တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဘုရင့်တော်ဝင်စိုက်ပျိုးမွေးမြူရေးစီမံကိန်းသို့ သွားရောက် လေ့လာကြည့်ရှု

ေနျပည္ေတာ္၊ စက္တင္ဘာ – ၅

သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting  သုိ႕တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕နံနက္ပုိင္းတြင္ ထုိင္းႏုိင္ငံ၊ Phetchaburi ျပည္နယ္ အတြင္းရွိ ဘုရင့္ေတာ္၀င္ စုိက္ပ်ဳိး ေမြးျမဴေရးစီမံကိန္း Chang Hua Man Royal Project သုိ႕ သြားေရာက္ေလ့လာၾကည့္႐ႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဘုရင့္ေတာ္၀င္ စုိက္ပ်ဳိးေမြးျမဴေရး စီမံကိန္းျပကြက္ Chang Hua Man Royal Project သုိ႕ေရာက္ရွိၾကရာ  ဘုရင့္ေတာ္၀င္ စုိက္ပ်ဳိး ေမြးျမဴေရးစီမံကိန္း အႀကီးအကဲ Mr. Tanin Nakhonchaikul ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ စီမံကိန္းဧည့္ခန္းမေဆာင္အတြင္း၌ စီမံကိန္းအတြင္း ေဆာင္ရြက္ လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္သုံးစြဲေနမႈမ်ားႏွင့္ ပတ္သက္၍  စီမံကိန္း အႀကီးအကဲႏွင့္ လွ်ပ္စစ္စြမ္းအင္ပုိင္းဆုိင္ရာတာ၀န္ခံ Assistant Professor Dr. Wirachai Roynarin တုိ႕က ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ျပန္လည္ ေမးျမန္းေဆြးေႏြးခဲ့သည္။

ယင္းေနာက္ စီမံကိန္းအတြင္းလွည့္လည္၍ ဆုိလာ၊ ေလအားလွ်ပ္စစ္မ်ားျဖင့္ လွ်ပ္စစ္စြမ္းအင္ ထုတ္လုပ္သုံးစြဲေနမႈမ်ား၊ ႏုိ႕စားႏြားေမြးျမဴထားမႈအေျခအေနမ်ား၊ ေရာ္ဘာစုိက္ပ်ဳိးထားရွိမႈႏွင့္ ေရာ္ဘာေစးထုတ္ယူရာတြင္ အပင္ထိခုိက္မႈအနည္းဆုံးႏွင့္ အရည္အေသြးေကာင္းမြန္သည့္ ေရာ္ဘာေစးမ်ားရရွိေအာင္ ထုတ္ယူေနမႈမ်ား၊ တီေကာင္ အသုံးျပဳ၍ သဘာ၀ေျမၾသဇာထုတ္ယူေနမႈ မ်ား၊ ႏြားႏုိ႕ႏွင့္ ႏုိ္႕ထြက္ပစၥည္းမ်ား ထုတ္လုပ္ေနမႈမ်ား၊ အျခားသီးပင္၊ စားပင္မ်ားႏွင့္ သစ္မာပင္မ်ား စုိက္ပ်ဳိးထားရွိမႈမ်ားအား ေလ့လာၾကည့္႐ႈၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ေမးျမန္းေဆြးေႏြးခဲ့သည္။ ထုိ္႕ေနာက္ စီမံကိန္းအတြင္းမွ ထြက္ရွိေသာ ပစၥည္းအမ်ဳိးမ်ဳိးေရာင္းခ် ေနမႈမ်ားအား ၾကည့္႐ႈခဲ့ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံရုိက္ကူးၾကကာ တပ္မေတာ္္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဘုရင့္ေတာ္၀င္စုိက္ပ်ဳိးေမြးျမဴေရးစီမံကိန္းအႀကီးအကဲ Mr. Tanin Nakhonchaikul အား အမွတ္တရလက္ေဆာင္ေပးအပ္ခဲ့သည္။

ထုိင္းႏုိင္ငံအတြင္းရွိ ေတာ္၀င္စီမံကိန္းမ်ားကို ဘုရင္ Bhumibol Adulyadej က စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး အေျခခံလူတန္းစားျပည္သူမ်ားႏွင့္ မ်ဳိးဆက္သစ္မ်ားအတြက္ စီးပြားေရး ေအာင္ျမင္တုိးတက္ရန္ ကူညီေဆာင္ရြက္ေပးေနေသာ စီမံကိန္းမ်ားျဖစ္သည္။ ယခုသြားေရာက္ ေလ့လာခဲ့သည့္ ဘုရင့္ေတာ္၀င္စုိက္ပ်ဳိးေမြးျမဴေရးစီမံကိန္း Chang Hua Man Royal Project ကုိ ၂၀၀၉ ခုႏွစ္တြင္ စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ၉၉ ဧက ေက်ာ္က်ယ္၀န္းကာ သီးႏွံမ်ားကုိ စမ္းသပ္ သုေတသနျပဳ စုိက္ပ်ဳိးလ်က္ရွိသျဖင့္ Phetchaburi ျပည္နယ္အတြင္းရွိ ေဒသခံမ်ားအတြက္သာမက ႏုိင္ငံအ၀န္းရွိ စုိက္ပ်ဳိးေမြးျမဴသူမ်ားအတြက္ အကူအညီေပးလ်က္ရွိသည့္ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း၊ စီမံကိန္းအတြင္း ငွက္ေပ်ာ၊ သံပုရာ၊ သေဘၤာအပါအ၀င္ သီးပင္၊ စားပင္ အမ်ဳိးအစားေပါင္း ၄၀ ေက်ာ္ ႏွင့္ စပါး၊ ေရာ္ဘာပင္မ်ားကိုလည္း စုိက္ပ်ဳိးလ်က္ရွိေၾကာင္း၊ အဆုိပါ သီးႏွံမ်ားတြင္ ဓာတုပစၥည္းမ်ား ပါ၀င္မႈမရွိေအာင္ သဘာ၀အတုိင္းစုိက္ပ်ဳိးထားရွိၿပီး ေတာ္၀င္စီမံကိန္းမ်ားအနက္ သဘာ၀ ပတ္၀န္းက်င္ကာကြယ္ေသာ ႀကီးမားသည့္ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း၊ စီမံကိန္းတည္ရွိရာေနရာသည္ ေလအားလွ်ပ္စစ္ ထုတ္လုပ္ႏုိင္ၿပီး စီမံကိန္းအတြက္သာမက ေဒသခံေက်းရြာမ်ားသုိ႕လည္း လွ်ပ္စစ္ စြမ္းအား ျဖန္႕ျဖဴးေပးလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဘုရင့်တော်ဝင်စိုက်ပျိုးမွေးမြူရေးစီမံကိန်းသို့ သွားရောက် လေ့လာကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ – ၅

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting  သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ် အတွင်းရှိ ဘုရင့်တော်ဝင် စိုက်ပျိုး မွေးမြူရေးစီမံကိန်း Chang Hua Man Royal Project သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်တော်ဝင် စိုက်ပျိုးမွေးမြူရေး စီမံကိန်းပြကွက် Chang Hua Man Royal Project သို့ရောက်ရှိကြရာ  ဘုရင့်တော်ဝင် စိုက်ပျိုး မွေးမြူရေးစီမံကိန်း အကြီးအကဲ Mr. Tanin Nakhonchaikul နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် စီမံကိန်းဧည့်ခန်းမဆောင်အတွင်း၌ စီမံကိန်းအတွင်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်သုံးစွဲနေမှုများနှင့် ပတ်သက်၍  စီမံကိန်း အကြီးအကဲနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာတာဝန်ခံ Assistant Professor Dr. Wirachai Roynarin တို့က ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် စီမံကိန်းအတွင်းလှည့်လည်၍ ဆိုလာ၊ လေအားလျှပ်စစ်များဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်သုံးစွဲနေမှုများ၊ နို့စားနွားမွေးမြူထားမှုအခြေအနေများ၊ ရော်ဘာစိုက်ပျိုးထားရှိမှုနှင့် ရော်ဘာစေးထုတ်ယူရာတွင် အပင်ထိခိုက်မှုအနည်းဆုံးနှင့် အရည်အသွေးကောင်းမွန်သည့် ရော်ဘာစေးများရရှိအောင် ထုတ်ယူနေမှုများ၊ တီကောင် အသုံးပြု၍ သဘာဝမြေသြဇာထုတ်ယူနေမှု များ၊ နွားနို့နှင့် နို့်ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုများ၊ အခြားသီးပင်၊ စားပင်များနှင့် သစ်မာပင်များ စိုက်ပျိုးထားရှိမှုများအား လေ့လာကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။ ထို့်နောက် စီမံကိန်းအတွင်းမှ ထွက်ရှိသော ပစ္စည်းအမျိုးမျိုးရောင်းချ နေမှုများအား ကြည့်ရှုခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘုရင့်တော်ဝင်စိုက်ပျိုးမွေးမြူရေးစီမံကိန်းအကြီးအကဲ Mr. Tanin Nakhonchaikul အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းရှိ တော်ဝင်စီမံကိန်းများကို ဘုရင် Bhumibol Adulyadej က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အခြေခံလူတန်းစားပြည်သူများနှင့် မျိုးဆက်သစ်များအတွက် စီးပွားရေး အောင်မြင်တိုးတက်ရန် ကူညီဆောင်ရွက်ပေးနေသော စီမံကိန်းများဖြစ်သည်။ ယခုသွားရောက် လေ့လာခဲ့သည့် ဘုရင့်တော်ဝင်စိုက်ပျိုးမွေးမြူရေးစီမံကိန်း Chang Hua Man Royal Project ကို ၂၀၀၉ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၉၉ ဧက ကျော်ကျယ်ဝန်းကာ သီးနှံများကို စမ်းသပ် သုတေသနပြု စိုက်ပျိုးလျက်ရှိသဖြင့် Phetchaburi ပြည်နယ်အတွင်းရှိ ဒေသခံများအတွက်သာမက နိုင်ငံအဝန်းရှိ စိုက်ပျိုးမွေးမြူသူများအတွက် အကူအညီပေးလျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းအတွင်း ငှက်ပျော၊ သံပုရာ၊ သင်္ဘောအပါအဝင် သီးပင်၊ စားပင် အမျိုးအစားပေါင်း ၄၀ ကျော် နှင့် စပါး၊ ရော်ဘာပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ သီးနှံများတွင် ဓာတုပစ္စည်းများ ပါဝင်မှုမရှိအောင် သဘာဝအတိုင်းစိုက်ပျိုးထားရှိပြီး တော်ဝင်စီမံကိန်းများအနက် သဘာ၀ ပတ်ဝန်းကျင်ကာကွယ်သော ကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းတည်ရှိရာနေရာသည် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ပြီး စီမံကိန်းအတွက်သာမက ဒေသခံကျေးရွာများသို့လည်း လျှပ်စစ် စွမ်းအား ဖြန့်ဖြူးပေးလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။