တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းတပ်နယ် နှင့် မိုးညှင်းတပ်နယ် တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား 

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပုိင္းႏွင့္ ေန႔လယ္ပုိင္းတုိ႔တြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ မုိးေကာင္းတပ္နယ္ႏွင့္ မုိးညႇင္းတပ္နယ္တုိ႔ရွိ အရာရွိ၊ စစ္ သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ ႏွင့္ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတြင္ အဓိကတာ၀န္ရွိေၾကာင္း၊ ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရာတြင္ သမား ႐ုိးက်စစ္ပြဲမ်ားအား ဆင္ႏႊဲႏုိင္ရမည္ျဖစ္ရာ တပ္မေတာ္အား ေခတ္မီတပ္မေတာ္ Standard Army အျဖစ္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ ၾကည္းတပ္ ကုိအဆင့္ျမႇင့္တင္ျခင္းသာမက တပ္မေတာ္(ေရ) အတြက္လုိအပ္သည့္ စစ္ေရယာဥ္မ်ားကုိ တည္ေဆာက္ၿပီး တပ္ေတာ္၀င္ႏုိင္ခဲ့သကဲ့သုိ႔ တပ္မေတာ္(ေလ) အတြက္ လုိအပ္သည့္ ေလယာဥ္မ်ားကုိအဆင့္ျမႇင့္တင္ျခင္းႏွင့္ ျဖည့္ဆည္းေဆာင္ရြက္ျခင္းမ်ားကုိလည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ေခတ္သစ္စစ္ပြဲမ်ားတြင္ ေလေၾကာင္းအေရးအသာမႈႏွင့္ အီလက္ထေရာနစ္ နည္းပညာေကာင္းမြန္သာလြန္မႈတုိ႔သည္ တုိက္ပြဲအဆုံးအျဖတ္ကုိ မ်ားစြာအေထာက္အကူျဖစ္ေစေၾကာင္း၊ ေခတ္ႏွင့္ေလ်ာ္ညီသည့္ နည္းပညာမ်ား တတ္ကြၽမ္းေစရန္အတြက္ ႏုိင္ငံတကာသုိ႔ပညာေတာ္သင္ ေစလႊတ္ျခင္းမ်ားေဆာင္ရြက္လ်က္ ရွိသကဲ့သုိ႔ တပ္မေတာ္သားတစ္ဦးခ်င္း၏ စြမ္းရည္ျမင့္မားေရးအတြက္လည္း ေလ့က်င့္ေရး ေက်ာင္းမ်ားတြင္ စနစ္တက်သင္ၾကားေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ ေလ့က်င့္ေရးမ်ားမွ ရရွိသည့္အေတြ႕အႀကဳံမ်ား၊ အားနည္းခ်က္၊ အားသာခ်က္မ်ားကုိ သင္ခန္းစာေဖာ္ထုတ္၍ လက္ေတြ႕ နယ္ပယ္တြင္ အက်ိဳးရွိရွိအသုံးခ်ရန္လုိေၾကာင္း၊ ေလ့က်င့္သားျပည့္၀ေနေစရန္ အတြက္ မိမိတုိ႔ေန႔စဥ္ေဆာင္ရြက္ရမည့္ သမားစဥ္လုပ္ငန္းတာ၀န္မ်ားကုိ မွန္မွန္ကန္ကန္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားမ်ား၏ ပညာျမင့္မားေရးကုိလည္း ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ စစ္ေျမျပင္တြင္ က်န္းမာႀက့ံခုိင္စြာတုိက္ပြဲ ၀င္ႏုိင္ေစရန္ အတြက္ က်န္းမာေရးႏွင့္ညီၫြတ္သည့္ ေနထုိင္စားေသာက္မႈ မ်ားရွိရန္လုိၿပီး သတ္မွတ္ထားသည့္ေန႔စဥ္ ႀကံ့ခုိင္ေရးေလ့က်င့္ခန္းမ်ားကုိလည္း ေဆာင္ရြက္ေနရမည္ ျဖစ္ကာ အၿမဲတမ္းတုိက္ပြဲ၀င္အသင့္ Combat Ready ျဖစ္ေနရန္လုိေၾကာင္းမွာၾကား သည္။

