တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံ ဆွေးနွေး

ေနျပည္ေတာ္၊ ဇူလိုင္ ၂၉

အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒ အိႏၵိယ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa ၏ဖိတ္ၾကားခ်က္အရ အိႏၵိယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား ယေန႔နံနက္ပုိင္းတြင္ အိႏၵိယႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ South Block Lawn ၌ Air Chief Marshal Birender Singh Dhanoa က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဂုဏ္ျပဳႀကိဳဆုိ ပြဲက်င္းပမည့္ေနရာသုိ႔ ေရာက္ရွိၾကရာ အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ) ဦးစီးခ်ဳပ္မ်ား ေကာ္မတီဥကၠ႒ အိႏၵိယေလတပ္ ဦးစီးခ်ဳပ္က ရင္းႏွီးခင္မင္စြာ ႏႈတ္ဆက္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႔အားၾကည့္႐ႈစစ္ေဆးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ အိႏၵိယတပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒ႏွင့္ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender တုိ႔သည္ South Block ရွိ အစည္းအေ၀းခန္းမတြင္ ေတြ႕ဆုံေဆြးေႏြးၾကသည္။ အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္သိန္းေဇာ္တုိ႔ တက္ေရာက္ၾကၿပီး အိႏၵိယ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒ႏွင့္အတူ အိႏၵိယတပ္မေတာ္မွ အရာရွိႀကီး မ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံစစ္သံမွဴးမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒က ယခုကဲ့သုိ႕ ေတြ႕ဆုံေဆြးေႏြးရသည့္အတြက္ ၀မ္းေျမာက္ပါေၾကာင္းႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္ လည္ပတ္မႈသည္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးကုိ ပုိမုိခုိင္မာေစသည့္ ျပယုဒ္ျဖစ္ေၾကာင္း၊ ခရီးစဥ္အတြင္း အိႏၵိယႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားကုိ ျမင္ေတြ႕ႏုိ္င္မည္ျဖစ္ကာ ေလ့လာလည္ပတ္ရန္ဆႏၵျပဳပါေၾကာင္း၊ အိႏၵိယႏုိင္ငံအေနျဖင့္ ျမန္မာ့တပ္မေတာ္၏ စြမ္းရည္ ျမႇင့္တင္ေရး တည္ေဆာက္မႈဆုိင္ရာမ်ားတြင္ ဆက္လက္ကူညီေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သုိ႕ ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္ရန္ ဖိတ္ၾကားသည့္အတြက္ ၀မ္းေျမာက္ပါေၾကာင္း၊ အိႏၵိယႏုိင္ငံ၏ ဘက္စုံဖြံ႕ၿဖိဳး တုိးတက္မႈမ်ားအား ေတြ႕ရွိရသည့္အတြက္ ခ်ီးက်ဴးပါေၾကာင္း၊ မၾကာေသးမီက အိႏၵိယႏုိင္ငံအေနျဖင့္ လကုိစူးစမ္း ေလ့လာမည့္ ခ်န္ဒရာဒန္ – ၂ အာကာသယာဥ္ကုိ ရွရီဟာရီကုိတာကြၽန္းရွိ အာကာသ ယာဥ္လႊတ္တင္ေရးစခန္းမွ ေအာင္ျမင္စြာလႊတ္တင္ႏုုိင္ခဲ့သည့္အတြက္ ဂုဏ္ယူပါေၾကာင္းႏွင့္ ယခု ကဲ့သုိ႕ေအာင္ျမင္စြာလႊတ္တင္ႏုိင္မႈသည္ အိႏၵိယႏုိင္ငံ၏ အာကာသနည္းပညာဖြံ႕ၿဖိဳးတုိးတက္မႈအျပင္ အိႏၵိယေလတပ္၏ စြမ္းရည္ျမင့္မားမႈကုိပါ ေဖာ္ျပေနျခင္းပင္ျဖစ္ေၾကာင္း၊ အိႏၵိယႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံ သည္ သမုိင္းေၾကာင္းႏွင့္ယဥ္ေက်းမႈတူညီသည့္ႏိုင္ငံမ်ားျဖစ္ၿပီး အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ား ျဖစ္ေၾကာင္း၊ အိႏၵိယတပ္မေတာ္မွ ျမန္မာ့တပ္မေတာ္စြမ္းရည္ျမင့္မားေရး တည္ေဆာက္မႈမ်ားတြင္ ကူညီေဆာင္ရြက္ေပးေနမႈမ်ားအား အထူးေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားခဲ့သည္။

