တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၁)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။ မင်္ဂလာပါရှင့်။ ကျွန်မတို့ ပေါ်ပြူလာ News ဂျာနယ်ကို အခုလို အင်တာဗျူးဖြေပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်ရှင်။ ပထမဦးဆုံးအနေနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ တရားဝင်ဖော်ပြထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို လူတော်တော်များများလည်း သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် လူသိနည်းနေသေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ငယ်ဘဝဖြတ်သန်းမှုအကြောင်းကစပြီး မိတ်ဆက်ပြောကြားပေးပါရှင်။

ဖြေ။ လူတွေတော်တော်များများ စိတ်ဝင်စားမယ့်ကိစ္စဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်ကိုအများအားဖြင့်သိကြတာက ထားဝယ်ကဆိုပြီးသိကြတာပေါ့။ မိဘတွေက ထားဝယ်ဇာတိတွေဖြစ်ကြပါတယ်။ ဒါပေမယ့်ကျွန်တော်က ထားဝယ်မှာမွေးတာ မဟုတ်ဘူး။ ကျွန်တော်မွေးတာက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာမွေးတာပါ။ မိဘတွေက အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် မိဘတွေကမင်းဘူးမြို့မှာ တာဝန်ထမ်းဆောင် ကြပါတယ်။ မကွေးတိုင်းမှာပညာရေးဝန်ထမ်းဖြစ်ပါတယ်။ မင်းဘူးမှာ ကျွန်တော် မွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်မင်းဘူးမှာလည်း ကျွန်တော် ၅ နှစ်လောက်ပဲနေပြီး အဖေက မန္တလေးဆရာအတတ်သင်သိပ္ပံကျောင်း (SDTC) လို့ အကြမ်းဖျင်းမှတ်မိပါတယ်။ ပန်းချီဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာပါ။ မန္တလေးကို ရောက်ပြီး မူလတန်း ပညာစသင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အဖေက ရန်ကုန်ကိုပြောင်းပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဝန်ကြီးဌာန ပြောင်းလိုက် ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အနုပညာနဲ့ပတ်သက်တဲ့ ဌာနရှိပါတယ်။ အကြမ်းဖျင်းပြောရရင် ပန်းချီနဲ့ပန်းပုတွေကို တာဝန်ယူရတဲ့ဌာနတစ်ခုပါ။ အဲ့လောက်ပဲ ကျွန်တော်မှတ်မိပါတယ်။ ပန်းပုဘက်က ဦးဟန်တင်၊ ပန်းချီဘက်က ကျွန်တော့်အဖေ ဦးခင်လှိုင် သူတို့နှစ်ယောက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ယူကြရတာ ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က အဲ့လိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီး နေခဲ့ရပါတယ်။ လူတွေသိတာက ကျွန်တော့်ကို ထားဝယ်လို့သိကြပါတယ်။ မှန်ပါတယ် ကျွန်တော့် မိဘက ထားဝယ်၊ ကျွန်တော်သည်လည်း ထားဝယ်ပါပဲ။ ထားဝယ်တိုင်းရင်းသားပါ။ ထားဝယ်တိုင်းရင်းသားလည်း ဗမာအုပ်စုထဲမှာပါတဲ့ တိုင်းရင်းသားပါ။ ငယ်ငယ်က အကြောင်းက ဒီလောက်ဆိုရမယ်ထင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အိမ်ထောင်က ဘယ်တုန်းက ကျခဲ့တာပါလည်းရှင့်။

ဖြေ။ အိမ်ထောင်က ၁၉၈၀ ခုနှစ်လောက်ကကျပါတယ်။ ကျွန်တော် Senior Lieutenant ဖြစ်တဲ့အချိန်မှာ အိမ်ထောင်ကျပါတယ်။ ရန်ကုန်မြို့မှာပါပဲ အိမ်ထောင်ကျပါတယ်။

မေး။ ကျွန်မတို့သိထားတာက ဗိုလ်ချုပ်မှူးကြီးက ဥပဒေကျောင်းကို ၃ နှစ်လောက် တက်ပြီးတော့မှ DSA ကို Join တာလားရှင့်။

