တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္  ၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီး H.E. Mr. Taro KONO အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA ၊ စစ္သံမွဴးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံတြင္ ျပည္သူမ်ားကေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚ၌စတင္ ေလွ်ာက္လွမ္း ခ်ိန္တြင္ ဂ်ပန္ႏုိင္ငံကေစတနာထားၿပီးကူညီေဆာင္ရြက္ေပးမႈမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ား၌ ထဲထဲ၀င္၀င္ ကူညီေဆာင္ရြက္ေပးမႈမ်ားကုိေက်းဇူးတင္ရွိပါေၾကာင္း၊ ေအာင္ျမင္မႈမ်ားရွိသကဲ့သုိ႔ ၫႇိႏႈိင္းေဆာင္ရြက္ဆဲမ်ားလည္း ရွိေနေသးေၾကာင္း၊ ထုိသုိ႔ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္း မ်ားေဆာင္ရြက္စဥ္ ရခုိင္အေရးကိစၥျဖစ္ေပၚ လာေၾကာင္း၊ မိမိတုိ႔အေနျဖင့္ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ ျပည္သူမ်ား၏ အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ေနျခင္းသာျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ ႏုိင္ငံတကာက ျဖစ္စဥ္မ်ား အားအမွန္အတုိင္းသိရွိၿပီး ယုံၾကည္မႈႏွင့္စာနာနားလည္မႈ ရွိရန္အေရးႀကီးေၾကာင္းဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ျမန္မာႏိုင္ငံ၏ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ေနမႈအေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားႏွင့္ ရခိုင္ျပည္နယ္တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖဳိးတုိးတက္ေရးတို႔တြင္ ဂ်ပန္ႏုိင္ငံမွ ပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္ၿပီး လြတ္လပ္ေသာစုံစမ္းစစ္ေဆး ေရးအဖြဲ႕ အေနျဖင့္သမာသမတ္ရွိ၍ ျမန္မာႏုိင္ငံအေပၚအျပစ္ရွာသည့္ လုပ္ရပ္မ်ိဳး မလုပ္မိရန္လုိအပ္ၿပီး ျဖစ္ပြားခဲ့သည့္အေျခအေနမွန္မ်ားကို ေပၚလြင္ေအာင္ေဖာ္ထုတ္ကာ ႏုိင္ငံတကာက သိရွိေအာင္ေဆာင္ရြက္ရန္လုိအပ္သည့္အေျခအေနမ်ား၊ ျမန္မာ ျပည္သူမ်ားအား စုိးရိမ္စိတ္ျဖစ္ေပၚေစႏုိင္မည့္ ျပႆနာပိုမိုႀကီးထြားေစေသာအေျခအေန မ်ိဳးမျဖစ္ေပၚေစရန္အေရးႀကီးသည့္အေျခအေနမ်ား၊ ကုလသမဂၢအပါအ၀င္ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးကို ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈတုိးတက္ေရး အေကာင္အထည္ေဖာ္ေရး ဗဟုိေကာ္မတီမွ ေဆာင္ရြက္လ်က္ရွိၿပီး တပ္မေတာ္ကပါ၀င္ ကူညီေဆာင္ရြက္ ေပးလ်က္ရွိမႈအေျခအေနမ်ား၊ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား အေနျဖင့္ ရခိုင္ျပည္နယ္အတြင္း ကူညီေထာက္ပံ့ေရး မ်ားလုပ္ေဆာင္ရာတြင္ ေဒသခံရခုိင္ တုိင္းရင္းသားမ်ားကုိပါ သာတူညီမွ်သည့္ကူညီ ေဆာင္ရြက္မႈမ်ိဳးေပးရန္လုိအပ္မႈ အေျခအေနမ်ား၊ ၿငိမ္းခ်မ္းသည့္ေဒသမ်ားတြင္ ဂ်ပန္ႏုိင္ငံက ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ၿငိမ္္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေအာင္ျမင္မႈရရွိေရး ဂ်ပန္ႏုိင္ငံကကူညီေဆာင္ရြက္ ေပးႏုိင္မည့္အေျခအေနမ်ား၊ ရန္ကုန္ၿမိဳ႕အပါအ၀င္ ျမန္မာတစ္ႏုိင္ငံလုံး တစ္ေျပးညီ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္ေအာင္ကူညီေဆာင္ရြက္ေပးႏုိင္မည့္အေျခအေနမ်ား၊ တပ္မေတာ္သားတစ္ဦးခ်င္းစီ၏စြမ္းရည္ျမႇင့္တင္ေရး ဆုိင္ရာေလ့က်င့္ေရးမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး အေျခအေနမ်ားအားရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂ်ပန္ႏိုင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္း ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ်  ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA ၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံတွင် ပြည်သူများကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌စတင် လျှောက်လှမ်း ချိန်တွင် ဂျပန်နိုင်ငံကစေတနာထားပြီးကူညီဆောင်ရွက်ပေးမှုများနှင့် ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ၌ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးမှုများကိုကျေးဇူးတင်ရှိပါကြောင်း၊ အောင်မြင်မှုများရှိသကဲ့သို့ ညှိနှိုင်းဆောင်ရွက်ဆဲများလည်း ရှိနေသေးကြောင်း၊ ထိုသို့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များဆောင်ရွက်စဉ် ရခိုင်အရေးကိစ္စဖြစ်ပေါ် လာကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေခြင်းသာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာက ဖြစ်စဉ်များ အားအမှန်အတိုင်းသိရှိပြီး ယုံကြည်မှုနှင့်စာနာနားလည်မှု ရှိရန်အရေးကြီးကြောင်းဦးစွာပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးအဖွဲ့ အနေဖြင့်သမာသမတ်ရှိ၍ မြန်မာနိုင်ငံအပေါ်အပြစ်ရှာသည့် လုပ်ရပ်မျိုး မလုပ်မိရန်လိုအပ်ပြီး ဖြစ်ပွားခဲ့သည့်အခြေအနေမှန်များကို ပေါ်လွင်အောင်ဖော်ထုတ်ကာ နိုင်ငံတကာက သိရှိအောင်ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ မြန်မာ ပြည်သူများအား စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်မည့် ပြဿနာပိုမိုကြီးထွားစေသောအခြေအနေ မျိုးမဖြစ်ပေါ်စေရန်အရေးကြီးသည့်အခြေအနေများ၊ ကုလသမဂ္ဂအပါအဝင် လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကပါဝင် ကူညီဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေး များလုပ်ဆောင်ရာတွင် ဒေသခံရခိုင် တိုင်းရင်းသားများကိုပါ သာတူညီမျှသည့်ကူညီ ဆောင်ရွက်မှုမျိုးပေးရန်လိုအပ်မှု အခြေအနေများ၊ ငြိမ်းချမ်းသည့်ဒေသများတွင် ဂျပန်နိုင်ငံက ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်မှုရရှိရေး ဂျပန်နိုင်ငံကကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ ရန်ကုန်မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံး တစ်ပြေးညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တပ်မတော်သားတစ်ဦးချင်းစီ၏စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာလေ့ကျင့်ရေးများတွင် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများအားရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။