တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ရောက်ရှိ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအားရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်

ေနျပည္ေတာ္၊ ဧၿပီ – ၂၅

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏိုင္ ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ႐ုရွားႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စုိးမုိး တုိ႕လုိက္ပါလ်က္ ဧၿပီ ၂၄ ရက္ မြန္းလြဲပုိင္းတြင္ ေမာ္စကုိၿမိဳ႕၊ ဘာလာရီးခါ ရပ္ကြက္ရွိ ျမန္မာ့ေထရ၀ါဒ ဗုဒၶ၀ိဟာရေက်ာင္းတုိက္သုိ႔ ေရာက္ရွိၾကၿပီး ေက်ာင္းထုိင္ဆရာေတာ္ ေဒါက္တာအရွင္အစၦရိယ အားဖူးေျမာ္ၾကည္ညိဳ၍ ျမန္မာ့ေထရ၀ါဒဗုဒၶ၀ိဟာရေက်ာင္းတုိက္အတြင္း ဓမၼာ႐ုံတည္ေဆာက္မည့္ အေျခအေန မ်ားႏွင့္ ေက်ာင္းတုိက္တုိးခ်ဲ႕တည္ေဆာက္ရန္ စီစဥ္ေဆာင္ရြက္ေနမႈမ်ား၊ ကမၻာ့ယဥ္ေက်းမႈ ေပါင္းစုံျပတုိက္ ပန္းၿခံအတြင္း ေရႊစည္းခုံေစတီေတာ္ ပုံစံတူတည္ထားကုိးကြယ္ရန္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ားႏွင့္ လိုအပ္ခ်က္ မ်ားအားေမးျမန္းေလွ်ာက္ထားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားအားဆက္ကပ္လွဴဒါန္းၾကၿပီး ေက်ာင္းတုိက္တုိးခ်ဲ႕တည္ေဆာက္ရန္ ေဆာင္ရြက္ေနမႈမ်ား အားၾကည့္႐ႈၾကသည္။

ထုိ႔ေနာက္ ေက်ာင္းတုိက္ေရွ႕တြင္အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွားႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)႐ုံးမွ မိသားစုမ်ားအားရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္ၿပီး လုိအပ္ခ်က္မ်ားေမးျမန္း ျဖည့္ဆည္း ေဆာင္ရြက္ေပးကာ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ရောက်ရှိ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအားရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်

နေပြည်တော်၊ ဧပြီ – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် တပ်မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့လိုက်ပါလျက် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့၊ ဘာလာရီးခါ ရပ်ကွက်ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်အစ္ဆရိယ အားဖူးမြော်ကြည်ညို၍ မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်အတွင်း ဓမ္မာရုံတည်ဆောက်မည့် အခြေအနေ များနှင့် ကျောင်းတိုက်တိုးချဲ့တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက် ပန်းခြံအတွင်း ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက် များအားမေးမြန်းလျှောက်ထားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအားဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက်နေမှုများ အားကြည့်ရှုကြသည်။

ထို့နောက် ကျောင်းတိုက်ရှေ့တွင်အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်ချက်များမေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။