ဖြေ။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၇၂ ခုနှစ်က ဥပဒေပညာအဓိကနဲ့ကျောင်းတက်တယ်။ အဲ့နှစ်က စစ်တက္ကသိုလ်တက်ဖို့အတွက်ဆောင်ရွက်ခဲ့တယ်။ နောက်နှစ် ၁၉၇၃ ခုနှစ်မှ စစ်တက္ကသိုလ်ကိုလျှောက်ခဲ့တယ်။ ၁၉၇၂ ခုနှစ် မှ ၁၉၇၃ ခုနှစ်အထိ ဥပဒေပညာ First Year တက်ခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာ Second Year ဒီဇင်ဘာလအထိ First Term တက်ခဲ့တယ်။ ပြီးတော့မှ ၁၉၇၄ ခုနှစ် ဇန်နဝါရီလမှာ စစ်တက္ကသိုလ်အမှတ်စဉ်(၁၉) ဗိုလ်လောင်းသင်တန်းကို စတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့တစ်နှစ်ခွဲလောက် ဥပဒေပညာဌာနမှာကျွန်တော် ကျောင်းတက်ခဲ့ပါတယ်။ တတိယနှစ်တော့မဟုတ်ပါဘူး Second Year First Term ပြီးတဲ့အထိတက်ခဲ့ပါတယ်။

မေး။ ဟုတ်ကဲ့ပါရှင့်။ တစ်ဆက်တည်း တပ်မတော်အရာရှိငယ်ဘဝမှာ မြန်မာပြည်နေရာအနှံ့အပြားမှာ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ရပုံကို အကျဉ်းအားဖြင့်သိရှိလိုပါတယ်။ များသောအားဖြင့်တော့ တော်တော်များများက တိုင်းမှူးနောက်ပိုင်းကို ဗိုလ်ချုပ်မှူးကြီးအကြောင်းကိုသိကြပါတယ်။ ဒါ့ကြောင့် တိုင်းမှူးအရှေ့ပိုင်းက တပ်မတော်သားအရာရှိငယ်ဘဝကိုပိုပြီးတော့ ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော့်မိခင်တပ်ရင်းကတော့ အရင်ကပြောကြတာက အမှတ်(၁)ရှမ်း သေနတ်ကိုင်တပ်ရင်း မှော်ဘီမှာရှိတယ်။ အခုတော့ အမှတ်(၃၁၃) ခြေမြန်တပ်ရင်း ဖြစ်ပါတယ်။ အဲ့မှာဒုဗိုလ်ဘဝကနေ ဗိုလ်ကြီးအဆင့်ထိကို ၇ နှစ်ခွဲကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ ခလရ(၈၆) တနိုင်းကို ကျွန်တော်ပြောင်းတယ်။ အခု ခေါ်ကြတာတော့ အမှတ်(၃၁၃) ခြေမြန် တပ်ရင်းပေါ့၊ အရင်တုန်းကတော့ ရှမ်း(၁) ဆိုပြီး ပြောကြတယ်။ အဲ့တပ်ကတော့ သမိုင်းအစဉ်အလာရှိတဲ့ တပ်ရင်းတစ်ရင်းပါ။ အဲ့တပ်မှာ ရှိတဲ့ တပ်ရင်းမှူးတွေလည်း အရာရှိတော်တော်များများက နိုင်ငံတော်အဆင့် တာဝန် ထမ်းဆောင်ကြတဲ့လူတွေများပါတယ်။ ရှမ်း(၁)က ထွက်တဲ့အဖွဲ့တွေ။ နိုင်ငံတော် ကောင်စီဝင်တွေဖြစ်တယ်။ တိုင်းမှူးတွေဖြစ်ကြတယ်။ တပ်မတော်အကြီးအကဲတွေ၊ လူကြီးပိုင်းတွေဖြစ်ကြတယ်။ အထူးအားဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိခင်တပ်က ရှမ်း(၁)ပါ။ ကျွန်တော်နဲ့ရှေ့နောက်ပါ။ သူထွက်သွားပြီး အဲ့တပ်ကိုကျွန်တော် ရောက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်(ငြိမ်း)ကလည်း ရှမ်း (၁)မှာ တပ်ခွဲမှူး ဗိုလ်မှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်ကရှမ်း(၁)ပေါက်ပါ။ ဒါကတော့ ရှမ်း (၁) ရဲ့ ထူးခြားချက်တွေပါ။ ဒီလိုပဲ ခလရ (၈၆) တနိုင်းကတပ်။ အဲ့မှာဆိုရင်လည်း ဗိုလ်ချုပ် ဌေးဦး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး သာအေးတို့က အဲ့တပ်က ထွက်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အရင်ညွှန်ကြားရေးမှူး လုပ်သွားတဲ့ ဗိုလ်ချုပ် အောင်သိန်း ရှိပါတယ်။ ဗိုလ်ချုပ်အောင်သိန်းလည်း ခလရ(၈၆)က ထွက်တာပါ။ ကျွန်တော်က အစဉ်အလာရှိတဲ့ တပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့တာတွေက ထူးခြားတိုက်ဆိုင်မှု လို့လည်းပြောချင်တယ်။ အဲ့ကနေ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင် ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ နောက်တပ်မ (၃၃) ကွပ်ကဲမှုအောက်ရှိတဲ့ ခမရ (၁၁၁) ဝန်းသိုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မကြာသေးခင်ကပဲအဲ့တပ်ကို ကျွန်တော် ရောက်ခဲ့ပါသေးတယ်။ ဒါကတော့အရာရှိငယ်ဘဝပါ။ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီး ရခိုင်ပြည်နယ်ဖက်ကော တာဝန်ကျဖူးပါသလားရှင့်။

