တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာ စက်ရုံ(ရွာမ)သို့ သွားရောက်၍ ကုန်ထုတ်လုပ်မှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာ စက်ရုံ(ရွာမ)သို့ သွားရောက်၍ ကုန်ထုတ်လုပ်မှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား စက်ရုံမှူး ဦးမြသန်းထွန်းက စက်ရုံ၏ဖွဲ့စည်းပုံ၊ စက်များ တပ်ဆင်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်းမှအကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန့်ဆွေတို့က ဖြည့်စွက် တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံအနေဖြင့် စက်စွမ်းအားပြည့် လည်ပတ် နိုင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အစီးရေ ၉ သိန်းခွဲခန့်ရှိကာ တစ်နှစ်လျှင် တာယာ လိုအပ်ချက်အနေဖြင့် ၂.၆ သန်းခန့်ရှိပြီး ၎င်းင်းအနက် တာယာ ၂ သန်းခန့်အား ပြည်ပမှတင်သွင်းနေရသည့် အတွက် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင်ကြိုးစားရမည်ဖြစ်ကြောင်းနှင့် ထုတ်လုပ်ရာတွင်လည်း ဈေးကွက်လိုအပ်ချက်အရ ပြည်တွင်းနှင့်ကိုက်ညီသည့် တာယာအမျိုးအစားများကို ထုတ်လုပ်ရမည်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်ပသို့လည်း ပိုမိုတင်ပို့ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်ဆိုင်ရာ၊ အရည်အသွေးဆိုင်ရာနှင့် စက်ရုံထုတ်လုပ်မှုဆိုင်ရာ သုတေသနတို့ကို အမြဲပြုလုပ်နေရ မည်ဖြစ်ကြောင်း၊ မော်တော်ကားတာယာများအား အခြားစက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများဖြင့် နှိုင်းယှဉ်ပြီး သက်သာမှုတွက်ချက်၍ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရမည်ဖြစ် ကြောင်းနှင့် မော်တော်ကားတာယာများအပြင် ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ဆိုင်ကယ်တာယာများကို ထုတ်လုပ်ရောင်းချပြီး ပြည်ပမှသွင်းကုန်များကို လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီကောင်းမွန်ရေး၊ ဈေးကွက် လိုအပ်ချက်သိရှိရေး စသည့်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစား၍ မိမိလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် TRI STAR အမှတ်တံဆိပ် တာယာများ ခင်းကျင်းပြသထားမှုများ နှင့် စက်ရုံအတွင်းလှည့်လည်၍ တာယာထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများအား လှည့် လည်ကြည့်ရှု စစ်ဆေးရာစက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ရှင်းလင်းမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ကာ အရည်အသွေး ပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။ ယင်းနောက် စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သည် TRI STAR အမှတ်တံဆိပ် Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာနှင့် Special တာယာ စသည်ဖြင့် အမျိုးအစား ၄ မျိုးခွဲ၍ လူစီးယာဉ်များ၊ Expressယာဉ်များ၊ Bus ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မြေသယ်ယာဉ်များ စသည့်မော်တော်ယာဉ်အမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မီတာယာများအား အရည် အသွေး မြင့်မားစွာထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်သည်သာမက အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်၊ ရုရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း တာယာ စက္႐ုံ(ရြာမ)သုိ႕ သြားေရာက္၍ ကုန္ထုတ္လုပ္မႈအေျခအေန မ်ားအား ၾကည့္႐ႈစစ္ေဆး

