နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ စိန်ရတုအထိမ်းအမှတ်ပြတိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြတိုက် ကမ္ပည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များက ပြတိုက်ကမ္ပည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ပြတိုက်အတွင်းရှိ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရေဒီယို များနှင့် အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများပြခန်း၊ ခေတ်အဆက်ဆက် အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများနှင့် Programme အစီအစဉ်များပြခန်း၊ သတင်းနှင့်ပြန်ကြားရေးပြခန်း၊ ခေတ်အဆက်ဆက် ရုပ်မြင်သံကြားထုတ်လွှင့်ရေးဆိုင်ရာ TV အမျိုးအစားများပြခန်း၊ Green Screen Virtual ပြခန်း၊ ပြုပြင်တိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းများနှင့် လွှင့်စက်/ ဖမ်းစက်များပြခန်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော Camera များနှင့် ဆက်စပ် ပစ္စည်းများပြခန်း၊ စကားဝိုင်း/ ဆွေးနွေးခန်း ဆက်တင်ပြခန်း၊ သတင်းဖတ်ကြားသည့် ဆက်တင်ပြခန်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော MIC များနှင့် တယ်လီဖုန်းပြခန်း၊ ခေတ်အဆက်ဆက် ရိုက်ကူးရေးတွင် အသုံးပြုခဲ့သော တူရိယာပစ္စည်းများပြခန်းနှင့် BBS ခေတ် အသုံးပြုခဲ့သော ထိုင်ခုံများနှင့် Board ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဆိုင်ရာ စက်ပစ္စည်းများနှင့် အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများသည် ပြန်မရ နိုင်သည့် ရှေးဟောင်းစက်ပစ္စည်းများဖြစ်သဖြင့် ယိုယွင်းပျက်စီးမှုမရှိစေရေးအတွက် စနစ် တကျ ထိန်းသိမ်းကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “စိန်ရတုအလှမှန် ထာဝရမြန်မာ့အသံ” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုခရီး သမိုင်းမှတ်တိုင် Documentary အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ယနေ့တွင် ကျရောက်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ပါစေကြောင်း၊ ဝန်ထမ်းတိုင်းအနေဖြင့် ရတုအခမ်းအနားများကို ဝန်ထမ်းသက်တမ်း တစ်လျှောက်တွင် နှစ်ကြိမ်ခန့် ကြုံတွေ့ရနိုင်ပြီး ရတုနေ့ရက်များသည် ဘဝတွင်မမေ့နိုင် သည့် အဖိုးတန်နေ့ရက်များပင်ဖြစ်ကြောင်း ဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် မြန်မာ့ မီဒီယာလုပ်ငန်းသည် ၁၈၇၄ ခုနှစ်၊ မတ်လ ၉ ရက် (မင်းတုန်းမင်း လက်ထက်) ရတနာပုံ သတင်းစာမှစခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းများသည် ၁၉၃၇ ခုနှစ်က စတင်ခဲ့သော်လည်း လွတ်လပ်သော အမျိုးသားအသံလွှင့်လုပ်ငန်း မဟုတ်ခဲ့ ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မတ်လဆန်း၌ ရန်ကုန်မြို့တွင် မြန်မာ့တော်လှန်ရေးတပ်မတော် အသံလွှင့်ဌာနကို ထူထောင်ခဲ့ပြီး လွတ်လပ်သော အမျိုးသားအသံလွှင့်ဌာန တစ်ခုအဖြစ် အစပျိုးခဲ့ကြောင်း။

၁၉၄၅ ခုနှစ်၊ မေလဆန်းတွင် ရန်ကုန်မြို့ ရွှေတောင်ကြား၌ ရန်ကုန်ရေဒီယို (Rangoon Radio)အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယိုမှ “ဗမာ့အသံ” (Burma Broadcasting Service – BBS)အဖြစ် အမည်ပြောင်း ခဲ့ကြောင်း၊ ၎င်းနေ့ကိုပင် ဗမာ့အသံ နေ့ဟု ခေတ်အဆက်ဆက်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၌ “ဗမာ့အသံ”အမည်မှ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြုသော “မြန်မာ့အသံ” အမည်သို့ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ခုနှစ်၊ ဇွန် ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းများကို စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” (Myanmar Radio and Television – MRTV)ဟု အမည်ပြောင်းလဲခဲ့ကြောင်း။

မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် နေ့၌ Myanmar Radio အမည်ဖြင့် အင်္ဂလိပ်ဘာသာသီးသန့် FM Channel အသစ်တစ်ခုနှင့် MRTV ရုပ်သံလိုင်း အစီအစဉ်၌လည်း အင်္ဂလိပ်ဘာသာဖြင့် သတင်းထုတ်လွှင့်မှုကို စတင်သွား မည်ဟု သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာများကို ထုတ်လွှင့်ရာတွင် အသံထွက် ပီသမှုရှိစေရေး ဂရုပြုရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာ အစီအစဉ်များ ထုတ်လွှင့်ရာတွင် ပြည်သူကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ပေးရန်တို့အပြင် အတတ်ပညာတစ်ခု ရရှိစေနိုင်သည်အထိ ကြိုးပမ်းတင်ဆက်သွား ကြရန် တိုက်တွန်းလိုကြောင်း။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် သမိုင်းအစဉ်အလာ ကြီးမားသောဌာနကြီး ဖြစ်သည်နှင့်အညီ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရနှင့် တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကာလတို့၌ ခေတ်အဆက်ဆက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသည် အစဉ်အလာ အလွန်ကြီးမားခဲ့ပြီး ရှေးယခင် ကတည်းကပင် ရေဒီယို အစီအစဉ်များတွင် စိတ်ဝင်စားစရာ၊ ပညာရစရာကောင်းသည့် အစီအစဉ်များရှိခဲ့ ကြောင်း၊ ဇာတ်လမ်းပမာနားဆင်စရာ အစီအစဉ်များကို နားထောင်ခဲ့ရပြီး စာရေးဆရာကြီး သော်တာဆွေ၏ “လူ့မနော”ဆိုသည့် ဇာတ်လမ်းတင်ဆက်မှုကို ယနေ့တိုင် အမှတ်ရနေမိ ကြောင်း၊ လူတို့၏ စိတ်အကြောင်းကို တင်ဆက်ထားခြင်း ဖြစ်သဖြင့် အသိအမြင်များစွာရရှိ ခဲ့ကြောင်း။

မြန်မာ့အသံမှ ဘောလုံးပွဲများအား တိုက်ရိုက် အသံထုတ်လွှင့်ခြင်းလုပ်ငန်းကို ၁၉၅၇ ခုနှစ် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲက စတင်ခဲ့ သည်ဟုသိရှိရကြောင်း၊ ထုတ်လွှင့်ခဲ့သူတို့မှာ ဦးကျော်ငြိမ်းနှင့် ဦးခင်မောင်တို့ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှု များကို နားဆင်ပြီး တကယ့်ဘောလုံးပွဲကို ကြည့်ရှုနေရသကဲ့သို့ ခံစားခဲ့ရကြောင်း၊ ထိုစဉ်က အစီအစဉ် တင်ဆက်သူများဖြစ်သည့် ဦးမောင်မောင်ရင်၊ ဦးမောင်မောင်သီ၊ ဦးဇော်ဝင်း တို့၏ တင်ဆက်ပုံများမှာ အမှတ်ရဖွယ် ဖြစ်ကြောင်း။

မိမိတို့ခေတ်ကာလတွင် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည့် ဇာတ်လမ်း ပမာနားဆင် စရာကဏ္ဍ၊ ရေဒီယိုဇာတ်လမ်းနှင့် အသံလွှင့်ဇာတ်လမ်းတို့မှ ပေးသည့်အသိပညာ၊ အတွေ့ အကြုံများမှာ တန်ဖိုးမဖြတ်နိုင်စရာဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကို သာမကလူတို့၏ စိတ်နှလုံးကို တတ်ကြွအောင် (Motivation) လုပ်ပေးနိုင်ခဲ့ကြောင်း၊ မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ် သဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို မထိခိုက်စေရန်လည်း ဂရုပြုရမည်ဖြစ်ကြောင်း၊ သတင်းနှင့် ပတ်သက်လာပါက မြန်ရမည်၊ မှန်ရမည်ဖြစ်ပြီး အကျိုးရှိမည့် သတင်းများကို တင်ဆက် နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုသိရှိရန် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ တင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စာအုပ်စာပေ ဖတ်ရှုမှုနှုန်းအားနည်း လာပြီး အွန်လိုင်းမီဒီယာများတွင်သာ အချိန်ကုန်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းမီဒီယာများကို လွဲမှားစွာအသုံးချပါက အန္တရာယ်ကြီးမားစွာ ဖြစ်စေနိုင်သဖြင့် မိမိတို့အတွက် အကျိုးရှိနိုင်သည့် အသုံးပြုမှုများ ကိုသာ ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိသင့်သိထိုက်သော ဗဟုသုတပညာ များရှိရန်လိုအပ်ကြောင်း၊ ၎င်းပညာဗဟုသုတတို့ကို ပြည်သူတို့ လက်ဝယ်အရောက် ပို့နိုင်သည်မှာ ပြန်ကြားရေးနှင့် မီဒီယာလုပ်ငန်းသာဖြစ်ကြောင်း။

