တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU/ KNLA (PC)ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ KNU/ KNLA (PC)ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ စောရင်နုနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU/ KNLA (PC)အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရသဖြင့် KNU/ KNLA (PC)အဖွဲ့၏ ငြိမ်းချမ်းရေး လိုလားမှုကို တပ်မတော်မှ အပြည့်အဝယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ကရင်ပြည်နယ်၊ ပေါလော၊ သံပုရာ၊ ထို့ကော်ကိုး ဒေသများသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒေသခံ တိုင်းရင်းသားများ၏ ရိုးသားပွင့်လင်းမှုများကို သိမြင်ခဲ့ရပါကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အပေါ်တွင်ထားရှိသည့် တပ်မတော်၏ သဘောထားသည် ပြောင်းလဲသွားမည် မဟုတ် ကြောင်း၊ ထာ၀ရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် KNU/ KNLA (PC)အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။

KNU/ KNLA (PC) အဖွဲ့မှ ဥက္ကဋ္ဌ စောထော့လေး နှင့်အဖွဲ့ဝင်များက ပြန်လည် ပြောကြားရာတွင် KNU/ KNLA (PC)အနေဖြင့် တပ်မတော်နှင့် လက်တွဲပြီး တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိစွာဖြင့် ညှိနှိုင်းတိုင်ပင်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တစ်စိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လက်ခံတွေ့ဆုံခွင့်ပေးပြီး မိတ်ဆက်ခွင့်ရရှိသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ KNU/ KNLA (PC)အဖွဲ့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှ သွေဖည်သွားမည် မဟုတ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသည့်ကာလအတွင်း တပ်မတော်မှ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်းပေးသည့် အတွက် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အကြံပေးတိုက်တွန်းချက်နှင့်အညီ မိမိတို့ KNU/ KNLA (PC)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စံပြဖြစ်စေရေး ဆွေးနွေးတိုင်ပင်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာ မိမိတို့အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း၊ KNU/ KNLA (PC)အဖွဲ့အနေဖြင့် NCA လမ်းကြောင်းမှ တစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့်လက်တွဲပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုင်းရင်းသား အရေးနှင့်ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိသည့် အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေး နှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးပညာရေးကို အားပေးရန်လိုအပ်သကဲ့သို့ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကိုလည်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း မိမိဒေသနှင့်တိုင်းပြည်ကို အကျိုးပြုနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ယခုတင်ပြခဲ့ သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU/ KNLA (PC)ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ KNU/ KNLA (PC) ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႕ ဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ KNU/ KNLA (PC)ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႕ ဥကၠ႒ ေစာေထာ့ေလး ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕အား ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ KNU/ KNLA (PC)ၿငိမ္းခ်မ္းေရး ေကာင္စီအဖြဲ႕ ဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒ ေစာရင္ႏုႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က KNU/ KNLA (PC)အဖြဲ႕သည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တက္တက္ႂကြႂကြပါဝင္ေဆာင္႐ြက္လ်က္ရွိ သည္ကို ေတြ႕ရွိရသျဖင့္ KNU/ KNLA (PC)အဖြဲ႕၏ ၿငိမ္းခ်မ္းေရး လိုလားမႈကို တပ္မေတာ္မွ အျပည့္အဝယုံၾကည္ပါေၾကာင္း၊ မိမိအေနျဖင့္ ကရင္ျပည္နယ္၊ ေပါေလာ၊ သံပုရာ၊ ထို႔ေကာ္ကိုး ေဒသမ်ားသို႔ ေရာက္ရွိတာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ေဒသခံ တိုင္းရင္းသားမ်ား၏ ႐ိုးသားပြင့္လင္းမႈမ်ားကို သိျမင္ခဲ့ရပါေၾကာင္း၊ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၏ အေျခခံမူျဖစ္သည့္ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA အတိုင္း ခိုင္ခိုင္မာမာ ေလွ်ာက္လွမ္းသြားၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ NCA လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာရပ္တည္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရး အေပၚတြင္ထားရွိသည့္ တပ္မေတာ္၏ သေဘာထားသည္ ေျပာင္းလဲသြားမည္ မဟုတ္ ေၾကာင္း၊ ထာ၀ရၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ KNU/ KNLA (PC)အဖြဲ႕အေနျဖင့္ စံနမူနာျပအျဖစ္ျဖင့္ ေဆာင္႐ြက္ေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