ထုိ႔ေနာက္ အိႏၵိယတပ္မေတာ္မွ တာ၀န္ရွိသူတစ္ဦးက အိႏၵိယႏုိင္ငံ၏ လုံၿခဳံေရးဆုိင္ရာသေဘာထား အျမင္ႏွင့္ Counter Insurgency and Jungle Warfare School သင္တန္းေက်ာင္း ဆိုင္ရာ တို႔ႏွင့္ပတ္သက္၍ အေသးစိတ္ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယတပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ဦးစီးခ်ဳပ္မ်ား ေကာ္မတီဥကၠ႒တုိ႔သည္ အထိမ္းအမွတ္ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထုိးသည္။

ထုိ႔အတူ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ India Gate ရွိ National War Memorial သို႔ ေရာက္ရွိၾကရာ အိႏၵိယၾကည္းတပ္မွ Brigadier P Srivastavaႏွင့္ အဖြဲ႕ကႀကိဳဆုိၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဂုဏ္ျပဳပန္းေခြခ်အေလးျပဳၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးကာ National War Memorial အတြင္းလုိက္လံၾကည့္႐ႈေလ့လာရာ အိႏၵိယၾကည္းတပ္မွ Brigadier P Srivastava က လုိက္လံရွင္းလင္းျပသခဲ့ေၾကာင္းႏွင့္ အမွတ္တရစုေပါင္း ဓာတ္ပုံရုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ ဇူလိုင်  ၂၉

အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ အိန္ဒိယ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ South Block Lawn ၌ Air Chief Marshal Birender Singh Dhanoa က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂုဏ်ပြုကြိုဆို ပွဲကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ အိန္ဒိယလေတပ် ဦးစီးချုပ်က ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender တို့သည် South Block ရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်သိန်းဇော်တို့ တက်ရောက်ကြပြီး အိန္ဒိယ တပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့်အတူ အိန္ဒိယတပ်မတော်မှ အရာရှိကြီး များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌက ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက် လည်ပတ်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် ပြယုဒ်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နိုင်မည်ဖြစ်ကာ လေ့လာလည်ပတ်ရန်ဆန္ဒပြုပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်၏ စွမ်းရည် မြှင့်တင်ရေး တည်ဆောက်မှုဆိုင်ရာများတွင် ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများအား တွေ့ရှိရသည့်အတွက် ချီးကျူးပါကြောင်း၊ မကြာသေးမီက အိန္ဒိယနိုင်ငံအနေဖြင့် လကိုစူးစမ်း လေ့လာမည့် ချန်ဒရာဒန် – ၂ အာကာသယာဉ်ကို ရှရီဟာရီကိုတာကျွန်းရှိ အာကာသ ယာဉ်လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ယခု ကဲ့သို့အောင်မြင်စွာလွှတ်တင်နိုင်မှုသည် အိန္ဒိယနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်မှုအပြင် အိန္ဒိယလေတပ်၏ စွမ်းရည်မြင့်မားမှုကိုပါ ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ သည် သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုတူညီသည့်နိုင်ငံများဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြောင်း၊ အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်စွမ်းရည်မြင့်မားရေး တည်ဆောက်မှုများတွင် ကူညီဆောင်ရွက်ပေးနေမှုများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာသဘောထား အမြင်နှင့် Counter Insurgency and Jungle Warfare School သင်တန်းကျောင်း ဆိုင်ရာ တို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌတို့သည် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် India Gate ရှိ National War Memorial သို့ ရောက်ရှိကြရာ အိန္ဒိယကြည်းတပ်မှ Brigadier P Srivastavaနှင့် အဖွဲ့ကကြိုဆိုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုပန်းခွေချအလေးပြုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ National War Memorial အတွင်းလိုက်လံကြည့်ရှုလေ့လာရာ အိန္ဒိယကြည်းတပ်မှ Brigadier P Srivastava က လိုက်လံရှင်းလင်းပြသခဲ့ကြောင်းနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။