တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အကြီးစားစက်ရုံ (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၅

စက္႐ုံမွေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ရပ္ဆုိင္းခဲ့ေၾကာင္း၊ ယခုအခါ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္၏လုိအပ္ခ်က္ျဖစ္သည့္ ေမာ္ေတာ္ယာဥ္မ်ားအား ျပန္လည္ထုတ္လုပ္လ်က္ ရွိၿပီး ႏုိင္ငံေတာ္အားတစ္ဖက္တစ္လမ္းမွအေထာက္ အကူျပဳႏုိင္ေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတုိ႔ျပည္တြင္း၌ထုတ္လုပ္ႏုိင္ျခင္းသည္ ျပည္ပမွ၀ယ္ယူျခင္းထက္ကုန္က်မႈမ်ားစြာသက္သာေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ကြၽမ္းက်င္သည့္ပညာရပ္မ်ားအလုိက္ အျပည့္အ၀အသုံးခ်ၿပီး အရည္အေသြးမီသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ဆက္စပ္အစိတ္အပုိင္းမ်ားအားထုတ္လုပ္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္မိမိတုိ႔ တတ္ကြၽမ္းထားသည့္ပညာရပ္မ်ားကုိလည္း လက္ဆင့္ကမ္းသင္ၾကားေပးရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ စက္႐ုံမွ ေမာ္ေတာ္ယာဥ္မ်ားအား ဂုဏ္ယူစြာျဖင့္ထုတ္လုပ္ႏုိင္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္အႀကီးစားစက္႐ုံ (ရန္ကုန္)သုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးစဥ္ စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္အႀကီးစားစက္႐ုံ(ရန္ကုန္)သုိ႔ သြားေရာက္ ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ စက္႐ုံအစည္းအေ၀းခန္းမတြင္ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက မီးသတ္ယာဥ္မ်ားႏွင့္ လုပ္ငန္းသုံး ယာဥ္မ်ားထုတ္လုပ္တပ္ဆင္ေနမႈအေနအေျခအေနမ်ား၊ Bolt & Nut မ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေစ်းႏႈန္းသင့္တင့္စြာျဖင့္ အရည္အေသြးေကာင္းမြန္စြာထုတ္လုပ္ႏုိင္ေရးေဆာင္ရြက္ရန္၊ စက္႐ုံစြမ္းအားျပည့္လည္ပတ္ႏုိင္ေရး ေဆာင္ရြက္ရန္ႏွင့္ လိုအပ္သည္မ်ားအား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း မီးသတ္ယာဥ္မ်ားႏွင့္ လုပ္ငန္းသုံးယာဥ္မ်ားတပ္ဆင္ထုတ္လုပ္ေနမႈအေျခအေနမ်ား၊ Bolt & Nut မ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ားႏွင့္ စက္႐ုံမ်ားအတြင္းလွည့္လည္ၾကည့္႐ႈ စစ္ေဆး၍ တာ၀န္ရွိသူမ်ား၏တင္ျပခ်က္မ်ား အေပၚ လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံအမွာ စကားေျပာၾကားၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ စက္႐ုံမွဴးကလက္ခံရယူသည္။ အဆုိပါတပ္မေတာ္ အႀကီးစားစက္႐ုံ(ရန္ကုန္)တြင္ ႏုိင္ငံႏွင့္တပ္မေတာ္အတြက္ လိုအပ္လ်က္ရွိသည့္ အသုံးတည့္ေသာ 6×6 မီးသတ္ယာဥ္၊ 4×2 ေရသယ္ယာဥ္၊ 4×2 ဆီသယ္ယာဥ္မ်ားႏွင့္ Bolt & Nut မ်ားထုတ္လုပ္ တပ္ဆင္လ်က္ရွိၿပီး 4×4 မီးသတ္ယာဥ္မ်ား ထုတ္လုပ္ႏုိင္ေရးအတြက္လည္း ျပင္ဆင္ေဆာင္ရြက္လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အကြီးစားစက်ရုံ (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၂၅

စက်ရုံမှမော်တော်ယာဉ်ထုတ်လုပ်မှုများအား အကြောင်းအမျိုးမျိုးကြောင့်ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်နှင့် တပ်မတော်၏လိုအပ်ချက်ဖြစ်သည့် မော်တော်ယာဉ်များအား ပြန်လည်ထုတ်လုပ်လျက် ရှိပြီး နိုင်ငံတော်အားတစ်ဖက်တစ်လမ်းမှအထောက် အကူပြုနိုင်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပြည်တွင်း၌ထုတ်လုပ်နိုင်ခြင်းသည် ပြည်ပမှဝယ်ယူခြင်းထက်ကုန်ကျမှုများစွာသက်သာကြောင်း၊ ထို့ကြောင့် မိမိတို့ကျွမ်းကျင်သည့်ပညာရပ်များအလိုက် အပြည့်အဝအသုံးချပြီး အရည်အသွေးမီသည့် မော်တော်ယာဉ်များနှင့် ဆက်စပ်အစိတ်အပိုင်းများအားထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင်မိမိတို့ တတ်ကျွမ်းထားသည့်ပညာရပ်များကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ စက်ရုံမှ မော်တော်ယာဉ်များအား ဂုဏ်ယူစွာဖြင့်ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့ရှိ တပ်မတော်အကြီးစားစက်ရုံ (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ရာ၌ ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်အကြီးစားစက်ရုံ(ရန်ကုန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့်တာဝန်ရှိသူများက မီးသတ်ယာဉ်များနှင့် လုပ်ငန်းသုံး ယာဉ်များထုတ်လုပ်တပ်ဆင်နေမှုအနေအခြေအနေများ၊ Bolt & Nut များထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဈေးနှုန်းသင့်တင့်စွာဖြင့် အရည်အသွေးကောင်းမွန်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံစွမ်းအားပြည့်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း မီးသတ်ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များတပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများ၊ Bolt & Nut များထုတ်လုပ်နေမှု အခြေအနေများနှင့် စက်ရုံများအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူးကလက်ခံရယူသည်။ အဆိုပါတပ်မတော် အကြီးစားစက်ရုံ(ရန်ကုန်)တွင် နိုင်ငံနှင့်တပ်မတော်အတွက် လိုအပ်လျက်ရှိသည့် အသုံးတည့်သော 6×6 မီးသတ်ယာဉ်၊ 4×2 ရေသယ်ယာဉ်၊ 4×2 ဆီသယ်ယာဉ်များနှင့် Bolt & Nut များထုတ်လုပ် တပ်ဆင်လျက်ရှိပြီး 4×4 မီးသတ်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။