ထုိ႔ေနာက္ မိမိတုိ႔အဆင့္ႏွင့္ေလ်ာ္ညီသည့္ ေနထုိင္စားေသာက္မႈရွိရန္ႏွင့္ အသုံးႏွင့္ အျဖဳန္းကုိနားလည္ၿပီး ၀င္ေငြႏွင့္ ထြက္ေငြအားမွ်တစြာသုံးစြဲရန္လိုေၾကာင္း၊ တပ္မေတာ္ သားမ်ား၏ ေနထုိင္စားေသာက္မႈအတြက္ မိမိတုိ႔အေနျဖင့္ တတ္ႏုိင္သမွ်အေကာင္ဆုံး ျဖစ္ေအာင္ ျဖည့္ဆည္းေဆာင္ရြက္ေပးထားေၾကာင္း၊ တပ္မေတာ္ သားမ်ားႏွင့္မိသားစု၀င္ မ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေပးထားသကဲ့သုိ႔ တစ္ဦးခ်င္းအေနျဖင့္လည္း တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ားကုိ ေဆာင္ရြက္ ရန္လုိေၾကာင္း၊ အဆင့္ဆင့္ေသာေခါင္းေဆာင္မ်ားအေနျဖင့္လည္း မိမိတုိ႔ဦးေဆာင္ရသည့္ သူမ်ားအေပၚ မိဘသဖြယ္စိတ္ဓာတ္၊ တပ္မွဴးေကာင္းစိတ္ဓာတ္ မ်ားျဖင့္ ကုိယ္ခ်င္းစာတရားထား၍ ညီၫြတ္မွ် တစြာအုပ္ခ်ဳပ္ရန္လုိေၾကာင္း၊ က်န္းမာေရး ႏွင့္ ဘ၀ကုိထိခုိက္ေစႏုိင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းစားသုံးမႈႏွင့္ မူးယစ္ေဆး၀ါးသုံးစြဲမႈ မ်ားကုိ လုံး၀ေရွာင္ၾကဥ္ရန္လုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားႏွင့္ ေဒသခံ တုိင္းရင္း သားျပည္သူမ်ားသည္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း ႐ႈေနရသူမ်ားျဖစ္သျဖင့္ အားလုံးကျမန္မာစိတ္ေမြး၍ ရင္းရင္းႏွီးႏွီး၊ စည္းစည္းလုံးလုံး ေနထုိင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ျပည္သူကအားကုိးရသည့္ တပ္မေတာ္၊ ႏုိင္ငံေတာ္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ အားလုံး၀ုိင္း၀န္းေဆာင္ရြက္သြား ၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးက တပ္နယ္မိခင္ႏွင့္ ကေလးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ား ကုိလည္းေကာင္း အသီးသီးေပးအပ္ၾကရာ တာ၀န္ရွိသူမ်ား ကလက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားက သုတ၊ ရသ၊ စာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မုိးေကာင္းၿမိဳ႕နယ္ႏွင့္ မုိးညႇင္းခ႐ုိင္ရွိ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ားအားေတြ႕ဆုံၿပီး ရရွိသည့္လွ်ပ္စစ္ဓာတ္အားျဖင့္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိအေျခခံသည့္ အဆင့္ျမင့္ေဒသထြက္ကုန္ေခ်ာမ်ား ထုတ္လုပ္ၿပီး ၀င္ေငြရရွိေအာင္ေဆာင္ရြက္ရန္ လုိအပ္မႈအေျခအေနမ်ား၊ ေဒသႏွင့္ကုိက္ညီ သည့္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေစရန္အတြက္ သက္ဆုိင္ရာ တာ၀န္ရွိသူမ်ားကဦးေဆာင္ၿပီး ေဆာင္ရြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ အုပ္ခ်ဳပ္မႈ ဆုိင္ရာမ်ားအား မွ်မွ်တတျဖင့္ေဆာင္ရြက္ရန္လုိအပ္မႈႏွင့္ ေဒသခံျပည္သူမ်ား၏ ပညာရည္ျမင့္မားေရးကုိလည္း ၀ုိင္း၀န္း ေဆာင္ရြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ မူးယစ္ ေဆး၀ါးသုံးဆြဲမႈမ်ားကုိ တတ္ႏုိင္သမွ်တားဆီးေဆာင္ရြက္ရန္ လုိအပ္မႈအေျခအေနမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ တပ္မေတာ္အေနျဖင့္ ပါ၀င္ကူညီေဆာင္ရြက္ ေပးလ်က္ရွိမႈအေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးတုိက္တြန္းေျပာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းတပ်နယ် နှင့် မိုးညှင်းတပ်နယ် တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား 

နေပြည်တော်၊ ဖေဖော်ဝါရီ – ၄ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးကောင်းတပ်နယ်နှင့် မိုးညှင်းတပ်နယ်တို့ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားသည်။ 

