ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

 

 

ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယမှာ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာပါစေကြောင်းနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးလည်း စည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော်အကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဦးစွာ ဆန္ဒမေတ္တာ ပို့သအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ် ကာလ နိုင်ငံတော်ရဲ့တာဝန်တွေ ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု ခွန်အားများ မရှိမဖြစ် အထူးလိုအပ်ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။

“ စုပေါင်းညီညာ၊ အောင်ကြောင်းဖြာ ” ဆိုသလို ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်မှ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊ ဒီလို စုစည်းညီညွတ်စွာ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုး သယ်ပိုးနိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာ ကြံ့ခိုင်ဖို့လိုအပ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှ ပညာသင်ကြား နိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရည်မှန်းချက်တွေ ပြည့်ဝမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူအားလုံးရဲ့ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ တို့မှ အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်နေရှိပါတယ်။ ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ့စွမ်းအားတွေ၊ ပြည်သူလူထုရဲ့ ကျန်းမာကြံ့ခိုင်ရေးအခြေအနေတွေ မယုတ်လျော့စေဖို့ ကျွန်တော်တို့ အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိနေပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါးနဲ့ စေတနာ့ ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ ဝန်ထမ်းအချို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ပါ တယ်။ မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ်(Stay at Home)နဲ့ အကျုံးဝင် တဲ့မြို့နယ်များမှာ နေထိုင်တဲ့ အသက်(၆၅)နှစ်အထက်ရှိ မိဘပြည်သူများ ကို စတင်ထိုးနှံ ပေးလျက်ရှိပြီး ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေး COVISHIELD injection ဆေး (၂ သန်း) ဒုတိယအသုတ် ရောက်ရှိလာမှာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရဟန်းသံဃာတော်များပါမကျန် မြန်မာနိုင်ငံသားအားလုံး COVID-19 ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံနိုင်ပြီး ကျန်းမာကြံ့ခိုင်ကြ စေဖို့ ကျွန်တော်တို့ အနေနဲ့အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ အဲ့ဒီအစီအစဉ်သစ်မှာ (တစ်) FDA က အသိအမှတ်ပြုပြီး အာမခံချက်နှင့် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးအမျိုးအစားသစ်များ ခွင့်ပြုခြင်းနဲ့ (နှစ်) ပုဂ္ဂလိကထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကို ခွင့်ပြုခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရုရှားနိုင်ငံထုတ် Sputnik V vaccine ဆေး၊ တရုတ် နိုင်ငံထုတ် SARS COVI Vaccine ဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးတို့ကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ ကမ္ဘာ့နိုင်ငံတွေမှာ လက်ရှိ လက်တွေ့ အသုံးပြုနေတဲ့ဆေးတွေ ဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ ဆက်လက် တင်သွင်းပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်သွား ပါမယ်။ ဒါ့အပြင် နိုင်ငံအဝှမ်း အမြန်ဆုံးလွှမ်းခြုံနိုင်စေဖို့ စေတနာရှင် မိဘပြည်သူများလည်း ဒီလုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပါဝင်နိုင်စေဖို့အတွက် ပုဂ္ဂလိကကာကွယ်ဆေး တင်သွင်းထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကိုလည်း စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ ကျွန်တော်တို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒါမှ ကာကွယ်ဆေးထိုးနှံရေးအတွက် မိမိတို့ အလှည့်မရောက်သေးဘဲ အချိန်ဆောလျင်စွာထိုးနှံနိုင်မှာဖြစ်ပြီး အချိန်တို အတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုဟာ လွှမ်းခြုံမှုမြင့်မားလာမှာဖြစ်တဲ့အတွက် COVID ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုအကျိုးဖြစ်ထွန်းလာမှာပဲဖြစ်တယ်။

