တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့်လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၂)

နေပြည်တော်၊ နိုဝင်ဘာ ၄

မေး။ မြန်မာပြည်အနှံ့ အဖေကဝန်ထမ်းအနေနဲ့ ပြောင်းတုန်းကလည်းရောက်ခဲ့ဖူးတဲ့ နယ်မြေတွေရှိသလို ကိုယ်ကိုတိုင်တာဝန်ထမ်းဆောင်တော့လည်း ရောက်ခဲ့တဲ့နယ်မြေတွေ တော်တော်စုံတယ်။ အဲ့တော့မြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီး မရောက်ဖူးသေးတဲ့နေရာများ ရှိပါသေးလားရှင်။

ဖြေ။ နှစ်ပိုင်းခွဲပြောလို့ရတယ်။ တာဝန်ထမ်းဆောင်ပြီး သွားပြီးတော့နေရတဲ့နေရာတွေရှိသလို ကျွန်တော်စောစောကပြောတဲ့ တနိုင်းလိုနေရာမျိုး၊ ရှမ်းပြည်နယ်ဆိုရင်လည်း ကျိုင်းတုံလိုနေရာမျိုး၊ တောင်ကြီးလိုနေရာမျိုး၊ မှော်ဘီ၊ ရခိုင်ဆိုရင် စစ်တွေနဲ့အမ်း။ ဒါတွေက ကျွန်တော် Posting ကျပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဝန်းသိုလိုနေရာမျိုး၊ စစ်ကိုင်းလိုနေရာမျိုး Posting ကျပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်ရင်းမှူးတာဝန်ထမ်းဆောင်တာက ဟုမ္မလင်း၊ ချင်းတွင်းမြစ်တစ်ကြောမှာရှိပါတယ်။ ကျွန်တော် ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါကတော့ appointment နဲ့ရောက်တဲ့နေရာတွေပေါ့။ သို့သော်လည်း ယာယီတာဝန်နဲ့သွားရတဲ့နေရာတွေ တစ်နိုင်ငံလုံးနီးပါးလောက်ရှိတယ်။ ရှမ်းပြည်နယ်ဆိုလည်း ကျွန်တော်မရောက်ဖူးတဲ့ နေရာမရှိသလောက်ပါပဲ။ ကယားပြည်နယ်လည်း ကျွန်တော်မရောက်ဖူးတဲ့နေရာမရှိသလောက်ပဲ။ ကချင်ပြည်နယ် တချို့မြို့နယ်တွေမရောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ် ပူတာအိုတို့ ခေါင်လန်ဖူးတို့ မချမ်းဘောတို့၊ နောင်မွန်တို့ အောက်ကဆိုလည်း တနိုင်းတို့ ရှင်ဗွေယမ်တို့ပြီးရင် ဒီဘက်တစ်ခြမ်းပေါ့ အောက်ကဆို မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ကသာအောက်က ဒီဘက်တခြမ်းဆို အကုန်ရောက်ဖူးတယ်။ စစ်ကိုင်းတိုင်းဆိုလည်း ကျွန်တော်မရောက်ဖူးတဲ့နေရာမှတ်မိသလောက်တော့ မရှိသ‌လောက်ပဲ။ နောက်နာရီပိုင်းရောက်တဲ့နေရာရှိမယ်၊ ခဏတစ်ဖြုတ်ရောက်တဲ့ နေရာရှိမယ်၊ ညအိပ်တဲ့နေရာရှိမယ် ဒီလိုတော့ရှိမယ်။ ဒီလိုသွားတာကတော့တာဝန်ထမ်း‌ဆောင်တဲ့အပိုင်းတော့မဟုတ်ဖူးပေါ့။ တာဝန်အရသွားခဲ့တာတွေရှိပါတယ်။ မကွေးတိုင်း ကျွန်တော်ကိုယ်တိုင်လည်း မင်းဘူးမှာမွေးခဲ့တယ်ဆိုတော့ မကွေးတိုင်းလည်း စိတ်ဝင်စားတယ်။ ကျွန်တော်ရဲ့ဇာတိချက်မြှုပ်နေရာဖြစ်တာကို အဲ့တော့မကွေးတိုင်းလည်း အကုန်နီးပါးတော့ကျွန်တော်ရောက်ဖူးပါတယ်။ ပဲခူးတိုင်းလည်းအကုန်နီးပါးကျွန်တော်ရောက်ဖူးတယ်။ ဧရာဝတီတိုင်းလည်း ကျွန်တော် အကုန်နီးပါးရောက်ဖူးတယ်။ ကရင်ပြည်နယ်ဖာပွန်ဆိုလည်း ၄ ကြိမ် ၅ ကြိမ် နီးပါးရောက်ဖူးတယ်။ ကျန်တဲ့မြို့နယ်တွေလည်းအကုန်ရောက်ပါတယ်။ အဲ့တော့မရောက်ဖူးတဲ့ ဒေသကတော့ခပ်ရှားရှားပဲ တစ်နိုင်ငံလုံးနီးပါးကျွန်တော်ရောက်ဖူးပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အဲ့ဒီအပေါ်မှာ တိုင်းပြည်ဟာလည်း လူမျိုးပေါင်းစုံနေထိုင်တာ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ cultural difference တွေအပေါ်မှာ ခြုံငုံပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ သုံးသပ်မိတာရှိပါသလားရှင်။

ဖြေ။ ကွာခြားချက်တော့ရှိတယ်။ သူတို့ရောက်တဲ့နေရာမှာ တိုင်းရင်းသားတွေနဲ့ စကားပြောခဲ့တာရှိတယ်။ သူတို့တင်ပြချက်တွေ နားထောင်ခဲ့ရတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရတာတွေရှိတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်ရင်း ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ အများကြီးတွေ့ပါတယ်။ လိုအပ်ချက်တွေ၊ ကွာခြားချက်တွေ ရှိတာတော့အမှန်ပဲဖြစ်ပါတယ်။ ငြင်းလို့မရပါဘူး။ ဒါတွေကိုကျွန်တော်တို့က အများကြီးကိုဖြည့်ဆည်းပေးရမှာဖြစ်တယ်။ အထူးသဖြင့်တိုင်းရင်းသားဒေသတွေပေါ့၊ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေဆိုပြီးတော့လည်းပဲ မြို့နဲ့နီးတဲ့တိုင်း‌ဒေသကြီးတွေမှာလည်း မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့နယ်မြေဒေသတွေ လိုအပ်ချက်တွေရှိနေတယ်။ ဥပမာဆိုရင်ဖြင့် နေပြည်တော်ဆိုရင် နေပြည်တော်နားတစ်ဝိုက်မှာရှိနေတဲ့ နေရာတွေတောင်မှ လိုအပ်ချက်တွေရှိတယ်။ နေပြည်တော်နှင့်ကွာခြားချက်ပေါ့။ ကျွန်တော်မကြာသေးခင်က မိတ္ထီလာနားလေးက မြို့နယ်တစ်ခုကျေးရွာတစ်ခုကျွန်တော်သွားရတယ်။ အတွေ့အကြုံတစ်ခုပြောပြမယ်။ ကားလမ်းဘေးဘာမှဝေးတဲ့နေရာမဟုတ်ဖူး၊ ကားလမ်းပေါ်ကနေဝင်သွားတာနီးနီးလေးပဲ၊ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ အဲဒီရွာမှာပင်လျှင် သူနဲ့နီးတဲ့မိတ္ထီလာတို့‌၊ ပျော်ဘွယ်တို့နဲ့တောင်မှ တော်တော်ကွာခြားချက်ရှိနေတာကို သွားတွေ့ တယ်။ ဒါဟာပြည်မထဲမှာရှိတဲ့‌ဒေသ၊ ပြည်နယ်မှာတော့ပိုပြီးတော့လိုအပ်ချက်ရှိတာပေါ့။ ကျွန်တော်တို့က ဒါကိုအတတ်နိုင်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးဖို့လိုတယ်လို့တော့ ကျွန်တော်သုံးသပ်ပါတယ်။ အခြေအနေအကြောင်းအကြောင်းတွေကြောင့်မလုပ်နိုင်လို့ရှိရင် လုပ်နိုင်တဲ့နေရာတွေမှာတော့လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ကြိုးစားရလိမ့်မယ်။ တစ်ဖက်ကလည်း လုပ်နိုင်အောင်လည်းကြိုးစားရလိမ့်မယ်။ ဒါကဘာလည်းဆိုတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးရအောင်ကျွန်တော်တို့ကြိုးစားရမယ်၊ ဒါမှသာ တိုင်းရင်းသား‌ဒေသတွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ဖြည်းဆည်းပေးနိုင်လိမ့်မယ်။ ဒီလိုဖြည်းဆည်းပေးနိုင်မှလည်း သူတို့ရဲ့ခံစားချက်တွေ လျော့ပါးသွားမှာဖြစ်တယ်လို့ ကျွန်တော်သုံးသပ်လို့ရပါတယ်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ား အပိုင္း(၂)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၄

ေမး။ ျမန္မာျပည္အႏွံ႔ အေဖကဝန္ထမ္းအေနနဲ႔ ေျပာင္းတုန္းကလည္းေရာက္ခဲ့ဖူးတဲ့ နယ္ေျမေတြရွိသလို ကိုယ္ကိုတိုင္တာဝန္ထမ္းေဆာင္ေတာ့လည္း ေရာက္ခဲ့တဲ့နယ္ေျမေတြ ေတာ္ေတာ္စုံတယ္။ အဲ့ေတာ့ျမန္မာျပည္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မေရာက္ဖူးေသးတဲ့ေနရာမ်ား ရွိပါေသးလားရွင္။

ေျဖ။ ႏွစ္ပိုင္းခြဲေျပာလို႔ရတယ္။ တာဝန္ထမ္းေဆာင္ၿပီး သြားၿပီးေတာ့ေနရတဲ့ေနရာေတြရွိသလို ကြၽန္ေတာ္ေစာေစာကေျပာတဲ့ တႏိုင္းလိုေနရာမ်ိဳး၊ ရွမ္းျပည္နယ္ဆိုရင္လည္း က်ိဳင္းတုံလိုေနရာမ်ိဳး၊ ေတာင္ႀကီးလိုေနရာမ်ိဳး၊ ေမွာ္ဘီ၊ ရခိုင္ဆိုရင္ စစ္ေတြနဲ႔အမ္း။ ဒါေတြက ကြၽန္ေတာ္ Posting က်ၿပီး တာဝန္ထမ္းေဆာင္ခဲ့တယ္။ ဝန္းသိုလိုေနရာမ်ိဳး၊ စစ္ကိုင္းလိုေနရာမ်ိဳး Posting က်ၿပီး တာဝန္ထမ္းေဆာင္ခဲ့တယ္။ တပ္ရင္းမႉးတာဝန္ထမ္းေဆာင္တာက ဟုမၼလင္း၊ ခ်င္းတြင္းျမစ္တစ္ေၾကာမွာရွိပါတယ္။ ကြၽန္ေတာ္ ၄ ႏွစ္တာဝန္ထမ္းေဆာင္ခဲ့တယ္။ ဒါကေတာ့ appointment နဲ႔ေရာက္တဲ့ေနရာေတြေပါ့။ သို႔ေသာ္လည္း ယာယီတာဝန္နဲ႔သြားရတဲ့ေနရာေတြ တစ္ႏိုင္ငံလုံးနီးပါးေလာက္ရွိတယ္။ ရွမ္းျပည္နယ္ဆိုလည္း ကြၽန္ေတာ္မေရာက္ဖူးတဲ့ ေနရာမရွိသေလာက္ပါပဲ။ ကယားျပည္နယ္လည္း ကြၽန္ေတာ္မေရာက္ဖူးတဲ့ေနရာမရွိသေလာက္ပဲ။ ကခ်င္ျပည္နယ္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမေရာက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကခ်င္ျပည္နယ္ ပူတာအိုတို႔ ေခါင္လန္ဖူးတို႔ မခ်မ္းေဘာတို႔၊ ေနာင္မြန္တို႔ ေအာက္ကဆိုလည္း တႏိုင္းတို႔ ရွင္ေဗြယမ္တို႔ၿပီးရင္ ဒီဘက္တစ္ျခမ္းေပါ့ ေအာက္ကဆို မိုးညႇင္း၊ မိုးေကာင္း၊ ဗန္းေမာ္၊ ကသာေအာက္က ဒီဘက္တျခမ္းဆို အကုန္ေရာက္ဖူးတယ္။ စစ္ကိုင္းတိုင္းဆိုလည္း ကြၽန္ေတာ္မေရာက္ဖူးတဲ့ေနရာမွတ္မိသေလာက္ေတာ့ မရွိသ‌ေလာက္ပဲ။ ေနာက္နာရီပိုင္းေရာက္တဲ့ေနရာရွိမယ္၊ ခဏတစ္ျဖဳတ္ေရာက္တဲ့ ေနရာရွိမယ္၊ ညအိပ္တဲ့ေနရာရွိမယ္ ဒီလိုေတာ့ရွိမယ္။ ဒီလိုသြားတာကေတာ့တာဝန္ထမ္း‌ေဆာင္တဲ့အပိုင္းေတာ့မဟုတ္ဖူးေပါ့။ တာဝန္အရသြားခဲ့တာေတြရွိပါတယ္။ မေကြးတိုင္း ကြၽန္ေတာ္ကိုယ္တိုင္လည္း မင္းဘူးမွာေမြးခဲ့တယ္ဆိုေတာ့ မေကြးတိုင္းလည္း စိတ္ဝင္စားတယ္။ ကြၽန္ေတာ္ရဲ႕ဇာတိခ်က္ျမႇဳပ္ေနရာျဖစ္တာကို အဲ့ေတာ့မေကြးတိုင္းလည္း အကုန္နီးပါးေတာ့ကြၽန္ေတာ္ေရာက္ဖူးပါတယ္။ ပဲခူးတိုင္းလည္းအကုန္နီးပါးကြၽန္ေတာ္ေရာက္ဖူးတယ္။ ဧရာဝတီတိုင္းလည္း ကြၽန္ေတာ္ အကုန္နီးပါးေရာက္ဖူးတယ္။ ကရင္ျပည္နယ္ဖာပြန္ဆိုလည္း ၄ ႀကိမ္ ၅ ႀကိမ္ နီးပါးေရာက္ဖူးတယ္။ က်န္တဲ့ၿမိဳ႕နယ္ေတြလည္းအကုန္ေရာက္ပါတယ္။ အဲ့ေတာ့မေရာက္ဖူးတဲ့ ေဒသကေတာ့ခပ္ရွားရွားပဲ တစ္ႏိုင္ငံလုံးနီးပါးကြၽန္ေတာ္ေရာက္ဖူးပါတယ္။

ေမး။ ဟုတ္ကဲ့ပါ၊ အဲ့ဒီအေပၚမွာ တိုင္းျပည္ဟာလည္း လူမ်ိဳးေပါင္းစုံေနထိုင္တာ ျဖစ္တဲ့အတြက္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ cultural difference ေတြအေပၚမွာ ၿခဳံငုံၿပီးေတာ့မွ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ သုံးသပ္မိတာရွိပါသလားရွင္။

