အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တစ်သွေးတည်း၊ တစ်သားတည်းပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကာကွယ်ရေးစွမ်းပကားတိုးပွားစေနိုင်

နေပြည်တော်၊ စက်တင်ဘာ – ၂၁

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရမှု၊ လုံခြုံရေးတာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းများအနေဖြင့် လုံလောက်သည့် အကာအကွယ်မပေးနိုင်မှုများအတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူ များ၏ပူးပေါင်း ပါဝင်အားပေးကူညီမှုမှာလည်းအရေးကြီးကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ အနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တစ်သွေးတည်း၊ တစ်သားတည်းပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကာကွယ်ရေးစွမ်းပကားတိုးပွားစေ နိုင်မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ရှိ အောင်မြေဗောဓိသာသနာ့ ရိပ်သာတွင် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အားတွေ့ဆုံ အားပေးစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် အောင်မြေဗောဓိသာသနာ့ရိပ်သာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထိုသို့တွေ့ဆုံအားပေးစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လ ၂၅ ရက်နေ့ အစွန်းရောက်ဘင်္ဂါလီများက နယ်မြေဒေသလုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့များကို အင်အား သုံး၍ အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် အင်အားချင်း မမျှခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် မိမိတို့နေရပ်ဒေသကိုစွန့်ခွာ၍ လုံခြုံမှုရှိသည့်နေရာများသို့ တိမ်းရှောင် နေထိုင်ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်မတိုင်မီ နယ်မြေရှင်းလင်းရေးအတွက် ဤနယ်မြေအတွင်း တပ်အင်အား များကြိုတင်ရောက်ရှိနေခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အန္တရာယ် ကာကွယ်ရေး အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း၊ တပ်အင်အားဖြင့်နယ်မြေရှင်းလင်းမှုအတွက် ကုလသမဂ္ဂအပါအဝင် မိမိတို့ အပေါ်ဖိအားများစွာရှိသောကြောင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍လုပ်ဆောင် နေရ ကြောင်း၊ ယင်းအပေါ်အပြစ်တင်သူများ၊ အပြစ်မြင်သူများရှိနေသော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိဆို သကဲ့ သို့ မိမိတို့တိုင်းပြည်၏ အခြေအနေကိုမိမိတို့သာ အသိဆုံးဖြစ်ကြောင်းဦးစွာရှင်းလင်းပြောကြားသည်။

ယင်းနောက် ငါးရဲချောင်းရွာ၊ အင်းဒင်ရွာ၊ ပြားသားရွာ၊ တောင်ပြိုလက်ဝဲရွာများ မှ တိမ်းရှောင်လာသည့် ရွာသူ၊ ရွာသားများ၊ ကျောင်းဆရာများ၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ပရဟိတလုပ်ငန်းများ လာရောက် လုပ်ဆောင်ပေးနေသူများက အကြမ်းဖက်မှုဖြစ်စဉ်အတွင်း တွေ့ကြုံခဲ့ရသည့်အခြေအနေများ၊ ပတ်ဝန်းကျင် ဘင်္ဂါလီရွာများမှာ အင်အားများပြားမှုကြောင့် လုံခြုံရေးလိုအပ်မှုအခြေအနေများ၊ နယ်မြေဒေသအတွင်း ကြွင်းကျန်သည့် အကြမ်းဖက်ဘင်္ဂါလီများကို ရှင်းလင်းပေးရေးကိစ္စရပ်များ၊ လမ်းပမ်းဆက်သွယ်ရေး၊ သွားလာ ရေးခက်ခဲမှုနှင့် လုပ်ကိုင်စားသောက်ရေးအခက်အခဲများ၊ နယ်စပ်ခြံစည်းရိုး ခိုင်ခံ့လုံခြုံမှုရှိရေး ကိစ္စရပ်များ အားတင်ပြကြသည်။

အဆိုပါတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့ နေရပ်၊ ဒေသ၊ ကျေးရွာများကိုမစွန့်ခွာဘဲ မဖြစ်မနေပြန် လည်နေထိုင်ရန်လိုကြောင်း၊ တပ်မတော် အနေဖြင့် လည်း လုံခြုံရေးအပိုင်းကိုအဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရွာများပြန်လည်နေရာချ ထားရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရများအား အကြံပြုဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီလူဦးရေ အချိုး အစားမှာ ရှေးယခင်ကအခြေအနေနှင့် လက်ရှိအခြေအနေပြောင်းပြန်ဖြစ်သွားခဲ့ ကြောင်း၊ လုပ်ငန်းပိုင်ဆိုင်မှု များမှာလည်း ယခင်တိုင်းရင်းသားများကအပိုင်၊ ၎င်းတို့က အငှားလုပ်ကိုင်ခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့က အပိုင်ဖြစ်သွားခဲ့ကြောင်း၊ ယင်းအခြေအနေများကို သင်ခန်းစာယူ၍ ရေရှည်အတွက် စဉ်းစားလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များလိုအပ်သောကြောင့် နယ်မြေဒေသ အတွင်း ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်းများတွင် သားသမီးများကို တက်ရောက်ပညာသင်ကြားစေရေး အားပေးလုပ်ဆောင်ကြရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ နယ်စပ်ခြံစည်းရိုးများ လုံခြုံမှုရှိရေးတို့ကိုလည်း တပ်မတော်အနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်းလုပ်ဆောင် ပေးမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသားအချင်းချင်းစည်းလုံညီညွတ်ကြရန်လိုကြောင်း၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမြောက် အများ ဖမ်းဆီးရမိနေခြင်းကြောင့် မည်သူ၊ မည်သည့်အဖွဲ့က လုပ်ဆောင်နေသည်ကို စိစစ်ရန်လိုကြောင်း၊ အားလုံးက ဝိုင်းဝန်းတားဆီးရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများပေးရန်နှင့် မူးယစ်ဆေးဝါး လုပ်ငန်းများကိုအားမပေးရန်တို့အားမှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဒေသခံပြည်သူများအား စားသောက် ဖွယ်ရာနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ထို့နောက် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဟိန္ဒူလူမျိုးများနှင့် အခြေခံပညာမူလတန်းကျောင်း (မြို့မကညင်တန်း)ခန်းမတွင် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများ အား သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသအတွင်း နေထိုင်ကြသူများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ရေး၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် အညီလိုက်နာနေထိုင်ရေး၊ ယင်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်စားသောက်ရေး၊ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်မညီညွတ်မှု၊ ဖောက်ဖျက်မှုများရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများသို့သတင်းပေး၍ ဝိုင်းဝန်းထိန်းသိမ်း တားဆီးလုပ်ဆောင်ရေး တို့အားမှာကြားသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်စပ်အမှတ် (၁) ဝင်ထွက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၂) အခြေခံပညာ ကျောင်းခွဲ(၄ မိုင်)ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံဒိုင်းနက်၊ မြို၊ သက် တိုင်းရင်းသားများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပါသည်။

 

(Zawgyi Version)

အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာေနထိုင္ၾကၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ တစ္ေသြးတည္း၊ တစ္သားတည္းပူးေပါင္းလုပ္ေဆာင္ျခင္းျဖင့္ ကာကြယ္ေရးစြမ္းပကားတိုးပြားေစႏိုင္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၁

အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရမႈ၊ လုံၿခဳံေရးတာဝန္ယူေဆာင္႐ြက္ရသည့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ လုံေလာက္သည့္ အကာအကြယ္မေပးႏိုင္မႈမ်ားအတြက္မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း၊ လုံၿခဳံေရးေဆာင္႐ြက္ရာတြင္ ျပည္သူ မ်ား၏ပူးေပါင္း ပါဝင္အားေပးကူညီမႈမွာလည္းအေရးႀကီးေၾကာင္း၊ ေဒသခံတိုင္းရင္းသားျပည္သူမ်ား အေနျဖင့္ အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာေနထိုင္ၾကၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ တစ္ေသြးတည္း၊ တစ္သားတည္းပူးေပါင္းလုပ္ေဆာင္ျခင္းျဖင့္ ကာကြယ္ေရးစြမ္းပကားတိုးပြားေစ ႏိုင္မည္ျဖစ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေမာင္ေတာၿမိဳ႕ရွိ ေအာင္ေျမေဗာဓိသာသနာ့ ရိပ္သာတြင္ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိသည့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား အားေတြ႕ဆုံ အားေပးစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔လိုက္ပါ၍ ယေန႔ နံနက္ပိုင္းတြင္ ေအာင္ေျမေဗာဓိသာသနာ့ရိပ္သာ၌ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိသည့္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားအား ေတြ႕ဆုံအားေပးစကားေျပာၾကားသည္။

