နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ယနေ့တွင် အဆိုပါမြို့နယ်များရှိ  မြို့နယ်ခန်းမများ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန် မြို့နယ်နှင့် ခိုလမ်မြို့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြ သည်။

ဦးစွာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဥက္ကဋ္ဌ ဦးရဲနိုင်၊ မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုး နှင့် မြို့မိမြို့ဖများက ဒေသဆိုင်ရာအချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လမ်း၊ တံတားများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်ဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှု အခြေ အနေများ၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး ထွက်ကုန်များ အထွက်နှုန်းတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်နေမှုနှင့် သဘာဝဓာတ်မြေဩဇာများရရှိနိုင်ရေး ဆောင်ရွက်နေမှု၊ မွေးမြူ ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ဒေသအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေးအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းများ ဖော်ဆောင်ပေးရန်လိုအပ်မှု၊ ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးရုံများ အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်မှု အခြေ အနေများနှင့် အခြားဒေသ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊  ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းတို့က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအလိုက် ရှင်းလင်းပြော ကြားရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် လမ်း၊ တံတားများ တည်ဆောက် ပေးမှု၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လူသားအရင်းအမြစ်များ ပေါများစေရေး ဒေသ ခံပြည်သူများ ပညာရည်မြင့်မားစေရေး ဖွံ့ဖြိုးရေးသင်တန်းများ၊ ဒီဂရီကောလိပ်များနှင့် တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများ၊ ကျိုင်းတုံမြို့ရှိ မဟာ မြတ်မုနိဘုရားကြီးကို ရှေးဟောင်းသမိုင်းဝင်အဖြစ် သတ်မှတ်ပေးသွားမည့် အခြေ အနေများ၊ စာသင်ကျောင်းများတွက် လိုအပ်သည့် စာအုပ်စာစောင်များကို စာကြည့် တိုက်များအတွက် ပြည့်စုံစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးထားမှု၊ ဒေသခံပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေမှုနှင့် ခေတ်မီစက်ကိရိယာ ပစ္စည်းများလိုအပ်နေမှု၊ မွေးမြူရေးလုပ်ငန်း များ တိုးတက်အောင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဌာနဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာ၌ မိမိအနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့်အတူ လာရောက်ခြင်းသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ ဖြည့်ဆည်းပေးရေး လာရောက်ခြင်းဖြစ်သည့်အတွက် ဒေသ၏ ယေဘူယျ အခြေအနေ နှင့် ဒေသ၏လိုအပ်ချက်များကို အချိန်တိုအတွင်း ထိထိရောက်ရောက် တင်ပြကြရန် လိုကြောင်း၊ ဒေသအတွင်း လာရောက်တာဝန်များကို ထမ်း‌ဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်များနှင့် ဒေသခံပြည်သူလူထုတို့ လက်တွဲညီညီ ဆောင်ရွက်ပြီး ဒေသနှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တတ်စွမ်းသရွေ့အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မိမိအနေဖြင့် ကျိုင်းတုံမြို့သို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ကြောင်း၊ မဟာမြတ်မုနိ ဘုရားကြီး၏ ရာပြည့်အခမ်းအနားကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် က တည်ထားကိုးကွယ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း စော်ဘွားကြီး၏ ကျိုင်းတုံဟော်နန်း ပုံစံတူ ပြန်လည်တည်ဆောက်နိုင်ရေးအတွက်ရတနာအုတ်မြစ်တော်စီအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မိုင်းပွန်မြို့ရှိ မိုင်းပွန်ဟော်နန်းနှင့် သိန်းနီမြို့ရှိ သိန်းနီ ဟော်နန်းအဆောက်အဦ တို့သည်လည်း ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ပေးလျက်ရှိရာ မိုင်းပွန်ဟော်နန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် သိန်းနီဟော်နန်းကြီးသည် ပြီးစီးမှုရာခိုင်နှုန်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်း၊ တိုင်းရင်းသားများအားလုံးတွင်သမိုင်းကြောင်းများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းရှိသကဲ့သို့ အခြားသော နိုင်ငံ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခဲ့ သည့် တိုင်းရင်းသားခေါင်းဆောင်များလည်းရှိကြောင်း၊ အဆိုပါ တိုင်းရင်းသား ခေါင်းဆောင်များ၏သမိုင်းကို အားလုံးပြည့်ပြည့်စုံစုံဖြင့် ဖော်ပြရန်လိုကြောင်း၊ အခြား ပြည်ပနိုင်ငံများတွင်လည်း ၎င်းတို့၏ ဘုရင်အဆက်ဆက်အသုံးအဆောင်များ၊ အဆောက် အဦများကို နိုင်ငံအလိုက် ထုံးတမ်းစဉ်လာများနှင့်အညီ တည်ဆောက်ပြသထားသည် ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သမိုင်းများကိုပြန်လည်ဖော်ထုတ်ရန် အတွက် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျိုင်းတုံဟော်နန်း တည်ဆောက် ပြီးစီးချိန်တွင်လည်း အသုံးအဆောင်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း၊ သမိုင်း ကိုဖော်ထုတ်ခြင်းဖြင့် မိမိနိုင်ငံ၊ မိမိ လူမျိုး၏ ဂုဏ်ကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း။

