တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ – ၉

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် General Koji YAMASAKI က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂုဏ်ပြုကြိုဆို ပွဲကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်က ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် General Koji YAMASAKI တို့သည် ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုးနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်နှင့်အတူ ဂျပန်တပ်မတော်မှ အရာရှိကြီးများနှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

ယင်းနောက် ဂျပန်တပ်မတော်မှတာဝန်ရှိသူတစ်ဦးက ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေး ဆိုင်ရာဆောင်ရွက်မှုများ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာများတွင် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ကာကွယ်ရေးဆိုင်ရာများတွင် မြှင့်တင်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာ-ဂျပန် နှစ်နိုင်ငံကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ပူးတွဲစစ်ဦးစီးချုပ်က Grand Hill Ichigaya ဟိုတယ်တွင် ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ဦးစွာ နှစ်နိုင်ငံတပ်မတော်အကြီးအကဲနှစ်ဦးက ဂုဏ်ပြု ဆုတောင်းစကားများ အပြန်အလှန်ပြောကြားကာ နေ့လယ်စာကို အတူတကွသုံးဆောင်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္က ဂုဏ္ျပဳႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၉

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕တြင္ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား ယေန႔နံနက္ပိုင္းတြင္ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္ General Koji YAMASAKI က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဂုဏ္ျပဳႀကိဳဆို ပြဲက်င္းပမည့္ေနရာသို႔ ေရာက္ရွိၾကရာ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္က ရင္းႏွီးခင္မင္စြာ ႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္း ကိုခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား ၾကည့္ရႈစစ္ေဆးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ဂ်ပန္ကိုယ္ပိုင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္ General Koji YAMASAKI တို႔သည္ ဧည့္ခန္းမတြင္ ေတြ႕ဆုံေဆြးေႏြးၾကသည္။ အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးျမင့္သူ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးႀကီး တင္စိုးႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကၿပီး ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္ႏွင့္အတူ ဂ်ပန္တပ္မေတာ္မွ အရာရွိႀကီးမ်ားႏွင့္ နီပြန္ေဖာင္ေဒးရွင္း ဥကၠ႒ Mr. Yohei SASAKAWA တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ကာကြယ္ေရးဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ေရးႏွင့္ သင္တန္းသားမ်ား ေစလႊတ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ကမာၻ႔ၿငိမ္းခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ သဘာဝေဘးအႏၲရာယ္ ကာကြယ္တားဆီးေရးဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး အမွတ္တရဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ယင္းေနာက္ ဂ်ပန္တပ္မေတာ္မွတာဝန္ရွိသူတစ္ဦးက ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန၏ ကာကြယ္ေရး ဆိုင္ရာေဆာင္႐ြက္မႈမ်ား၊ ေဒသတြင္းလုံၿခဳံေရးဆိုင္ရာမ်ားတြင္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခ အေနမ်ား၊ ကာကြယ္ေရးဆိုင္ရာမ်ားတြင္ ျမႇင့္တင္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံေကာင္းမြန္သည့္ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားအား ျပန္လည္ေမးျမန္း ေဆြးေႏြးခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ဂ်ပန္ကိုယ္ပိုင္ ကာကြယ္ေရး တပ္ဖြဲ႕မ်ား၏ပူးတြဲစစ္ဦးစီးခ်ဳပ္က Grand Hill Ichigaya ဟိုတယ္တြင္ ဂုဏ္ျပဳ ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံသည္။ ဦးစြာ ႏွစ္ႏိုင္ငံတပ္မေတာ္အႀကီးအကဲႏွစ္ဦးက ဂုဏ္ျပဳ ဆုေတာင္းစကားမ်ား အျပန္အလွန္ေျပာၾကားကာ ေန႔လယ္စာကို အတူတကြသုံးေဆာင္ၿပီး အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။