တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Narendra Damodardas Modi အား ဂါရဝပြုတွေ့ဆုံ၊ အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ဒုတိယကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်တို့အား တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇူလိုင္ ၂၉

အိႏၵိယသမၼတႏိုင္ငံသို႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယႏိုင္ငံ၀န္ႀကီးခ်ဳပ္ႏွင့္ အမ်ဳိးသားလုံၿခဳံေရး ေကာင္စီဥကၠ႒ H.E.Mr. Narendra Damodardas Modi အား ယေန႔မြန္းလြဲပိုင္းတြင္ ၀န္ႀကီးခ်ဳပ္၏ အိမ္ေတာ္၌ သြားေရာက္ ဂါရ၀ျပဳေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ျမန္မာႏိုင္ငံ၏ ပူးေပါင္း ေဆာင္ရြက္မႈအား ေက်းဇူးတင္ရွိပါေၾကာင္း၊ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္း ေဆာင္ရြက္ေရးကိစၥရပ္မ်ားအား ဆက္လက္တိုးျမႇင့္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ ျမန္မာ့ တပ္မေတာ္စြမ္းရည္တိုးတက္ျမင့္မားေရးအတြက္ ဆက္လက္တိုးျမႇင့္ ကူညီေပးသြားမည့္အေျခအေန မ်ား၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မည့္အေျခအေနမ်ားႏွင့္ ရခိုင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အိႏၵိယသမၼတႏိုင္ငံဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ စစ္ဦးစီး အရာရွိခ်ဳပ္(ေလ)ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္တို႔ တက္ေရာက္ၾကၿပီး အိႏၵိယသမၼတႏိုင္ငံ၀န္ႀကီးခ်ဳပ္ႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယ သမၼတႏိုင္ငံ အမ်ဳိးသားလုံၿခဳံေရးအႀကံေပးပုဂၢဳိလ္ အိႏၵိယ၀န္ႀကီးခ်ဳပ္႐ုံး ၀န္ႀကီး H.E.Mr. Ajit Kumar Doval၊ ဒုတိယကာကြယ္ေရး၀န္ႀကီး Mr. Shri Shripad Yesso Naik၊ အိႏၵိယတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ General Bipin Rawat ၊ အိႏၵိယ တပ္မေတာ္ေရတပ္ဦးစီးခ်ဳပ္ Admiral Karambir singh တို႔အား သီးျခားစီေတြ႕ဆုံ၍ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးတိုးတက္ခိုင္မာေအာင္ ဆက္လက္လုပ္ေဆာင္သြားမည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ ေဒသရွိ တိုင္းရင္းသားျပည္သူမ်ား၏ လူမႈစီးပြားဘ၀ ဖြံ႕ၿဖဳိးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ လ်က္ရွိသည့္ကိစၥရပ္မ်ား၊ အိႏၵိယသမၼတႏိုင္ငံ၏ Act East Policy အရ ျမန္မာႏုိင္ငံအေနျဖင့္ အိမ္နီးခ်င္းမိတ္ေဆြေကာင္းပီသစြာျဖင့္ ပူးေပါင္းေဆာင္ရြက္သြားမည့္အေျခအေနမ်ား၊ အိႏိၵယသမုဒၵရာ လုံၿခဳံေရးအတြက္ ဆက္စပ္လ်က္ရွိသည့္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ရန္လိုအပ္သည့္ အေျခအေန မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ အထိမ္းအမွတ္ တံဆိပ္မ်ားေပးအပ္ၿပီး အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Narendra Damodardas Modi အား ဂါရဝပြုတွေ့ဆုံ၊ အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ဒုတိယကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်တို့အား တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၂၉

အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌ H.E.Mr. Narendra Damodardas Modi အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်၏ အိမ်တော်၌ သွားရောက် ဂါရဝပြုတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်စွမ်းရည်တိုးတက်မြင့်မားရေးအတွက် ဆက်လက်တိုးမြှင့် ကူညီပေးသွားမည့်အခြေအနေ များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီး အရာရှိချုပ်(လေ)ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် သိန်းဇော်တို့ တက်ရောက်ကြပြီး အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E.Mr. Ajit Kumar Doval၊ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Shri Shripad Yesso Naik၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ၊ အိန္ဒိယ တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Karambir singh တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံ၏ Act East Policy အရ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်းပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးအတွက် ဆက်စပ်လျက်ရှိသည့်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ များအား ဆွေးနွေးပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အထိမ်းအမှတ် တံဆိပ်များပေးအပ်ပြီး အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။