ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ ၃

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာစာကျောင်းသူဟောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသား/ ကျောင်းသူဟောင်းများဖြစ်ကြသည့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီးများနှင့်ဇနီးများက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ နီလာအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်တို့ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အဖွင့်အမှာစကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လှူဒါန်းသည့် လှူဒါန်းငွေကျပ် သိန်း ၃၀ ၊ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီးများနှင့် ဇနီးများမှ စုပေါင်း လှူဒါန်းငွေကျပ်သိန်း ၂၀၀ ကျော်တို့အား ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းမှူးတို့က ပေးအပ်လှူဒါန်းကြရာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူ၍ ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းမှူးတို့က ပါမောက္ခချုပ်နှင့်အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု Face Mask များအား ပေးအပ်ခဲ့သည်။

မြန်မာ့ပညာရေး၏ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ရှေးဦးအစဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးအား ၁၉၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ တက္ကသိုလ်ဘုန်းနိုင်၊ ပညာမင်းကြီး ဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာ လှဘေ စသည့် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များစွာ မွေးထုတ် ပေးနိုင်သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ကမ္ဘာ့လူသားအကျိုးပြု ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

(Zawgyi Version)

ရန္ကုန္တကၠသိုလ္ ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္အလႉေငြမ်ားေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၃

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၁ ရက္ေန႔တြင္ က်ေရာက္မည့္ ရန္ကုန္တကၠသိုလ္ႏွစ္(၁၀၀) ျပည့္အထိမ္းအမွတ္ ရန္ကုန္တကၠသိုလ္ ဥပေဒေက်ာင္းသားေဟာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ျမန္မာစာေက်ာင္းသူေဟာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွႏွင့္ ရန္ကုန္တကၠသိုလ္ေက်ာင္းသား/ ေက်ာင္းသူေဟာင္းမ်ားျဖစ္ၾကသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းပြဲအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သက္ပုံ၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ဖိုးေကာင္း၊ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာ နီလာေအာင္၊ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာ ေသာင္းထိုက္တို႔ တက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သက္ပုံက အဖြင့္အမွာစကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔က လႉဒါန္းသည့္ လႉဒါန္းေငြက်ပ္ သိန္း ၃၀ ၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားမွ စုေပါင္း လႉဒါန္းေငြက်ပ္သိန္း ၂၀၀ ေက်ာ္တို႔အား ဒုတိယဗိုလ္ခ်ဳပ္ႀကီးသက္ပုံႏွင့္ တိုင္းမႉးတို႔က ေပးအပ္လႉဒါန္းၾကရာ ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံရယူ၍ ဂုဏ္ျပဳလႊာမ်ားျပန္လည္ေပးအပ္ၾကသည္။

ယင္းေနာက္ ပါေမာကၡခ်ဳပ္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သက္ပုံႏွင့္ တိုင္းမႉးတို႔က ပါေမာကၡခ်ဳပ္ႏွင့္အဖြဲ႕အား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားႏွင့္ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ား၊ COVID-19 ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ Face Mask မ်ားအား ေပးအပ္ခဲ့သည္။

ျမန္မာ့ပညာေရး၏ေရွ႕ေဆာင္၊ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ား၏ ေရွးဦးအစျဖစ္ေသာ ရန္ကုန္တကၠသိုလ္ႀကီးအား ၁၉၂၀ ျပည့္ ႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ စတင္တည္ေထာင္ခဲ့ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ ႏွစ္ ၁၀၀ ျပည့္ေျမာက္မည္ျဖစ္သည္။ ရန္ကုန္ တကၠသိုလ္ မွ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ စာေရးဆရာႀကီး ေဇာ္ဂ်ီ၊ ဆရာႀကီး မင္းသုဝဏ္၊ တကၠသိုလ္ဘုန္းႏိုင္၊ ပညာမင္းႀကီး ဦးေကာင္း၊ သမိုင္းပညာရွင္ ေဒါက္တာ သန္းထြန္း၊ ျမန္မာစာပညာရွင္ ေဒါက္တာ လွေဘ စသည့္ တိုင္းက်ိဳးျပည္ျပဳ ေခါင္းေဆာင္မ်ားႏွင့္ ပညာတတ္လူငယ္မ်ားစြာ ေမြးထုတ္ ေပးႏိုင္သကဲ့သို႔ ကမာၻ႔ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးသန႔္ကဲ့သို႔ ကမာၻ႔လူသားအက်ိဳးျပဳ ေခါင္းေဆာင္မ်ားကိုလည္း ေမြးထုတ္ေပးႏိုင္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။