တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၈

တပ်မတော်တစ်ခု၏ “စံ”သည် အမိန့်နာခံတတ်မှုနှင့် စည်းကမ်းကောင်းမွန်မှုပင် ဖြစ်သည့်အတွက် တပ်မတော်သားကောင်းပီသအောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုနှင့် တာဝန်ကျေပွန်မှုရှိမှသာလျင် စွမ်းရည်ရှိသောတပ်များ ဖြစ်လာမည်ဖြစ်ကာ တပ်မတော်တစ်ရပ်လုံးသည်လည်း တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသော တပ်မတော်၊ ပြည်သူကအားကိုးရပြီး နိုင်ငံကအားထားရသော တပ်မတော်ဖြစ်လာမည်ဖြစ်သည့်အတွက် တစ်ဦးချင်းတပ်မတော်သားကောင်း ပီသအောင် ခံယူချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ဇနီး၊ တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော် ကို နိုင်ငံတကာမှ တပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတည်ဆောက် ပေးလျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ကာလနှင့် ကိုက်ညီသည့် စွမ်းရည်စွမ်းအား ကောင်းမွန်သည့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ယခင်ကထက် သာလွန်သည့်ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက်တိုးမြှင့် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မှီခိုသူ သားသမီးများမှ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် ကောင်းမွန်သည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန်၊ လူနေမှုဘ၀မြင့်မားစေရန် ရည်ရွယ်၍ ပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့သည့် စစ်သည်၊ ရဲမေများကို အခြေခံပညာ ဆက်လက်သင်ကြားနိုင်ရေး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထူးချွန်သူများကို ဆုများ ချီးမြှင့်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်အဆင့် ကဗျာ၊ စာပေပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို ချီးမြှင့်အားပေးခဲ့ကြောင်း၊ စာပေ၊ အားကစားတို့တွင် ထူးချွန်သည့် စစ်သည်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ရာထူးအဆင့်များတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း။

ထို့သို့ အကြီးအကဲများမှ အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် အဘက်ဘက် မှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တပ်မတော်သားများအနေဖြင့်လည်း အရည်အချင်းရှိသည့်၊ စစ်စည်းကမ်းနှင့် အမိန့်နာခံတတ်သည့် တပ်မတော်သားများ ဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် ဖြတ်သန်းလာသည့် သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ တိုင်းပြည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးအတွက် တာဝန်သိစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို သိရှိနားလည်ရန်နှင့် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့၏ လက်ဆင့်ကမ်းတာဝန်များကိုထမ်းဆောင်ကြမည့် မျိုးဆက်သစ်တပ်မတော်သားများကိုလည်း ကောင်းမွန်သည့် အနာဂတ်ကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အတွက် တစ်သွေးတည်း၊ တစ်သားတည်း တစ်စိတ်တစ်ဝမ်းတည်းဖြင့် စွမ်းရည်စွမ်းအားရှိသော တပ်မတော်ဖြစ်အောင်၊ စစ်သားကောင်းပီသအောင် ကြိုးစားအားထုတ် ကျင့်ကြံနေထိုင်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ရာ တာချီလိတ်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှ စစ်ဗျူဟာမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တာခ်ီလိတ္ တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၈