ရှင်မဟာရဋ္ဌသာရဆုံးမခဲ့သည့် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကြား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ ရှိသည်သာတည်း” ဆိုသည့် စကားအတိုင်း နိုင်ငံသူ၊ နိုင်ငံသားတိုင်း အသိပညာ ဗဟုသုတများ နေ့စဉ်ရရှိနေအောင်၊ နေ့စဉ်တွေ့မြင် နေအောင်၊ နေ့စဉ်ထိတွေ့နေစေရေး ဆောင်ရွက်ရင်းဖြင့် နိုင်ငံတည် ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တိုင်းပြည်၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာက သိရှိအောင် ထိထိရောက် ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု နေ့မှသည် နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူက အားကိုးရသော မြန်မာအသံနှင့် ရုပ်မြင်သံကြားဖြစ်ပါစေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာအသံနှင့် ရုပ်မြင်သံကြား သက်သာအရောင်းဆိုင်နှင့် တိုင်းရင်းသားဘာသာအစီအစဉ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာအစားအစာများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုပြီး တက်ရောက်လာကြသူများနှင့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့နှင့်အတူ Myanmar Radio (အင်္ဂလိပ်ပိုင်း အစီအစဉ်)နှင့် မြန်မာ့ရုပ်မြင်သံကြား(MRTV)၏ အင်္ဂလိပ်ပိုင်း သတင်း အစီအစဉ် တို့ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထုတ်လုပ်/ထုတ်လွှင့်မှု ထူးချွန်ဆုရရှိကြသူများ၊ တင်ဆက်မှု ထူးချွန်ဆု ရရှိကြသူများ၊ စက်ပိုင်းဆိုင်ရာ ထူးချွန်ဆုနှင့် ရိုက်ကူးရေး ပိုင်ဆိုင်ရာ ထူးချွန်ဆု ရရှိကြသူများ၊ ဌာနခွဲအလိုက် စံပြဆုရရှိကြသူများ၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိကြသူများနှင့် ထပ်ဆင့်လွှင့်စက်ရုံများ စွမ်းဆောင်ရည်ဆု ရရှိကြသည့် စက်ရုံများမှ တာဝန်ရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အသစ်တစ်ဖန် ခေတ်သဏ္ဍာန် MRTV” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ (၁၅ )ရက်နေ့တွင် “ဗမာ့အသံ” (Burma Broadcasting Service-BBS) အမည်ဖြင့် စတင်တည်ထောင်ခဲ့ ကြောင်း၊ ထို့နောက် အင်္ဂလိပ်ခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်များတွင် နေရာပြောင်းရွှေ့ပြီး အမည်နာမ မျိုးစုံဖြင့်ဖြတ်သန်းခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြားကို စမ်းသပ် ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မူလရေဒီယို အသံလွှင့်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန (Myanmar Television and Radio Department –MTRD) အမည်ဖြင့် ပြင်ဆင်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အမည်ကို ပြောင်းလဲကာ ယနေ့တိုင်ခေါ်ဝေါ်သတ်မှတ်ခဲ့ ကြောင်း။

(MRTV Channel) အပြင် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ထုတ်လွှင့်နေသည့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း( NRC)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel)၊ တောင်သူလယ်သမားရုပ်သံလိုင်း(Farmer’s Channel) နှင့် ပြည်တွင်းပြည်ပ အားကစား ရုပ်သံလိုင်း(MRTV Sport Channel)တို့ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုးချဲ့ ထုတ်လွှင့်ပေးခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”ဘာသာ စသည့် တိုင်းရင်းသား ၁၁ ဘာသာနှင့် ၄ လ တစ်ကြိမ် နာရီစဉ် အလှည့်ကျနှင့် ဘာသာစကားအလိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း။

ယနေ့အချိန်တွင် MRTV ၏ ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် အောင်မြင်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုတင်ဆက်ပေး လျက်ရှိကြောင်း၊ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်ရည်ရွယ်ချက် များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန်ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သည် စိန်ရတု သက်တမ်းတိုင်အောင် ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများ နှင့် နိုင်ငံပိုင် မီဒီယာကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိလျက်ရှိပါသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုႏွစ္ပတ္လည္ေန႔ အခမ္းအနားသို႔တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၅

ျပန္ၾကားေရးဝန္ႀကီးဌာန ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား၏ (၇၅)ႏွစ္ေျမာက္ စိန္ရတု ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္-တပ္ကုန္းရွိ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကား ေျပာၾကားသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္အတူ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးခ်စ္ႏိုင္၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ေဇာ္မ်ိဳးတင္၊ ဒုတိယ ဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးရဲတင့္၊ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိ သူမ်ား၊ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားမွ ဝန္ထမ္းမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ ေတာ္မ်ား တက္ေရာက္ၾကၿပီး ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား ရန္ကုန္႐ုံးမွ ဝန္ထမ္းမ်ား၊ ထပ္ဆင့္လႊင့္စက္႐ုံမ်ားမွ ဝန္ထမ္းမ်ားႏွင့္ ဝန္ထမ္းေဟာင္းမ်ားက Online မွတစ္ဆင့္ တက္ေရာက္ၾကသည္။

အခမ္းအနား မစတင္မီ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျမန္မာ့အသံႏွင့္႐ုပ္ျမင္ သံၾကား၏ စိန္ရတုအထိမ္းအမွတ္ျပတိုက္ကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး ျပတိုက္ ကမၸည္းဆိုင္းဘုတ္ကို အေမႊးနံ႔သာရည္ ပက္ဖ်န္းေပးသည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားႏွင့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက ျပတိုက္ကမၸည္းဆိုင္းဘုတ္ကို အေမႊးနံ႔သာရည္ ပက္ဖ်န္းေပးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕သည္ ျပတိုက္အတြင္းရွိ ေခတ္အဆက္ဆက္ အသုံးျပဳခဲ့ေသာ ေရဒီယို မ်ားႏွင့္ အသံလႊင့္ဆိုင္ရာ စက္ပစၥည္းမ်ားျပခန္း၊ ေခတ္အဆက္ဆက္ အသံလႊင့္ဆိုင္ရာ စက္ပစၥည္းမ်ားႏွင့္ Programme အစီအစဥ္မ်ားျပခန္း၊ သတင္းႏွင့္ျပန္ၾကားေရးျပခန္း၊ ေခတ္အဆက္ဆက္ ႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရးဆိုင္ရာ TV အမ်ိဳးအစားမ်ားျပခန္း၊ Green Screen Virtual ျပခန္း၊ ျပဳျပင္တိုင္းတာေရးဆိုင္ရာ စက္ပစၥည္းမ်ားႏွင့္ လႊင့္စက္/ ဖမ္းစက္မ်ားျပခန္း၊ ေခတ္အဆက္ဆက္ အသုံးျပဳခဲ့ေသာ Camera မ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ားျပခန္း၊ စကားဝိုင္း/ ေဆြးေႏြးခန္း ဆက္တင္ျပခန္း၊ သတင္းဖတ္ၾကားသည့္ ဆက္တင္ျပခန္း၊ ေခတ္အဆက္ဆက္ အသုံးျပဳခဲ့ေသာ MIC မ်ားႏွင့္ တယ္လီဖုန္းျပခန္း၊ ေခတ္အဆက္ဆက္ ႐ိုက္ကူးေရးတြင္ အသုံးျပဳခဲ့ေသာ တူရိယာပစၥည္းမ်ားျပခန္းႏွင့္ BBS ေခတ္ အသုံးျပဳခဲ့ေသာ ထိုင္ခုံမ်ားႏွင့္ Board ျပခန္းတို႔ကို လွည့္လည္ၾကည့္ရႈၾကရာ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲႏိုင္ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းျပသၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေခတ္အဆက္ဆက္ အသုံးျပဳခဲ့ေသာ ႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးဆိုင္ရာ စက္ပစၥည္းမ်ားႏွင့္ အသံလႊင့္ဆိုင္ရာ စက္ပစၥည္းမ်ားသည္ ျပန္မရ ႏိုင္သည့္ ေရွးေဟာင္းစက္ပစၥည္းမ်ားျဖစ္သျဖင့္ ယိုယြင္းပ်က္စီးမႈမရွိေစေရးအတြက္ စနစ္ တက် ထိန္းသိမ္းၾကရန္လိုေၾကာင္း မွာၾကားသည္။

ယင္းေနာက္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုႏွစ္ပတ္လည္ေန႔ အခမ္းအနားကို စတင္က်င္းပရာ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားမွ ဝန္ထမ္းမ်ားက “စိန္ရတုအလွမွန္ ထာဝရျမန္မာ့အသံ” သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖ တင္ဆက္ၾကၿပီး ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား၏ စိန္ရတုခရီး သမိုင္းမွတ္တိုင္ Documentary အစီအစဥ္ ဗီဒီယိုမွတ္တမ္းကို ျပသသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမွာစကား ေျပာၾကားရာတြင္ ယေန႔တြင္ က်ေရာက္သည့္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား (၇၅)ႏွစ္ေျမာက္ စိန္ရတု အထိမ္းအမွတ္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ပုဂၢိဳလ္မ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ ပါေစေၾကာင္း၊ ဝန္ထမ္းတိုင္းအေနျဖင့္ ရတုအခမ္းအနားမ်ားကို ဝန္ထမ္းသက္တမ္း တစ္ေလွ်ာက္တြင္ ႏွစ္ႀကိမ္ခန႔္ ႀကဳံေတြ႕ရႏိုင္ၿပီး ရတုေန႔ရက္မ်ားသည္ ဘဝတြင္မေမ့ႏိုင္ သည့္ အဖိုးတန္ေန႔ရက္မ်ားပင္ျဖစ္ေၾကာင္း ျဖင့္ ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ ျမန္မာ့ မီဒီယာလုပ္ငန္းသည္ ၁၈၇၄ ခုႏွစ္၊ မတ္လ ၉ ရက္ (မင္းတုန္းမင္း လက္ထက္) ရတနာပုံ သတင္းစာမွစခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ အသံလႊင့္လုပ္ငန္းမ်ားသည္ ၁၉၃၇ ခုႏွစ္က စတင္ခဲ့ေသာ္လည္း လြတ္လပ္ေသာ အမ်ိဳးသားအသံလႊင့္လုပ္ငန္း မဟုတ္ခဲ့ ေၾကာင္း၊ ၁၉၄၅ ခုႏွစ္၊ မတ္လဆန္း၌ ရန္ကုန္ၿမိဳ႕တြင္ ျမန္မာ့ေတာ္လွန္ေရးတပ္မေတာ္ အသံလႊင့္ဌာနကို ထူေထာင္ခဲ့ၿပီး လြတ္လပ္ေသာ အမ်ိဳးသားအသံလႊင့္ဌာန တစ္ခုအျဖစ္ အစပ်ိဳးခဲ့ေၾကာင္း။

