တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား တက်ရောက်ကြည့်ရှုအားပေး 

ေနျပည္ေတာ္၊ စက္တင္ဘာ – ၇

ျမန္မာ့႐ုိးရာယဥ္ေက်းမႈ အႏုသုခုမပညာရပ္မ်ားကုိထိန္းသိမ္းရန္၊ ပုိမုိတုိးတက္ ျမင့္မားလာေစရန္ႏွင့္ ႏုိင္ငံေတာ္ ႏွင့္တပ္မေတာ္အဆင့္ ေဖ်ာ္ေျဖေရးမ်ားတြင္ အဆင့္အတန္းျမင့္မားစြာေဖ်ာ္ေျဖႏုိင္ေစရန္အတြက္ ရည္ရြယ္၍ ေနျပည္ေတာ္၊ စစ္ေၾကာေရးႏွင့္တည္းခုိေရးစခန္းရွိ ဆင္ျဖဴရွင္ခန္းမ၌ က်င္းပျပဳလုပ္လ်က္ရွိသည့္ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၏ (၁၇)ႀကိမ္ ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲယွဥ္ ၿပိဳင္ေနမႈမ်ားအား ယေန႔ ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ၾကည့္႐ႈ အားေပးသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ အကဲျဖတ္ပညာရွင္မ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ကြပ္ကဲမႈေအာက္ရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ား တက္ေရာက္ၾကၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈ ေအာက္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ား မွ ယွဥ္ၿပိဳင္ၾကသည့္ “အေမွာင္ထဲမွ သူရဲေကာင္း ျပဇာတ္” အား ၾကည့္႐ႈအားေပးၾကသည္။

အဆုိပါ(၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲအား နံနက္ပုိင္းတြင္ ျမန္မာ့႐ုိးရာယဥ္ေက်းမႈ ျမန္မာ့ဆုိင္းတစ္ဦးခ်င္း (ေမာင္း) အတီးၿပိဳင္ပြဲ၊ ျမန္မာ့ဆုိင္းတစ္ဦးခ်င္း (ပတၱလား) အတီးၿပိဳင္ပြဲတုိ႔အားလည္းေကာင္း၊ ေန႔လယ္ပုိင္းတြင္ ေခတ္ေပၚတီး၀ုိင္း(အဖြဲ႕လုိက္) အတီးၿပိဳင္ပြဲ အားလည္းေကာင္းယွဥ္ၿပိဳင္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား တက်ရောက်ကြည့်ရှုအားပေး 

နေပြည်တော်၊ စက်တင်ဘာ – ၇ 

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော် နှင့်တပ်မတော်အဆင့် ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာဖျော်ဖြေနိုင်စေရန်အတွက် ရည်ရွယ်၍ နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ် မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲယှဉ် ပြိုင်နေမှုများအား ယနေ့ ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အကဲဖြတ်ပညာရှင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများ မှ ယှဉ်ပြိုင်ကြသည့် “အမှောင်ထဲမှ သူရဲကောင်း ပြဇာတ်” အား ကြည့်ရှုအားပေးကြသည်။ 

အဆိုပါ(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲအား နံနက်ပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ဆိုင်းတစ်ဦးချင်း (မောင်း) အတီးပြိုင်ပွဲ၊ မြန်မာ့ဆိုင်းတစ်ဦးချင်း (ပတ္တလား) အတီးပြိုင်ပွဲတို့အားလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ခေတ်ပေါ်တီးဝိုင်း(အဖွဲ့လိုက်) အတီးပြိုင်ပွဲ အားလည်းကောင်းယှဉ်ပြိုင်ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။