တိုင်းရင်းသားပြည်သူများအနေနဲ့ အထူးသတိပြုရမှာကတော့ ဒီကာလဟာ ကမ္ဘာမှာ COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေဆဲ ကာလ ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးရသေးခင်အထိ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ ယခု ကာလမှာ လူစုလူဝေးနဲ့သွားလာနေတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ COVID-19 ကူးစက်၊ ပြန့်ပွား၊ ဖြစ်ပွားမှုနှုန်း မြင့်မားလာစေမှာ ဖြစ်လို့ ရှောင်ကြဉ်ကြဖို့ ကျွန်တော် အထူးတိုက်တွန်းလိုပါတယ်။ COVID-19 ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်၊ တားဆီး၊ ထိန်းချုပ် နိုင်ရေးအတွက် ရောဂါစစ်ဆေးခြင်းလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်နိုင် အောင်လည်း စီမံဆောင်ရွက်လျက်ရှိနေပါတယ်။ COVID ကြောင့် တုံ့နှေး နေတဲ့လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ဖို့ အဲဒီအစီအမံတွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါတွေကို ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင် ရွက်ခြင်း၊ စည်းကမ်းရှိရှိလိုက်နာခြင်း၊ ပါဝင်ကူညီခြင်း တို့ဖြင့် ဆောင် ရွက်သွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျန်းမာရေးဝန်ထမ်းများ အနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာဆေးရုံများမှာ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံ့ဝန်ထမ်းများနဲ့ ပတ်သက်ပြီး “ နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက် ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှုသက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဌာန်းရမည် ” လို့ ပြဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေများပြဌာန်းထားပြီးဖြစ်ပါတယ်။ လိုအပ်ချက်တွေ ရှိကောင်းရှိနေ နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်စိစစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အကျိုးအတွက် လိုအပ်တာတွေ ထပ်မံဖြည့်ဆည်းဆောင်ရွက် ပေးသွား ပါမယ်။ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက် ရိုက်သယ်ပိုးခွင့် ရရှိသူများလည်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့၊ တရားစီရင်ရေးကဏ္ဍများ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပြည်သူ့ကောင်းကျိုး ကို လုပ်ဆောင် နေကြရတဲ့ ဂုဏ်ယူစရာကောင်းသူများ ဖြစ်ကြပါတယ်။ ဒီဂုဏ်သိက္ခာကို ကျွန်တော်တို့ စောင့်ထိန်းကြရမှာဖြစ်ပါတယ်။

ဒီနေ့အချိန်ကာလမှာ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့လုပ်ငန်းခွင်တာဝန်များမှာ ပျက် ကွက်နေကြပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာထား၊ တန်ဖိုးထားပြီး လုပ်ငန်းခွင်မှာ အခက်အခဲများကြားက တာဝန်ထမ်း ဆောင် နေကြတဲ့သူတွေကိုလည်း မသမာသူတွေက နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေတာ တွေ့ရပါတယ်။ ကျွန်တော် မနေ့က ကြေညာချက်ထုတ်ပြန် တားဆီးတာတွေ၊ တိုက်တွန်း တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထိထိရောက်ရောက်ဖြစ်စေဖို့ ဆက်လက် ဆောင် ရွက်သွားပါမယ်။ ပြည်သူလူထုအပေါ်မှာ စေတနာထားတာဝန် ကျေပွန်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ မိမိတို့တာဝန်ကို စိတ်အေး ချမ်းသာစွာ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်တာတွေလည်း ဆောင်ရွက်ပေးပါမယ်။ နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာ ထား ပြီး သစ္စာရှိရှိ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ လုပ်ငန်းခွင်နဲ့ ကင်းကွာ နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း မိမိတို့ရဲ့ စိတ်ခံစားချက်များ ကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးစားပေးပြီး မိမိတို့ ရဲ့လုပ်ငန်းခွင်များကို အမြန်ဆုံးဝင်ရောက်သွားကြဖို့ မေတ္တာရပ်ခံလို ပါတယ်။

နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကိစ္စပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များမှာ ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့်ကြီးကြပ်စေခြင်း၊ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်းလို့ အတိအလင်းပြဋ္ဌာန်းပါတယ်။ မဲစာရင်းများပြုစုခြင်းနဲ့ ပြင်ဆင်ခြင်းဟာ UEC ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ မဲစာရင်းများကို ဖြစ်သလိုပြုလုပ်ထားတာတွေ့ရပါတယ်။ အချို့နေရာတွေမှာ တပ်မတော်က စစ်ဆေးဖော်ထုတ်ထားတဲ့ မဲစာရင်းတွေထက်ကို စာရင်းများ ပိုမိုနေ ကြောင်းတွေ့ရပါတယ်။ ကျွန်တော်ယခင်ကပြောခဲ့သလို ကျွန်တော်တို့ နိုင်ငံ မှာ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးပြီးနောက် အထွေထွေ ရွေးကောက်ပွဲကြီး (၃)ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ (၂)ကြိမ် ကျင်းပခဲ့ ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အဖွဲ့၊ ဦးတင်အေး ဦးဆောင်တဲ့ UEC အဖွဲ့နဲ့ ဦးလှသိန်း ဦးဆောင်တဲ့ UEC အဖွဲ့ဆိုပြီး အဖွဲ့ ၃ ဖွဲ့ရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တိုင်းသည် လွတ်လပ်တဲ့ကော်မရှင်တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ကော်မရှင်တွေဖြစ်ကြောင်းလည်း ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ကော်မရှင်တွေက သက်သေပြပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ အငြင်းပွားမှု၊ စောဒကမှု၊ ရွေးကောက်ပွဲကာလ အတွင်းနဲ့ ရွေးကောက်ပွဲအပြီး အငြင်းပွားမှု၊ စောဒကမှုတွေကို နှစ်ဦး၊ နှစ်ဖက်လက်ခံသည်အထိ ဖြေရှင်းပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်တိုင်းသည် လွတ်လပ်တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ကို အဓိက ဦးတည်ဆောင်ရွက်ရတာ ဖြစ်ပါ တယ်။ သူတို့ဒီလိုဆောင်ရွက်ပေးမှ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ သန့်ရှင်း သောအစိုးရဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ဒီတာဝန်ဝတ္တရားတွေကို ချို့ယွင်းခဲ့ရင် ကျွန်တော်တို့ ရည်မှန်းခဲ့တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်း ဖို့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ သူတို့ရဲ့ပြုမူ ဆောင်ရွက်ချက် တာဝန်ထမ်းဆောင်မှုများကို တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)အရ ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတကခန့်အပ်ရခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (သို့မဟုတ်) အဖွဲ့ဝင်များကို နိုင်ငံတော် သမ္မတကစွပ်စွဲပြစ်တင်နိုင်ခြင်း စတဲ့ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သမ္မတကြားမှာ အပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်ထိန်းကျောင်း မှုပြုနေတဲ့ သဘောသက်ရောက်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ လိုက်နာ ဆောင်ရွက်ရတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ အနည်းဆုံး တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပင် လိုက်နာပါမည်လို့ ကျမ်းသစ္စာဆိုချက်ပုံစံပါ “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည် ”ဆိုတဲ့ ကျမ်းသစ္စာပြုချက်ကို အလေးထား လိုက်နာရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ယနေ့အရေးပေါ်ကာလ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရချိန်အတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်။ ပြည်ထောင်စုရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ဖြစ်ရေးဆောင်ရွက်ပါမယ်။ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ပီပြင်စွာဖြစ်လာစေရေး၊ ပြည်ထောင် စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပိုမိုခိုင်မာစေရေး ဆက် လက် ဆောင်ရွက်ပါမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို မမှိတ်မသုန်လျှောက်လှမ်းရင်း ပြည်ထောင် စုမြန်မာနိုင်ငံရဲ့ ရည်မှန်းချက်များ ပြည့်စုံအောင် ဖြည့်ဆည်းသွားပါမယ် လို့ ပြောကြား လိုပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းစွာဖြင့် ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက်ကြပါစို့ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

(Zawgyi Version)

 

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံေတာ္၏အေျခအေနအရပ္ရပ္အား ျပည္သူလူထုသို႔ေျပာၾကားသည့္ မိန႔္ခြန္း

ျပည္ေထာင္စုဖြား တိုင္းရင္းသား မိဘျပည္သူမ်ားခင္ဗ်ာ

ယခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာ က်ေရာက္မယ့္ (၇၄)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခါသမယမွာ ကြၽန္ေတာ္တို႔ ျပည္ေထာင္စုျမန္မာႏိုင္ငံတစ္ဝွမ္းလုံး ေအးခ်မ္းသာယာပါေစေၾကာင္းနဲ႔ ျပည္ေထာင္စုဖြား တိုင္းရင္းသားအားလုံးလည္း စည္းလုံးညီၫြတ္စြာျဖင့္ အမိႏိုင္ငံေတာ္အက်ိဳးကို ဆက္လက္ေဆာင္႐ြက္ႏိုင္ပါေစေၾကာင္း ဦးစြာ ဆႏၵေမတၱာ ပို႔သအပ္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ အေရးေပၚ ကာလ ႏိုင္ငံေတာ္ရဲ႕တာဝန္ေတြ ထမ္းေဆာင္ေနစဥ္ကာလအတြင္းမွာ ႏိုင္ငံေတာ္ရဲ႕တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးနဲ႔ တိုင္းရင္းသား ျပည္သူအားလုံးရဲ႕ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ အားသြန္ ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ တိုင္းရင္းသားျပည္သူအားလုံးရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ ခြန္အားမ်ား မရွိမျဖစ္ အထူးလိုအပ္ပါတယ္။ တိုင္းျပည္ရဲ႕အားဟာ ျပည္တြင္းမွာပဲ ရွိပါတယ္။