ဖြေ။ ကျွန်တော် တိုင်းမှူးတာဝန်ထမ်းဆောင်တဲ့ ၂၀၀၄ ခုနှစ်မှာ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ရေးကောင်စီဥက္ကဌတာဝန် ထမ်းဆောင်ပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလဖြစ်ပါတယ်။ အဲ့ကနေ ၂၀၀၅ ခုနှစ် ဧပြီလကုန်ထိ မေလဆန်းမှာတော့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်အတွက် အမိန့်စာထွက်ပါတယ်။ ၆ လလောက် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော့်အမျိုးသမီးရဲ့မိဘတွေကသံတွဲကဖြစ်ပါတယ်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ား အပိုင္း(၁)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄

ေမး။ မဂၤလာပါရွင့္။ ကြၽန္မတို႔ ေပၚျပဴလာ News ဂ်ာနယ္ကို အခုလို အင္တာဗ်ဴးေျဖေပးတဲ့အတြက္ေၾကာင့္ ေက်းဇူးတင္ပါတယ္ရွင္။ ပထမဦးဆုံးအေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ တရားဝင္ေဖာ္ျပထားတဲ့ ကိုယ္ေရးအခ်က္အလက္ေတြကို လူေတာ္ေတာ္မ်ားမ်ားလည္း သိရွိၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူသိနည္းေနေသးတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ ငယ္ဘဝျဖတ္သန္းမႈအေၾကာင္းကစၿပီး မိတ္ဆက္ေျပာၾကားေပးပါရွင္။

