တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) မှ ဗိုလ်လောင်းသင်တန်းသားများအား စစ်လက်ရုံး များ ဆက်လက် စိစစ်ရွေးချယ်၊ ပြင်ဦးလွင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် – ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ဆက်လက်ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်၍ စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင့်လျော်သည့်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။


စစ်လက်ရုံးရွေးချယ်မှုများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်၍ သွားနှင့် ခံတွင်းရောဂါကုသမှုဌာန၊ မျက်စိရောဂါကုသမှုဌာနနှင့် နှလုံးရောဂါကုသမှု ဌာနတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် ဌာန အလိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဌာနအလိုက် ဆေးနှင့်ဆေးပစ္စည်းလိုအပ်ချက်များ၊ ဆရာဝန်ခန့်အပ်ထားရှိမှုအခြေအနေများနှင့် အခြား လိုအပ်ချက်များမေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ သွားနှင့် ခံတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံ များ ဂရုစိုက်ဆောင်ရွက်မှုရှိစေရန် ဟောပြောမှုများပြုလုပ်ပေးရန်လိုကြောင်း၊ စနစ်တကျ သွားတိုက်မှု၊ ထိန်းသိမ်းမှုပုံစံများကို လမ်းညွှန်ပြသကြရမည်ဖြစ်ကြောင်း၊ တပ်မတော် သင်တန်းကျောင်းများတွင်လည်း သင်တန်းသားများအား သွားနှင့် ခံတွင်းရောဂါနှင့် ပတ်သက်၍စနစ်တကျထိန်းသိမ်းမှုရှိရန် ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်းနှင့် ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျနမှုရှိရန် လိုအပ် သည့် အခြေအနေများအား မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၆၃) မွ ဗိုလ္ေလာင္းသင္တန္းသားမ်ားအား စစ္လက္႐ုံး မ်ား ဆက္လက္ စိစစ္ေ႐ြးခ်ယ္၊ ျပင္ဦးလြင္ၿမိဳ႕၊ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသိုလ္၌ ဆက္လက္ျပဳလုပ္သည့္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆၃) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တက္ေရာက္၍ စစ္လက္႐ုံးအသီးသီးအတြက္ စိစစ္ေ႐ြးခ်ယ္သည္။

အဆိုပါစစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဗိုလ္ေလာင္းမ်ားအား တစ္ဦးခ်င္းေတြ႕ဆုံကာ သင့္ေလ်ာ္သည့္(ၾကည္း၊ ေရ၊ ေလ) စစ္လက္႐ုံးအသီးသီးအတြက္ စိစစ္ေ႐ြးခ်ယ္ေပးခဲ့ၾကသည္။

စစ္လက္႐ုံးေ႐ြးခ်ယ္မႈမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပင္ဦးလြင္ၿမိဳ႕ရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံသို႔ သြားေရာက္၍ သြားႏွင့္ ခံတြင္းေရာဂါကုသမႈဌာန၊ မ်က္စိေရာဂါကုသမႈဌာနႏွင့္ ႏွလုံးေရာဂါကုသမႈ ဌာနတို႔အား လိုက္လံၾကည့္ရႈစစ္ေဆးရာ ေဆး႐ုံအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ မ်ိဳးသန႔္ႏွင့္ ဌာန အလိုက္တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဌာနအလိုက္ ေဆးႏွင့္ေဆးပစၥည္းလိုအပ္ခ်က္မ်ား၊ ဆရာဝန္ခန႔္အပ္ထားရွိမႈအေျခအေနမ်ားႏွင့္ အျခား လိုအပ္ခ်က္မ်ားေမးျမန္းၿပီး လိုအပ္သည္မ်ား ျဖည့္ဆည္းေဆာင္႐ြက္ေပးကာ သြားႏွင့္ ခံတြင္း က်န္းမာေရးႏွင့္ ပတ္သက္၍ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံ မ်ား ဂ႐ုစိုက္ေဆာင္႐ြက္မႈရွိေစရန္ ေဟာေျပာမႈမ်ားျပဳလုပ္ေပးရန္လိုေၾကာင္း၊ စနစ္တက် သြားတိုက္မႈ၊ ထိန္းသိမ္းမႈပုံစံမ်ားကို လမ္းၫႊန္ျပသၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ သင္တန္းေက်ာင္းမ်ားတြင္လည္း သင္တန္းသားမ်ားအား သြားႏွင့္ ခံတြင္းေရာဂါႏွင့္ ပတ္သက္၍စနစ္တက်ထိန္းသိမ္းမႈရွိရန္ က်န္းမာေရးအသိပညာေပးမႈမ်ား ေဆာင္႐ြက္ ေပးရမည္ ျဖစ္ေၾကာင္းႏွင့္ ေဆး႐ုံအတြင္း သန႔္ရွင္းသပ္ရပ္ၿပီး စနစ္က်နမႈရွိရန္ လိုအပ္ သည့္ အေျခအေနမ်ားအား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။