KNU/ KNLA (PC) အဖြဲ႕မွ ဥကၠ႒ ေစာေထာ့ေလး ႏွင့္အဖြဲ႕ဝင္မ်ားက ျပန္လည္ ေျပာၾကားရာတြင္ KNU/ KNLA (PC)အေနျဖင့္ တပ္မေတာ္ႏွင့္ လက္တြဲၿပီး တစ္ဖက္ႏွင့္တစ္ဖက္ နားလည္မႈရွိစြာျဖင့္ ညႇိႏႈိင္းတိုင္ပင္၍ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္ တစ္စိုက္မတ္မတ္ ပါဝင္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုကဲ့သို႔ လက္ခံေတြ႕ဆုံခြင့္ေပးၿပီး မိတ္ဆက္ခြင့္ရရွိသည့္ အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ KNU/ KNLA (PC)အဖြဲ႕တြင္ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲ ျဖစ္ေပၚခဲ့ေသာ္လည္း ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚမွ ေသြဖည္သြားမည္ မဟုတ္ပါေၾကာင္း၊ COVID-19 ေရာဂါျဖစ္ပြားသည့္ကာလအတြင္း တပ္မေတာ္မွ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအေထာက္အကူျပဳ ပစၥည္းမ်ားလာေရာက္လႉဒါန္းေပးသည့္ အတြက္ အထူးပင္ဝမ္းေျမာက္ေက်းဇူးတင္ရွိပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၏ အႀကံေပးတိုက္တြန္းခ်က္ႏွင့္အညီ မိမိတို႔ KNU/ KNLA (PC)အဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ စံျပျဖစ္ေစေရး ေဆြးေႏြးတိုင္ပင္ေဆာင္႐ြက္သြားမည္ျဖစ္ ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးလမ္းစဥ္အတိုင္း ဆက္လက္ေလွ်ာက္လွမ္းရန္မွာ မိမိတို႔အဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖစ္ပါေၾကာင္း၊ KNU/ KNLA (PC)အဖြဲ႕အေနျဖင့္ NCA လမ္းေၾကာင္းမွ တစ္ဆင့္ ေဖာ္ေဆာင္ေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို ပန္းတိုင္ေရာက္သည္အထိ တပ္မေတာ္ႏွင့္လက္တြဲၿပီး ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္သြားမည္ျဖစ္ပါေၾကာင္း ျဖင့္ ေျပာၾကားၿပီး ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး ႏွင့္ အေျခခံလိုအပ္ခ်က္မ်ားကို တင္ျပေဆြးေႏြးၾကသည္။

ေဆြးေႏြးတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က တိုင္းရင္းသား အေရးႏွင့္ပတ္သက္လာပါက ျမန္မာႏိုင္ငံ၌ တိုင္းရင္းသားလူမ်ိဳးစု ၁၃၀ ေက်ာ္ရွိသည့္ အတြက္ မည္သူ႔ကိုမွ် ခ်န္လွပ္မထားေရး၊ အားလုံးပါဝင္ႏိုင္မည့္ အေျခအေနျဖစ္ေစေရး ႏွင့္ အားလုံး၏ အက်ိဳးစီးပြားကို ထည့္သြင္းစဥ္းစားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသကို ျပန္လည္အက်ိဳးျပဳႏိုင္မည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေမြးထုတ္ေပးႏိုင္ေရးပညာေရးကို အားေပးရန္လိုအပ္သကဲ့သို႔ က်န္းမာမွပညာသင္ၾကားႏိုင္မည္ျဖစ္သျဖင့္ က်န္းမာေရးကိုလည္း ျမႇင့္တင္ၾကရမည္ျဖစ္ေၾကာင္း၊ မၾကာမီတြင္ က်င္းပမည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္လည္း မိမိေဒသႏွင့္တိုင္းျပည္ကို အက်ိဳးျပဳႏိုင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ားကို ေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း၊ ယခုတင္ျပခဲ့ သည့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားအား တပ္မေတာ္မွ ေဆာင္႐ြက္ႏိုင္သည္မ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္လည္း ညႇိႏႈိင္းတိုင္ပင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းျဖင့္ ျပန္လည္ေျပာၾကားၿပီး ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ လိုအပ္ခ်က္မ်ားကို ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က KNU/ KNLA (PC)ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႕ ဥကၠ႒ ႏွင့္အဖြဲ႕ဝင္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။