ေျဖ။ လူေတြေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားမယ့္ကိစၥျဖစ္လိမ့္မယ္လို႔ထင္ပါတယ္။ ကြၽန္ေတာ့္ကိုအမ်ားအားျဖင့္သိၾကတာက ထားဝယ္ကဆိုၿပီးသိၾကတာေပါ့။ မိဘေတြက ထားဝယ္ဇာတိေတြျဖစ္ၾကပါတယ္။ ဒါေပမယ့္ကြၽန္ေတာ္က ထားဝယ္မွာေမြးတာ မဟုတ္ဘူး။ ကြၽန္ေတာ္ေမြးတာက မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕မွာေမြးတာပါ။ မိဘေတြက အစိုးရဝန္ထမ္းျဖစ္တဲ့အတြက္ မိဘေတြကမင္းဘူးၿမိဳ႕မွာ တာဝန္ထမ္းေဆာင္ ၾကပါတယ္။ မေကြးတိုင္းမွာပညာေရးဝန္ထမ္းျဖစ္ပါတယ္။ မင္းဘူးမွာ ကြၽန္ေတာ္ ေမြးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္မင္းဘူးမွာလည္း ကြၽန္ေတာ္ ၅ ႏွစ္ေလာက္ပဲေနၿပီး အေဖက မႏၲေလးဆရာအတတ္သင္သိပၸံေက်ာင္း (SDTC) လို႔ အၾကမ္းဖ်င္းမွတ္မိပါတယ္။ ပန္းခ်ီဌာနမႉးအျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္တာပါ။ မႏၲေလးကို ေရာက္ၿပီး မူလတန္း ပညာစသင္ခဲ့ပါတယ္။ ၁၉၆၇ ခုႏွစ္မွာ အေဖက ရန္ကုန္ကိုေျပာင္းပါတယ္။ ပညာေရးဝန္ႀကီးဌာနကေန ေဆာက္လုပ္ေရးဝန္ႀကီးဌာနကို ဝန္ႀကီးဌာန ေျပာင္းလိုက္ ပါတယ္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာ အႏုပညာနဲ႔ပတ္သက္တဲ့ ဌာနရွိပါတယ္။ အၾကမ္းဖ်င္းေျပာရရင္ ပန္းခ်ီနဲ႔ပန္းပုေတြကို တာဝန္ယူရတဲ့ဌာနတစ္ခုပါ။ အဲ့ေလာက္ပဲ ကြၽန္ေတာ္မွတ္မိပါတယ္။ ပန္းပုဘက္က ဦးဟန္တင္၊ ပန္းခ်ီဘက္က ကြၽန္ေတာ့္အေဖ ဦးခင္လႈိင္ သူတို႔ႏွစ္ေယာက္က ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာ တာဝန္ယူၾကရတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ငယ္ငယ္က အဲ့လိုေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ၿပီး ေနခဲ့ရပါတယ္။ လူေတြသိတာက ကြၽန္ေတာ့္ကို ထားဝယ္လို႔သိၾကပါတယ္။ မွန္ပါတယ္ ကြၽန္ေတာ့္ မိဘက ထားဝယ္၊ ကြၽန္ေတာ္သည္လည္း ထားဝယ္ပါပဲ။ ထားဝယ္တိုင္းရင္းသားပါ။ ထားဝယ္တိုင္းရင္းသားလည္း ဗမာအုပ္စုထဲမွာပါတဲ့ တိုင္းရင္းသားပါ။ ငယ္ငယ္က အေၾကာင္းက ဒီေလာက္ဆိုရမယ္ထင္ပါတယ္။

ေမး။ ဟုတ္ကဲ့ပါ၊ အိမ္ေထာင္က ဘယ္တုန္းက က်ခဲ့တာပါလည္းရွင့္။

ေျဖ။ အိမ္ေထာင္က ၁၉၈၀ ခုႏွစ္ေလာက္ကက်ပါတယ္။ ကြၽန္ေတာ္ Senior Lieutenant ျဖစ္တဲ့အခ်ိန္မွာ အိမ္ေထာင္က်ပါတယ္။ ရန္ကုန္ၿမိဳ႕မွာပါပဲ အိမ္ေထာင္က်ပါတယ္။

ေမး။ ကြၽန္မတို႔သိထားတာက ဗိုလ္ခ်ဳပ္မႉးႀကီးက ဥပေဒေက်ာင္းကို ၃ ႏွစ္ေလာက္ တက္ၿပီးေတာ့မွ DSA ကို Join တာလားရွင့္။