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။ 

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိကြောင်း၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် သမား ရိုးကျစစ်ပွဲများအား ဆင်နွှဲနိုင်ရမည်ဖြစ်ရာ တပ်မတော်အား ခေတ်မီတပ်မတော် Standard Army အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ ကြည်းတပ် ကိုအဆင့်မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ) အတွက်လိုအပ်သည့် စစ်ရေယာဉ်များကို တည်ဆောက်ပြီး တပ်တော်ဝင်နိုင်ခဲ့သကဲ့သို့ တပ်မတော်(လေ) အတွက် လိုအပ်သည့် လေယာဉ်များကိုအဆင့်မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းအရေးအသာမှုနှင့် အီလက်ထရောနစ် နည်းပညာကောင်းမွန်သာလွန်မှုတို့သည် တိုက်ပွဲအဆုံးအဖြတ်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ ခေတ်နှင့်လျော်ညီသည့် နည်းပညာများ တတ်ကျွမ်းစေရန်အတွက် နိုင်ငံတကာသို့ပညာတော်သင် စေလွှတ်ခြင်းများဆောင်ရွက်လျက် ရှိသကဲ့သို့ တပ်မတော်သားတစ်ဦးချင်း၏ စွမ်းရည်မြင့်မားရေးအတွက်လည်း လေ့ကျင့်ရေး ကျောင်းများတွင် စနစ်တကျသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးများမှ ရရှိသည့်အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်၍ လက်တွေ့ နယ်ပယ်တွင် အကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝနေစေရန် အတွက် မိမိတို့နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ တပ်မတော်သားများ၏ ပညာမြင့်မားရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်မြေပြင်တွင် ကျန်းမာကြ့ံခိုင်စွာတိုက်ပွဲ ၀င်နိုင်စေရန် အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှု များရှိရန်လိုပြီး သတ်မှတ်ထားသည့်နေ့စဉ် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်နေရမည် ဖြစ်ကာ အမြဲတမ်းတိုက်ပွဲဝင်အသင့် Combat Ready ဖြစ်နေရန်လိုကြောင်းမှာကြား သည်။ 

ထို့နောက် မိမိတို့အဆင့်နှင့်လျော်ညီသည့် နေထိုင်စားသောက်မှုရှိရန်နှင့် အသုံးနှင့် အဖြုန်းကိုနားလည်ပြီး ၀င်ငွေနှင့် ထွက်ငွေအားမျှတစွာသုံးစွဲရန်လိုကြောင်း၊ တပ်မတော် သားများ၏ နေထိုင်စားသောက်မှုအတွက် မိမိတို့အနေဖြင့် တတ်နိုင်သမျှအကောင်ဆုံး ဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ တပ်မတော် သားများနှင့်မိသားစုဝင် များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက် ရန်လိုကြောင်း၊ အဆင့်ဆင့်သောခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ဦးဆောင်ရသည့် သူများအပေါ် မိဘသဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းစိတ်ဓာတ် များဖြင့် ကိုယ်ချင်းစာတရားထား၍ ညီညွတ်မျှ တစွာအုပ်ချုပ်ရန်လိုကြောင်း၊ ကျန်းမာရေး နှင့် ဘဝကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု များကို လုံးဝရှောင်ကြဉ်ရန်လိုကြောင်း၊ မိမိတို့တပ်မတော်သားများနှင့် ဒေသခံ တိုင်းရင်း သားပြည်သူများသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း ရှုနေရသူများဖြစ်သဖြင့် အားလုံးကမြန်မာစိတ်မွေး၍ ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံး နေထိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူကအားကိုးရသည့် တပ်မတော်၊ နိုင်ငံတော်ကအားထားရသည့် တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်းမှာကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးအသင်းအတွက် ချီးမြှင့်ငွေများ ကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများ ကလက်ခံရယူကြသည်။ 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲများအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ 

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မိုးကောင်းမြို့နယ်နှင့် မိုးညှင်းခရိုင်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံပြီး ရရှိသည့်လျှပ်စစ်ဓာတ်အားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် အဆင့်မြင့်ဒေသထွက်ကုန်ချောများ ထုတ်လုပ်ပြီး ၀င်ငွေရရှိအောင်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ဒေသနှင့်ကိုက်ညီ သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဦးဆောင်ပြီး ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ အုပ်ချုပ်မှု ဆိုင်ရာများအား မျှမျှတတဖြင့်ဆောင်ရွက်ရန်လိုအပ်မှုနှင့် ဒေသခံပြည်သူများ၏ ပညာရည်မြင့်မားရေးကိုလည်း ၀ုိင်းဝန်း ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ မူးယစ် ဆေးဝါးသုံးဆွဲမှုများကို တတ်နိုင်သမျှတားဆီးဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ပါ၀င်ကူညီဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတိုက်တွန်းပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။