ေျဖ။ ကြာျခားခ်က္ေတာ့ရွိတယ္။ သူတို႔ေရာက္တဲ့ေနရာမွာ တိုင္းရင္းသားေတြနဲ႔ စကားေျပာခဲ့တာရွိတယ္။ သူတို႔တင္ျပခ်က္ေတြ နားေထာင္ခဲ့ရတာရွိတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ မ်က္စိနဲ႔ျမင္ခဲ့ရတာေတြရွိတယ္။ ကြၽန္ေတာ္တာဝန္ထမ္းေဆာင္ရင္း ျဖတ္သန္းခဲ့တဲ့အေတြ႕အႀကဳံအရ အမ်ားႀကီးေတြ႕ပါတယ္။ လိုအပ္ခ်က္ေတြ၊ ကြာျခားခ်က္ေတြ ရွိတာေတာ့အမွန္ပဲျဖစ္ပါတယ္။ ျငင္းလို႔မရပါဘူး။ ဒါေတြကိုကြၽန္ေတာ္တို႔က အမ်ားႀကီးကိုျဖည့္ဆည္းေပးရမွာျဖစ္တယ္။ အထူးသျဖင့္တိုင္းရင္းသားေဒသေတြေပါ့၊ ဒါေပမဲ့ တိုင္းရင္းသားေဒသေတြဆိုၿပီးေတာ့လည္းပဲ ၿမိဳ႕နဲ႔နီးတဲ့တိုင္း‌ေဒသႀကီးေတြမွာလည္း ၿမိဳ႕နဲ႔မလွမ္းမကမ္းမွာရွိတဲ့နယ္ေျမေဒသေတြ လိုအပ္ခ်က္ေတြရွိေနတယ္။ ဥပမာဆိုရင္ျဖင့္ ေနျပည္ေတာ္ဆိုရင္ ေနျပည္ေတာ္နားတစ္ဝိုက္မွာရွိေနတဲ့ ေနရာေတြေတာင္မွ လိုအပ္ခ်က္ေတြရွိတယ္။ ေနျပည္ေတာ္ႏွင့္ကြာျခားခ်က္ေပါ့။ ကြၽန္ေတာ္မၾကာေသးခင္က မိတၳီလာနားေလးက ၿမိဳ႕နယ္တစ္ခုေက်း႐ြာတစ္ခုကြၽန္ေတာ္သြားရတယ္။ အေတြ႕အႀကဳံတစ္ခုေျပာျပမယ္။ ကားလမ္းေဘးဘာမွေဝးတဲ့ေနရာမဟုတ္ဖူး၊ ကားလမ္းေပၚကေနဝင္သြားတာနီးနီးေလးပဲ၊ ကြၽန္ေတာ္ေရာက္သြားတဲ့အခ်ိန္မွာ အဲဒီ႐ြာမွာပင္လွ်င္ သူနဲ႔နီးတဲ့မိတၳီလာတို႔‌၊ ေပ်ာ္ဘြယ္တို႔နဲ႔ေတာင္မွ ေတာ္ေတာ္ကြာျခားခ်က္ရွိေနတာကို သြားေတြ႕ တယ္။ ဒါဟာျပည္မထဲမွာရွိတဲ့‌ေဒသ၊ ျပည္နယ္မွာေတာ့ပိုၿပီးေတာ့လိုအပ္ခ်က္ရွိတာေပါ့။ ကြၽန္ေတာ္တို႔က ဒါကိုအတတ္ႏိုင္ဆုံးျဖည့္ဆည္း‌ေဆာင္႐ြက္ေပးဖို႔လိုတယ္လို႔ေတာ့ ကြၽန္ေတာ္သုံးသပ္ပါတယ္။ အေျခအေနအေၾကာင္းအေၾကာင္းေတြေၾကာင့္မလုပ္ႏိုင္လို႔ရွိရင္ လုပ္ႏိုင္တဲ့ေနရာေတြမွာေတာ့လုပ္ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ႀကိဳးစားရလိမ့္မယ္။ တစ္ဖက္ကလည္း လုပ္ႏိုင္ေအာင္လည္းႀကိဳးစားရလိမ့္မယ္။ ဒါကဘာလည္းဆိုေတာ့ ၿငိမ္းခ်မ္းေရးေပါ့။ ၿငိမ္းခ်မ္းေရးရေအာင္ကြၽန္ေတာ္တို႔ႀကိဳးစားရမယ္၊ ဒါမွသာ တိုင္းရင္းသား‌ေဒသေတြရဲ႕ လိုအပ္ခ်က္ေတြကို ကြၽန္ေတာ္တို႔ျဖည္းဆည္းေပးႏိုင္လိမ့္မယ္။ ဒီလိုျဖည္းဆည္းေပးႏိုင္မွလည္း သူတို႔ရဲ႕ခံစားခ်က္ေတြ ေလ်ာ့ပါးသြားမွာျဖစ္တယ္လို႔ ကြၽန္ေတာ္သုံးသပ္လို႔ရပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။