တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ အတွင်းရေးမှူး H.E. Mr. Chen Hao အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ယူနန္ျပည္နယ္ပါတီေကာ္မတီ၊ အတြင္းေရးမွဴး H.E. Mr. Chen Hao အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ယူနန္ျပည္နယ္ ပါတီေကာ္မတီ၊ အတြင္းေရးမွဴးႏွင့္ အတူ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ယူနန္ျပည္နယ္၏ဖြံ႕ၿဖိဳးတုိးတက္မႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ခုိင္မာေအာင္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ အၾကားခုိင္မာသည့္ကုန္သြယ္မႈျဖစ္ေစေရး၊ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ နယ္စပ္ ေဒသတြင္ ေနထုိင္သည့္တုိင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ပညာေရးက႑၊ က်န္းမာေရးက႑ႏွင့္ လမ္းပန္းဆက္သြယ္မႈ ဖြံ႕ၿဖိဳးတုိးတက္ေရးက႑မ်ားတြင္ ပူးေပါင္း ေဆာင္ရြက္ ေရး၊ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္း ေနမႈအေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္သြားေရာက္ေရးဆုိင္ရာ ကိစၥရပ္မ်ား အား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ယူနန္ျပည္နယ္ပါတီေကာ္မတီ၊ အတြင္းေရးမွဴး H.E. Mr. Chen Hao တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္ အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ အတွင်းရေးမှူး H.E. Mr. Chen Hao အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ အတွင်းရေးမှူး H.E. Mr. Chen Hao အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီ၊ အတွင်းရေးမှူးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ယူနန်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ အကြားခိုင်မာသည့်ကုန်သွယ်မှုဖြစ်စေရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသတွင် နေထိုင်သည့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက် ရေး၊ မြန်မာနိုင်ငံတွင်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း နေမှုအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များ အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ အတွင်းရေးမှူး H.E. Mr. Chen Hao တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။