ထိုသို႔ေတြ႕ဆုံအားေပးစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၾသဂုတ္လ ၂၅ ရက္ေန႔ အစြန္းေရာက္ဘဂၤါလီမ်ားက နယ္ေျမေဒသလုံၿခဳံေရးေဆာင္႐ြက္ေပးေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို အင္အား သုံး၍ အၾကမ္းဖက္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္တြင္ ေဒသခံတိုင္းရင္းသားမ်ားအေနျဖင့္ အင္အားခ်င္း မမွ်ျခင္း၊ အသက္အႏၲရာယ္ စိုးရိမ္ရျခင္းတို႔ေၾကာင့္ မိမိတို႔ေနရပ္ေဒသကိုစြန႔္ခြာ၍ လုံၿခဳံမႈရွိသည့္ေနရာမ်ားသို႔ တိမ္းေရွာင္ ေနထိုင္ခဲ့ရေၾကာင္း၊ ယင္းျဖစ္စဥ္မတိုင္မီ နယ္ေျမရွင္းလင္းေရးအတြက္ ဤနယ္ေျမအတြင္း တပ္အင္အား မ်ားႀကိဳတင္ေရာက္ရွိေနျခင္းေၾကာင့္ ေဒသခံတိုင္းရင္းသားမ်ား၏ အသက္အႏၲရာယ္ ကာကြယ္ေရး အတြက္ အေထာက္အကူျဖစ္ေစခဲ့ေၾကာင္း၊ တပ္အင္အားျဖင့္နယ္ေျမရွင္းလင္းမႈအတြက္ ကုလသမဂၢအပါအဝင္ မိမိတို႔ အေပၚဖိအားမ်ားစြာရွိေသာေၾကာင့္ ဥပေဒစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သတိထား၍လုပ္ေဆာင္ ေနရ ေၾကာင္း၊ ယင္းအေပၚအျပစ္တင္သူမ်ား၊ အျပစ္ျမင္သူမ်ားရွိေနေသာ္လည္း ကိုယ့္ဝမ္းနာ ကိုယ္သာသိဆို သကဲ့ သို႔ မိမိတို႔တိုင္းျပည္၏ အေျခအေနကိုမိမိတို႔သာ အသိဆုံးျဖစ္ေၾကာင္းဦးစြာရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ငါးရဲေခ်ာင္း႐ြာ၊ အင္းဒင္႐ြာ၊ ျပားသား႐ြာ၊ ေတာင္ၿပိဳလက္ဝဲ႐ြာမ်ား မွ တိမ္းေရွာင္လာသည့္ ႐ြာသူ၊ ႐ြာသားမ်ား၊ ေက်ာင္းဆရာမ်ား၊ အလိုေတာ္ျပည့္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပရဟိတလုပ္ငန္းမ်ား လာေရာက္ လုပ္ေဆာင္ေပးေနသူမ်ားက အၾကမ္းဖက္မႈျဖစ္စဥ္အတြင္း ေတြ႕ႀကဳံခဲ့ရသည့္အေျခအေနမ်ား၊ ပတ္ဝန္းက်င္ ဘဂၤါလီ႐ြာမ်ားမွာ အင္အားမ်ားျပားမႈေၾကာင့္ လုံၿခဳံေရးလိုအပ္မႈအေျခအေနမ်ား၊ နယ္ေျမေဒသအတြင္း ႂကြင္းက်န္သည့္ အၾကမ္းဖက္ဘဂၤါလီမ်ားကို ရွင္းလင္းေပးေရးကိစၥရပ္မ်ား၊ လမ္းပမ္းဆက္သြယ္ေရး၊ သြားလာ ေရးခက္ခဲမႈႏွင့္ လုပ္ကိုင္စားေသာက္ေရးအခက္အခဲမ်ား၊ နယ္စပ္ၿခံစည္း႐ိုး ခိုင္ခံ့လုံၿခဳံမႈရွိေရး ကိစၥရပ္မ်ား အားတင္ျပၾကသည္။

အဆိုပါတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံတိုင္းရင္းသားမ်ားအေနျဖင့္ မိမိတို႔ ေနရပ္၊ ေဒသ၊ ေက်း႐ြာမ်ားကိုမစြန႔္ခြာဘဲ မျဖစ္မေနျပန္ လည္ေနထိုင္ရန္လိုေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ လည္း လုံၿခဳံေရးအပိုင္းကိုအဓိကထား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ႐ြာမ်ားျပန္လည္ေနရာခ် ထားေရးႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရႏွင့္ ျပည္နယ္အစိုးရမ်ားအား အႀကံျပဳေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ ဘဂၤါလီလူဦးေရ အခ်ိဳး အစားမွာ ေရွးယခင္ကအေျခအေနႏွင့္ လက္ရွိအေျခအေနေျပာင္းျပန္ျဖစ္သြားခဲ့ ေၾကာင္း၊ လုပ္ငန္းပိုင္ဆိုင္မႈ မ်ားမွာလည္း ယခင္တိုင္းရင္းသားမ်ားကအပိုင္၊ ၎တို႔က အငွားလုပ္ကိုင္ခဲ့ရာမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၎တို႔က အပိုင္ျဖစ္သြားခဲ့ေၾကာင္း၊ ယင္းအေျခအေနမ်ားကို သင္ခန္းစာယူ၍ ေရရွည္အတြက္ စဥ္းစားလုပ္ေဆာင္ရ မည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာတတ္မ်ားလိုအပ္ေသာေၾကာင့္ နယ္ေျမေဒသ အတြင္း ဖြင့္လွစ္ေပးထားသည့္ စာသင္ေက်ာင္းမ်ားတြင္ သားသမီးမ်ားကို တက္ေရာက္ပညာသင္ၾကားေစေရး အားေပးလုပ္ေဆာင္ၾကရန္လိုေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရး၊ နယ္စပ္ၿခံစည္း႐ိုးမ်ား လုံၿခဳံမႈရွိေရးတို႔ကိုလည္း တပ္မေတာ္အေနျဖင့္ တာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းလုပ္ေဆာင္ ေပးမည္ျဖစ္ေၾကာင္း၊ မိမိတို႔တိုင္းရင္းသားအခ်င္းခ်င္းစည္းလုံညီၫြတ္ၾကရန္လိုေၾကာင္း၊ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕၊ လုံၿခဳံေရးအဖြဲ႕ အစည္းမ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ရခိုင္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးအေျမာက္ အမ်ား ဖမ္းဆီးရမိေနျခင္းေၾကာင့္ မည္သူ၊ မည္သည့္အဖြဲ႕က လုပ္ေဆာင္ေနသည္ကို စိစစ္ရန္လိုေၾကာင္း၊ အားလုံးက ဝိုင္းဝန္းတားဆီးရန္၊ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ သတင္းမ်ားေပးရန္ႏွင့္ မူးယစ္ေဆးဝါး လုပ္ငန္းမ်ားကိုအားမေပးရန္တို႔အားမွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ေဒသခံျပည္သူမ်ားအား စားေသာက္ ဖြယ္ရာႏွင့္ေထာက္ပံ့ပစၥည္းမ်ားေပးအပ္ၿပီး ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္သည္။

ထို႔ေနာက္ အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေမာင္ေတာၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ေနရပ္စြန႔္ခြာ ေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိသည့္ ဟိႏၵဴလူမ်ိဳးမ်ားႏွင့္ အေျခခံပညာမူလတန္းေက်ာင္း (ၿမိဳ႕မကညင္တန္း)ခန္းမတြင္ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိသည့္ ဘဂၤါလီမ်ား အား သီးျခားစီသြားေရာက္ေတြ႕ဆုံခဲ့သည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမေဒသအတြင္း ေနထိုင္ၾကသူမ်ားအခ်င္းခ်င္း စည္းလုံးညီၫြတ္စြာေနထိုင္ေရး၊ ႏိုင္ငံေတာ္မွထုတ္ျပန္ထားသည့္ ဥပေဒစည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ အညီလိုက္နာေနထိုင္ေရး၊ ယင္းဥပေဒ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေနထိုင္လုပ္ကိုင္စားေသာက္ေရး၊ ဥပေဒစည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္မညီၫြတ္မႈ၊ ေဖာက္ဖ်က္မႈမ်ားရွိပါကလည္း သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕ အစည္းမ်ား၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားသို႔သတင္းေပး၍ ဝိုင္းဝန္းထိန္းသိမ္း တားဆီးလုပ္ေဆာင္ေရး တို႔အားမွာၾကားသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ နယ္စပ္အမွတ္ (၁) ဝင္ထြက္စခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။ ဆက္လက္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အမွတ္(၂) အေျခခံပညာ ေက်ာင္းခြဲ(၄ မိုင္)ရွိ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ ေနထိုင္လ်က္ရွိသည့္ ေဒသခံဒိုင္းနက္၊ ၿမိဳ၊ သက္ တိုင္းရင္းသားမ်ားအား ေတြ႕ဆုံအားေပးစကားေျပာၾကားၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ေထာက္ပံ့ပစၥည္းမ်ားေပးအပ္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။