ႏုိင္သမွ်ေရွာင္က်ဥ္ရန္ လုိအပ္ေၾကာင္း၊ မိမိတုိ႔ သက္ဆုိင္ရာစည္း႐ုံးေရးနယ္ေျမမ်ားတြင္ျဖစ္ပြားသည့္ သဘာ၀ ေဘးအႏၲရာယ္မ်ား ကူညီကယ္ဆယ္ေရးမ်ားတြင္ အထက္အမိန္႔ေစာင့္ရန္ မလုိဘဲ ေဒသခံျပည္သူမ်ားအားကူညီေဆာင္ရြက္ေပးရန္ လုိေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္သားမ်ား၏စားေသာက္ေရးႏွင့္ပတ္သက္ၿပီး ရိကၡာမ်ား အရည္အေသြးျပည့္၀စြာရရွိေရးအတြက္ စီစဥ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္ႏွင့္ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး ျပင္ပေပါက္ေစ်းထက္ သက္သာသည့္ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်၍သက္သာေခ်ာင္ခ်ိမႈရရွိေအာင္ ေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ၀တ္စားဆင္ယင္မႈႏွင့္ပတ္သက္၍လည္း အရည္အေသြး ေကာင္းမြန္သည့္ အ၀တ္အထည္မ်ားႏွင့္ အသုံးအေဆာင္စစ္၀တ္တန္ဆာပလာမ်ားအား ထုတ္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္မွအၿငိမ္းစားယူသြားသည့္ အရာရွိ၊ စစ္သည္မ်ား အတြက္လည္း စစ္မႈထမ္းေဟာင္းအိမ္ရာမ်ား တတ္ႏုိင္သေလာက္ေဆာက္လုပ္ၿပီး ေနရာခ်ထားေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားတုိင္းမွာ တစ္ခ်ိန္တြင္စစ္မႈ ထမ္းေဟာင္းမ်ားျဖစ္ၾကမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္စစ္သားျဖစ္ခ်ိန္တြင္ စစ္သားပီသ ေအာင္ေနထုိင္ၿပီး စစ္သားေကာင္းျဖစ္ေအာင္ေနၾက ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားအေနျဖင့္ စည္း စည္းလုံးလုံးျဖင့္ေနထုိင္ၿပီး စြမ္းရည္၊ စြမ္းအားရွိသည့္တပ္မေတာ္၊ ႏုိင္ငံေတာ္ကအားထားရၿပီး ျပည္သူကအားကုိးရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသား စုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကုိေပးအပ္ရာ တပ္နယ္မွဴးမွလက္ခံရယူသည္။

ယင္းေနာက္ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးႏွင့္ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာတုိ႔က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ အားကစား ပစၥည္းမ်ားႏွင့္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံ ရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္း အနားတက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ေရႊက်င္ တပ္နယ္ရွိတပ္မေတာ္ေဆး႐ုံသုိ႔ ေရာက္ရွိၾကၿပီး ေဆး႐ုံတက္ေရာက္ကုသလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္အားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ယင္းေနာက္ ေဆး႐ုံအတြင္းလွည့္ လည္ၾကည့္႐ႈစစ္ေဆးခဲ့သည္။

 

 

(Unicode Version)

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက်ရှိ၊အမှန်တကယ်ငြိမ်းချမ်းရေးရယူ လိုသည့်စိတ်ရှိလျှင် မလွဲမသွေထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်

