နိုင်ငံခြားရေးမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ နိုင်ငံခြား ရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၈

နိုင်ငံခြားရေးမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးသိန်းညွှန့်နှင့် ဦးခင်မောင်ဆွေ၊ ကော်မတီ အတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကော်မတီဝင်များဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တို့ တက်ရောက် ကြသည်။

ဉီးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့လက်ခံကျင့်သုံးသည့်နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အခြေခံဥပဒေ တွင် မိမိတို့၏နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သောနိုင်ငံ ခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကိုစောင့် ထိန်းသည့် မူဝါဒ(၃)ရပ်ကို ပုဒ်မ – ၄၁တွင် ပြဌာန်းထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံလုံခြုံရေးနှင့်ပတ်သက်၍ နိင်ငံတကာအပေါ်တွင်ထားရှိသည့် သဘောထားသည် ပုဒ်မ (၄၂-က)တွင် နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှစတင် ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (၄၂-ခ)တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ဝင်မှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားသဖြင့် များစွာရှင်းလင်းသည့် နိုင်ငံခြားရေးမူဝါဒဖြစ် ကြောင်း။

မိမိတို့သည် အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြားတွင် တည်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ယင်းနှစ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် မိမိတို့နိုင်ငံအနေဖြင့် အထူးသတိကြီးစွာ ဆက်ဆံရန် လိုအပ်သကဲ့သို့ ယင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်မူတည်၍ မိမိတို့နိုင်ငံကို အခြားနိုင်ငံ များက စိတ်ဝင်စားမှုများစွာရှိနေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ အထူးထိန်းသိမ်းဆောင်ရွက် သွားရမည်ကိုပြောလိုကြောင်း။ နိုင်ငံ၏ နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံတို့နှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေး ထူထောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သီးခြားနေထိုင်၍ မရကြောင်း၊် နှစ်နိုင်ငံဆက်ဆံရေး၊ နိင်ငံတကာ ဆက်ဆံရေးနယ်ပယ်များတွင် တပ်မတော်အစိုးရ လက်ထက်၌ ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအပြင် အခြားနိုင်ငံတကာဆက်ဆံရေးနယ်ပယ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးနားချင်း ဆက်ဆံရေးမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများမှာ မိမိတို့အတွက် ဦးစားပေးဆက်ဆံရမည့် နိုင်ငံများဖြစ်သည်ကို ပြောလိုကြောင်း။

အိမ်နီးချင်း ဆက်ဆံရေးတွင်လည်း မတူသည့်မူဝါဒများ၊ ယဉ်ကျေးမှုများရှိသည့် နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအပေါ်တွင်မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် အိမ်နီးနားချင်း ဆက်ဆံရေး နှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးနားချင်းဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးမှုများရှိပြီး ဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့်နိုင်ငံများ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ အနှောင်အဖွဲ့ ကင်းသည့် ရင်းနှီးမြှုပ်နှံမှုကိုလည်းကြိုဆို၍ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ မည်ဆိုပါက အားပေးရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် ပြည်သူများ ၏အခန်းကဏ္ဍကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးနားချင်းဆက်ဆံရေးများ၊ ကူးလူးဆက်ဆံရေးများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အိမ်နီးနားချင်းကူးလူး ဆက်ဆံခြင်းမှတဆင့် ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများသည်လည်း ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများသည်လည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန် ပစ္စည်းများလည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း။

ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပါက သွင်းကုန်အစားထိုးများစွာဆောင်ရွက်နိုင် ပြီး တိုင်းပြည်၏နိုင်ငံခြားငွေလိုအပ်မှုကိုလည်း မျာစွာလျော့ချလာနိုင်သည်အထိ အကျိုးခံစား ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင်ပတ်သက်၍ လုပ်ငန်းကို အခြေခံသည့်၊ အလုပ်အကိုင်ကိုအခြေခံသည့်၊ ထုတ်လုပ်မှုကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်း ကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်းကို ထုတ်လုပ်နိုင်သည့်အပေါ်အခြေခံသည့်၊ သွင်းကုန် ပစ္စည်းအစားထိုးခြင်းကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုအားပေးပြီး နိုင်ငံခြားရေး မူဝါဒများနှင့် ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှလက်မှတ် ရေးထိုးထားပြီးဖြစ်သည့် ပဋိညာဉ်စာချုပ်များ၊ ကတိကဝတ်များများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံနိုင်သည့် ကိစ္စရပ်များအားလုံးကိုလည်း အလေးထားပြီး လေးစား လိုက်နာသွားရန် ဖြစ်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် နိုင်ငံတကာရေပိုင်နက်များနှင့် ဆက်ဆံနေရခြင်းရှိကြောင်း၊ ထို့ကြောင့် ရေပြင်ပိုင်နက်များစနစ်တကျရှိစေရန်နှင့် ရေပြင် ပိုင်နက်ဆိုင်ရာ သဘောတူညီချက်များကိုလည်းအမြန်ပြီးပြတ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင်ရေပြင်ပိုင်နက်လုံခြုံရေးများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း။

အိမ်နီးနားချင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ အပါအဝင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများစွာရှိကြောင်း၊ တရားဝင်သွားသည့်သူများ ရှိသကဲ့သို့ တရားမဝင်သွားသည့်သူများလည်း ရှိကြောင်း၊ ၎င်းတို့သည် မိမိတို့နိုင်ငံသားများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံက ကာကွယ်စောင့်ရှောက် ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် အခွင့်အလမ်းများကိုဖော်ထုတ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မိမိတို့နိုင်ငံ၏ ဥပဒေအကာအကွယ်များ ပေးနိုင်သမျှပေးနိုင်စေရန်နှင့် ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ သို့ ပြန်လာလိုသည်ဆိုပါက ပြန်လာနိုင်စေရန် အခွင့်အလမ်းများဖော်ထုတ်ပေးရန် လိုအပ်ကြောင်း။ ပြီးခဲ့သည့် ကာလအတွင်းတွင် မြန်မာနိုင်ငံသို့ပြန်လာလိုသည့်အတွက် တောင်းဆိုထားခြင်း များစွာရှိကြောင်း၊ သို့သော် COVID-19 ကြောင့် ပြန်လာရန် အခက်အခဲဖြစ်နေခြင်းများရှိသဖြင့် ၎င်းတို့ပြန်လာနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးဖြစ်ပေါ်နေသည့် ရောဂါ ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူးစက်ပြန့်ပွားမှုလျော့ချရေး၊ ကာကွယ်ကုသရေး၊ နည်းပညာပိုင်းဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက် အလက်ဖလှယ်ရေးကိစ္စရပ်များသည် များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခါအားလျော်စွာ ဖြစ်ပေါ်လာသည့် ကပ်ဘေး ရောဂါများရှိကြောင်း၊ ယင်းကပ်ရောဂါများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ရောဂါကူးစက်မှုကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးတို့ အတွက် နည်းပညာနှင့်သတင်းအချက်အလက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြား နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်နိုင်ရန် အတွက် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကော်မတီသည် မူဝါဒများချမှတ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တစ်ဖက်တွင်လည်း နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အထူးသဖြင့် နိုင်ငံတကာအကူအညီများရှိကြောင်း၊ နိုင်ငံတကာချေးငွေများရှိကြောင်း၊ အထူးအစီအစဉ် အရပေးသည့် လုပ်ငန်းရပ်များရှိကြောင်း၊ ယင်းအခွင့်အရေးများကို လည်းလက်တုန့်မနှေး ရရှိနိုင်ရေးအတွက်နည်းလမ်းရှာကြံ၍ ဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူရရှိမည်ဟု ပြောလိုကြောင်း။ လူဝင်မှု ကြီးကြပ်ရေးကိစ္စရပ်များ၌ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ နိုင်ငံသားများရှိကြောင်း၊ ယင်းတွင် တရားမဝင်သွားရောက်ခြင်းရှိသကဲ့ သို့တရားဝင် သွားရောက်ခြင်းလည်းရှိကြောင်း၊ တရားမဝင်သူများကို ဥပဒေလမ်းကြောင်းမှ မိမိတို့ နိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း သို့မဟုတ် တရားဝင်အောင်ဆောင်ရွက်ပေးရေး၊ ၎င်းတို့ နေထိုင်သည့်နိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ရပ်ပေါင်းပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် လူကုန်ကူးခံရမှုကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လူကုန်ကူးမှုမခံရစေရေးအတွက် တားဆီးခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် က ချမှတ်ထားသည့်မူဝါဒများ၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံသဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များကိုလည်း တုန့်နှေးခြင်းမရှိဘဲ နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ တုန့်ပြန်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံခြားရေးရာမူဝါဒကော်မတီအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဦးခင်မောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် ဦးကိုကိုလှိုင်တို့က နိုင်ငံခြားရေးရာမူဝါဒကော်မတီစတင်ဖွဲ့စည်းခဲ့မှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်အခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ၊ နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ လုပ်ငန်းတာဝန် ၁၂ ရပ်နှင့် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့်ကိစ္စရပ်များ၊ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ပ ရောက်မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်ပနိုင်ငံများသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အသိအမှတ်ပြုကဒ်ထုတ်ပေးနေမှု အခြေအနေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံချိန်တွင် လူဦးရေ စာရင်းကွဲလွဲမှုကြောင့် ကြန့်ကြာနေမှုအခြေအနေ၊ နိုင်ငံတကာအဆင့်အစည်းအဝေးများ တွင် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများအား သိရှိစေရန် ဆွေးနွေးပြောကြားသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံခြား ရေးရာမူဝါဒ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအား နိုင်ငံတကာမှ သိရှိနိုင်စေရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ဆက်ဆံရေးများကို ယခုထက်ပိုမို လေးနက် အောင် နည်းလမ်းရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါတွင် နိုင်ငံတကာမှ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ယခင်ကထက် အပြုသဘောဆောင်သည့် သဘောထားများရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ထားရှိထားသည့် နှစ်နိုင်ငံ သဘောတူညီချက်နှင့် ပေးထားသည့် ကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ သည့်ကာလအတွင်း တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများအလိုက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ အထိန်းအမှတ်အခမ်းအနားများအား ကျင်းပနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာနှင့် ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအတွက် ယခုကော်မတီသည် အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော်မတီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိအခြေအနေတွင် တုန့်ဆိုင်းနေသည့် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး အခြေအနေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလေးအနက်ထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံျခားေရးမူဝါဒေကာ္မတီ၏ (၁/၂၀၂၁)ႀကိမ္ေျမာက္ အစည္းအေဝးက်င္းပ ႏိုင္ငံျခား ေရးရာမူဝါဒေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ  ၁၈

ႏိုင္ငံျခားေရးမူဝါဒေကာ္မတီ၏ (၁/၂၀၂၁)ႀကိမ္ေျမာက္ အစည္းအေဝးကို ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး အစည္း အေဝးခန္းမ၌က်င္းပရာ ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီ ဥကၠ႒၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဦးသိန္းၫႊန႔္ႏွင့္ ဦးခင္ေမာင္ေဆြ၊ ေကာ္မတီ အတြင္းေရးမႉး ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ ေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚသန္းသန္းလင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသန္းေအာင္ေက်ာ္ တို႔ တက္ေရာက္ ၾကသည္။

ဉီးစြာ ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီ ဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က မိမိတို႔လက္ခံက်င့္သုံးသည့္ႏိုင္ငံျခားေရးမူဝါဒႏွင့္ပတ္သက္၍ အေျခခံဥပေဒ တြင္ မိမိတို႔၏ႏိုင္ငံျခားေရးမူဝါဒကို လြတ္လပ္၍တက္ႂကြသည့္ ဘက္မလိုက္ေသာႏိုင္ငံ ျခားေရးမူဝါဒ၊ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ေပါင္းဖက္ဆက္ဆံေရး ေရွးရႈသည့္မူဝါဒ၊ ကမာၻ႔ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူကိုေစာင့္ ထိန္းသည့္ မူဝါဒ(၃)ရပ္ကို ပုဒ္မ – ၄၁တြင္ ျပဌာန္းထားသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံလုံၿခဳံေရးႏွင့္ပတ္သက္၍ နိင္ငံတကာအေပၚတြင္ထားရွိသည့္ သေဘာထားသည္ ပုဒ္မ (၄၂-က)တြင္ ႏိုင္ငံေတာ္သည္ မည္သည့္ႏိုင္ငံကိုမွ်စတင္ က်ဴးေက်ာ္တိုက္ခိုက္ျခင္း မျပဳ၊ (၄၂-ခ)တြင္ ႏိုင္ငံေတာ္သည္ ႏိုင္ငံေတာ္အတြင္း မည္သည့္ႏိုင္ငံျခားတပ္ဖြဲ႕ဝင္မွ တပ္ခ်ခြင့္မျပဳဟု ျပ႒ာန္းထားသျဖင့္ မ်ားစြာရွင္းလင္းသည့္ ႏိုင္ငံျခားေရးမူဝါဒျဖစ္ ေၾကာင္း။