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႕လုိက္ပါၿပီး ယေန႕မြန္းလြဲပုိင္း တြင္ ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း တာယာစက္႐ုံ (ရြာမ)သုိ႕ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား စက္႐ုံမွဴး ဦးျမသန္းထြန္းက စက္႐ုံ၏ဖြဲ႕စည္းပုံ၊ စက္မ်ား တပ္ဆင္ထားရွိမႈႏွင့္ ကုန္ထုတ္လုပ္မႈ အေျခအေနမ်ား၊ ျပည္တြင္း၊ ျပည္ပေစ်းကြက္သုိ႕ ျဖန္႕ျဖဴး ေရာင္းခ်ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ျမန္မာ စီးပြားေရးေကာ္ပုိေရးရွင္းမွအႀကီးတန္းအႀကံေပးပုဂိၢဳလ္ ဦးသန္႕ေဆြတုိ႕က ျဖည့္စြက္ တင္ျပၾကသည္။
ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံအေနျဖင့္ စက္စြမ္းအားျပည့္ လည္ပတ္ ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ ေမာ္ေတာ္ယာဥ္အစီးေရ ၉ သိန္းခြဲခန္႕ရွိကာ တစ္ႏွစ္လွ်င္ တာယာ လိုအပ္ခ်က္အေနျဖင့္ ၂.၆ သန္းခန္႕ရွိၿပီး ၎င္းအနက္ တာယာ ၂ သန္းခန္႕အား ျပည္ပမွတင္သြင္းေနရသည့္ အတြက္ ျပည္တြင္းလုိအပ္ခ်က္ကုိ ျဖည့္ဆည္းႏုိင္ေအာင္ႀကိဳးစားရမည္ျဖစ္ေၾကာင္းႏွင့္ ထုတ္လုပ္ရာတြင္လည္း ေစ်းကြက္လုိအပ္ခ်က္အရ ျပည္တြင္းႏွင့္ကုိက္ညီသည့္ တာယာအမ်ဳိးအစားမ်ားကုိ ထုတ္လုပ္ရမည္ျဖစ္ ေၾကာင္း၊ ထုိ႕အျပင္ ျပည္ပသုိ႕လည္း ပုိမုိတင္ပုိ႕ ေရာင္းခ်ႏုိင္ေရး ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ေစ်းကြက္ဆုိင္ရာ၊ အရည္အေသြးဆုိင္ရာႏွင့္ စက္႐ုံထုတ္လုပ္မႈဆုိင္ရာ သုေတသနတုိ႕ကုိ အၿမဲျပဳလုပ္ေနရ မည္ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ကားတာယာမ်ားအား အျခားစက္႐ုံမ်ားမွ ထုတ္လုပ္ေသာ ကုန္ပစၥည္းမ်ားျဖင့္ ႏႈိင္းယွဥ္ၿပီး သက္သာမႈတြက္ခ်က္၍ အရည္အေသြးေကာင္းမြန္ေသာ ထုတ္ကုန္မ်ားကုိ ထုတ္လုပ္ႏုိင္ရမည္ျဖစ္ ေၾကာင္းႏွင့္ ေမာ္ေတာ္ကားတာယာမ်ားအျပင္ ျပည္တြင္းလုိအပ္ခ်က္ျဖစ္သည့္ ဆုိင္ကယ္တာယာမ်ားကုိ ထုတ္လုပ္ေရာင္းခ်ၿပီး ျပည္ပမွသြင္းကုန္မ်ားကုိ ေလွ်ာ့ခ်ႏုိင္ရမည္ျဖစ္ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား အေနျဖင့္ ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ ထုတ္လုပ္သည့္ကုန္ပစၥည္းမ်ား အရည္အေသြး ျပည့္မီေကာင္းမြန္ေရး၊ ေစ်းကြက္ လုိအပ္ခ်က္သိရွိေရး စသည့္တုိ႕ကုိ ဘက္ေပါင္းစုံမွ စဥ္းစား၍ မိမိလုပ္ငန္းတုိးတက္ေအာင္ ေဆာင္ရြက္ၾကရ မည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထုိ႕ေနာက္ စက္႐ုံမွ ထုတ္လုပ္ထားရွိသည့္ TRI STAR အမွတ္တံဆိပ္ တာယာမ်ား ခင္းက်င္းျပသထားမႈမ်ား ႏွင့္ စက္႐ုံအတြင္းလွည့္လည္၍ တာယာထုတ္လုပ္မႈ လုပ္ငန္းအဆင့္ဆင့္ ေဆာင္ရြက္ေနမႈမ်ားအား လွည့္ လည္ၾကည့္႐ႈ စစ္ေဆးရာစက္႐ုံမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကၿပီး ရွင္းလင္းမႈမ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား ျပန္လည္ေဆြးေႏြးခဲ့ကာ အရည္အေသြး ျပည့္မီေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး အေလးထားေဆာင္ရြက္ၾကရန္မွာၾကားသည္။ ယင္းေနာက္ စက္႐ုံ၀န္ထမ္းမ်ား အတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

အဆုိပါ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း တာယာစက္႐ုံ (ရြာမ)သည္ TRI STAR အမွတ္တံဆိပ္ Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာႏွင့္ Special တာယာ စသည္ျဖင့္ အမ်ဳိးအစား ၄ မ်ဳိးခြဲ၍ လူစီးယာဥ္မ်ား၊ Expressယာဥ္မ်ား၊ Bus ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ား၊ ေျမသယ္ယာဥ္မ်ား စသည့္ေမာ္ေတာ္ယာဥ္အမ်ဳိးမ်ဳိးအတြက္ ႏုိင္ငံတကာအဆင့္မီတာယာမ်ားအား အရည္ အေသြး ျမင့္မားစြာထုတ္လုပ္လ်က္ရွိၿပီး ေစ်းႏႈန္းသက္သာစြာျဖင့္ ျဖန္႕ျဖဴးေရာင္းခ်လ်က္္ရွိေၾကာင္း၊ ျပည္ပမွ သြင္းကုန္မ်ားကုိ အစားထုိးထုတ္လုပ္ႏုိင္သည္သာမက အေမရိကန္၊ ပါရာေဂြး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစၥတန္၊ ကုိလံဘီယာ၊ မေလးရွား၊ နီေပါ၊ ဗီယက္နမ္၊ ႐ုရွားႏွင့္ ထုိင္၀မ္ႏုိင္ငံမ်ားသုိ႕လည္း တင္ပုိ႕ေရာင္းခ်လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။