၁၉၄၅ ခုႏွစ္၊ ေမလဆန္းတြင္ ရန္ကုန္ၿမိဳ႕ ေ႐ႊေတာင္ၾကား၌ ရန္ကုန္ေရဒီယို (Rangoon Radio)အမည္ျဖင့္ ထုတ္လႊင့္ခဲ့ၿပီး ၁၉၄၆ ခုႏွစ္၊ ေဖေဖၚဝါရီ ၁၅ ရက္တြင္ ရန္ကုန္ေရဒီယိုမွ “ဗမာ့အသံ” (Burma Broadcasting Service – BBS)အျဖစ္ အမည္ေျပာင္း ခဲ့ေၾကာင္း၊ ၎ေန႔ကိုပင္ ဗမာ့အသံ ေန႔ဟု ေခတ္အဆက္ဆက္သတ္မွတ္ခဲ့ေၾကာင္း၊ ၁၉၅၈ ခုႏွစ္၊ ႏိုဝင္ဘာ ၂၈ ရက္၌ “ဗမာ့အသံ”အမည္မွ ျပည္ေထာင္စုဖြား တိုင္းရင္းသားအားလုံး ကို ကိုယ္စားျပဳေသာ “ျမန္မာ့အသံ” အမည္သို႔ ေျပာင္းလဲခဲ့ေၾကာင္း၊ ၁၉၈၀ ခုႏွစ္၊ ဇြန္ ၃ ရက္တြင္ ေရာင္စုံ႐ုပ္ျမင္သံၾကား ထုတ္လႊင့္ျခင္း လုပ္ငန္းမ်ားကို စတင္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္၊ ႏိုဝင္ဘာ ၂၂ ရက္တြင္ “ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား” (Myanmar Radio and Television – MRTV)ဟု အမည္ေျပာင္းလဲခဲ့ေၾကာင္း။

ျမန္မာ့ အသံႏွင့္႐ုပ္ျမင္သံၾကားအေနျဖင့္ (၇၅) ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္ ေန႔၌ Myanmar Radio အမည္ျဖင့္ အဂၤလိပ္ဘာသာသီးသန႔္ FM Channel အသစ္တစ္ခုႏွင့္ MRTV ႐ုပ္သံလိုင္း အစီအစဥ္၌လည္း အဂၤလိပ္ဘာသာျဖင့္ သတင္းထုတ္လႊင့္မႈကို စတင္သြား မည္ဟု သိရွိရသည့္အတြက္ ဂုဏ္ယူပါေၾကာင္း၊ အဂၤလိပ္ပိုင္းဆိုင္ရာမ်ားကို ထုတ္လႊင့္ရာတြင္ အသံထြက္ ပီသမႈရွိေစေရး ဂ႐ုျပဳရမည္ျဖစ္ေၾကာင္း၊ အဂၤလိပ္ပိုင္းဆိုင္ရာ အစီအစဥ္မ်ား ထုတ္လႊင့္ရာတြင္ ျပည္သူကို ျပန္ၾကားေပးရန္၊ ပညာေပးရန္၊ ေဖ်ာ္ေျဖ ေပးရန္တို႔အျပင္ အတတ္ပညာတစ္ခု ရရွိေစႏိုင္သည္အထိ ႀကိဳးပမ္းတင္ဆက္သြား ၾကရန္ တိုက္တြန္းလိုေၾကာင္း။

ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားသည္ သမိုင္းအစဥ္အလာ ႀကီးမားေသာဌာနႀကီး ျဖစ္သည္ႏွင့္အညီ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈေခတ္၊ ပါလီမန္ ဒီမိုကေရစီေခတ္၊ အိမ္ေစာင့္အစိုးရႏွင့္ ေတာ္လွန္ေရးေကာင္စီေခတ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီေခတ္၊ ပါတီစုံဒီမိုကေရစီေခတ္၊ ယခုႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကာလတို႔၌ ေခတ္အဆက္ဆက္ သမိုင္းေပးတာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ေၾကာင္း၊ ျမန္မာ့အသံ ႏွင့္ ႐ုပ္ျမင္သံၾကားသည္ အစဥ္အလာ အလြန္ႀကီးမားခဲ့ၿပီး ေရွးယခင္ ကတည္းကပင္ ေရဒီယို အစီအစဥ္မ်ားတြင္ စိတ္ဝင္စားစရာ၊ ပညာရစရာေကာင္းသည့္ အစီအစဥ္မ်ားရွိခဲ့ ေၾကာင္း၊ ဇာတ္လမ္းပမာနားဆင္စရာ အစီအစဥ္မ်ားကို နားေထာင္ခဲ့ရၿပီး စာေရးဆရာႀကီး ေသာ္တာေဆြ၏ “လူ႔မေနာ”ဆိုသည့္ ဇာတ္လမ္းတင္ဆက္မႈကို ယေန႔တိုင္ အမွတ္ရေနမိ ေၾကာင္း၊ လူတို႔၏ စိတ္အေၾကာင္းကို တင္ဆက္ထားျခင္း ျဖစ္သျဖင့္ အသိအျမင္မ်ားစြာရရွိ ခဲ့ေၾကာင္း။

