တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA(၀) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA(၀) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်၊ ကျောက်ဆည်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA(၀) အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့သို့ရောက်ရှိစဉ် UWSA(၀) ဒေသအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ပြီး UWSA(၀) ဒေသအတွင်းလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ပေးခဲ့ကြောင်း၊ လူတို့၏ ဘ၀တွင် ကျန်းမာရေး ကောင်းမွန်ရေးသည် အဓိကအရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာလျင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ဝမ်ဟုန်ဒေသသို့ ရောက်ရှိခဲ့ဖူးပြီး ကျန်း မာရေး အားနည်းသည်ကိုတွေ့ရှိရသဖြင့် တပ်မတော်ဆေးအဖွဲ့များစေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက် စေခဲ့ကြောင်း၊ မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် ပြည်ထောင်စု ဖွား မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် တပ်မတော်မှ တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော်ဆောင်မှုများတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘ၀ဖွံ့ဖြိုးရေး၊ ထာ၀ရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် UWSA(၀)အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များက ကျန်းမာရေးပိုင်း အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး တပ်မတော်မှဆေးအဖွဲ့ဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးမည်ဟု ကြားသိရသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA(၀)အဖွဲ့အတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင် များက လက်ခံရယူပြီး UWSA(၀) အဖွဲ့မှ ဒေသထွက်လက်ဆောင်များကို ပြန်လည် ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက UWSA(၀) အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ UWSA(၀) အဖြဲ႕မွ တာဝန္ရွိသူမ်ားအား လက္ခံေတြ႕ဆုံ
ေနျပည္ေတာ္၊ ႏိုဝင္ဘာ  ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ UWSA(၀) အဖြဲ႕မွ တာဝန္ရွိသူမ်ားအား ယေန႔မြန္းလြဲပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ မိုင္းဆတ္တပ္နယ္၊

ေက်ာက္ဆည္ရိပ္သာ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္တို႔ တက္ေရာက္ၾကၿပီး UWSA(၀) အဖြဲ႕မွ ဒုတိယႏိုင္ငံေရးမႉး အဆင့္ရွိ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုႏွစ္ စက္တင္ဘာလအတြင္း တာခ်ီလိတ္ၿမိဳ႕သို႔ေရာက္ရွိစဥ္ UWSA(၀) ေဒသအတြက္ COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ားလႉဒါန္းေပးအပ္ခဲ့ၿပီး UWSA(၀) ေဒသအတြင္းလိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားကို ေစလႊတ္ေပးခဲ့ေၾကာင္း၊ လူတို႔၏ ဘ၀တြင္ က်န္းမာေရး ေကာင္းမြန္ေရးသည္ အဓိကအေရးအႀကီးဆုံးျဖစ္ၿပီး က်န္းမာေရး ေကာင္းမြန္မွသာလ်င္ လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္း၊ မိမိ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ တိုင္းမႉးတာဝန္ထမ္းေဆာင္စဥ္ ဝမ္ဟုန္ေဒသသို႔ ေရာက္ရွိခဲ့ဖူးၿပီး က်န္း မာေရး အားနည္းသည္ကိုေတြ႕ရွိရသျဖင့္ တပ္မေတာ္ေဆးအဖြဲ႕မ်ားေစလႊတ္ကာ က်န္းမာေရးေစာင့္ေရွာက္ေပးျခင္း၊ က်န္းမာေရးအသိပညာေပးျခင္းမ်ားကို ေဆာင္႐ြက္ ေစခဲ့ေၾကာင္း၊ မိမိတို႔သည္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ၾကသည့္ ျပည္ေထာင္စု ဖြား ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္အတြက္ ေဒသအတြင္း ပညာေရး၊ က်န္းမာေရး က႑မ်ားတြင္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ တပ္မေတာ္မွ တတ္စြမ္းသေ႐ြ႕ကူညီေဆာင္႐ြက္ေပး မည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈအပိုင္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးၾကန႔္ၾကာလ်က္ရွိသျဖင့္ လူမႈစီးပြားေရးေဖာ္ေဆာင္မႈမ်ားတြင္ ကန႔္သတ္ခ်က္မ်ား ရွိေနႏိုင္ေၾကာင္း၊ NCA လမ္းေၾကာင္းမွန္ေပၚတြင္ ေလွ်ာက္လွမ္းၿပီး ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ မိမိတို႔၏ မ်ိဳးဆက္သစ္ အနာဂတ္ကေလးငယ္မ်ား၏ လူမႈဘ၀ဖြံ႕ၿဖိဳးေရး၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိၿပီး တိုင္းျပည္ေအးခ်မ္းသာယာ ဖြံ႕ၿဖိဳးေရးအတြက္ ေရရွည္ကိုၾကည့္ၿပီး ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ UWSA(၀)အဖြဲ႕မွ ဒုတိယႏိုင္ငံေရးမႉး အဆင့္ရွိ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားက က်န္းမာေရးပိုင္း အေနျဖင့္ တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိၿပီး တပ္မေတာ္မွေဆးအဖြဲ႕ျဖင့္ ဆက္လက္ကူညီေဆာင္႐ြက္ေပးမည္ဟု ၾကားသိရသည့္ အတြက္ ေက်းဇူးတင္ဝမ္းေျမာက္ မိပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္မ်ား ေအာင္ျမင္မႈရွိေစေရး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ဆက္လက္၍လည္း ေဒသဖြံ႕ၿဖိဳးေရး၊ ပညာေရးႏွင့္ က်န္းမာေရးက႑မ်ားတြင္ တပ္မေတာ္ႏွင့္ လက္တြဲေဆာင္႐ြက္ သြားမည္ ျဖစ္ပါေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က UWSA(၀)အဖြဲ႕အတြက္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လူသုံးကုန္ ပစၥည္းမ်ားကို ေပးအပ္လႉဒါန္းရာ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္ မ်ားက လက္ခံရယူၿပီး UWSA(၀) အဖြဲ႕မွ ေဒသထြက္လက္ေဆာင္မ်ားကို ျပန္လည္ ေပးအပ္သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက UWSA(၀) အဖြဲ႕မွ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။