နေပြည်တော်၊ သြဂုတ် ၄

မိမိတို့အနေဖြင့်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်း ရေးရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုသည့် စိတ်ရှိလျှင် မလွဲမသွေထာဝရငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရယူရန် ဆောင်ရွက်ရာ၌ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်သွားမည် ဆိုသည့်စိတ်နှင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကိုလက်ခံရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် သည် ရွေးချယ်တင်မြှောက်သည့်စနစ်ဖြစ်သဖြင့် ဥပဒေအတိုင်းသာသွားရမည်ဖြစ်ကြောင်း ဖြင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွှေကျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက်တာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့တာဝန် ထမ်းဆောင် ရာတွင်လက်တွေ့ကျအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကာကွယ်ရေးစွမ်းပကားမြှင့်တင်ဆောင်ရွက်နေခြင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက်တည်ဆောက်နေခြင်းသာဖြစ် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာချက်ချင်းဆောင်ရွက်၍ရသည့် အရာမဟုတ်ဘဲ အချိန်ယူ၍ လေ့ကျင့်တည်ဆောက်ရပြီး စစ်တိုက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြုသည့် တစ်ခုတည်းသောလက်နက်ကိုင်အဖွဲ့ အစည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက်သမားရိုးကျ တိုက်ပွဲများဆင်နွဲနိုင်ရန် မိမိတို့တပ်မတော်ကို သက်ဆိုင်ရာ တပ်ဌာနချုပ်များအလိုက် စွမ်းရည်မြှင့်တင်မှုလုပ်ငန်း များဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့တပ်များအားစွမ်းရည်မြှင့်တင်ရာတွင် ခေတ်နှင့် အညီလက်နက်များအား ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် တပ်မတော်သား များ တစ်ဦးချင်း၏ပညာရည်မြင့်မားရေးကို လည်းမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် တပ်ရင်း၊ ဌာနချုပ်အသီးသီးတွင်စာကြည့်တိုက်များဖွင့်လှစ်ပြီး သုတ၊ ရသ စာအုပ်စာစောင်များ၊ ဖတ်ရှုသင့်သည့် စာအုပ်များကိုပုံနှိပ်ထုတ်ေ၀ ပေးလျက်ရှိသဖြင့် ဖတ်ရှုလေ့လာကြရန်လိုကြောင်း၊ သို့မှသာအသိပညာအတတ်ပညာ များရရှိပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်တွင်းဆွေးနွေး ပွဲများတွင်လည်း ထိထိရောက်ရောက်ပြောဆိုဆွေးနွေးနိုင်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်ရေး အတွက်ဆောင်ရွက်လျက်ရှိရာ တွင် မိမိတို့တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးကိုအထောက်အကူဖြစ်စေမည့် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများကိုလည်းပြုလုပ်ရန်လိုအပ်ကြောင်း၊ အရက်၊ ဆေးလိပ်၊ ကွမ်းနှင့်အပျော် အပါးလိုက်စားခြင်းများကိုလည်း တတ်နိုင်သမျှရှောင်ကျဉ်ရန် လိုအပ်ကြောင်း၊ မိမိတို့ သက်ဆိုင်ရာစည်းရုံးရေးနယ်မြေများတွင်ဖြစ်ပွားသည့် သဘာ၀ ဘေးအန္တရာယ်များ ကူညီကယ်ဆယ်ရေးများတွင် အထက်အမိန့်စောင့်ရန် မလိုဘဲ ဒေသခံပြည်သူများအားကူညီဆောင်ရွက်ပေးရန် လိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မတော်သားများ၏စားသောက်ရေးနှင့်ပတ်သက်ပြီး ရိက္ခာများ အရည်အသွေးပြည့်ဝစွာရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ပြီး ပြင်ပပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချ၍သက်သာချောင်ချိမှုရရှိအောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့အတူဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍လည်း အရည်အသွေး ကောင်းမွန်သည့် အဝတ်အထည်များနှင့် အသုံးအဆောင်စစ်ဝတ်တန်ဆာပလာများအား ထုတ်ပေးလျက်ရှိကြောင်း၊ တပ်မတော်မှအငြိမ်းစားယူသွားသည့် အရာရှိ၊ စစ်သည်များ အတွက်လည်း စစ်မှုထမ်းဟောင်းအိမ်ရာများ တတ်နိုင်သလောက်ဆောက်လုပ်ပြီး နေရာချထားပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သားတိုင်းမှာ တစ်ချိန်တွင်စစ်မှု ထမ်းဟောင်းများဖြစ်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့်စစ်သားဖြစ်ချိန်တွင် စစ်သားပီသ အောင်နေထိုင်ပြီး စစ်သားကောင်းဖြစ်အောင်နေကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် စည်း စည်းလုံးလုံးဖြင့်နေထိုင်ပြီး စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်၊ နိုင်ငံတော်ကအားထားရပြီး ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသား စုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တပ်နယ်မှူးမှလက်ခံရယူသည်။

ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ အားကစား ပစ္စည်းများနှင့် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်ရာ တာဝန်ရှိသူများကလက်ခံ ရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်း အနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်ရွှေကျင် တပ်နယ်ရှိတပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် ဆေးရုံအတွင်းလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။