ျမန္မာ့အသံမွ ေဘာလုံးပြဲမ်ားအား တိုက္႐ိုက္ အသံထုတ္လႊင့္ျခင္းလုပ္ငန္းကို ၁၉၅၇ ခုႏွစ္ တိုင္းႏွင့္ျပည္နယ္ ေဘာလုံးၿပိဳင္ပြဲက စတင္ခဲ့ သည္ဟုသိရွိရေၾကာင္း၊ ထုတ္လႊင့္ခဲ့သူတို႔မွာ ဦးေက်ာ္ၿငိမ္းႏွင့္ ဦးခင္ေမာင္တို႔ျဖစ္ေၾကာင္း၊ တိုက္႐ိုက္ထုတ္လႊင့္မႈ မ်ားကို နားဆင္ၿပီး တကယ့္ေဘာလုံးပြဲကို ၾကည့္ရႈေနရသကဲ့သို႔ ခံစားခဲ့ရေၾကာင္း၊ ထိုစဥ္က အစီအစဥ္ တင္ဆက္သူမ်ားျဖစ္သည့္ ဦးေမာင္ေမာင္ရင္၊ ဦးေမာင္ေမာင္သီ၊ ဦးေဇာ္ဝင္း တို႔၏ တင္ဆက္ပုံမ်ားမွာ အမွတ္ရဖြယ္ ျဖစ္ေၾကာင္း။

မိမိတို႔ေခတ္ကာလတြင္ ျမန္မာ့အသံမွ ထုတ္လႊင့္ခဲ့သည့္ ဇာတ္လမ္း ပမာနားဆင္ စရာက႑၊ ေရဒီယိုဇာတ္လမ္းႏွင့္ အသံလႊင့္ဇာတ္လမ္းတို႔မွ ေပးသည့္အသိပညာ၊ အေတြ႕ အႀကဳံမ်ားမွာ တန္ဖိုးမျဖတ္ႏိုင္စရာျဖစ္ပါေၾကာင္း၊ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားသည္ ျပန္ၾကားေပးရန္၊ ပညာေပးရန္ႏွင့္ ေဖ်ာ္ေျဖေပးရန္ကို သာမကလူတို႔၏ စိတ္ႏွလုံးကို တတ္ႂကြေအာင္ (Motivation) လုပ္ေပးႏိုင္ခဲ့ေၾကာင္း၊ မီဒီယာသည္ စတုတၳမ႑ိဳင္ျဖစ္ သျဖင့္ အေရးႀကီးသည့္ အခန္းက႑တြင္ရွိၿပီး မွန္မွန္ကန္ကန္ျဖစ္ရန္လိုေၾကာင္း၊ ျမန္မာ့ယဥ္ေက်းမႈကို မထိခိုက္ေစရန္လည္း ဂ႐ုျပဳရမည္ျဖစ္ေၾကာင္း၊ သတင္းႏွင့္ ပတ္သက္လာပါက ျမန္ရမည္၊ မွန္ရမည္ျဖစ္ၿပီး အက်ိဳးရွိမည့္ သတင္းမ်ားကို တင္ဆက္ ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုသိရွိရန္ လိုအပ္သည္မ်ားကို အခ်ိန္ႏွင့္တေျပးညီ တင္ဆက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ စာအုပ္စာေပ ဖတ္ရႈမႈႏႈန္းအားနည္း လာၿပီး အြန္လိုင္းမီဒီယာမ်ားတြင္သာ အခ်ိန္ကုန္လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ အြန္လိုင္းမီဒီယာမ်ားကို လြဲမွားစြာအသုံးခ်ပါက အႏၲရာယ္ႀကီးမားစြာ ျဖစ္ေစႏိုင္သျဖင့္ မိမိတို႔အတြက္ အက်ိဳးရွိႏိုင္သည့္ အသုံးျပဳမႈမ်ား ကိုသာ ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး၏ ရည္မွန္းခ်က္ျဖစ္ေသာ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံေတာ္၊ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္တို႔ကို ေအာင္ျမင္စြာ တည္ေဆာက္ႏိုင္ရန္ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး သိသင့္သိထိုက္ေသာ ဗဟုသုတပညာ မ်ားရွိရန္လိုအပ္ေၾကာင္း၊ ၎ပညာဗဟုသုတတို႔ကို ျပည္သူတို႔ လက္ဝယ္အေရာက္ ပို႔ႏိုင္သည္မွာ ျပန္ၾကားေရးႏွင့္ မီဒီယာလုပ္ငန္းသာျဖစ္ေၾကာင္း။

