တပ်မတော်အနေဖြင့်အိမ်နီးချင်းတပ်မတော်များနှင့်ဆက်ဆံရေး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ၊ တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးကောင်းမွန်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မြဲစေ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၇

ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္သည့္ အားေလ်ာ္စြာ ၾကာရွည္ ခုိင္မာေသာဆက္ဆံေရးသမုိင္း အစဥ္အလာရွိသည့္ႏုိင္ငံမ်ားျဖစ္ပါေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္အေနျဖင့္အိမ္နီးခ်င္းတပ္မေတာ္မ်ားႏွင့္ဆက္ဆံေရး အေကာင္းဆုံး ျဖစ္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးေကာင္းမြန္မႈ သည္ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိပုိမုိခုိင္ၿမဲေစပါေၾကာင္းျဖင့္ 6th High Level Committee Meeting ပူးတြဲဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ယေန႔နံနက္ပုိင္းတြင္ ပုဂံၿမိဳ႕ရွိ Aureum Palace ဟုိတယ္၌ က်င္းပျပဳလုပ္သည့္ 6th High Level Committee Meeting တြင္အဖြင့္အမွာစကားေျပာၾကားရာ၌ထည့္သြင္း ေျပာၾကားသည္။

အဆုိပါအစည္းအေ၀းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ စစ္သံမွဴးႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံ(ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္အၾကား ၿမိဳ႕နယ္အဆင့္၊ ေဒသအဆင့္ေဆြးေႏြးပြဲမ်ားေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏုိင္ခဲ့ၿပီး ပုိမုိေကာင္းမြန္ေအာင္အဆင့္ျမင့္အရာရွိႀကီးမ်ား (တပ္မေတာ္ ေခါင္းေဆာင္အဆင့္) ႏွစ္စဥ္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၾကရန္ ယခင္ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tanasak Patimapragorn က အဆုိျပဳခဲ့ရာ မိမိမွ သေဘာတူၿပီး စတင္ခဲ့ျခင္းျဖစ္ကာ ယခုဆုိလ်င္ (၆)ႀကိမ္ေျမာက္ရွိၿပီျဖစ္ေၾကာင္း၊ တပ္မေတာ္ ႏွစ္ရပ္အၾကားဆက္ဆံေရးသည္လည္းယခုမ်က္ေမွာက္ ကာလတြင္အေကာင္းဆုံးအေျခအေနသုိ႔ မ်ားစြာတုိးတက္ေကာင္းမြန္ လာသည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈအတြက္ တက္ၾကြစြာျဖင့္ပူးေပါင္း ေဆာင္ရြက္မႈမ်ားအတြက္လည္း ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုအခါတြင္လည္း မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲေကာင္းမြန္သည့္ ဆက္ဆံေရးကုိ ပိုမုိတုိးတက္ခုိင္မာေအာင္ဆက္လက္ထိန္းသိမ္း ႏုိင္ခဲ့ၿပီး အေကာင္းဆုံးဆက္ဆံေရးအေျခအေနတစ္ရပ္ကုိ ဖန္တီးႏုိင္ခဲ့သည္ဟု အခုိင္အမာယုံၾကည္ပါေၾကာင္း၊ သက္ဆုိင္ရာေကာ္မတီ အဆင့္အလုိက္ အစည္းအေ၀း မ်ားအျပင္ ေရတပ္ႏွင့္ေလတပ္ပုိင္းဆုိင္ရာ ပုံမွန္ေတြ႕ဆုံေဆြးေႏြးမႈမ်ားကုိလည္းျပဳလုပ္ၿပီး ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့သည္ကုိေတြ႕ရွိရ ပါေၾကာင္း၊ ယခုက်င္းပသည့္ အစည္းအေ၀းမွတစ္ဆင့္ တပ္မေတာ္ႏွစ္ရပ္အၾကားယုံၾကည္မႈ၊ အျပန္အလွန္နားလည္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈတုိ႔ကုိ ပုိမုိအားေကာင္းလာေစရန္ တည္ေဆာက္ႏုိင္မည္ဟု အျပည့္အ၀ယုံၾကည္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအပါအ၀င္ အဆင့္ျမင့္အရာရွိႀကီးမ်ားအျပန္အလွန္ခ်စ္ၾကည္ေရးခရီးမ်ား သြားေရာက္ၿပီး ႏွစ္ႏုိင္ငံကာကြယ္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ သတင္းအခ်က္အလက္မ်ား ေဆြးေႏြးဖလွယ္ျခင္းျဖင့္ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးကုိအေကာင္းဆုံး အေျခအေနသုိ႔ ေရာက္ရွိေအာင္တည္ေဆာက္ႏုိင္ခဲ့သည္ကုိ ထင္ရွားျမင္သာစြာ ေတြ႕ျမင္ႏုိင္မည္ျဖစ္ေၾကာင္း၊ ယခုေဆြးေႏြးပြဲမွတစ္ဆင့္ႏွစ္ႏုိင္ငံ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ပုံေဖာ္ဖန္တီးရာ၌ တန္ဖုိးမျဖတ္ႏုိင္ေသာအက်ိဳးေက်းဇူးမ်ား ေဖာ္ေဆာင္ေပးႏုိင္လိမ့္မည္ဟု ယုံၾကည္ပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ မိမိတုိ႔ထုိင္းႏုိင္ငံမွ Wild Boars ေဘာလုံးအသင္းအဖြဲ႕၀င္ ၁၃ ဦးအား ထမ့္လုံခြန္နမ့္ေရထြက္အနီးရွိ လုိဏ္ဂူအတြင္းမွကယ္ထုတ္ရာတြင္ ျမန္မာ့တပ္မေတာ္မွ ပါ၀င္ကူညီေဆာင္ရြက္ေပးခဲ့မႈအေပၚေက်းဇူးတင္ရွိပါေၾကာင္း၊ နယ္ျခားေကာ္မတီ အစည္းအေ၀းမ်ားက်င္းပျပဳလုပ္ခဲ့မႈမ်ားေၾကာင့္ နယ္စပ္ျပႆနာမ်ားအားႀကိဳတင္ ကာကြယ္ႏုိင္ခဲ့ၿပီး ေျဖရွင္းေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ျခင္းျဖင့္ႏွစ္ႏုိင္ငံ နယ္စပ္ေဒသရွိျပည္သူမ်ားအခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ေကာင္းမြန္လာေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ႏွစ္ရပ္ပူးေပါင္းၿပီး ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္အလွဴအတန္းမ်ား ေဆာင္ရြက္ႏုိင္ခဲ့မႈသည္လည္း သမုိင္းသစ္တစ္ခုအားပုံေဖာ္ႏုိင္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ယဥ္ေက်းမႈဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ျခင္း၊ အားကစားအဖြဲ႕မ်ားအျပန္ အလွန္ေစလႊတ္ျခင္း၊ ေဆးဘက္ဆုိင္ရာနည္းပညာမ်ားအျပန္ အလွန္ဖလွယ္ႏုိင္ခဲ့ျခင္းမ်ားသည္လည္း တပ္မေတာ္ႏွစ္ရပ္ အၾကားခ်စ္ၾကည္ရင္းႏီွးမႈကုိ အေထာက္အကူျဖစ္ေစၿပီးခ်စ္ၾကည္ ရင္းႏွီးမႈသည္ပုိမုိတုိးတက္ခုိင္မာေကာင္းမြန္လာေၾကာင္း၊ မိမိတိုိ႔အေနျဖင့္လည္းႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ ခုိင္မာေစေရးဆက္လက္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔က အစည္းအေ၀း အစီအစဥ္မ်ားအား အတည္ျပဳၾကသည္။ ၎ေနာက္ ျမန္မာ-ထုိင္း နယ္ျခားေကာ္မတီအစည္းအေ၀း၏ရလဒ္မ်ားအား ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးကရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္အခမ္းအနားမႈးက ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္း ေဆာင္ရြက္ေရးႏွင့္ပတ္သက္၍ ေဆြးေႏြးႏုိင္ခဲ့သည့္ ကိစၥရပ္မ်ား၊ Navy to Navy Talk က်င္းပျပဳလုပ္ႏုိင္ခဲ့မႈမ်ား၊ Air Working Group Staff Talks က်င္းပႏုိင္ခဲ့မႈမ်ား၊ ေလ့က်င့္ေရး ဆုိင္ရာမ်ားပူးေပါင္းေဆာင္ရြက္ေရး၊ စစ္ေရယာဥ္မ်ားအျပန္အလွန္ လည္ပတ္ေရး HADR ဆုိင္ရာအေတြ႕အႀကဳံမ်ားႏွင့္ ရာသီဥတု ဆုိင္ရာသတင္းမ်ား ဖလွယ္ေရးႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ သတင္းမ်ားဖလွယ္မႈ ေဆာင္ရြက္ႏုိင္ခဲ့မႈမ်ား၊ ဘာသာစကားသင္တန္းဆုိင္ရာကိစၥရပ္မ်ား၊ Wild Boars ေဘာလုံးအသင္းမွအဖြဲ႕၀င္ ၁၃ ဦးအား ထမ့္လုံခြန္နမ့္ေရထြက္အနီးရွိ လုိဏ္ဂူအတြင္းမွ ကယ္ထုတ္ရာတြင္ ျမန္မာ့တပ္မေတာ္မွကူညီေဆာင္ရြက္ေပးခဲ့မႈမ်ား၊ ယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရးကိစၥရပ္မ်ားႏွင့္ ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားအျပန္အလွန္ လည္ပတ္ခဲ့မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ 6th High Level Committee Meeting ၏ Joint Scertareat Meeting ျမန္မာဘက္အတြင္းေရးမွဴး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္က ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပုိုမုိျမႇင့္တင္ႏုိင္ေရးကိစၥရပ္မ်ားႏွင့္ စစ္ဘက္ဆုိင္ရာပူးေပါင္း ေဆာင္ရြက္ေရးကိစၥရပ္မ်ားအား ေဆြးေႏြးတင္ျပသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan တုိ႔သည္ အစည္းအေ၀း သေဘာတူညီခ်က္မ်ားကုိအတည္ျပဳလက္မွတ္ေရးထုိးၾကၿပီး အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္လဲလွယ္ၾကသည္။

