ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့်    Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက လက်ရောက်အပ်နှင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး      

 နေပြည်တော်၊ ဒီဇင်ဘာ – ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့်    Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက်ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်း ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Iskander AZIZOV နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးဦးဆောင်သည့် အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း ဦးစွာပြောကြား သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးက ယခု ကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုး တိုးတက်ရေး အတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား Order of Friendship ဘွဲ့တံဆိပ်ကိုလည်းကောင်းချီးမြှင့်အပ်နှင်းခဲ့ပါကြောင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ် များကို လက်ရောက်အပ်နှင်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့် အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကိုလက်ရောက် အပ်နှင်းသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းထံ Order of Friendship ဘွဲ့တံဆိပ်ကို လက်ရောက်အပ်နှင်းသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်က ပေးအပ်သည့် ဘွဲ့တံဆိပ်ကို လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး နိုင်ငံတကာရေး ရာကိစ္စရပ်များနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ နိုင်ငံတကာနယ်ပယ်၌ ဧကဝင်ရိုး(Uni Polar) မှ ဗဟုဝင်ရိုး (Multi Polar) အဖြစ်ပြောင်းလဲလာပြီး နိုင်ငံကြီးတစ်ခုတည်းမှ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်မှု ပြုလုပ်နိုင်မည့် အလားအလာနည်းပါးလာမှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားနိုင်မှု အခြေအနေများ၊ ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ရပ်တည် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ အကြား  သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊  မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားတပ်မတော်နှစ်ရပ်အကြား ရေတပ်လေ့ကျင့်ခန်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊  မြန်မာ နိုင်ငံမှ ပညာတော်သင်များ ရုရှားနိုင်ငံသို့ ဆက်လက်စေလွှတ်သွား မည့်အခြေအနေ များနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။