“ စုေပါင္းညီညာ၊ ေအာင္ေၾကာင္းျဖာ ” ဆိုသလို ကြၽန္ေတာ္တို႔ အားလုံး စုစည္းညီၫြတ္မွ ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံေတာ္၊ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ျပည္ေထာင္စုနဲ႔ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီစနစ္တို႔ကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္၊ ဒီလို စုစည္းညီၫြတ္စြာ ႏိုင္ငံေတာ္နဲ႔ ျပည္သူ႔အက်ိဳး သယ္ပိုးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ တိုင္းရင္းသားျပည္သူအားလုံး က်န္းမာ ႀကံ့ခိုင္ဖို႔လိုအပ္ပါတယ္။ က်န္းမာမွ အလုပ္လုပ္ႏိုင္မွာ၊ က်န္းမာမွ ပညာသင္ၾကား ႏိုင္မွာျဖစ္ပါတယ္။ ဒါမွသာ ကြၽန္ေတာ္တို႔ရည္မွန္းခ်က္ေတြ ျပည့္ဝမွာ ျဖစ္ပါတယ္။

တိုင္းရင္းသားျပည္သူအားလုံးရဲ႕က်န္းမာႀကံ့ခိုင္ေရးနဲ႔ပတ္သက္ၿပီး က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕ တို႔မွ အားသြန္ခြန္စိုက္ေဆာင္႐ြက္ေပးလ်က္ေနရွိပါတယ္။ ကမာၻအႏွံ႔ ျဖစ္ပြားေနတဲ့ COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ ႏိုင္ငံ့စြမ္းအားေတြ၊ ျပည္သူလူထုရဲ႕ က်န္းမာႀကံ့ခိုင္ေရးအေျခအေနေတြ မယုတ္ေလ်ာ့ေစဖို႔ ကြၽန္ေတာ္တို႔ အထူးဂ႐ုစိုက္ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းအားလုံးနီးပါးနဲ႔ ေစတနာ့ ဝန္ထမ္းမ်ား၊ ဝန္ႀကီးဌာနအသီးသီးမွ ၫႊန္ၾကားေရးမႉးႏွင့္အထက္ ႏိုင္ငံ့ ဝန္ထမ္းအခ်ိဳ႕ကို ပထမအႀကိမ္ ကာကြယ္ေဆးထိုးႏွံေပးခဲ့ၿပီး ျဖစ္ပါ တယ္။ မိမိအိမ္တြင္ ေနထိုင္ေရးအစီအစဥ္(Stay at Home)နဲ႔ အက်ဳံးဝင္ တဲ့ၿမိဳ႕နယ္မ်ားမွာ ေနထိုင္တဲ့ အသက္(၆၅)ႏွစ္အထက္ရွိ မိဘျပည္သူမ်ား ကို စတင္ထိုးႏွံ ေပးလ်က္ရွိၿပီး ဆက္လက္ထိုးႏွံေပးသြားမွာ ျဖစ္ပါတယ္။ ဒီေန႔မွာဆိုရင္ အိႏၵိယႏိုင္ငံက COVID-19 ကာကြယ္ေဆး COVISHIELD injection ေဆး (၂ သန္း) ဒုတိယအသုတ္ ေရာက္ရွိလာမွာျဖစ္ပါတယ္။ ကာကြယ္ေဆး ထိုးႏွံႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ ရဟန္းသံဃာေတာ္မ်ားပါမက်န္ ျမန္မာႏိုင္ငံသားအားလုံး COVID-19 ကာကြယ္ေဆးကို အျမန္ဆုံးထိုးႏွံႏိုင္ၿပီး က်န္းမာႀကံ့ခိုင္ၾက ေစဖို႔ ကြၽန္ေတာ္တို႔ အေနနဲ႔အစီအစဥ္သစ္မ်ား ခ်မွတ္ေဆာင္႐ြက္လ်က္ ရွိပါတယ္။ အဲ့ဒီအစီအစဥ္သစ္မွာ (တစ္) FDA က အသိအမွတ္ျပဳၿပီး အာမခံခ်က္ႏွင့္ ထိေရာက္မႈရွိတဲ့ ကာကြယ္ေဆးအမ်ိဳးအစားသစ္မ်ား ခြင့္ျပဳျခင္းနဲ႔ (ႏွစ္) ပုဂၢလိကထိုးႏွံလိုသူမ်ား၊ တင္သြင္းလိုသူမ်ားကို ခြင့္ျပဳျခင္းတို႔ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ႐ုရွားႏိုင္ငံထုတ္ Sputnik V vaccine ေဆး၊ တ႐ုတ္ ႏိုင္ငံထုတ္ SARS COVI Vaccine ေဆးနဲ႔ အိႏၵိယႏိုင္ငံထုတ္ COVAXIN Vaccine ေဆးတို႔ကို ခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။ အဲဒီေဆးေတြဟာ ကမာၻ႔ႏိုင္ငံေတြမွာ လက္ရွိ လက္ေတြ႕ အသုံးျပဳေနတဲ့ေဆးေတြ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္အစီအစဥ္နဲ႔ ဆက္လက္ တင္သြင္းၿပီး ျပည္သူလူထုကို က်န္းမာေရးေစာင့္ေရွာက္မႈ ျပဳလုပ္သြား ပါမယ္။ ဒါ့အျပင္ ႏိုင္ငံအဝွမ္း အျမန္ဆုံးလႊမ္းၿခဳံႏိုင္ေစဖို႔ ေစတနာရွင္ မိဘျပည္သူမ်ားလည္း ဒီလုပ္ငန္းစဥ္မွာ ထိထိေရာက္ေရာက္ ထဲထဲဝင္ဝင္ ပါဝင္ႏိုင္ေစဖို႔အတြက္ ပုဂၢလိကကာကြယ္ေဆး တင္သြင္းထိုးႏွံလိုသူမ်ား၊ တင္သြင္းလိုသူမ်ားကိုလည္း စည္းမ်ဥ္း၊ စည္းကမ္းမ်ားနဲ႔အညီ ကြၽန္ေတာ္တို႔ ခြင့္ျပဳသြားမွာျဖစ္ပါတယ္။ ဒါမွ ကာကြယ္ေဆးထိုးႏွံေရးအတြက္ မိမိတို႔ အလွည့္မေရာက္ေသးဘဲ အခ်ိန္ေဆာလ်င္စြာထိုးႏွံႏိုင္မွာျဖစ္ၿပီး အခ်ိန္တို အတြင္းမွာ ကာကြယ္ေဆးထိုးႏွံမႈဟာ လႊမ္းၿခဳံမႈျမင့္မားလာမွာျဖစ္တဲ့အတြက္ COVID ကာကြယ္ေရးလုပ္ငန္းေတြ ပိုမိုအက်ိဳးျဖစ္ထြန္းလာမွာပဲျဖစ္တယ္။

