၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက(၁) လသာ ကျောင်းသားဟောင်းများ၏ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂ဝ

၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက(၁) လသာ ကျောင်းသားဟောင်းများ၏ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အဆိုပါကျောင်း၊ ဗဟိုစံပြခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီး ၅ဝ ဦး တက်ရောက်ကန်တော့ခံကြပြီး အလယ်တန်းမှ အထက်တန်းအထိ ပညာသင်ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကျောင်းသားဟောင်းများ တက်ရောက်၍ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကျောင်းသားဟောင်းများသည် အာစရိယပူဇော်ပွဲ အခမ်းအနားပြုလုပ်သည့် ဗဟိုစံပြခန်းမသို့ ရောက်ရှိကြရာ အာစရိယပူဇော်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များက ကြိုဆိုကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားသို့တက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး လိုက်လံ ဂါရဝပြုနှုတ်ဆက်ကာ ကန်တော့ပစ္စည်းများ ပေးအပ်၍ လက်ဆယ်ဖြာ ဦးထိပ်ထား ရိုသေစွာ ဂါရဝပြုကန်တော့ရာ ဆရာကြီး၊ ဆရာမကြီးများက သြဝါဒစကား ပြန်လည်ချီးမြှင့်သည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပပြုလုပ်ရာ ကျောင်းခေါင်းလောင်း ၂၇ ချက်တီး၍ ဟိုက်စကူးကျောင်းတော်ကြီး သီချင်းအား သီဆိုဂုဏ်ပြုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်ဆယ်ဖြာ ဦးထိပ်ထား၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ဂါရဝပြု ကန်တော့ကြရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီး ဦးကောင်းနှင့် ဆရာမကြီး ဒေါ်ဖြူဖြူတို့က သြဝါဒစကား ချီးမြှင့်ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး ဦးတင်မောင်အေး၊ အာစရိယ ပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဌ ဦးတင်မောင်မြင့်နှင့် ကျန်းမာရေးနှင့် ကူညီစောင့်ရှောက်မှုအဖွဲ့ နာယက ဦးခင်မောင်စိန်တို့က နှုတ်ခွန်းဆက်ဂါရဝစကားများ အသီးသီး ပြောကြားကြသည်။ ယင်းနောက် ဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြသော ဆရာဝန်များ၊ သူနာပြုများနှင့် အာစရိယပူဇော်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ထို့နောက် တက်ရောက် လာကြသည့် ကျောင်းသားဟောင်းများကိုယ်စား ကျောင်းသားဟောင်း ဦးဇော်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်း များဖြင့် ကန်တော့ကြသည်။ ယင်းနောက် ဟိုက်စကူးကျောင်းတော်ကြီး သီချင်းဖြင့် သီဆို ဂုဏ်ပြုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

 

(ZawGyi Version)

၁၉၆၅ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ (စင္ထရယ္) အထက(၁) လသာ ေက်ာင္းသားေဟာင္းမ်ား၏ (၂၇) ႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲ အခမ္းအနား က်င္းပ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂ဝ

၁၉၆၅ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ (စင္ထရယ္) အထက(၁) လသာ ေက်ာင္းသားေဟာင္းမ်ား၏ (၂၇) ႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲ အခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္ရွိ အဆိုပါေက်ာင္း၊ ဗဟိုစံျပခန္းမ၌ က်င္းပျပဳလုပ္သည္။

အဆိုပါ အခမ္းအနားသို႔ ဆရာႀကီး၊ ဆရာမႀကီး ၅ဝ ဦး တက္ေရာက္ကန္ေတာ့ခံၾကၿပီး အလယ္တန္းမွ အထက္တန္းအထိ ပညာသင္ၾကားခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ ၁၉၆၅ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ ေက်ာင္းသားေဟာင္းမ်ား တက္ေရာက္၍ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ကန္ေတာ့ၾကသည္။

ဦးစြာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ေက်ာင္းသားေဟာင္းမ်ားသည္ အာစရိယပူေဇာ္ပြဲ အခမ္းအနားျပဳလုပ္သည့္ ဗဟိုစံျပခန္းမသို႔ ေရာက္ရွိၾကရာ အာစရိယပူေဇာ္ပြဲ က်င္းပေရး ေကာ္မတီအဖြဲ႕ဝင္မ်ားက ႀကိဳဆိုၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အခမ္းအနားသို႔တက္ေရာက္လာသည့္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ဂါရဝျပဳႏႈတ္ဆက္ကာ ကန္ေတာ့ပစၥည္းမ်ား ေပးအပ္၍ လက္ဆယ္ျဖာ ဦးထိပ္ထား ႐ိုေသစြာ ဂါရဝျပဳကန္ေတာ့ရာ ဆရာႀကီး၊ ဆရာမႀကီးမ်ားက ၾသဝါဒစကား ျပန္လည္ခ်ီးျမႇင့္သည္။ ၎ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တက္ေရာက္လာၾကသည့္ ေက်ာင္းသားေဟာင္းမ်ားကို ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ကာ ဂုဏ္ထူးရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ခ်ီးျမႇင့္ေငြ ေပးအပ္ခဲ့သည္။

ထို႔ေနာက္ အခမ္းအနားကို အစီအစဥ္အတိုင္း ဆက္လက္ က်င္းပျပဳလုပ္ရာ ေက်ာင္းေခါင္းေလာင္း ၂၇ ခ်က္တီး၍ ဟိုက္စကူးေက်ာင္းေတာ္ႀကီး သီခ်င္းအား သီဆိုဂုဏ္ျပဳၿပီး အခမ္းအနားကို စတင္ဖြင့္လွစ္သည္။

ထို႔ေနာက္ အခမ္းအနား တက္ေရာက္လာၾကသည့္ ေက်ာင္းသားေဟာင္းမ်ားက ေက်းဇူးရွင္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား လက္ဆယ္ျဖာ ဦးထိပ္ထား၍ ထုံးတမ္းစဥ္လာႏွင့္အညီ ႐ိုေသစြာ ဂါရဝျပဳ ကန္ေတာ့ၾကရာ ကန္ေတာ့ခံ ဆရာႀကီး၊ ဆရာမႀကီးမ်ား ကိုယ္စား ဆရာႀကီး ဦးေကာင္းႏွင့္ ဆရာမႀကီး ေဒၚျဖဴျဖဴတို႔က ၾသဝါဒစကား ခ်ီးျမႇင့္ေျပာၾကားသည္။

ထို႔ေနာက္ ေက်ာင္းအုပ္ႀကီး ဦးတင္ေမာင္ေအး၊ အာစရိယ ပူေဇာ္ပြဲက်င္းပေရး ေကာ္မတီဥကၠဌ ဦးတင္ေမာင္ျမင့္ႏွင့္ က်န္းမာေရးႏွင့္ ကူညီေစာင့္ေရွာက္မႈအဖြဲ႕ နာယက ဦးခင္ေမာင္စိန္တို႔က ႏႈတ္ခြန္းဆက္ဂါရဝစကားမ်ား အသီးသီး ေျပာၾကားၾကသည္။ ယင္းေနာက္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား က်န္းမာေရး ေစာင့္ေရွာက္ေပးခဲ့ၾကေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ အာစရိယပူေဇာ္ပြဲတြင္ ကူညီေဆာင္႐ြက္ေပးခဲ့ၾကသည့္ ဆရာမမ်ားအား လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၾကသည္။ ထို႔ေနာက္ တက္ေရာက္ လာၾကသည့္ ေက်ာင္းသားေဟာင္းမ်ားကိုယ္စား ေက်ာင္းသားေဟာင္း ဦးေဇာ္လြင္က ေက်းဇူးတင္စကား ေျပာၾကားခဲ့ၿပီး ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ကန္ေတာ့ပစၥည္း မ်ားျဖင့္ ကန္ေတာ့ၾကသည္။ ယင္းေနာက္ ဟိုက္စကူးေက်ာင္းေတာ္ႀကီး သီခ်င္းျဖင့္ သီဆို ဂုဏ္ျပဳၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံမ်ား ႐ိုက္ခဲ့ၾကသည္။

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။