တပ္မေတာ္တစ္ခု၏ “စံ”သည္ အမိန႔္နာခံတတ္မႈႏွင့္ စည္းကမ္းေကာင္းမြန္မႈပင္ ျဖစ္သည့္အတြက္ တပ္မေတာ္သားေကာင္းပီသေအာင္ ေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းစည္းကမ္းေကာင္းမြန္မႈ၊ အမိန႔္နာခံတတ္မႈႏွင့္ တာဝန္ေက်ပြန္မႈရွိမွသာလ်င္ စြမ္းရည္ရွိေသာတပ္မ်ား ျဖစ္လာမည္ျဖစ္ကာ တပ္မေတာ္တစ္ရပ္လုံးသည္လည္း တိုက္စြမ္းရည္၊ တိုက္စြမ္းအားရွိေသာ တပ္မေတာ္၊ ျပည္သူကအားကိုးရၿပီး ႏိုင္ငံကအားထားရေသာ တပ္မေတာ္ျဖစ္လာမည္ျဖစ္သည့္အတြက္ တစ္ဦးခ်င္းတပ္မေတာ္သားေကာင္း ပီသေအာင္ ခံယူခ်က္ခိုင္ခိုင္မာမာျဖင့္ ႀကိဳးစားအားထုတ္ၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔တြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တာခ်ီလိတ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား တပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကား ေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ ဇနီး၊ တာခ်ီလိတ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ မိမိတို႔တပ္မေတာ္ ကို ႏိုင္ငံတကာမွ တပ္မေတာ္မ်ားႏွင့္ ရင္ေဘာင္တန္းႏိုင္ေအာင္ ႀကိဳးစားတည္ေဆာက္ ေပးလ်က္ရွိေၾကာင္း၊ ေျပာင္းလဲလာသည့္ ေခတ္ကာလႏွင့္ ကိုက္ညီသည့္ စြမ္းရည္စြမ္းအား ေကာင္းမြန္သည့္ ကာကြယ္ေရးအသုံးအေဆာင္ပစၥည္းမ်ားကို တပ္ဆင္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ယခင္ကထက္ သာလြန္သည့္ကာကြယ္ေရးစြမ္းရည္ကို တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး ဆက္လက္တိုးျမႇင့္ တည္ေဆာက္သြားၾကရမည္ျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၊ မွီခိုသူ သားသမီးမ်ားမွ အသိပညာအတတ္ပညာႏွင့္ ျပည့္စုံသည့္ ေကာင္းမြန္သည့္ လူသားအရင္းအျမစ္မ်ား ေပၚထြက္လာေစရန္၊ လူေနမႈဘ၀ျမင့္မားေစရန္ ရည္႐ြယ္၍ ပညာရည္ျမႇင့္တင္မႈလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးအားနည္းခဲ့သည့္ စစ္သည္၊ ရဲေမမ်ားကို အေျခခံပညာ ဆက္လက္သင္ၾကားႏိုင္ေရး ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္မွစ၍ ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီး ထူးခြၽန္သူမ်ားကို ဆုမ်ား ခ်ီးျမႇင့္ေပးႏိုင္ခဲ့သည့္အျပင္ ႏိုင္ငံေတာ္အဆင့္ ကဗ်ာ၊ စာေပၿပိဳင္ပြဲမ်ားတြင္ ထူးခြၽန္ဆုရရွိသူမ်ားကို ခ်ီးျမႇင့္အားေပးခဲ့ေၾကာင္း၊ စာေပ၊ အားကစားတို႔တြင္ ထူးခြၽန္သည့္ စစ္သည္မ်ားကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ ရာထူးအဆင့္မ်ားတိုးျမႇင့္ေပးႏိုင္ခဲ့ေၾကာင္း။

ထို႔သို႔ အႀကီးအကဲမ်ားမွ အတိုင္းအတာတစ္ခုအထိ ျပည့္စုံေအာင္ အဘက္ဘက္ မွ ႀကိဳးစားေဆာင္႐ြက္ေပးလ်က္ရွိသည့္အတြက္ တပ္မေတာ္သားမ်ားအေနျဖင့္လည္း အရည္အခ်င္းရွိသည့္၊ စစ္စည္းကမ္းႏွင့္ အမိန႔္နာခံတတ္သည့္ တပ္မေတာ္သားမ်ား ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ၾကေစလိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျဖတ္သန္းလာသည့္ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ အမ်ိဳးသားႏိုင္ငံေရးအခန္းက႑၌ တိုင္းျပည္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံခိုင္ၿမဲေရးအတြက္ တာဝန္သိစြာျဖင့္ လုပ္ေဆာင္ခဲ့သည္ကို သိရွိနားလည္ရန္ႏွင့္ ဆက္လက္ထိန္းသိမ္းသြားၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ မိမိတို႔၏ လက္ဆင့္ကမ္းတာဝန္မ်ားကိုထမ္းေဆာင္ၾကမည့္ မ်ိဳးဆက္သစ္တပ္မေတာ္သားမ်ားကိုလည္း ေကာင္းမြန္သည့္ အနာဂတ္ကိုေဖာ္ေဆာင္ေပးႏိုင္ရမည္ျဖစ္သည့္အတြက္ တစ္ေသြးတည္း၊ တစ္သားတည္း တစ္စိတ္တစ္ဝမ္းတည္းျဖင့္ စြမ္းရည္စြမ္းအားရွိေသာ တပ္မေတာ္ျဖစ္ေအာင္၊ စစ္သားေကာင္းပီသေအာင္ ႀကိဳးစားအားထုတ္ က်င့္ႀကံေနထိုင္သြားၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တာခ်ီလိတ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားေပးအပ္ရာ တာခ်ီလိတ္တပ္နယ္မွ တပ္နယ္မႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦးကလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရး အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တပ္နယ္မွ စစ္ဗ်ဴဟာမႉး၏ ဇနီးကလည္းေကာင္း အသီးသီး လက္ခံရယူသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တာခ်ီလိတ္ တပ္နယ္အတြင္းရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ ရႈ စစ္ေဆးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။