တိုင္းရင္းသားျပည္သူမ်ားအေနနဲ႔ အထူးသတိျပဳရမွာကေတာ့ ဒီကာလဟာ ကမာၻမွာ COVID-19 ေရာဂါပ်ံ႕ႏွံ႔ျဖစ္ပြားေနဆဲ ကာလ ျဖစ္ပါတယ္။ ကာကြယ္ေဆးမထိုးရေသးခင္အထိ COVID-19 စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ ေနထိုင္ၾကဖို႔ အလြန္အေရးႀကီးပါတယ္။ ယခု ကာလမွာ လူစုလူေဝးနဲ႔သြားလာေနတာေတြကိုလည္း ေတြ႕ရပါတယ္။ ဒါေတြဟာ COVID-19 ကူးစက္၊ ျပန႔္ပြား၊ ျဖစ္ပြားမႈႏႈန္း ျမင့္မားလာေစမွာ ျဖစ္လို႔ ေရွာင္ၾကဥ္ၾကဖို႔ ကြၽန္ေတာ္ အထူးတိုက္တြန္းလိုပါတယ္။ COVID-19 ကပ္ေရာဂါကို ထိေရာက္စြာ ကာကြယ္၊ တားဆီး၊ ထိန္းခ်ဳပ္ ႏိုင္ေရးအတြက္ ေရာဂါစစ္ေဆးျခင္းလုပ္ငန္းေတြကိုလည္း ကြၽန္ေတာ္တို႔ အရွိန္အဟုန္တိုးျမႇင့္ ေဆာင္႐ြက္သြားဖို႔လိုပါတယ္။ ဒီလိုေဆာင္႐ြက္ႏိုင္ ေအာင္လည္း စီမံေဆာင္႐ြက္လ်က္ရွိေနပါတယ္။ COVID ေၾကာင့္ တုံ႔ေႏွး ေနတဲ့လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ဖို႔ အဲဒီအစီအမံေတြ မျဖစ္မေန လိုအပ္ပါတယ္။ ဒါေတြကို ျပည္သူလူထုတစ္ရပ္လုံးက ပူးေပါင္းေဆာင္ ႐ြက္ျခင္း၊ စည္းကမ္းရွိရွိလိုက္နာျခင္း၊ ပါဝင္ကူညီျခင္း တို႔ျဖင့္ ေဆာင္ ႐ြက္သြားၾကပါလို႔ ေမတၱာရပ္ခံလိုပါတယ္။ က်န္းမာေရးဝန္ထမ္းမ်ား အေနနဲ႔ ျပည္သူလူထုရဲ႕ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ားကို သက္ဆိုင္ရာေဆး႐ုံမ်ားမွာ အျမန္ဆုံးေဆာင္႐ြက္ေပးဖို႔ တိုက္တြန္း လိုပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)အရ ႏိုင္ငံ့ဝန္ထမ္းမ်ားနဲ႔ ပတ္သက္ၿပီး “ ႏိုင္ငံေတာ္သည္ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လုပ္ငန္းခြင္အာမခံခ်က္ ရရွိေရး၊ စားဝတ္ေနမႈဖူလုံေရး၊ အိမ္ေထာင္ရွင္ အမ်ိဳးသမီးဝန္ထမ္းမ်ား မီးဖြားျခင္းဆိုင္ရာ အက်ိဳးခံစားခြင့္ရွိေရးႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ား စားဝတ္ေနမႈသက္သာေခ်ာင္ခ်ိေရးတို႔အတြက္ လိုအပ္သည့္ဥပေဒမ်ား ျပဌာန္းရမည္ ” လို႔ ျပဌာန္းထားပါတယ္။ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ဥပေဒမ်ားျပဌာန္းထားၿပီးျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြ ရွိေကာင္းရွိေန ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ျပန္လည္စိစစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ား အက်ိဳးအတြက္ လိုအပ္တာေတြ ထပ္မံျဖည့္ဆည္းေဆာင္႐ြက္ ေပးသြား ပါမယ္။ ႏိုင္ငံ့ဝန္ထမ္းမ်ားဟာ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို တိုက္ ႐ိုက္သယ္ပိုးခြင့္ ရရွိသူမ်ားလည္းျဖစ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔၊ တရားစီရင္ေရးက႑မ်ား ေကာင္းမြန္စြာလည္ပတ္ႏိုင္ဖို႔ အတြက္ အဆင့္ဆင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြနဲ႔ ျပည္သူ႔ေကာင္းက်ိဳး ကို လုပ္ေဆာင္ ေနၾကရတဲ့ ဂုဏ္ယူစရာေကာင္းသူမ်ား ျဖစ္ၾကပါတယ္။ ဒီဂုဏ္သိကၡာကို ကြၽန္ေတာ္တို႔ ေစာင့္ထိန္းၾကရမွာျဖစ္ပါတယ္။

