ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြရာတွင် မြန်မာ့တပ်မတော် သည် ပြည်သူနှင့် ပတ်သက်လာလျှင် “ ပြည်သူသာအမိ၊ ပြည်သူသာအဖ ” ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူတို့ လိုလားတောင်းဆိုသော “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်း နည်းလမ်းတည်းဟူသော နိုင်ငံရေး ယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပါကြောင်း ဦးစွာ ပြောကြားသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ကို အောင်မြင်စွာ ကျင်းပပေးခဲ့ပါကြောင်း၊ ၎င်းရွေးကောက်ပွဲများ၌ ကြီးမားသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကိုသာတွေ့ရှိခဲ့ရပြီး အဆိုပါရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု များကိုလည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေးခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်စေမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်”ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ပြည်သူက ရွေးချယ် ရခြင်းဖြစ်ပါကြောင်း၊ ၎င်းရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်လျက် အချုပ်အခြာအာဏာသည် ပြည်သူ/ နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်းမျိုးဖြစ်ပါကြောင်း။

ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန် ခဲ့သော မဲစာရင်းအပေါ် စိစစ်ချက်များအရ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်း ရှိပြီး ၎င်းအနက် ၁၀ သန်းကျော် မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံကျော် ( ၂၅ % ကျော် ) မဲမသမာမှုဖြစ်နိုင်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှုမဟုတ်သည်ကို ပြည်သူလူထုတစ်ရပ်လုံး တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်း မြင်သာစွာ စိစစ်တွေ့ရှိချက် စာရင်းဇယားများထုတ်ပြန်ခြင်း ၃၀ ကြိမ်၊ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်၊ တရားဝင်ထုတ်ပြန်ခဲ့ပါကြောင်း၊ တပ်မတော်သတင်းစာ ရှင်းလင်းပွဲများ၌လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၅၀ ကျော်ရှေ့တွင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ပြီးဖြစ်ပါကြောင်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၏ အုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး၊ ရိုးသားသည့်နိုင်ငံရေးဖြစ်စေရေး ရွေးကောက်ပွဲမတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ “ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ” ဖြစ်ခဲ့ခြင်း ရှိ/ မရှိကို ရွေးကောက်ပွဲကျင်းပသည့်ရက် ၁ ရက်တည်းကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲ အပြီးကာလ အနည်းဆုံး ကာလ ၃ ခု၌ လွတ်လပ်၍ တရားမျှတမှု ရှိ/ မရှိ၊ သံသယ ကင်းကင်း၊ သန့်သန့်ရှင်းရှင်း ရှိ/မရှိ သုံးသပ်စိစစ်ရမည်ဖြစ်ပါကြောင်း၊ ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ ၃ ခုလုံး၌ လွတ်လပ်မှု၊ တရား မျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှု မပြီးမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် “ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ” ဖြစ်စေရေး ဥပဒေပြဋ္ဌာန်းချက်များကို မကျော်လွန်စေဘဲ ၂-၁၁-၂၀၂၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေများကို ကျော်လွန်၍ ညွှန်ကြားချက် အမျိုးမျိုးထုတ်နေမှုများ၊ ကြိုတင်မဲပေးချိန်၌ ကြုံတွေ့နေရသည့် ဥပဒေနှင့်မညီညွတ်မှု များအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အား