၎ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ နိဂုံးခ်ဳပ္အမွာစကားမ်ား အသီးသီးေျပာၾကားၾကသည္။ ယင္းေနာက္ အစည္းအေ၀း တက္ေရာက္လာၾကသည့္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားအား ရင္းရင္း ႏွီးႏွီးလုိက္လံႏႈတ္ဆက္ၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။ ယေန႔က်င္းပျပဳ လုပ္သည့္ 6th High Level Committee Meeting မွတစ္ဆင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ပုိမုိခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရးတုိးျမႇင့္ေဆာင္ရြက္ႏုိင္မည့္ ကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ ေရးရာကိစၥရပ္မ်ားျဖစ္ေသာ နယ္စပ္ေဒသေနျပည္သူမ်ား ေအးခ်မ္း တည္ၿငိမ္စြာေနထုိင္ေရးအတြက္ အေထာက္အပံ့ျဖစ္ေစမည့္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ တားဆီးေရးကိစၥရပ္မ်ား၊ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးႏွင့္ ကာကြယ္ တားဆီးေရးဆုိင္ရာကိစၥရပ္မ်ားအပါအ၀င္ အခ်က္ေပါင္း ၁၃ ခ်က္အား ေဆြးေႏြးႏုိင္ခဲ့ၾကသည္။

အစည္းအေ၀းအၿပီးတြင္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီး Mrs. Jiraporn Srisuwan ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတုိ႔က Aureum Palace ဟုိတယ္ရွိ နန္းျမင့္ေမွ်ာ္စင္၌ ေန႔လယ္စာ ျဖင့္တည္ခင္းဧည့္ခံခဲ့သည္။

 

(Unicode Version)

တပ်မတော်အနေဖြင့်အိမ်နီးချင်းတပ်မတော်များနှင့်ဆက်ဆံရေး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ၊ တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးကောင်းမွန်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မြဲစေ