ဒီေန႔အခ်ိန္ကာလမွာ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕ဟာ မသမာသူအခ်ိဳ႕ရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈေတြေၾကာင့္ မိမိတို႔ရဲ႕လုပ္ငန္းခြင္တာဝန္မ်ားမွာ ပ်က္ ကြက္ေနၾကပါတယ္။ ႏိုင္ငံေတာ္နဲ႔ ျပည္သူလူထုအေပၚမွာ ေစတနာထား၊ တန္ဖိုးထားၿပီး လုပ္ငန္းခြင္မွာ အခက္အခဲမ်ားၾကားက တာဝန္ထမ္း ေဆာင္ ေနၾကတဲ့သူေတြကိုလည္း မသမာသူေတြက နည္းအမ်ိဳးမ်ိဳး အသုံးျပဳၿပီး ေႏွာင့္ယွက္တားဆီးေနတာ ေတြ႕ရပါတယ္။ ကြၽန္ေတာ္ မေန႔က ေၾကညာခ်က္ထုတ္ျပန္ တားဆီးတာေတြ၊ တိုက္တြန္း တာေတြ ေဆာင္႐ြက္ခဲ့ပါတယ္။ ထိထိေရာက္ေရာက္ျဖစ္ေစဖို႔ ဆက္လက္ ေဆာင္ ႐ြက္သြားပါမယ္။ ျပည္သူလူထုအေပၚမွာ ေစတနာထားတာဝန္ ေက်ပြန္ေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ား အေနနဲ႔ မိမိတို႔တာဝန္ကို စိတ္ေအး ခ်မ္းသာစြာ ဆက္လက္ေဆာင္႐ြက္ႏိုင္ေရး လိုအပ္တာေတြလည္း ေဆာင္႐ြက္ေပးပါမယ္။ ႏိုင္ငံေတာ္နဲ႔ျပည္သူလူထုအေပၚမွာ ေစတနာ ထား ၿပီး သစၥာရွိရွိ ႏိုင္ငံ့တာဝန္မ်ား ထမ္းေဆာင္ေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ား အားလုံးကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္။ လုပ္ငန္းခြင္နဲ႔ ကင္းကြာ ေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနနဲ႔လည္း မိမိတို႔ရဲ႕ စိတ္ခံစားခ်က္မ်ား ကို ဦးစားမေပးဘဲ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို ဦးစားေပးၿပီး မိမိတို႔ ရဲ႕လုပ္ငန္းခြင္မ်ားကို အျမန္ဆုံးဝင္ေရာက္သြားၾကဖို႔ ေမတၱာရပ္ခံလို ပါတယ္။