သဘောထားထုတ်ပြန်ကြေညာခြင်း၊ ၂-၁၁-၂၀၂၀ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုစေရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့် ရရှိစေရေး ဆောင်ရွက်ပေးရန် သဘောထားထုတ်ပြန် ကြေညာခြင်း၊ ၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်း နိုင်ရန်နှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယ ကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး သက်သေခံ ဥပဒေ ပုဒ်မ ၇၄ နှင့် ၇၆ တို့အရ စာရွက်စာတမ်းများ ကူးယူခွင့် တောင်းခံသည့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခြင်း၊ ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ စာရွက်စာတမ်း ကူးယူခွင့်များကို ခွင့်မပြုသဖြင့် ၎င်းစာရွက်စာတမ်းများအား ကူးယူခွင့်တောင်းခံခြင်းမှာ နိုင်ငံသား တစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်း သည့် သဘောထားထုတ်ပြန်ခြင်း၊ ၁၄-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး တို့က ၁၁-၁-၂၀၂၁ ရက်နေ့၌ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်မှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည် ဆန်းစစ်ပေးရန် သဘောထားထုတ်ပြန်ခြင်း၊ ၂၀-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်၏ ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ၊ မဲမသမာမှု ဖြစ်စေနိုင်သည့်စာရင်းများ ထုတ်ပြန်နေရခြင်းမှာ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ် ပြုလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်နှင့် လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရက သော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာဖြေရှင်းပေးပါရန် သဘောထား ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့သည့်အပြင် အစိုးရအဖွဲ့ထံ အထက်ပါကိစ္စများကို ဖြေရှင်းပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူပေးပါရန် တင်ပြ ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် တပ်မတော်အနေဖြင့် ကြေညာချက်များ ထုတ်ပြန်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြား ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စုလွှတ်တော်မှတဆင့် ဖြေရှင်းပေးနိုင်ပါရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်သည့်အခါ လက်ရှိကြုံတွေ့ နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အဓိကတာဝန်ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုသော “ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန်တင်ပြခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ဤသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်စေရန် ”ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့် ပုဒ်မ ၇ တို့အရ “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ)အရ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”ကိုလည်းကောင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်း ကျော်)အား တာဝန်ရှိသူအဆင့်ဆင့်ကဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း ” ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တင်ပြ ဆွေးနွေး ရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက် များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတမှ လွှဲပြောင်း တာဝန်ပေးထားသည့် ယနေ့မှစ၍ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိသော တည်ဆဲဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြဆွေးနွေးပြောကြားခဲ့သည်။

 