ယခင်က ကျိုင်းတုံမြို့သည် လမ်းပန်းဆက်သွယ်မှုခက်ခဲခဲ့ကြောင်း၊ မိမိအနေဖြင့် ကျိုင်းတုံမြို့လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်ရေးအတွက်လည်း အဆင့်ဆင့် တင်ပြ၍‌ ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်၍လည်း ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ်များစွာရှိပြီး ဖြစ်ကြောင်း၊ ယခင်က ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် ဖော်နိုင်မှုမရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသည် ရေမြေသဘာဝအားဖြင့် အရင်း အမြစ်များစွာရှိသော်လည်း အသုံးချနိုင်မှုနည်းပါးကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

 ယခင်က တာချီလိတ်ဒေသတွင် မူးယစ်ဆေးဝါးပြဿနာများရှိခဲ့ပြီး ထိန်းချုပ် မှုလုပ်ငန်းများဆောင်ရွက်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာ ရင်းများ စစ်ဆေးဆောင်ရွက်ရာ၌ တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ် ပြားများရယူကိုင်ဆောင်ထားခဲ့သည်ကို တွေ့ကြုံခဲ့ရကြောင်း၊ ယခုအခါ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကိုပါ ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ရကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ မိမိအနေဖြင့် တိုင်းမှူးတာဝန်ထမ်းဆောင်ချိန်တွင် စပါးစိုက်ပျိုးမှုများ အထွက်နှုန်းတိုးစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက်လည်း သက်ဆိုင်ရာသို့ တင်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသအတွင်း လက်ဖက်စိုက်ပျိုးမှု တိုးတက်စေရေး အားပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခိုလမ်၊ နမ့်စန်၊ ဟိုပုံး၊ အောင်ပန်း၊ ဟဲဟိုးဒေသများသည် မြေပြန့်လွင်ပြင်များဖြစ်ပြီး စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် သမ္မာအာဇီဝကျသည့် စီးပွားရေးလုပ်ငန်း များဖြင့်သာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိအနေဖြင့် အမျိုးသားရည်မှန်းချက်များချမှတ်ထားပြီး အမျိုးသားရေး လုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အတွက် ငြိမ်းချမ်းရေးသည်အရေးကြီးသဖြင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ့်ဘဝကိုယ် တိုးတက်အောင် ဆောင်ရွက်နိုင်အောင် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေးရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာတရားအဆုံးအမများဖြင့် အားလုံး အေးအေး ချမ်းချမ်းဖြင့် နေထိုင်နိုင်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ ရှိပြီး သား ရေနှင့်မြေအရင်းအမြစ်များကို အပြည့်အဝအသုံးချဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာထုတ်လုပ်ရေးနှင့် ပတ်သက်၍ အခက်အခဲများဖြစ်ပေါ် လျက်ရှိကြောင်း၊ အဆိုပါအခက်အခဲများကို  ကျော်လွှားနိုင်ရန်အတွက် မွေးမြူရေး လုပ်ငန်းများကိုလှောင်မွေးသည့် စနစ်ဖြင့်စနစ်တကျမွေးမြူ ဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများရရှိနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်များအတွက် လိုအပ်သည့် အစာနှင့် ရေများကိုလည်း စနစ်တကျဖြင့်ကျွေးမွေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမှုများမှ တိရစ္ဆာန် များအတွက် လိုအပ်သည့်အစာများကို ထုတ်လုပ်၍ တိရစ္ဆာန်များအား အာဟာရ ပြည့်ဝအောင် ကျွေးမွေးနိုင်ခြင်းဖြင့် အသားထုတ်လုပ်မှု ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်၍ ကုန်ချောများ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ၍ရကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာ၊ အတတ် ပညာများ လိုအပ်သဖြင့် ပညာရည်မြင့်မားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပညာရေးအရအားနည်းသည်ကို တွေ့ရှိရပြီး ဘာသာ စကားဆိုင်ရာ အခက်အခဲများနှင့် အခြားသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကိုအားပေး ရန် လိုကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ် အနေဖြင့် ပညာရေးဆိုင်ရာများကို ယခုထက် ပိုမိုအားပေးဆောင်ရွက်ကြရန်လို ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး၊ တစ်ဦးချင်း၏ပညာတိုးတက်စေရေး အတွက် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ် ဖော်ဆောင် ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံ တကာတွင်လည်း နိုင်ငံအလိုက် ပညာရည်မြင့်မားတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်စေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက် နေကြရန်လိုကြောင်း။

နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တိုးတက်မှုရှိစေရေး ကြိုး ပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကုန်သွယ်မှုပိုငွေများ တိုးတက်လာပြီဖြစ် ပြီး ဆက်လက်၍လည်း တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ပြည်ပသို့ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များတင်ပို့ရာတွင်  အရည်အသွေးမီ အဆင့်မြင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ မိမိတို့နိုင်ငံအတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပါက ပြည်ပ သို့ သွားရောက် လုပ်ကိုင်ဆောင်ရွက်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း။

ကိုဗစ် -၁၉ ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေးနှင့်ပတ်သက်၍ တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ အခက်အခဲဖြစ်ပေါ် လာချိန်၌ ရဟန်းရှင်လူ၊ ပြည်သူများအားလုံး၏ ဝိုင်းဝန်းကူညီလှူဒါန်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများကြောင့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြောင်း၊ အဆိုပါ ကိုဗစ် – ၁၉ ရောဂါသည် လက်တလောအချိန်တွင် ပျောက်ကင်းသွားနိုင်မှုမရှိသေးဘဲ ယခုအချိန်တွင် ၆ ရာခိုင်နှုန်းခန့်ကူးစက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ရာတွင် မျှော်မှန်းထားသည့် ၅၀ ရာခိုင် နှုန်းထက် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ဂရုစိုက်နေထိုင်ကြရန် လို ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းသွားမည့် ရောဂါ မဟုတ်သဖြင့် တတ်နိုင်သရွေ့ ကြိုတင်ကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ် ကြောင်း၊ နေရာဒေသအလိုက် ဒေသတွင်းလာရောက် တာဝန်ထမ်းဆောင်နေသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအနေဖြင့် ဒေသအတွက် အမှန်တစ်ကယ် အကျိုးရှိမည့် လုပ်ငန်းများကို တိုင်ပင်ညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုး ပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့နယ်တို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။