တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးသက်လွင် (ကဗျာ/ စာရေးဆရာ မောင်ငွေလှိုင်း)ထံသို့ ဂါရဝပြုငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်(၃)ရပ်ကွက်၊ ခေမာသီလမ်းသွယ်(၁)၊ အိမ်အမှတ်(၁၅)နေ မြကျွန်းညိုညိုတက္ကသိုလ်သီချင်းအား ရေးသားခဲ့သူ ဦးသက်လွင်(ကဗျာ/ စာရေးဆရာ မောင်ငွေလှိုင်း)ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂါရဝပြုငွေ၊ စားသောက်ဖွယ်ရာများပေးပို့ခဲ့သည်။

ထိုသို့ ပေးပို့ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေကျပ်သိန်း ၂၀ ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဦးသက်လွင် နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး တပ်မတော်မှ ပါရဂူအဖွဲ့များဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးသက်လွင် က ၎င်းကိုယ်တိုင်ရေးစပ်ခဲ့သော မြကျွန်းညိုညို တက္ကသိုလ်သီချင်းအား စန္ဒယားဖြင့်တီးခတ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များက လိုက်လံသီဆိုခဲ့ကြသည်။

ဦးသက်လွင် သည် ၁-၆-၁၉၃၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်၌မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ ဒုတိယနှစ် ဥပစာသိပ္ပံ(ခ) I.Sc(B)သင်တန်းအောင်မြင်ပြီးချိန် ၁၉၅၉ ခုနှစ်တွင် မြကျွန်းညိုညိုတက္ကသိုလ်သီချင်းကိုရေးသားခဲ့ပြီး ၁၉၆၄ ခုနှစ်၊ စီးပွားရေးတက္ကသိုလ် မြန်မာစာ ဌာနတွင် နည်းပြဆရာ တာဝန်ထမ်းဆောင်စဉ် စန္ဒယားကိုလှနီ ဂီတစာဆိုတူရိယာဝိုင်းနှင့်အတူ မြကျွန်းညိုညိုတက္ကသိုလ် သီချင်းကို ဓာတ်ပြားသွင်း၍ ၁၉၆၅ ခုနှစ်တွင် ဓာတ်ပြားရရှိကာ မြန်မာ့အသံမှ စတင်ထုတ်လွှင့်ခဲ့ကြောင်း၊ ဦးသက်လွင်သည် မြကျွန်းညိုညိုတက္ကသိုလ်သီချင်းအပါအဝင် သီချင်း ၆ ပုဒ် သီကုံးရေးစပ်ခဲ့ပြီး မောင်ငွေလှိုင်း အမည်ဖြင့် သီချင်းများရေးစပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်မှစ၍ စီးပွားရေးတက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနတွင် တာဝန်များ အဆင့်ဆင့်ထမ်းဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ၁၉၉၉ ခုနှစ်တွင်အငြိမ်းစားယူခဲ့ကြောင်း၊ လက်ရှိတွင် သမီးဖြစ်သူမိသားစုနှင့်အတူနေထိုင်လျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဦးသက္လြင္ (ကဗ်ာ/ စာေရးဆရာ ေမာင္ေငြလႈိင္း)ထံသို႔ ဂါရဝျပဳေငြႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ  ၃

ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မိေက်ာင္းကန္(၃)ရပ္ကြက္၊ ေခမာသီလမ္းသြယ္(၁)၊ အိမ္အမွတ္(၁၅)ေန ျမကြၽန္းညိဳညိဳတကၠသိုလ္သီခ်င္းအား ေရးသားခဲ့သူ ဦးသက္လြင္(ကဗ်ာ/ စာေရးဆရာ ေမာင္ေငြလႈိင္း)ထံသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂါရဝျပဳေငြ၊ စားေသာက္ဖြယ္ရာမ်ားေပးပို႔ခဲ့သည္။

ထိုသို႔ ေပးပို႔ခဲ့ေသာ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ေငြက်ပ္သိန္း ၂၀ ၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းတို႔ကို ယေန႔မြန္းလြဲပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သက္ပုံႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔က ဦးသက္လြင္ ေနအိမ္သို႔ သြားေရာက္ေတြ႕ဆုံ၍ လက္ဝယ္အေရာက္ေပးအပ္ခဲ့ၿပီး တပ္မေတာ္မွ ပါရဂူအဖြဲ႕မ်ားျဖင့္ လိုအပ္သည့္က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့သည္။ ထို႔ေနာက္ ဦးသက္လြင္ က ၎ကိုယ္တိုင္ေရးစပ္ခဲ့ေသာ ျမကြၽန္းညိဳညိဳ တကၠသိုလ္သီခ်င္းအား စႏၵယားျဖင့္တီးခတ္ခဲ့ၿပီး ၎၏မိသားစုဝင္မ်ားက လိုက္လံသီဆိုခဲ့ၾကသည္။

ဦးသက္လြင္ သည္ ၁-၆-၁၉၃၉ ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ ၿမိဳ႕နယ္၌ေမြးဖြားခဲ့ၿပီး ရန္ကုန္တကၠသိုလ္ေက်ာင္းသားဘဝ ဒုတိယႏွစ္ ဥပစာသိပၸံ(ခ) I.Sc(B)သင္တန္းေအာင္ျမင္ၿပီးခ်ိန္ ၁၉၅၉ ခုႏွစ္တြင္ ျမကြၽန္းညိဳညိဳတကၠသိုလ္သီခ်င္းကိုေရးသားခဲ့ၿပီး ၁၉၆၄ ခုႏွစ္၊ စီးပြားေရးတကၠသိုလ္ ျမန္မာစာ ဌာနတြင္ နည္းျပဆရာ တာဝန္ထမ္းေဆာင္စဥ္ စႏၵယားကိုလွနီ ဂီတစာဆိုတူရိယာဝိုင္းႏွင့္အတူ ျမကြၽန္းညိဳညိဳတကၠသိုလ္ သီခ်င္းကို ဓာတ္ျပားသြင္း၍ ၁၉၆၅ ခုႏွစ္တြင္ ဓာတ္ျပားရရွိကာ ျမန္မာ့အသံမွ စတင္ထုတ္လႊင့္ခဲ့ေၾကာင္း၊ ဦးသက္လြင္သည္ ျမကြၽန္းညိဳညိဳတကၠသိုလ္သီခ်င္းအပါအဝင္ သီခ်င္း ၆ ပုဒ္ သီကုံးေရးစပ္ခဲ့ၿပီး ေမာင္ေငြလႈိင္း အမည္ျဖင့္ သီခ်င္းမ်ားေရးစပ္ခဲ့ေၾကာင္း၊ ၁၉၆၄ ခုႏွစ္မွစ၍ စီးပြားေရးတကၠသိုလ္ ျမန္မာစာဌာန၌ နည္းျပဆရာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ပညာေရးဝန္ႀကီးဌာနတြင္ တာဝန္မ်ား အဆင့္ဆင့္ထမ္းေဆာင္၍ အဆင့္ျမင့္ပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးအဆင့္ျဖင့္ ၁၉၉၉ ခုႏွစ္တြင္အၿငိမ္းစားယူခဲ့ေၾကာင္း၊ လက္ရွိတြင္ သမီးျဖစ္သူမိသားစုႏွင့္အတူေနထိုင္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။