တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့တက်ရောက် 

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၂

လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖြဲ႕အား လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီး Lieutenant General Chansamone CHANYALATH ကေအာက္တုိဘာ ၁၁ ရက္ညပုိင္းတြင္ ဗီယင္က်န္းၿမိဳ႕ရွိ Don Chan Palace ဟုိတယ္၌ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံ ဆုိင္ရာျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔ တက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးႏွင့္အတူဇနီး Lieutenant Colonel Mrs. KHOMSONE CHANYALATH ႏွင့္ လာအုိတပ္မေတာ္မွအရာရွိႀကီးမ်ားတက္ေရာက္ ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား လာအုိအမ်ိဳးသားကာကြယ္ ေရး၀န္ႀကီးႏွင့္ဇနီးတုိ႔က ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ ေရး၀န္ႀကီး၏ဇနီး Lieutenant Colonel Mrs. KHOMSONE CHANYALATH တုိ႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။

ယင္းေနာက္ ဂုဏ္ျပဳညစာစားပြဲအားက်င္းပျပဳလုပ္ရာ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးက ႀကိဳဆုိ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်းဇူးတင္စကားျပန္လည္ ေျပာ ၾကားသည္။ထုိ႔ေနာက္ ညစာအားအတူတကြသုံးေဆာင္ ၾကသည္။ ညစာမသုံးေဆာင္မီႏွင့္ သုံးေဆာင္ ေနစဥ္အတြင္း လာအုိျပည္သူ႕တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕မွ ေတးသံသာမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆုိတီးမႈတ္ကျပေဖ်ာ္ေျဖ ၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ လာအုိ ျပည္သူ႕တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕အား အမွတ္တရ ပန္းျခင္းေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့တက်ရောက် 

နေပြည်တော်၊ အောက်တိုဘာ ၁၂ 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီး Lieutenant General Chansamone CHANYALATH ကအောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Don Chan Palace ဟိုတယ်၌ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ 

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူဇနီး Lieutenant Colonel Mrs. KHOMSONE CHANYALATH နှင့် လာအိုတပ်မတော်မှအရာရှိကြီးများတက်ရောက် ကြသည်။ 

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား လာအိုအမျိုးသားကာကွယ် ရေးဝန်ကြီးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် လာအိုအမျိုးသား ကာကွယ် ရေးဝန်ကြီး၏ဇနီး Lieutenant Colonel Mrs. KHOMSONE CHANYALATH တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ 

ယင်းနောက် ဂုဏ်ပြုညစာစားပွဲအားကျင်းပပြုလုပ်ရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြော ကြားသည်။ထို့နောက် ညစာအားအတူတကွသုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့မှ တေးသံသာများ၊ အကပဒေသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေ ကြသည်။ 

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် လာအို ပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အား အမှတ်တရ ပန်းခြင်းပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။