ေနာက္တစ္ခုကေတာ့ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲကိစၥပဲ ျဖစ္ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၃၉၉ အရ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ တာဝန္မ်ားမွာ ေ႐ြးေကာက္ပြဲက်င္းပျခင္း၊ ေ႐ြးေကာက္ပြဲမ်ားကိုႀကီးၾကပ္ျခင္း၊ ေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္ကို ဖြဲ႕စည္းျခင္းႏွင့္ႀကီးၾကပ္ေစျခင္း၊ မဲစာရင္းမ်ားျပဳစုျခင္းႏွင့္ ျပင္ဆင္ျခင္းလို႔ အတိအလင္းျပ႒ာန္းပါတယ္။ မဲစာရင္းမ်ားျပဳစုျခင္းနဲ႔ ျပင္ဆင္ျခင္းဟာ UEC ရဲ႕ တာဝန္ပဲျဖစ္ပါတယ္။ စစ္ေဆးၾကည့္တဲ့အခါ မဲစာရင္းမ်ားကို ျဖစ္သလိုျပဳလုပ္ထားတာေတြ႕ရပါတယ္။ အခ်ိဳ႕ေနရာေတြမွာ တပ္မေတာ္က စစ္ေဆးေဖာ္ထုတ္ထားတဲ့ မဲစာရင္းေတြထက္ကို စာရင္းမ်ား ပိုမိုေန ေၾကာင္းေတြ႕ရပါတယ္။ ကြၽန္ေတာ္ယခင္ကေျပာခဲ့သလို ကြၽန္ေတာ္တို႔ ႏိုင္ငံ မွာ ပါတီစုံဒီမိုကေရစီစနစ္ကို စတင္က်င့္သုံးၿပီးေနာက္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီး (၃)ႀကိမ္၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲ (၂)ႀကိမ္ က်င္းပခဲ့ ပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔လည္း ဦးသိန္းစိုး ဦးေဆာင္တဲ့ UEC အဖြဲ႕၊ ဦးတင္ေအး ဦးေဆာင္တဲ့ UEC အဖြဲ႕နဲ႔ ဦးလွသိန္း ဦးေဆာင္တဲ့ UEC အဖြဲ႕ဆိုၿပီး အဖြဲ႕ ၃ ဖြဲ႕ရွိခဲ့ပါတယ္။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္တိုင္းသည္ လြတ္လပ္တဲ့ေကာ္မရွင္ေတြ ျဖစ္ရမွာ ျဖစ္ပါတယ္။ လြတ္လပ္တဲ့ေကာ္မရွင္ေတြျဖစ္ေၾကာင္းလည္း ၂၀၁၀ ျပည့္ႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့တဲ့ေကာ္မရွင္ေတြက သက္ေသျပၿပီးျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမတိုင္မီ အျငင္းပြားမႈ၊ ေစာဒကမႈ၊ ေ႐ြးေကာက္ပြဲကာလ အတြင္းနဲ႔ ေ႐ြးေကာက္ပြဲအၿပီး အျငင္းပြားမႈ၊ ေစာဒကမႈေတြကို ႏွစ္ဦး၊ ႏွစ္ဖက္လက္ခံသည္အထိ ေျဖရွင္းေပးခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္တိုင္းသည္ လြတ္လပ္တရားမွ်တ တဲ့ ေ႐ြးေကာက္ပြဲျဖစ္ေစဖို႔ကို အဓိက ဦးတည္ေဆာင္႐ြက္ရတာ ျဖစ္ပါ တယ္။ သူတို႔ဒီလိုေဆာင္႐ြက္ေပးမွ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္မႈ၊ သန႔္ရွင္း ေသာအစိုးရဆိုတာ ျဖစ္လာမွာျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ ကိုယ္တိုင္က ဒီတာဝန္ဝတၱရားေတြကို ခ်ိဳ႕ယြင္းခဲ့ရင္ ကြၽန္ေတာ္တို႔ ရည္မွန္းခဲ့တဲ့ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ပါတီစုံဒီမိုကေရစီစနစ္ ျဖစ္ထြန္း ဖို႔ အလွမ္းေဝးေစမွာ ျဖစ္ပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ သူတို႔ရဲ႕ျပဳမူ ေဆာင္႐ြက္ခ်က္ တာဝန္ထမ္းေဆာင္မႈမ်ားကို တာဝန္ယူရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၉၈၊ ပုဒ္မခြဲ(က)အရ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို သမၼတကခန႔္အပ္ရျခင္း၊ ပုဒ္မ ၄၀၀ အရ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ (သို႔မဟုတ္) အဖြဲ႕ဝင္မ်ားကို ႏိုင္ငံေတာ္ သမၼတကစြပ္စြဲျပစ္တင္ႏိုင္ျခင္း စတဲ့ျပ႒ာန္းခ်က္မ်ားအရ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ သမၼတၾကားမွာ အျပန္အလွန္ဆက္သြယ္မႈ၊ အျပန္အလွန္ထိန္းေက်ာင္း မႈျပဳေနတဲ့ သေဘာသက္ေရာက္ပါတယ္။ ဒါေတြဟာ ကြၽန္ေတာ္တို႔ လိုက္နာ ေဆာင္႐ြက္ရတဲ့ အေျခခံဥပေဒျပ႒ာန္းခ်က္ေတြ ျဖစ္ပါတယ္။ အနည္းဆုံး တိုင္းေဒသႀကီး(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားပင္ လိုက္နာပါမည္လို႔ က်မ္းသစၥာဆိုခ်က္ပုံစံပါ “ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ၿပီး ႏိုင္ငံေတာ္၏ဥပေဒမ်ားကိုလည္း လိုက္နာပါမည္ ”ဆိုတဲ့ က်မ္းသစၥာျပဳခ်က္ကို အေလးထား လိုက္နာရမွာ ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အေနနဲ႔ ယေန႔အေရးေပၚကာလ ႏိုင္ငံေတာ္တာဝန္ကို ထမ္းေဆာင္ေနရခ်ိန္အတြင္းမွာ ႏိုင္ငံေတာ္နဲ႔ ျပည္သူလူထုရဲ႕ လူမႈစီးပြားဘဝတည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ အစြမ္းရွိသမွ် ေဆာင္႐ြက္သြားပါမယ္။ ျပည္ေထာင္စုရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္တဲ့ ႏိုင္ငံေတာ္ျဖစ္ေရးေဆာင္႐ြက္ပါမယ္။ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုစနစ္ပီျပင္စြာျဖစ္လာေစေရး၊ ျပည္ေထာင္ စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈပိုမိုခိုင္မာေစေရး ဆက္ လက္ ေဆာင္႐ြက္ပါမယ္။ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္းကို မမွိတ္မသုန္ေလွ်ာက္လွမ္းရင္း ျပည္ေထာင္ စုျမန္မာႏိုင္ငံရဲ႕ ရည္မွန္းခ်က္မ်ား ျပည့္စုံေအာင္ ျဖည့္ဆည္းသြားပါမယ္ လို႔ ေျပာၾကား လိုပါတယ္။ ျပည္ေထာင္စုဖြား တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား အားလုံး က်န္းမာ႐ႊင္လန္းစြာျဖင့္ ျပည္ေထာင္စုအက်ိဳးကို လက္တြဲေဆာင္႐ြက္ၾကပါစို႔ခင္ဗ်ာ။ အားလုံးကိုေက်းဇူးတင္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။