(Zawgyi Version)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ “ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီ ” အစည္းအေဝးက်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ “ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီ ” အစည္းအေဝးကို ယေန႔နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ က်င္းပျပဳလုပ္သည္။ အစည္းအေဝးသို႔ ႏိုင္ငံေတာ္ယာယီသမၼတ ဦးျမင့္ေဆြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္မ်ား တက္ေရာက္သည္။ အစည္းအေဝးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္၏ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး တင္ျပရာတြင္ ျမန္မာ့တပ္မေတာ္ သည္ ျပည္သူႏွင့္ ပတ္သက္လာလွ်င္ “ ျပည္သူသာအမိ၊ ျပည္သူသာအဖ ” ဟူေသာ ေဆာင္ပုဒ္ကို ေခတ္အဆက္ဆက္ ဦးထိပ္ထား ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ျပည္သူတို႔ လိုလားေတာင္းဆိုေသာ “ ပါတီစုံဒီမိုကေရစီစနစ္ ” ကို ေဆြးေႏြးညႇိႏႈိင္းျခင္းနည္းလမ္းမ်ား၊ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားအရ ေဆာင္႐ြက္ျခင္း နည္းလမ္းတည္းဟူေသာ ႏိုင္ငံေရး ယဥ္ေက်းမႈမ်ားျဖင့္ တည္ၿငိမ္ေအးခ်မ္းစြာ အသြင္ကူးေျပာင္းေပးခဲ့ပါေၾကာင္း ဦးစြာ ေျပာၾကားသည္။

ထို႔ေနာက္ ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ ၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတို႔ကို ေအာင္ျမင္စြာ က်င္းပေပးခဲ့ပါေၾကာင္း၊ ၎ေ႐ြးေကာက္ပြဲမ်ား၌ ႀကီးမားသည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈမ်ား မရွိခဲ့ဘဲ သာမန္အျငင္းပြားမႈမ်ားကိုသာေတြ႕ရွိခဲ့ရၿပီး အဆိုပါေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈ မ်ားကိုလည္း သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ တာဝန္ရွိသူမ်ားက ဥပေဒႏွင့္အညီ ေျဖရွင္းေပးခဲ့ပါေၾကာင္း၊ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးရာတြင္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲသည္ ၎စနစ္၏ အသက္ပင္ျဖစ္ပါေၾကာင္း၊ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္မွသာလွ်င္ ျပည္သူ႔ဆႏၵအစစ္အမွန္ကို ထင္ဟပ္ ေပၚလြင္ေစမည္ျဖစ္ပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၄ အရ “ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာသည္ ႏိုင္ငံသားမ်ားထံမွ ဆင္းသက္ၿပီး ႏိုင္ငံေတာ္ တစ္ဝန္းလုံး၌တည္သည္”ဟု ျပ႒ာန္းထားပါေၾကာင္း၊ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ကိုင္တြယ္က်င့္သုံးမည့္ အစိုးရအဖြဲ႕၊ သက္ဆိုင္ရာ လႊတ္ေတာ္အသီးသီး၊ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္ အဖြဲ႕အစည္းအသီးသီးတို႔ကို ေ႐ြးေကာက္ပြဲျဖင့္ တိုက္႐ိုက္၍ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း၊ ျပည္သူက ေ႐ြးခ်ယ္ ရျခင္းျဖစ္ပါေၾကာင္း၊ ၎ေ႐ြးေကာက္ပြဲသည္ လြတ္လပ္၊ သန႔္ရွင္း၊ တရားမွ်တမွသာ ျပည္သူ႔ဆႏၵအစစ္အမွန္ကို ထင္ဟပ္ေပၚလြင္လ်က္ အခ်ဳပ္အျခာအာဏာသည္ ျပည္သူ/ ႏိုင္ငံသားမ်ားထံမွ စစ္မွန္သည့္ ဆင္းသက္ျခင္းမ်ိဳးျဖစ္ပါေၾကာင္း။