နေပြည်တော်၊ သြဂုတ် ၁၇

မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့် အားလျော်စွာ ကြာရှည် ခိုင်မာသောဆက်ဆံရေးသမိုင်း အစဉ်အလာရှိသည့်နိုင်ငံများဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်အိမ်နီးချင်းတပ်မတော်များနှင့်ဆက်ဆံရေး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးကောင်းမွန်မှု သည် နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုခိုင်မြဲစေပါကြောင်းဖြင့် 6th High Level Committee Meeting ပူးတွဲဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ Aureum Palace ဟိုတယ်၌ ကျင်းပပြုလုပ်သည့် 6th High Level Committee Meeting တွင်အဖွင့်အမှာစကားပြောကြားရာ၌ထည့်သွင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ(ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တပ်မတော်နှစ်ရပ်အကြား မြို့နယ်အဆင့်၊ ဒေသအဆင့်ဆွေးနွေးပွဲများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပိုမိုကောင်းမွန်အောင်အဆင့်မြင့်အရာရှိကြီးများ (တပ်မတော် ခေါင်းဆောင်အဆင့်) နှစ်စဉ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြရန် ယခင်ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn က အဆိုပြုခဲ့ရာ မိမိမှ သဘောတူပြီး စတင်ခဲ့ခြင်းဖြစ်ကာ ယခုဆိုလျင် (၆)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးသည်လည်းယခုမျက်မှောက် ကာလတွင်အကောင်းဆုံးအခြေအနေသို့ များစွာတိုးတက်ကောင်းမွန် လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် တက်ကြွစွာဖြင့်ပူးပေါင်း ဆောင်ရွက်မှုများအတွက်လည်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအခါတွင်လည်း မိမိတို့တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင်ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ပြီး အကောင်းဆုံးဆက်ဆံရေးအခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာကော်မတီ အဆင့်အလိုက် အစည်းအဝေး များအပြင် ရေတပ်နှင့်လေတပ်ပိုင်းဆိုင်ရာ ပုံမှန်တွေ့ဆုံဆွေးနွေးမှုများကိုလည်းပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရှိရ ပါကြောင်း၊ ယခုကျင်းပသည့် အစည်းအဝေးမှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြားယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုအားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအပါအဝင် အဆင့်မြင့်အရာရှိကြီးများအပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ပြီး နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် သတင်းအချက်အလက်များ ဆွေးနွေးဖလှယ်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးကိုအကောင်းဆုံး အခြေအနေသို့ ရောက်ရှိအောင်တည်ဆောက်နိုင်ခဲ့သည်ကို ထင်ရှားမြင်သာစွာ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့်နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံဖော်ဖန်တီးရာ၌ တန်ဖိုးမဖြတ်နိုင်သောအကျိုးကျေးဇူးများ ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ထိုင်းနိုင်ငံမှ Wild Boars ဘောလုံးအသင်းအဖွဲ့ဝင် ၁၃ ဦးအား ထမ့်လုံခွန်နမ့်ရေထွက်အနီးရှိ လိုဏ်ဂူအတွင်းမှကယ်ထုတ်ရာတွင် မြန်မာ့တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့မှုအပေါ်ကျေးဇူးတင်ရှိပါကြောင်း၊ နယ်ခြားကော်မတီ အစည်းအဝေးများကျင်းပပြုလုပ်ခဲ့မှုများကြောင့် နယ်စပ်ပြဿနာများအားကြိုတင် ကာကွယ်နိုင်ခဲ့ပြီး ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံ နယ်စပ်ဒေသရှိပြည်သူများအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ကောင်းမွန်လာကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ်ပူးပေါင်းပြီး ချစ်ကြည်ရင်းနှီးစွာဖြင့်အလှူအတန်းများ ဆောင်ရွက်နိုင်ခဲ့မှုသည်လည်း သမိုင်းသစ်တစ်ခုအားပုံဖော်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်း၊ အားကစားအဖွဲ့များအပြန် အလှန်စေလွှတ်ခြင်း၊ ဆေးဘက်ဆိုင်ရာနည်းပညာများအပြန် အလှန်ဖလှယ်နိုင်ခဲ့ခြင်းများသည်လည်း တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုကို အထောက်အကူဖြစ်စေပြီးချစ်ကြည် ရင်းနှီးမှုသည်ပိုမိုတိုးတက်ခိုင်မာကောင်းမွန်လာကြောင်း၊ မိမိတို့အနေဖြင့်လည်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက် ခိုင်မာစေရေးဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အစည်းအဝေး အစီအစဉ်များအား အတည်ပြုကြသည်။ ၎င်းနောက် မြန်မာ-ထိုင်း နယ်ခြားကော်မတီအစည်းအဝေး၏ရလဒ်များအား ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးကရှင်းလင်းတင်ပြသည်။

ထို့နောက်အခမ်းအနားမှုးက နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည့် ကိစ္စရပ်များ၊ Navy to Navy Talk ကျင်းပပြုလုပ်နိုင်ခဲ့မှုများ၊ Air Working Group Staff Talks ကျင်းပနိုင်ခဲ့မှုများ၊ လေ့ကျင့်ရေး ဆိုင်ရာများပူးပေါင်းဆောင်ရွက်ရေး၊ စစ်ရေယာဉ်များအပြန်အလှန် လည်ပတ်ရေး HADR ဆိုင်ရာအတွေ့အကြုံများနှင့် ရာသီဥတု ဆိုင်ရာသတင်းများ ဖလှယ်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် သတင်းများဖလှယ်မှု ဆောင်ရွက်နိုင်ခဲ့မှုများ၊ ဘာသာစကားသင်တန်းဆိုင်ရာကိစ္စရပ်များ၊ Wild Boars ဘောလုံးအသင်းမှအဖွဲ့ဝင် ၁၃ ဦးအား ထမ့်လုံခွန်နမ့်ရေထွက်အနီးရှိ လိုဏ်ဂူအတွင်းမှ ကယ်ထုတ်ရာတွင် မြန်မာ့တပ်မတော်မှကူညီဆောင်ရွက်ပေးခဲ့မှုများ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးကိစ္စရပ်များနှင့် ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် 6th High Level Committee Meeting ၏ Joint Scertareat Meeting မြန်မာဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့သည် အစည်းအဝေး သဘောတူညီချက်များကိုအတည်ပြုလက်မှတ်ရေးထိုးကြပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယနေ့ကျင်းပပြု လုပ်သည့် 6th High Level Committee Meeting မှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ပိုမိုချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ရေးရာကိစ္စရပ်များဖြစ်သော နယ်စပ်ဒေသနေပြည်သူများ အေးချမ်း တည်ငြိမ်စွာနေထိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ကာကွယ် တားဆီးရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အချက်ပေါင်း ၁၃ ချက်အား ဆွေးနွေးနိုင်ခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က Aureum Palace ဟိုတယ်ရှိ နန်းမြင့်မျှော်စင်၌ နေ့လယ်စာ ဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။