ေျဖ။ ရန္ကုန္တကၠသိုလ္မွာ ၁၉၇၂ ခုႏွစ္က ဥပေဒပညာအဓိကနဲ႔ေက်ာင္းတက္တယ္။ အဲ့ႏွစ္က စစ္တကၠသိုလ္တက္ဖို႔အတြက္ေဆာင္႐ြက္ခဲ့တယ္။ ေနာက္ႏွစ္ ၁၉၇၃ ခုႏွစ္မွ စစ္တကၠသိုလ္ကိုေလွ်ာက္ခဲ့တယ္။ ၁၉၇၂ ခုႏွစ္ မွ ၁၉၇၃ ခုႏွစ္အထိ ဥပေဒပညာ First Year တက္ခဲ့တယ္။ ၁၉၇၃ ခုႏွစ္မွာ Second Year ဒီဇင္ဘာလအထိ First Term တက္ခဲ့တယ္။ ၿပီးေတာ့မွ ၁၉၇၄ ခုႏွစ္ ဇန္နဝါရီလမွာ စစ္တကၠသိုလ္အမွတ္စဥ္(၁၉) ဗိုလ္ေလာင္းသင္တန္းကို စတက္ခဲ့တာျဖစ္ပါတယ္။ ဆိုေတာ့တစ္ႏွစ္ခြဲေလာက္ ဥပေဒပညာဌာနမွာကြၽန္ေတာ္ ေက်ာင္းတက္ခဲ့ပါတယ္။ တတိယႏွစ္ေတာ့မဟုတ္ပါဘူး Second Year First Term ၿပီးတဲ့အထိတက္ခဲ့ပါတယ္။

ေမး။ ဟုတ္ကဲ့ပါရွင့္။ တစ္ဆက္တည္း တပ္မေတာ္အရာရွိငယ္ဘဝမွာ ျမန္မာျပည္ေနရာအႏွံ႔အျပားမွာ အဆင့္ဆင့္တာဝန္ထမ္းေဆာင္ခဲ့ရပုံကို အက်ဥ္းအားျဖင့္သိရွိလိုပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေတာ္ေတာ္မ်ားမ်ားက တိုင္းမႉးေနာက္ပိုင္းကို ဗိုလ္ခ်ဳပ္မႉးႀကီးအေၾကာင္းကိုသိၾကပါတယ္။ ဒါ့ေၾကာင့္ တိုင္းမႉးအေရွ႕ပိုင္းက တပ္မေတာ္သားအရာရွိငယ္ဘဝကိုပိုၿပီးေတာ့ ေျပာၾကားေပးေစလိုပါတယ္။