ယခုက်င္းပၿပီးစီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲတြင္မူ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ တရားဝင္ထုတ္ျပန္ ခဲ့ေသာ မဲစာရင္းအေပၚ စိစစ္ခ်က္မ်ားအရ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း ၁၀၄၈၂၁၁၆ (တစ္ဆယ္သန္းေလးသိန္းေက်ာ္) ရွိခဲ့ပါေၾကာင္း၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္၏ တရားဝင္ထုတ္ျပန္ခ်က္အရ မဲေပးပိုင္ခြင့္ရွိသူဦးေရ ၃၈ သန္း ရွိၿပီး ၎အနက္ ၁၀ သန္းေက်ာ္ မဲမသမာမႈျဖစ္ႏိုင္ေၾကာင္း စိစစ္ေတြ႕ရွိခ်က္မွာ မဲေပးပိုင္ခြင့္ရွိသူ လူပမာဏ၏ ေလးပုံတစ္ပုံေက်ာ္ ( ၂၅ % ေက်ာ္ ) မဲမသမာမႈျဖစ္ႏိုင္ေနျခင္း ျဖစ္ပါေၾကာင္း၊ ၎ကိစၥသည္ သာမန္မွားယြင္းမႈ၊ သာမန္အျငင္းပြားႏိုင္မႈမဟုတ္သည္ကို ျပည္သူလူထုတစ္ရပ္လုံး ေတြ႕ျမင္ႏိုင္ပါေၾကာင္း၊ ထိုသို႔ေတြ႕ျမင္ႏိုင္ေအာင္လည္း တပ္မေတာ္အေနျဖင့္ ပြင့္လင္း ျမင္သာစြာ စိစစ္ေတြ႕ရွိခ်က္ စာရင္းဇယားမ်ားထုတ္ျပန္ျခင္း ၃၀ ႀကိမ္၊ သေဘာထား ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ျခင္းအား ေ႐ြးေကာက္ပြဲမတိုင္မီ ၂ ႀကိမ္၊ ေ႐ြးေကာက္ပြဲအၿပီး ၄ ႀကိမ္၊ စုစုေပါင္း ၆ ႀကိမ္၊ တရားဝင္ထုတ္ျပန္ခဲ့ပါေၾကာင္း၊ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲမ်ား၌လည္း ျပည္တြင္း၊ ျပည္ပမီဒီယာ ၅၀ ေက်ာ္ေရွ႕တြင္ သက္ေသ အေထာက္အထား ခိုင္ခိုင္လုံလုံျဖင့္ ပြင့္လင္းျမင္သာစြာ ရွင္းလင္းျပသခဲ့ၿပီးျဖစ္ပါေၾကာင္း။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အေနျဖင့္ ပါတီစုံဒီမိုကေရစီစနစ္၏ အုတ္ျမစ္ျဖစ္ေသာ ေ႐ြးေကာက္ပြဲအား လြတ္လပ္၍တရားမွ်တေသာ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး၊ ႐ိုးသားသည့္ႏိုင္ငံေရးျဖစ္ေစေရး ေ႐ြးေကာက္ပြဲမတိုင္မီကပင္ အႀကိမ္ႀကိမ္ ေျပာၾကားခဲ့ပါေၾကာင္း၊ “ လြတ္လပ္၍ တရားမွ်တေသာေ႐ြးေကာက္ပြဲ ” ျဖစ္ခဲ့ျခင္း ရွိ/ မရွိကို ေ႐ြးေကာက္ပြဲက်င္းပသည့္ရက္ ၁ ရက္တည္းၾကည့္ၿပီး ဆုံးျဖတ္၍မရႏိုင္ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲမတိုင္မီ မဲဆြယ္စည္း႐ုံးေရးကာလ၊ ေ႐ြးေကာက္ပြဲရက္ကာလ၊ ေ႐ြးေကာက္ပြဲ အၿပီးကာလ အနည္းဆုံး ကာလ ၃ ခု၌ လြတ္လပ္၍ တရားမွ်တမႈ ရွိ/ မရွိ၊ သံသယ ကင္းကင္း၊ သန႔္သန႔္ရွင္းရွင္း ရွိ/မရွိ သုံးသပ္စိစစ္ရမည္ျဖစ္ပါေၾကာင္း၊ က်င္းပ ၿပီးစီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ၎အခ်ိန္ကာလ ၃ ခုလုံး၌ လြတ္လပ္မႈ၊ တရား မွ်တမႈ၊ သန႔္ရွင္းမႈမ်ားအေပၚ အျငင္းပြားဖြယ္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္လည္း ယေန႔ အထိ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ႏိုင္ငံေရးပါတီ ၂၀ ပါတီမွ ေၾကညာခ်က္ ၂၆ ေစာင္ ထုတ္ျပန္ၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာ မဲမသမာမႈျပဳႏိုင္သည့္ စာရင္းမ်ားကို ရွင္းလင္းၿပီးစီးမႈ မၿပီးမခ်င္း တတိယအႀကိမ္လႊတ္ေတာ္ကို ဆိုင္းငံ့ထားရန္ ေတာင္းဆိုခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ ပတ္သက္၍လည္း ၁၀.၁၁.၂၀၂၀ ရက္ေန႔မွ ၂၉.၁.၂၀၂၁ ရက္ေန႔အထိ ၿမိဳ႕နယ္ ၉၉ ၿမိဳ႕နယ္၌ ဆႏၵေဖာ္ထုတ္မႈ ၁၂၄ ႀကိမ္ ျပဳလုပ္ခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း။

တပ္မေတာ္အေနျဖင့္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္ တည္ဆဲဥပေဒမ်ားကို ေလးစားလိုက္နာလ်က္ “ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲ ” ျဖစ္ေစေရး ဥပေဒျပ႒ာန္းခ်က္မ်ားကို မေက်ာ္လြန္ေစဘဲ ၂-၁၁-၂၀၂၀ ရက္ေန႔တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အႀကိဳကာလ၌ ျဖစ္ေပၚေနသည့္ အေျခအေနမ်ား၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က တည္ဆဲဥပေဒမ်ားကို ေက်ာ္လြန္၍ ၫႊန္ၾကားခ်က္ အမ်ိဳးမ်ိဳးထုတ္ေနမႈမ်ား၊ ႀကိဳတင္မဲေပးခ်ိန္၌ ႀကဳံေတြ႕ေနရသည့္ ဥပေဒႏွင့္မညီၫြတ္မႈ မ်ားအား ျပည္ေထာင္စုအစိုးရအဖြဲ႕ႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔အား သေဘာထားထုတ္ျပန္ေၾကညာျခင္း၊ ၂-၁၁-၂၀၂၀ ရက္ေန႔တြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအသီးသီးအား လြတ္လပ္၍တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေစေရးအတြက္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားအား ၿခိမ္းေျခာက္မႈမျပဳေစေရးႏွင့္ ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္း႐ုံးလႈပ္ရွားခြင့္ ရရွိေစေရး ေဆာင္႐ြက္ေပးရန္ သေဘာထားထုတ္ျပန္ ေၾကညာျခင္း၊ ၃၀-၁၁-၂၀၂၀ ရက္ေန႔တြင္ ေ႐ြးေကာက္ပြဲအျငင္းပြားမႈမ်ား ေျဖရွင္း ႏိုင္ရန္ႏွင့္ လြတ္လပ္၍တရားမွ်တေသာ ေ႐ြးေကာက္ပြဲအျဖစ္ အမ်ားျပည္သူ သံသယ ကင္းရွင္းစြာ အသိအမွတ္ျပဳႏိုင္ေရး သက္ေသခံ ဥပေဒ ပုဒ္မ ၇၄ ႏွင့္ ၇၆ တို႔အရ စာ႐ြက္စာတမ္းမ်ား ကူးယူခြင့္ ေတာင္းခံသည့္ သေဘာထားထုတ္ျပန္ခ်က္ ထုတ္ျပန္ျခင္း၊ ၁၀-၁၂-၂၀၂၀ ရက္ေန႔တြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ စာ႐ြက္စာတမ္း ကူးယူခြင့္မ်ားကို ခြင့္မျပဳသျဖင့္ ၎စာ႐ြက္စာတမ္းမ်ားအား ကူးယူခြင့္ေတာင္းခံျခင္းမွာ ႏိုင္ငံသား တစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္ အခြင့္အေရးႏွင့္ ကန႔္ကြက္ပိုင္ခြင့္ အခြင့္အေရးတို႔အရ ေတာင္းခံျခင္းျဖစ္သည့္အတြက္ ေဆာင္႐ြက္ေပးႏိုင္ပါရန္ တိုက္တြန္း သည့္ သေဘာထားထုတ္ျပန္ျခင္း၊ ၁၄-၁-၂၀၂၁ ရက္ေန႔တြင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ားမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀၃ ဦး တို႔က ၁၁-၁-၂၀၂၁ ရက္ေန႔၌ အေျခခံဥပေဒႏွင့္အညီ ျပည္ေထာင္စုလႊတ္ေတာ္ အထူး အစည္းအေဝးေခၚယူရန္ တင္ျပခ်က္အား ျငင္းဆန္မႈအေပၚ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္ျခင္း ရွိ/မရွိ ျပန္လည္ ဆန္းစစ္ေပးရန္ သေဘာထားထုတ္ျပန္ျခင္း၊ ၂၀-၁-၂၀၂၁ ရက္ေန႔တြင္ တပ္မေတာ္၏ ေ႐ြးေကာက္ပြဲအေပၚ စိစစ္ေတြ႕ရွိခ်က္မ်ား၊ မဲမသမာမႈ ျဖစ္ေစႏိုင္သည့္စာရင္းမ်ား ထုတ္ျပန္ေနရျခင္းမွာ လြတ္လပ္၍ တရားမွ်တၿပီး ပြင့္လင္း ျမင္သာသည့္ အေထြေထြေ႐ြးေကာက္ပြဲရလဒ္ကို သံသယကင္းရွင္းစြာ အသိအမွတ္ ျပဳလိုျခင္းေၾကာင့္ျဖစ္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျဖရွင္းေပးရန္ႏွင့္ လြတ္လပ္၍တရားမွ်တၿပီး ပြင့္လင္းျမင္သာသည့္ ေ႐ြးေကာက္ပြဲရလဒ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ျပသႏိုင္မည္ဆိုလွ်င္ ျပည္သူ႔ဆႏၵအစစ္အမွန္ကို ထင္ဟပ္မည္ျဖစ္၍ တပ္မေတာ္ႏွင့္ အျခားေသာႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ျပည္သူ႔ဆႏၵႏွင့္အညီ လက္ခံသြားမည္ျဖစ္၍ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားကို ေရွ႕ရႈ၍ ျပည္ေထာင္စုလႊတ္ေတာ္က ေသာ္လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရက ေသာ္လည္းေကာင္း၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေသာ္လည္းေကာင္း နည္းလမ္းရွာေျဖရွင္းေပးပါရန္ သေဘာထား ထုတ္ျပန္ျခင္း တို႔ကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၎ထုတ္ျပန္ခ်က္မ်ားအား ထုတ္ျပန္ခဲ့သည့္အျပင္ အစိုးရအဖြဲ႕ထံ အထက္ပါကိစၥမ်ားကို ေျဖရွင္းေပးႏိုင္ေရးအတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးအား ေခၚယူေပးပါရန္ တင္ျပ ခဲ့ပါေၾကာင္း ေျပာၾကားသည္။

ဆက္လက္ေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ေၾကညာခ်က္မ်ား ထုတ္ျပန္၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေ႐ြးေကာက္ပြဲႏွင့္ တိုက္႐ိုက္သက္ဆိုင္သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အား ေျဖရွင္းေပးရန္ ပထမအဆင့္ ေျပာၾကား ခဲ့ပါေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျဖရွင္းေပးရန္ ျငင္းဆန္သည့္အခါ ျပည္ေထာင္စုလႊတ္ေတာ္မွတဆင့္ ေျဖရွင္းေပးႏိုင္ပါရန္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္အေနျဖင့္ ဥပေဒႏွင့္အညီ ေတာင္းဆိုသည့္ ျပည္ေထာင္စု လႊတ္ေတာ္ အထူးအစည္းအေဝး ေခၚယူေပးရန္ ျငင္းဆန္သည့္အခါ လက္ရွိႀကဳံေတြ႕ ေနရေသာ အေျခအေနမ်ားကို ႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ တစ္ခုခုက နည္းလမ္းရွာေျဖရွင္းေပးပါရန္ ေတာင္းဆိုခဲ့ပါေၾကာင္း၊ ၎အဆင့္အားလုံး ျငင္းပယ္ခံရသည့္အခါ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီတြင္ အဓိကတာဝန္ရွိေသာ သမၼတဦးစီးသည့္ အရပ္ဘက္၊ စစ္ဘက္အားလုံးကို ကိုယ္စားျပဳေသာ “ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ ” အစည္းအေဝးေခၚယူ၍ ေတြ႕ဆုံေဆြးေႏြးၾကရန္တင္ျပခဲ့ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဤသို႔ လုပ္ထုံး၊ လုပ္နည္း၊ ဥပေဒမ်ားႏွင့္အညီ အဆင့္ဆင့္ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၄ အရ “ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာသည္ ႏိုင္ငံသားမ်ားထံမွဆင္းသက္ၿပီး ႏိုင္ငံေတာ္ တစ္ဝန္းလုံး၌ တည္ေစရန္ ”ကိုလည္းေကာင္း၊ ပုဒ္မ ၆ (ဃ)ႏွင့္ ပုဒ္မ ၇ တို႔အရ “စစ္မွန္၍စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ထြန္းကားေရး” ကိုလည္းေကာင္း၊ ပုဒ္မ ၆ (စ)အရ “ ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္ကပါဝင္ထမ္းေဆာင္ႏိုင္ေရးတို႔ကို အစဥ္တစိုက္ဦးတည္သည္”ကိုလည္းေကာင္း လိုက္နာေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ ျဖစ္ပြားခဲ့ေသာ မဲမသမာမႈျဖစ္ႏိုင္သည့္စာရင္း ၁၀၄၈၂၁၁၆ (တစ္ဆယ္သန္းေလးသိန္း ေက်ာ္)အား တာဝန္ရွိသူအဆင့္ဆင့္ကေျဖရွင္းေပးမႈမရွိဘဲ လႊတ္ေတာ္အသီးသီးအား ေခၚယူျခင္း၊ အစိုးရဖြဲ႕ရန္ ႀကိဳးစားျခင္းတို႔သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၄၀ (ဂ)ႏွင့္ ပုဒ္မ ၄၁၇ ပါ “ ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ရယူရန္ ေဆာင္႐ြက္ျခင္း ” ျဖစ္ပါေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္ယာယီသမၼတက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တင္ျပခ်က္အား သုံးသပ္ေဆြးေႏြးၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ( ၂၀၀၈ ခုႏွစ္ ) ပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္အား အေရးေပၚအေျခအေန ေၾကညာၿပီး ပုဒ္မ ၄၁၈၊ ပုဒ္မခြဲ(က)အရ ႏိုင္ငံေတာ္၏ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရး အာဏာတို႔အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ လႊဲအပ္တာဝန္ေပးလိုက္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္တင္ျပ ေဆြးေႏြး ရာတြင္ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္ မ်ားအား ေလးစားလိုက္နာလ်က္ ႏိုင္ငံေတာ္၏ တာဝန္အရပ္ရပ္အား ယာယီသမၼတမွ လႊဲေျပာင္း တာဝန္ေပးထားသည့္ ယေန႔မွစ၍ စတင္ေဆာင္႐ြက္မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္တာဝန္ေဆာင္႐ြက္ျခင္းအား ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေက်ာ္လြန္ျခင္းမရွိေသာ တည္ဆဲဥပေဒမ်ား အတိုင္း လိုက္နာေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္းႏွင့္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို တရားမွ်တမႈအျပည့္ျဖင့္ တည္ေဆာက္သြားမည္ျဖစ္ၿပီး အေရးေပၚကာလဆိုင္ရာျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက လြတ္လပ္၍ တရားမွ်တေသာ အေထြေထြေ႐ြးေကာက္ပြဲအား က်င္းပေပးသြားမည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရႏိုင္ငံေရးပါတီအား ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္းေပးသြားမည္ျဖစ္ပါေၾကာင္းျဖင့္ တင္ျပေဆြးေႏြးေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။