တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၃

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ သုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပုိင္းတြင္ လာအုိႏုိင္ငံ၊ ပတ္ေဆးေလဆိပ္မွ ျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား လာအုိႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္း ႏွင့္ဇနီး၊ ခ်န္ပါဆပ္ျပည္နယ္စစ္ဌာနခ်ဳပ္မွဴး Brigadier General Sukai Phimmasan ႏွင့္ဇနီး၊ လာအုိတပ္မေတာ္အရာရွိႀကီးမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္သည့္ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ေနျပည္ေတာ္ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာလာအုိႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ႏွင့္ဇနီး၊ လက္ေထာက္ စစ္သံမွဴး Lieutenant Colonel Latsamy KEOMIXAY ႏွင့္တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕၀င္မ်ားအျဖစ္ လုိက္ပါသြားသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လႈိင္ တုိ႔ျပန္လည္လုိက္ပါလာသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၁၃

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ၊ ပတ်ဆေးလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီး ကျော်ကျော်မင်း နှင့်ဇနီး၊ ချန်ပါဆပ်ပြည်နယ်စစ်ဌာနချုပ်မှူး Brigadier General Sukai Phimmasan နှင့်ဇနီး၊ လာအိုတပ်မတော်အရာရှိကြီးများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့်မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့်ဇနီး၊ လက်ထောက် စစ်သံမှူး Lieutenant Colonel Latsamy KEOMIXAY နှင့်တာဝန်ရှိသူများကလေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် တို့ပြန်လည်လိုက်ပါလာသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။