ရွင္မဟာရ႒သာရဆုံးမခဲ့သည့္ “မွတ္ဖြယ္မွတ္ရာ၊ ထိုထိုစာကို၊ ရွာ၍မျပတ္၊ အိမ္တြင္ဖတ္၊ ဖတ္ျပန္ေသာ္ၾကား၊ ဖတ္ဖန္မ်ားက၊ သားမယားပင္၊ သိျမင္ကင္းကြာ၊ မလိမၼာလည္း၊ စာေပစကား၊ ေန႔တိုင္းၾကားက၊ ထူးျခားလိမၼာ ရွိသည္သာတည္း” ဆိုသည့္ စကားအတိုင္း ႏိုင္ငံသူ၊ ႏိုင္ငံသားတိုင္း အသိပညာ ဗဟုသုတမ်ား ေန႔စဥ္ရရွိေနေအာင္၊ ေန႔စဥ္ေတြ႕ျမင္ ေနေအာင္၊ ေန႔စဥ္ထိေတြ႕ေနေစေရး ေဆာင္႐ြက္ရင္းျဖင့္ ႏိုင္ငံတည္ ေဆာက္ေရးလုပ္ငန္းမ်ား၌ ပါဝင္ၾကရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ပတ္သက္ၿပီး တိုင္းျပည္၏ ပကတိအေျခအေနမွန္မ်ားကို ႏိုင္ငံတကာက သိရွိေအာင္ ထိထိေရာက္ ေရာက္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ (၇၅)ႏွစ္ေျမာက္ စိန္ရတု ေန႔မွသည္ ႏိုင္ငံေတာ္အတြက္ ထာဝရရွိေနမည့္ ႏိုင္ငံေတာ္က အားထားရေသာ၊ ျပည္သူက အားကိုးရေသာ ျမန္မာအသံႏွင့္ ႐ုပ္ျမင္သံၾကားျဖစ္ပါေစေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား ဝန္ထမ္းမ်ားအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ႏွင့္ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားကို ေပးအပ္ရာ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲႏိုင္ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျမန္မာအသံႏွင့္ ႐ုပ္ျမင္သံၾကား သက္သာအေရာင္းဆိုင္ႏွင့္ တိုင္းရင္းသားဘာသာအစီအစဥ္တြင္ တာဝန္ထမ္းေဆာင္ေနၾကသည့္ ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ား၏ ႐ိုးရာအစားအစာမ်ား ခင္းက်င္းျပသထားမႈကို လိုက္လံၾကည့္ရႈၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္ ဝန္ထမ္းမ်ားကို ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

ထို႔ေနာက္ အခမ္းအနားအစီအစဥ္ ဒုတိယပိုင္းကို ဆက္လက္က်င္းပရာ ျပန္ၾကားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ႏိုင္က အမွာစကား ေျပာၾကားၿပီး ဒုတိယဝန္ႀကီး ဦးရဲတင့္၊ ဒုတိယဝန္ႀကီး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းတို႔ႏွင့္အတူ Myanmar Radio (အဂၤလိပ္ပိုင္း အစီအစဥ္)ႏွင့္ ျမန္မာ့႐ုပ္ျမင္သံၾကား(MRTV)၏ အဂၤလိပ္ပိုင္း သတင္း အစီအစဥ္ တို႔ကို စက္ခလုတ္ႏွိပ္၍ ဖြင့္လွစ္ေပးသည္။
ယင္းေနာက္ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယဝန္ႀကီးမ်ား ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက ထုတ္လုပ္/ထုတ္လႊင့္မႈ ထူးခြၽန္ဆုရရွိၾကသူမ်ား၊ တင္ဆက္မႈ ထူးခြၽန္ဆု ရရွိၾကသူမ်ား၊ စက္ပိုင္းဆိုင္ရာ ထူးခြၽန္ဆုႏွင့္ ႐ိုက္ကူးေရး ပိုင္ဆိုင္ရာ ထူးခြၽန္ဆု ရရွိၾကသူမ်ား၊ ဌာနခြဲအလိုက္ စံျပဆုရရွိၾကသူမ်ား၊ ျပည္သူ႔ဝန္ထမ္း ေကာင္းတံဆိပ္ရရွိၾကသူမ်ားႏွင့္ ထပ္ဆင့္လႊင့္စက္႐ုံမ်ား စြမ္းေဆာင္ရည္ဆု ရရွိၾကသည့္ စက္႐ုံမ်ားမွ တာဝန္ရွိသူမ်ားကို ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ၾကသည္။

ထို႔ေနာက္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ ဝန္ထမ္းမ်ားက “အသစ္တစ္ဖန္ ေခတ္သ႑ာန္ MRTV” ေတးသီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖတင္ဆက္ၿပီး အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။

ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားကို ၁၉၄၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၅ )ရက္ေန႔တြင္ “ဗမာ့အသံ” (Burma Broadcasting Service-BBS) အမည္ျဖင့္ စတင္တည္ေထာင္ခဲ့ ေၾကာင္း၊ ထို႔ေနာက္ အဂၤလိပ္ေခတ္၊ ဒုတိယကမာၻစစ္ကာလ၊ ဂ်ပန္ေခတ္၊ ပါလီမန္ ဒီမိုကေရစီေခတ္မ်ားတြင္ ေနရာေျပာင္းေ႐ႊ႕ၿပီး အမည္နာမ မ်ိဳးစုံျဖင့္ျဖတ္သန္းခဲ့ေၾကာင္း၊ ၁၉၇၂ ခုႏွစ္ မတ္လ ၁၆ ရက္တြင္ ျပန္ၾကားေရးႏွင့္ အသံလႊင့္ဦးစီးဌာနအျဖစ္ အမည္ ေျပာင္းလဲခဲ့ေၾကာင္း၊ ၁၉၈၀ ျပည့္ႏွစ္ ဇြန္လ ၃ ရက္တြင္ ေရာင္စုံ႐ုပ္ျမင္သံၾကားကို စမ္းသပ္ ထုတ္လႊင့္ခဲ့ရာမွ ႏိုဝင္ဘာလ ၁ ရက္မွစ၍ ႐ုပ္ျမင္သံၾကားအစီအစဥ္မ်ားကို ေရာင္စုံျဖင့္ ထုတ္လႊင့္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ မူလေရဒီယို အသံလႊင့္လုပ္ငန္းႏွင့္ ပူးေပါင္းၿပီး ၁၉၉၁ ခုႏွစ္ ဇန္နဝါရီ ၂၄ ရက္တြင္ ျမန္မာ့႐ုပ္ျမင္သံၾကားႏွင့္ အသံလႊင့္ဦးစီးဌာန (Myanmar Television and Radio Department –MTRD) အမည္ျဖင့္ ျပင္ဆင္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္ ႏိုဝင္ဘာ ၂၂ ရက္တြင္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား (MRTV) အမည္ကို ေျပာင္းလဲကာ ယေန႔တိုင္ေခၚေဝၚသတ္မွတ္ခဲ့ ေၾကာင္း။

(MRTV Channel) အျပင္ တိုင္းရင္းသားဘာသာ ၁၁ မ်ိဳးျဖင့္ ထုတ္လႊင့္ေနသည့္ တိုင္းရင္းသားလူမ်ိဳးမ်ား႐ုပ္သံလိုင္း( NRC)၊ လႊတ္ေတာ္႐ုပ္သံလိုင္း (Hluttaw Channel)၊ ေတာင္သူလယ္သမား႐ုပ္သံလိုင္း(Farmer’s Channel) ႏွင့္ ျပည္တြင္းျပည္ပ အားကစား ႐ုပ္သံလိုင္း(MRTV Sport Channel)တို႔ကို ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားမွ တိုးခ်ဲ႕ ထုတ္လႊင့္ေပးခဲ့ေၾကာင္း၊ တိုင္းရင္းသားလူမ်ိဳးမ်ား႐ုပ္သံလိုင္းကို ကခ်င္၊ ကယား၊ စေကာကရင္၊ အေရွ႕ပိုးကရင္၊ အေနာက္ပိုးကရင္၊ ခ်င္း(ခ်ိဳး)၊ ခ်င္း(လိုင္ဇိုး)၊ မြန္၊ ရခိုင္၊ ရွမ္းႏွင့္ “ဝ”ဘာသာ စသည့္ တိုင္းရင္းသား ၁၁ ဘာသာႏွင့္ ၄ လ တစ္ႀကိမ္ နာရီစဥ္ အလွည့္က်ႏွင့္ ဘာသာစကားအလိုက္ ထုတ္လႊင့္မႈကို ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္း။

ယေန႔အခ်ိန္တြင္ MRTV ၏ ၇၅ ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္ ဂုဏ္ျပဳအစီအစဥ္အျဖစ္ ေအာင္ျမင္မႈမ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳတင္ဆက္ေပး လ်က္ရွိေၾကာင္း၊ ျပန္ၾကားေပးရန္၊ ပညာေပးရန္၊ ေဖ်ာ္ေျဖေပးရန္ စသည့္ရည္႐ြယ္ခ်က္ မ်ားျဖင့္ ၁၉၄၆ ခုႏွစ္မွ စတင္ရွင္သန္ေပါက္ဖြားလာခဲ့သည့္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား သည္ စိန္ရတု သက္တမ္းတိုင္ေအာင္ ေခတ္အဆက္ဆက္တြင္ တိုးတက္ေျပာင္းလဲမႈမ်ား ႏွင့္ ႏိုင္ငံပိုင္ မီဒီယာႀကီးတစ္ခုအျဖစ္ မားမားမတ္မတ္ ရပ္တည္လ်က္ရွိလ်က္ရွိပါသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။