ေျဖ။ ကြၽန္ေတာ့္မိခင္တပ္ရင္းကေတာ့ အရင္ကေျပာၾကတာက အမွတ္(၁)ရွမ္း ေသနတ္ကိုင္တပ္ရင္း ေမွာ္ဘီမွာရွိတယ္။ အခုေတာ့ အမွတ္(၃၁၃) ေျချမန္တပ္ရင္း ျဖစ္ပါတယ္။ အဲ့မွာဒုဗိုလ္ဘဝကေန ဗိုလ္ႀကီးအဆင့္ထိကို ၇ ႏွစ္ခြဲၾကာ တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ ခလရ(၈၆) တႏိုင္းကို ကြၽန္ေတာ္ေျပာင္းတယ္။ အခု ေခၚၾကတာေတာ့ အမွတ္(၃၁၃) ေျချမန္ တပ္ရင္းေပါ့၊ အရင္တုန္းကေတာ့ ရွမ္း(၁) ဆိုၿပီး ေျပာၾကတယ္။ အဲ့တပ္ကေတာ့ သမိုင္းအစဥ္အလာရွိတဲ့ တပ္ရင္းတစ္ရင္းပါ။ အဲ့တပ္မွာ ရွိတဲ့ တပ္ရင္းမႉးေတြလည္း အရာရွိေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံေတာ္အဆင့္ တာဝန္ ထမ္းေဆာင္ၾကတဲ့လူေတြမ်ားပါတယ္။ ရွမ္း(၁)က ထြက္တဲ့အဖြဲ႕ေတြ။ ႏိုင္ငံေတာ္ ေကာင္စီဝင္ေတြျဖစ္တယ္။ တိုင္းမႉးေတြျဖစ္ၾကတယ္။ တပ္မေတာ္အႀကီးအကဲေတြ၊ လူႀကီးပိုင္းေတြျဖစ္ၾကတယ္။ အထူးအားျဖင့္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ရဲ႕ မိခင္တပ္က ရွမ္း(၁)ပါ။ ကြၽန္ေတာ္နဲ႔ေရွ႕ေနာက္ပါ။ သူထြက္သြားၿပီး အဲ့တပ္ကိုကြၽန္ေတာ္ ေရာက္တယ္။ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္(ၿငိမ္း)ကလည္း ရွမ္း (၁)မွာ တပ္ခြဲမႉး ဗိုလ္မႉးနဲ႔ တာဝန္ထမ္းေဆာင္ခဲ့တယ္။ ကြၽန္ေတာ္ကရွမ္း(၁)ေပါက္ပါ။ ဒါကေတာ့ ရွမ္း (၁) ရဲ႕ ထူးျခားခ်က္ေတြပါ။ ဒီလိုပဲ ခလရ (၈၆) တႏိုင္းကတပ္။ အဲ့မွာဆိုရင္လည္း ဗိုလ္ခ်ဳပ္ ေဌးဦး၊ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး သာေအးတို႔က အဲ့တပ္က ထြက္တဲ့ အဖြဲ႕ေတြျဖစ္ပါတယ္။ အရင္ၫႊန္ၾကားေရးမႉး လုပ္သြားတဲ့ ဗိုလ္ခ်ဳပ္ ေအာင္သိန္း ရွိပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္သိန္းလည္း ခလရ(၈၆)က ထြက္တာပါ။ ကြၽန္ေတာ္က အစဥ္အလာရွိတဲ့ တပ္ေတြမွာ တာဝန္ထမ္းေဆာင္ခဲ့တာေတြက ထူးျခားတိုက္ဆိုင္မႈ လို႔လည္းေျပာခ်င္တယ္။ အဲ့ကေန အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ ပါတယ္။ သိပ္မၾကာလိုက္ပါဘူး။ ေနာက္တပ္မ (၃၃) ကြပ္ကဲမႈေအာက္ရွိတဲ့ ခမရ (၁၁၁) ဝန္းသိုမွာ တာဝန္ထမ္းေဆာင္ခဲ့တယ္။ မၾကာေသးခင္ကပဲအဲ့တပ္ကို ကြၽန္ေတာ္ ေရာက္ခဲ့ပါေသးတယ္။ ဒါကေတာ့အရာရွိငယ္ဘဝပါ။ ဗိုလ္ႀကီးအဆင့္ထိ တာဝန္ ထမ္းေဆာင္ခဲ့တဲ့ တပ္ေတြျဖစ္ပါတယ္။

ေမး။ ဗိုလ္ခ်ဳပ္မႉးႀကီး ရခိုင္ျပည္နယ္ဖက္ေကာ တာဝန္က်ဖူးပါသလားရွင့္။

ေျဖ။ ကြၽန္ေတာ္ တိုင္းမႉးတာဝန္ထမ္းေဆာင္တဲ့ ၂၀၀၄ ခုႏွစ္မွာ ရခိုင္ျပည္နယ္၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးနဲ႔ ရခိုင္ျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ေရးေကာင္စီဥကၠဌတာဝန္ ထမ္းေဆာင္ပါတယ္။ ၂၀၀၄ ခုႏွစ္ ႏိုဝင္ဘာလျဖစ္ပါတယ္။ အဲ့ကေန ၂၀၀၅ ခုႏွစ္ ဧၿပီလကုန္ထိ ေမလဆန္းမွာေတာ့ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ကို ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ရန္အတြက္ အမိန႔္စာထြက္ပါတယ္။ ၆ လေလာက္ ရခိုင္ျပည္နယ္မွာ တာဝန္ထမ္းေဆာင္ခဲ့တယ္။ ကြၽန္ေတာ့္အမ်ိဳးသမီးရဲ႕မိဘေတြကသံတြဲကျဖစ္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။