မိမိတို႔သည္ အင္အားႀကီး ႏိုင္ငံႏွစ္ႏိုင္ငံအၾကားတြင္ တည္ရွိသည့္ ႏိုင္ငံတစ္ခုျဖစ္ေၾကာင္း၊ ယင္းႏွစ္ႏိုင္ငံႏွင့္ နယ္နိမိတ္ျခင္း ထိစပ္ေနသည့္ မိမိတို႔ႏိုင္ငံအေနျဖင့္ အထူးသတိႀကီးစြာ ဆက္ဆံရန္ လိုအပ္သကဲ့သို႔ ယင္းႏွစ္ႏိုင္ငံႏွင့္ ဆက္ဆံေရးအေပၚမူတည္၍ မိမိတို႔ႏိုင္ငံကို အျခားႏိုင္ငံ မ်ားက စိတ္ဝင္စားမႈမ်ားစြာရွိေနသည္ကို သတိျပဳရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ အေျခခံ ဥပေဒတြင္ ျပ႒ာန္းထားသည့္ ႏိုင္ငံျခားေရးမူဝါဒမ်ားႏွင့္ ပတ္သက္၍ အထူးထိန္းသိမ္းေဆာင္႐ြက္ သြားရမည္ကိုေျပာလိုေၾကာင္း။ ႏိုင္ငံ၏ နယ္စပ္ေဒသမ်ားကို ထာဝရတည္ၿငိမ္ေအးခ်မ္းသည့္ နယ္စပ္ေဒသျဖစ္ရန္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ တ႐ုတ္၊ လာအို၊ ထိုင္း ႏိုင္ငံတို႔ႏွင့္ ထာဝရတည္ၿငိမ္ေအးခ်မ္းၿပီး ၿငိမ္းခ်မ္းခ်စ္ခင္သည့္ အိမ္နီးနားခ်င္း ဆက္ဆံေရး ထူေထာင္သြားရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ သီးျခားေနထိုင္၍ မရေၾကာင္း၊္ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ နိင္ငံတကာ ဆက္ဆံေရးနယ္ပယ္မ်ားတြင္ တပ္မေတာ္အစိုးရ လက္ထက္၌ ႀကိဳးစားေဆာင္႐ြက္ခဲ့သည့္အတြက္ ေနာက္ပိုင္းတြင္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံအျပင္ အျခားႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္မ်ားတြင္လည္း ထဲထဲဝင္ဝင္ ပါဝင္ ေဆာင္႐ြက္လာႏိုင္သည္ကို ေတြ႕ရေၾကာင္း၊ ႏိုင္ငံတကာဆက္ဆံေရးတြင္ အိမ္နီးနားခ်င္း ဆက္ဆံေရးမွာ အေရးႀကီးေၾကာင္း၊ ထို႔ေၾကာင့္ အိမ္နီးနားခ်င္းႏိုင္ငံမ်ားမွာ မိမိတို႔အတြက္ ဦးစားေပးဆက္ဆံရမည့္ ႏိုင္ငံမ်ားျဖစ္သည္ကို ေျပာလိုေၾကာင္း။

အိမ္နီးခ်င္း ဆက္ဆံေရးတြင္လည္း မတူသည့္မူဝါဒမ်ား၊ ယဥ္ေက်းမႈမ်ားရွိသည့္ ႏိုင္ငံမ်ားႏွင့္ ဆက္ဆံျခင္းျဖစ္သည့္အတြက္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းအေပၚတြင္မူတည္၍ ႏွစ္ႏိုင္ငံအက်ိဳးတူကိစၥရပ္မ်ားကို ထိေတြ႕ဆက္ဆံႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိအေနအထားတြင္ ေခတ္အဆက္ဆက္တည္ရွိခဲ့သည့္ အိမ္နီးနားခ်င္း ဆက္ဆံေရး ႏွင့္ ထာဝရၿငိမ္းခ်မ္းသည့္ အိမ္နီးနားခ်င္းဆက္ဆံေရးမွာ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားရွိၿပီး ျဖစ္သည့္အတြက္ ပိုမိုခိုင္မာမႈရွိေစရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ သည္ ေဈးကြက္စီးပြားေရးစနစ္ကို က်င့္သုံးသည့္ႏိုင္ငံျဖစ္ေၾကာင္း၊ ျပည္တြင္းရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈကိုလည္း ဖိတ္ေခၚေဆာင္႐ြက္လ်က္ရွိၿပီး ျပည္တြင္း၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမည့္ႏိုင္ငံမ်ား အထူးသျဖင့္ အိမ္နီးနားခ်င္းႏိုင္ငံမ်ား၏ အေႏွာင္အဖြဲ႕ ကင္းသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈကိုလည္းႀကိဳဆို၍ တိုင္းျပည္ႏွင့္ ျပည္သူလူထုအတြက္ အက်ိဳးရွိ မည္ဆိုပါက အားေပးရမည္ျဖစ္ေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈေဆာင္႐ြက္ ျခင္းအားျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ သြားေရာက္အလုပ္လုပ္ကိုင္သည့္ ျပည္သူမ်ား ၏အခန္းက႑ကိုလည္း ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ျခင္းအားျဖင့္ အိမ္နီးနားခ်င္းဆက္ဆံေရးမ်ား၊ ကူးလူးဆက္ဆံေရးမ်ား ပိုမိုမ်ားျပားလာမည္ျဖစ္ေၾကာင္း၊ တစ္ဖက္တြင္လည္း အိမ္နီးနားခ်င္းကူးလူး ဆက္ဆံျခင္းမွတဆင့္ ျဖစ္ေပၚလာႏိုင္သည့္ ကမာၻလွည့္ခရီးသြားလုပ္ငန္းမ်ားသည္လည္း ပိုမိုမ်ားျပားလာႏိုင္မည္ျဖစ္ေၾကာင္း၊ အလုပ္ အကိုင္အခြင့္အလမ္းမ်ားသည္လည္း ပိုမိုရရွိလာေစမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ပို႔ကုန္ ပစၥည္းမ်ားလည္း ပိုမိုရရွိလာေစမည္ျဖစ္ေၾကာင္း။

ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးတက္လာပါက သြင္းကုန္အစားထိုးမ်ားစြာေဆာင္႐ြက္ႏိုင္ ၿပီး တိုင္းျပည္၏ႏိုင္ငံျခားေငြလိုအပ္မႈကိုလည္း မ်ာစြာေလ်ာ့ခ်လာႏိုင္သည္အထိ အက်ိဳးခံစား ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ျပည္တြင္း၌ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင္ပတ္သက္၍ လုပ္ငန္းကို အေျခခံသည့္၊ အလုပ္အကိုင္ကိုအေျခခံသည့္၊ ထုတ္လုပ္မႈကိုအေျခခံသည့္၊ ပို႔ကုန္ပစၥည္း ကိုအေျခခံသည့္၊ ပို႔ကုန္ပစၥည္းကို ထုတ္လုပ္ႏိုင္သည့္အေပၚအေျခခံသည့္၊ သြင္းကုန္ ပစၥည္းအစားထိုးျခင္းကို အေျခခံသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးကိုအားေပးၿပီး ႏိုင္ငံျခားေရး မူဝါဒမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွလက္မွတ္ ေရးထိုးထားၿပီးျဖစ္သည့္ ပဋိညာဥ္စာခ်ဳပ္မ်ား၊ ကတိကဝတ္မ်ားမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံမွ လက္ခံႏိုင္သည့္ ကိစၥရပ္မ်ားအားလုံးကိုလည္း အေလးထားၿပီး ေလးစား လိုက္နာသြားရန္ ျဖစ္ေၾကာင္း၊ အလားတူ မိမိတို႔အေနျဖင့္ ႏိုင္ငံတကာေရပိုင္နက္မ်ားႏွင့္ ဆက္ဆံေနရျခင္းရွိေၾကာင္း၊ ထို႔ေၾကာင့္ ေရျပင္ပိုင္နက္မ်ားစနစ္တက်ရွိေစရန္ႏွင့္ ေရျပင္ ပိုင္နက္ဆိုင္ရာ သေဘာတူညီခ်က္မ်ားကိုလည္းအျမန္ၿပီးျပတ္ေစရန္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ေရျပင္ပိုင္နက္လုံၿခဳံေရးမ်ားကိုလည္း ေဆာင္႐ြက္သြားရန္လိုေၾကာင္း။

အိမ္နီးနားခ်င္းႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္သည့္ ျမန္မာႏိုင္ငံသားမ်ား အပါအဝင္ ျပည္ပႏိုင္ငံမ်ားတြင္ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားစြာရွိေၾကာင္း၊ တရားဝင္သြားသည့္သူမ်ား ရွိသကဲ့သို႔ တရားမဝင္သြားသည့္သူမ်ားလည္း ရွိေၾကာင္း၊ ၎တို႔သည္ မိမိတို႔ႏိုင္ငံသားမ်ား ျဖစ္သည့္အတြက္ မိမိတို႔ႏိုင္ငံက ကာကြယ္ေစာင့္ေရွာက္ ေပးရန္လည္းလိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ အခြင့္အလမ္းမ်ားကိုေဖာ္ထုတ္၍ ျပည္ပတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို မိမိတို႔ႏိုင္ငံ၏ ဥပေဒအကာအကြယ္မ်ား ေပးႏိုင္သမွ်ေပးႏိုင္ေစရန္ႏွင့္ ၎တို႔အေနျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာႏိုင္ငံ သို႔ ျပန္လာလိုသည္ဆိုပါက ျပန္လာႏိုင္ေစရန္ အခြင့္အလမ္းမ်ားေဖာ္ထုတ္ေပးရန္ လိုအပ္ေၾကာင္း။ ၿပီးခဲ့သည့္ ကာလအတြင္းတြင္ ျမန္မာႏိုင္ငံသို႔ျပန္လာလိုသည့္အတြက္ ေတာင္းဆိုထားျခင္း မ်ားစြာရွိေၾကာင္း၊ သို႔ေသာ္ COVID-19 ေၾကာင့္ ျပန္လာရန္ အခက္အခဲျဖစ္ေနျခင္းမ်ားရွိသျဖင့္ ၎တို႔ျပန္လာႏိုင္ေရး နည္းလမ္းေပါင္းစုံျဖင့္ ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ COVID-19 ကပ္ေရာဂါသည္ တစ္ကမာၻလုံးျဖစ္ေပၚေနသည့္ ေရာဂါ ျဖစ္ေၾကာင္း၊ ယင္းႏွင့္ပတ္သက္၍ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးမ်ားကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ကူးစက္ျပန႔္ပြားမႈေလ်ာ့ခ်ေရး၊ ကာကြယ္ကုသေရး၊ နည္းပညာပိုင္းဆိုင္ရာတြင္ ပူးေပါင္းေဆာင္႐ြက္ေရး၊ သတင္းအခ်က္ အလက္ဖလွယ္ေရးကိစၥရပ္မ်ားသည္ မ်ားစြာက်ယ္ျပန႔္ေၾကာင္း၊ ထို႔ေၾကာင့္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ အခါအားေလ်ာ္စြာ ျဖစ္ေပၚလာသည့္ ကပ္ေဘး ေရာဂါမ်ားရွိေၾကာင္း၊ ယင္းကပ္ေရာဂါမ်ားကိုလည္း က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔မွ ေရာဂါကူးစက္မႈကာကြယ္ေရး၊ ကုသေရး၊ ထိန္းခ်ဳပ္ေရးတို႔ အတြက္ နည္းပညာႏွင့္သတင္းအခ်က္အလက္မ်ား ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး အျခား ႏိုင္ငံမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္၍ မိမိတို႔ႏိုင္ငံအေနျဖင့္ အျမန္ဆုံးတုန႔္ျပန္ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ စဥ္းစားေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း။

ေကာ္မတီသည္ မူဝါဒမ်ားခ်မွတ္ေဆာင္႐ြက္သည့္ အဖြဲ႕အစည္းျဖစ္သည့္အတြက္ တစ္ဖက္တြင္လည္း ႏိုင္ငံေတာ္အတြက္အက်ိဳးရွိမည့္ လုပ္ငန္းမ်ား၊ အထူးသျဖင့္ ႏိုင္ငံတကာအကူအညီမ်ားရွိေၾကာင္း၊ ႏိုင္ငံတကာေခ်းေငြမ်ားရွိေၾကာင္း၊ အထူးအစီအစဥ္ အရေပးသည့္ လုပ္ငန္းရပ္မ်ားရွိေၾကာင္း၊ ယင္းအခြင့္အေရးမ်ားကို လည္းလက္တုန႔္မေႏွး ရရွိႏိုင္ေရးအတြက္နည္းလမ္းရွာႀကံ၍ ေဆာင္႐ြက္သြားမည္ဆိုပါက တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္လည္း အေထာက္အကူရရွိမည္ဟု ေျပာလိုေၾကာင္း။ လူဝင္မႈ ႀကီးၾကပ္ေရးကိစၥရပ္မ်ား၌ ျပည္ပႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ၾကသည့္ ျမန္မာ ႏိုင္ငံသားမ်ားရွိေၾကာင္း၊ ယင္းတြင္ တရားမဝင္သြားေရာက္ျခင္းရွိသကဲ့ သို႔တရားဝင္ သြားေရာက္ျခင္းလည္းရွိေၾကာင္း၊ တရားမဝင္သူမ်ားကို ဥပေဒလမ္းေၾကာင္းမွ မိမိတို႔ ႏိုင္ငံသို႔ ျပန္လည္ေခၚယူျခင္း သို႔မဟုတ္ တရားဝင္ေအာင္ေဆာင္႐ြက္ေပးေရး၊ ၎တို႔ ေနထိုင္သည့္ႏိုင္ငံတြင္ တရားဝင္ ေနထိုင္လုပ္ကိုင္ႏိုင္ေရးအတြက္ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ႏွစ္ရပ္ေပါင္းၿပီး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထို႔ျပင္ လူကုန္ကူးခံရမႈေၾကာင့္ ျပည္ပသို႔ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ကယ္တင္ႏိုင္ေရးႏွင့္ လူကုန္ကူးမႈမခံရေစေရးအတြက္ တားဆီးျခင္း၊ ကာကြယ္ျခင္း၊ ျပန္လည္ေခၚယူျခင္း လုပ္ငန္းမ်ားကို သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက ပူးေပါင္းေဆာင္႐ြက္သြားရန္လိုေၾကာင္း။ ေနရပ္စြန႔္ခြာသူမ်ားကိစၥႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္ က ခ်မွတ္ထားသည့္မူဝါဒမ်ား၊ ေခတ္အဆက္ဆက္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ား၊ ဥပေဒမ်ားႏွင့္အညီ အျမန္ဆုံး ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ နယ္စပ္ေဒသဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း တုန႔္ေႏွးျခင္းမရွိဘဲ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားႏွင့္အညီ တုန႔္ျပန္ေဆာင္႐ြက္ သြားရန္လိုေၾကာင္းျဖင့္မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီအဖြဲ႕ဝင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ ဦးခင္ေမာင္ေဆြ၊ ေကာ္မတီအတြင္းေရးမႉး ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ ေကာ္မတီဝင္ ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္ ႏွင့္ ဦးကိုကိုလႈိင္တို႔က ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီစတင္ဖြဲ႕စည္းခဲ့မႈ၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ သြားမည့္အေျခအေန၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါျပ႒ာန္းခ်က္ မ်ားႏွင့္အညီ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ေဆာင္႐ြက္သြားမည့္ အေျခအေန၊ ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီ၏ လုပ္ငန္းတာဝန္ ၁၂ ရပ္ႏွင့္ ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ျဖင့္ ေဆာင္႐ြက္ရသည့္ကိစၥရပ္မ်ား၊ အစိုးရအဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖင့္ ေဆာင္႐ြက္ရသည့္ ကိစၥရပ္မ်ားႏွင့္ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ျပည္ပ ေရာက္ျမန္မာႏိုင္ငံသားေဟာင္းမ်ားအား ျမန္မာႏိုင္ငံသားအျဖစ္ ျပန္လည္လက္ခံေရး အဖြဲ႕ ဖြဲ႕စည္းထားရွိမႈ၊ ျပည္ပႏိုင္ငံမ်ားသို႔ တရားမဝင္ေရာက္ရွိေနသည့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားအား အသိအမွတ္ျပဳကဒ္ထုတ္ေပးေနမႈ အေျခအေန၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ေရာက္ရွိေနသည့္ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံခ်ိန္တြင္ လူဦးေရ စာရင္းကြဲလြဲမႈေၾကာင့္ ၾကန႔္ၾကာေနမႈအေျခအေန၊ ႏိုင္ငံတကာအဆင့္အစည္းအေဝးမ်ား တြင္ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒမ်ားအား သိရွိေစရန္ ေဆြးေႏြးေျပာၾကားသြားမည့္ ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ ႏိုင္ငံျခား ေရးရာမူဝါဒ ေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က မိမိတို႔ႏိုင္ငံ၏ ပကတိအေျခအေနအား ႏိုင္ငံတကာမွ သိရွိႏိုင္ေစရန္ အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သံတမန္ဆက္ဆံေရးမ်ားကို ယခုထက္ပိုမို ေလးနက္ ေအာင္ နည္းလမ္းရွာေဖြေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ယခုအခါတြင္ ႏိုင္ငံတကာမွ မိမိတို႔ႏိုင္ငံ၏ လက္ရွိအေျခအေနအေပၚ ယခင္ကထက္ အျပဳသေဘာေဆာင္သည့္ သေဘာထားမ်ားရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ပတ္သက္၍ ထားရွိထားသည့္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ႏွင့္ ေပးထားသည့္ ကတိကဝတ္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူ သည့္ကာလအတြင္း တ႐ုတ္ႏိုင္ငံအပါအဝင္ သက္ဆိုင္ရာႏိုင္ငံမ်ားအလိုက္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးႏွင့္ပတ္သက္၍ အထိန္းအမွတ္အခမ္းအနားမ်ားအား က်င္းပႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႏိုင္ငံတကာႏွင့္ေဆာင္႐ြက္လ်က္ရွိသည့္ စီးပြားေရးဆိုင္ရာႏွင့္ ဆက္ဆံေရးတိုးျမႇင့္ေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ ယခုေကာ္မတီသည္ အေရးႀကီးသည့္ အခန္းက႑မွ တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည့္ ေကာ္မတီျဖစ္ပါေၾကာင္း၊ သို႔ျဖစ္၍ လက္ရွိအေျခအေနတြင္ တုန႔္ဆိုင္းေနသည့္ ႏိုင္ငံ့စီးပြားေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရး အေျခအေနကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ အေလးအနက္ထား ေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။